Match Report

နိုင်ဂျီးရီးယားကို ဒုတိယပိုင်း ဂိုးတွေနဲ့ ကမ်းဘက်ပြီး အာဖရိကဖလားချန်ပီယံဖြစ်ခဲ့တဲ့ အိုင်ဗရီကို့စ်

အိုင်ဗရီကို့စ်ဟာ အာဖရိကဖလား ဗိုလ်လုပွဲမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ပြီး ဆီဘက်စတီယန် အဲလားရဲ့ အနိုင်ဂိုးနဲ့ နိုင်ဂျီးရီးယားကို ကမ်းဘက်နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

အိမ်ရှင်တွေဟာ အုပ်စုအဆင့်မှာ ၂ ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်နိုင်ပွဲ လိုအပ်ခဲ့ပြီးနောက် ၁၂၂ မိနစ် နောက်ကျအနိုင်ဂိုးကြောင့် အာဖရိကဖလား ဗိုလ်လုပွဲတက်လာခဲ့တာဖြစ်ပါတယ်။

ဂျင်း-လူးဝစ္စ ဂက်ဆက်ရဲ့ နည်းပြသက်တမ်းကို အဆုံးသတ်စေခဲ့တဲ့ ဂီနီယာကို ၄-၀ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ရလုနီးနီးဖြစ်ခဲ့ပြီး ၃ ပတ်တောင် မပြည့်သေးတဲ့အချိန်မှာ အိုင်ဗရီကို့စ်က နောက်ထပ် ထူးခြားတဲ့ညတစ်ညကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ အဘစ်ဂျန်မှာ အားပါးတရ အောင်ပွဲခံမှုတွေနဲ့ သောသောညံနေခဲ့တာဖြစ်ပြီး အိုင်ဗရီကို့စ်ဟာ ရှုံးထွက်အဆင့်ကနေ တက်လာခဲ့တဲ့ အဆိုးရွားဆုံးအသင်း ၄ သင်းထဲက တတိယမြောက်အသင်းဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ၁၉၉၂ နဲ့ ၂၀၁၅ ခုနှစ်တို့မှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အာဖရိကရဲ့ ဘုရင်တွေဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

အိုင်ဗရီကို့စ်ဟာ ပထမပိုင်း ၄၅ မိနစ်မှာ ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့ပေမယ့်လည်း ဝီလီယံ ထရွတ်စ်-အီကောင်းရဲ့ ခေါင်းတိုက်ဂိုးကြောင့် နိုင်ဂျီးရီးယားတို့က ပထမပိုင်းမှာ ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

နိုင်ဂျီးရီးယားဟာ အကောင်းဆုံးပုံစံ မပြသနိုင်ခဲ့ပေမယ့်လည်း နောက်ထပ်တစ်ကြိမ် ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ နိုင်ပွဲရယူသွားနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေခဲ့တာဖြစ်ပြီး ခံစစ်ပိုင်းမှာ အထင်ကြီးဖွယ်မှတ်တမ်းကောင်း ပိုင်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။

နိုင်ဂျီးရီးယားဟာ အာဖရိကဖလားဗိုလ်လုပွဲကို လာရာလမ်းတလျှောက် ၅၇၀ မိနစ်ကစားခဲ့ရာမှာ ၂ ကြိမ်သာ ဂိုးပေးခဲ့ရပေမယ့်လည်း အဲဒီစံချိန်ဟာ အိုင်ဗရီကို့စ်နဲ့ ဗိုလ်လုပွဲမှာ ၁၉ မိနစ်အတွင်း ၂ ဆ တိုးခဲ့တာဖြစ်ပါတယ်။

အိုင်ဗရီကို့စ်ဟာ ဒုတိယပိုင်း ၆၂ မိနစ်မှာ ဆိုင်မွန် အေဒင်ဂရာရဲ့ ထောင့်ကန်ဘောကနေ ရလာတဲ့ဘောလုံးကို ဖြတ်တင်ပေးပို့မှုကနေတဆင့် ဖရန့်ခ် ကက်ဆီက ဂိုးညာဘက်အောက်ထောင့်ထဲကို ခေါင်းတိုက်သွင်းယူသွားခဲ့တာကြောင့် ချေပဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

အိုင်ဗရီကို့စ်အတွက် အသက်တမျှ အရေးပါတဲ့ နောက်ကျအနိုင်ဂိုးကို ၈၁ မိနစ်မှာ အေဒင်ဂရာကပဲ ဖန်တီးပေးခဲ့တာဖြစ်ပြီး ဆီဘက်စတီယန် အဲလားက ဖြတ်တင်ပေးပို့လိုက်တဲ့ဘောလုံးကို ညာခြေနဲ့ အနီးကပ် ဂိုးညာဘက်အောက်ထောင့်ကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အိုင္ဗရီကို႔စ္ဟာ အာဖရိကဖလား ဗိုလ္လုပြဲမွာ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေကာင္း ျပသႏိုင္ခဲ့ၿပီး ဆီဘက္စတီယန္ အဲလားရဲ႕ အႏိုင္ဂိုးနဲ႔ ႏိုင္ဂ်ီးရီးယားကို ကမ္းဘက္ႏိုင္ပြဲ ရယူႏိုင္ခဲ့ပါတယ္။

အိမ္ရွင္ေတြဟာ အုပ္စုအဆင့္မွာ ၂ ပြဲအထိ ရႈံးနိမ့္ခဲ့တာေၾကာင့္ နည္းျပကို ရာထူးကေန ထုတ္ပယ္ခဲ့ၿပီး ပင္နယ္တီ အဆုံးအျဖတ္ႏိုင္ပြဲ လိုအပ္ခဲ့ၿပီးေနာက္ ၁၂၂ မိနစ္ ေနာက္က်အႏိုင္ဂိုးေၾကာင့္ အာဖရိကဖလား ဗိုလ္လုပြဲတက္လာခဲ့တာျဖစ္ပါတယ္။

ဂ်င္း-လူးဝစၥ ဂက္ဆက္ရဲ႕ နည္းျပသက္တမ္းကို အဆုံးသတ္ေစခဲ့တဲ့ ဂီနီယာကို ၄-၀ နဲ႔ ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၿပိဳင္ပြဲကေန ထြက္ရလုနီးနီးျဖစ္ခဲ့ၿပီး ၃ ပတ္ေတာင္ မျပည့္ေသးတဲ့အခ်ိန္မွာ အိုင္ဗရီကို႔စ္က ေနာက္ထပ္ ထူးျခားတဲ့ညတစ္ညကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ဒီတစ္ႀကိမ္မွာေတာ့ အဘစ္ဂ်န္မွာ အားပါးတရ ေအာင္ပြဲခံမႈေတြနဲ႔ ေသာေသာညံေနခဲ့တာျဖစ္ၿပီး အိုင္ဗရီကို႔စ္ဟာ ရႈံးထြက္အဆင့္ကေန တက္လာခဲ့တဲ့ အဆိုး႐ြားဆုံးအသင္း ၄ သင္းထဲက တတိယေျမာက္အသင္းျဖစ္ခဲ့ေပမယ့္ လက္ရွိမွာေတာ့ ၁၉၉၂ နဲ႔ ၂၀၁၅ ခုႏွစ္တို႔မွာ ခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ အာဖရိကရဲ႕ ဘုရင္ေတြျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

အိုင္ဗရီကို႔စ္ဟာ ပထမပိုင္း ၄၅ မိနစ္မွာ ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့ေပမယ့္လည္း ဝီလီယံ ထ႐ြတ္စ္-အီေကာင္းရဲ႕ ေခါင္းတိုက္ဂိုးေၾကာင့္ ႏိုင္ဂ်ီးရီးယားတို႔က ပထမပိုင္းမွာ ၁-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ႏိုင္ဂ်ီးရီးယားဟာ အေကာင္းဆုံးပုံစံ မျပသႏိုင္ခဲ့ေပမယ့္လည္း ေနာက္ထပ္တစ္ႀကိမ္ က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ ႏိုင္ပြဲရယူသြားႏိုင္မယ့္ လမ္းေၾကာင္းေပၚမွာ ရွိေနခဲ့တာျဖစ္ၿပီး ခံစစ္ပိုင္းမွာ အထင္ႀကီးဖြယ္မွတ္တမ္းေကာင္း ပိုင္ဆိုင္ထားခဲ့တာျဖစ္ပါတယ္။

ႏိုင္ဂ်ီးရီးယားဟာ အာဖရိကဖလားဗိုလ္လုပြဲကို လာရာလမ္းတေလွ်ာက္ ၅၇၀ မိနစ္ကစားခဲ့ရာမွာ ၂ ႀကိမ္သာ ဂိုးေပးခဲ့ရေပမယ့္လည္း အဲဒီစံခ်ိန္ဟာ အိုင္ဗရီကို႔စ္နဲ႔ ဗိုလ္လုပြဲမွာ ၁၉ မိနစ္အတြင္း ၂ ဆ တိုးခဲ့တာျဖစ္ပါတယ္။

အိုင္ဗရီကို႔စ္ဟာ ဒုတိယပိုင္း ၆၂ မိနစ္မွာ ဆိုင္မြန္ ေအဒင္ဂရာရဲ႕ ေထာင့္ကန္ေဘာကေန ရလာတဲ့ေဘာလုံးကို ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ဖရန႔္ခ္ ကက္ဆီက ဂိုးညာဘက္ေအာက္ေထာင့္ထဲကို ေခါင္းတိုက္သြင္းယူသြားခဲ့တာေၾကာင့္ ေခ်ပဂိုး ရရွိခဲ့တာျဖစ္ပါတယ္။

အိုင္ဗရီကို႔စ္အတြက္ အသက္တမွ် အေရးပါတဲ့ ေနာက္က်အႏိုင္ဂိုးကို ၈၁ မိနစ္မွာ ေအဒင္ဂရာကပဲ ဖန္တီးေပးခဲ့တာျဖစ္ၿပီး ဆီဘက္စတီယန္ အဲလားက ျဖတ္တင္ေပးပို႔လိုက္တဲ့ေဘာလုံးကို ညာေျခနဲ႔ အနီးကပ္ ဂိုးညာဘက္ေအာက္ေထာင့္ကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.