Match Report Premier League

သရဲနီတွေရဲ့ထိပ်ဆုံး ၄ နေရာမျှော်လင့်ချက်ကို တော်မီနေး အရှိန်မြှင့်ပေးခဲ့တဲ့ပွဲက ပြန်ပြောရမယ့် အချက်များ

စကော့ မက်တော်မီနေးရဲ့ နောက်ကျအနိုင်ဂိုးကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ ထိပ်ဆုံး ၄ နေရာထဲ ဝင်ရောက်ဖို့ မျှော်လင့်ချက်ဟာ အားတက်စရာဖြစ်ခဲ့ပြီး တန်ဟက်ရဲ့အသင်းဟာ ဗီလာပါ့ခ်မှာ အက်စတန် ဗီလာကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

တန်ဟက်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ ဆက်တိုက်နိုင်ပွဲရခဲ့တဲ့အသင်းအဖြစ်နဲ့ ဒီပွဲကို ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဗီလာပါ့ခ်မှာ ပိုမိုကောင်းမွန်တဲ့ပုံစံနဲ့ စတင်နိုင်ခဲ့တာပါ။ ပထမပိုင်း ၁၇ မိနစ်မှာပဲ ဟွိုင်လန်းက နောက်ထပ်တစ်ကြိမ် အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီး မက်ဂွိုင်းယားခေါင်းတိုက်ရာကနေ ကျလာတဲ့ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းယူသွားခဲ့တာပါ။

အိမ်ရှင် အက်စတန် ဗီလာတို့က နောက်ကနေ လိုက်ကစားခဲ့ရပေမယ့်လည်း ကောင်းကောင်း တုံ့ပြန်နိုင်ခဲ့ပြီး ဒုတိယပိုင်း ၆၇ မိနစ်မှာ ဒေါက်ဂလပ်စ် လူးဝီးဇ်က ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့တာပါ။

နှစ်သင်းစလုံးက ဒုတိယပိုင်းမှာ ဂိုးသွင်းဖို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် မန်ယူနိုက်တက်က အဆုံးအဖြတ်ဖြစ်စေမယ့်ဂိုးကို သွင်းယူနိုင်ခဲ့တဖြစ်ပြီး မက်တော်မီနေးရဲ့ ခေါင်းတိုက်သွင်းယူခဲ့တဲ့ နောက်ကျအနိုင်ဂိုးက သရဲနီတွေရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် အားတက်စရာဖြစ်စေခဲ့တာပါ။

ဂိုးသွင်းခြေစွမ်းကောင်း ဆက်ပြနေတဲ့ ဟွိုင်လန်း

ပထမဆုံး ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ ဟွိုင်လန်းဟာ ဗီလာကိုပဲ ဘောက်ဆင်ဒေးမှာ ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းကတည်းက သွင်းဂိုးတွေက တာကျိုးလို့ စီးကျလာတဲ့ ရေအသွင်ပဲ ရပ်တန့်မရနိုင်အောင် ဖြစ်ခဲ့တာပါ။ မန်ယူနိုက်တက်တို့ ဗီလာပါ့ခ်ကို လာရောက်မယှဉ်ပြိုင်ခင် ဟွိုင်လန်းဟာ လိဂ် ၄ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒိန်းမတ်တိုက်စစ်မှူးဟာ ဗီလာပါ့ခ်မှာလည်း ဂိုးသွင်းခြေစွမ်းကောင်းကို ဆက်လက်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဟွိုင်လန်းဟာ ပထမပိုင်း ၁၇ မိနစ်မှာပဲ မန်ယူနိုက်တက်အတွက် အဖွင့်ဂိုးကို မက်ဂွိုင်းယားရဲ့ ပေးပို့မှုကနေတဆင့် ဒီရာသီ ၁၁ ဂိုးမြောက်သွင်းဂိုးအဖြစ် အဖွင့်ဂိုးကို သွင်းယူခဲ့တာပါ။

အထင်ကြီးစရာ လက်စွမ်းပြခဲ့တဲ့ အိုနာနာ

အိုနာနာအတွက်တော့ အိုးထရက်ဖို့ဒ်က ကစားသမားဘဝအစဟာ စိန်ခေါ်မှုတွေ ပြည့်နေခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့နွေရာသီမှာ သရဲနီတွေက ဘာကြောင့် ပေါင် ၄၇.၅ သန်းပေးဝယ်ခဲ့ရလဲဆိုတာကို စတင်ပြီး သက်သေပြသနေပါပြီ။ ကင်မရွန်းဂိုးသမားဟာ ၂ ပွဲဆက် ပေးဂိုးမရှိစံချိန်ကို မထိန်းသိမ်းနိုင်ခဲ့ပေမယ့်လည်း မန်ယူနိုက်တက်အနေနဲ့ အိုနာနာသာ လက်စွမ်းမပြနိုင်ခဲ့ရင် ဗီလာကို မရှုံးတောင် သရေတော့ ကျခဲ့မှာပါ။ ပထမပိုင်း ၂၂ မိနစ်မှာ ဂျွန် မက်ဂင်းရဲ့ အားပါတဲ့ အဝေးကန်ချက်ကို အိုနာနာက ပုတ်ထုတ်ကာကွယ်ခဲ့​ပြီး နောက်ထပ် မိနစ်အနည်းငယ်အကြာမှာပဲ အိုလီ ဝပ်ကင်းစ်ရဲ့ အပိုင်ဂိုးသွင်းယူမှုကို လျင်လျင်မြန်မြန် ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းအစောပိုင်းမှာလည်း ဝပ်ကင်းစ်ရဲ့ နောက်ထပ် ဂိုးသွင်းယူမှုကို အိုနာနာ ကာကွယ်ခဲ့ရပြီး အနီးကပ် ကန်သွင်းယူမှုကို အံ့အားသင့်ဖွယ် ပိတ်ဆို့ကာကွယ်နိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အိုနာနာဟာ ဒေါက်ဂလပ်စ် လူးဝီးဇ်ရဲ့ ၆၆ မိနစ်မှာ သွင်းယူခဲ့တဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

အခွင့်အရေးပေးခံခဲ့ရတဲ့ ဗာရွမ်း

လီဆန်ဒရို မာတီနက်ဇ် ဒဏ်ရာကြောင့် အနည်းဆုံး ၂ လ နားရမှာဖြစ်တာကြောင့် ဗာရွမ်းဟာ ပွဲထွက်လူစာရင်းထဲမှာ မက်ဂွိုင်းယားနဲ့ ပွဲထွက်ခွင့် ပြန်ပေးခြင်း ခံခဲ့ရပြီး ပြင်သစ်နောက်ခံလူဟာ ပထမပိုင်းအဖွင့်ပွဲကစားချိန်တွေအတွင်း ဘောလုံးကို ယုံကြည်ချက်ရှိရှိနဲ့ ကိုင်ကစားနိုင်ခဲ့တာကြောင့် သရဲနီတွေဟာ ခံစစ်ကနေ တိုက်စစ်စတင်နိုင်ခဲ့သလို အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တာပါ။ အသက် ၃၀ အရွယ် ကစားသမားဟာ အိုလီ ဝပ်ကင်းစ်ကို ရှင်းလင်းပြတ်သားတဲ့ ဂိုးသွင်းခွင့်အနည်းငယ်သာ ရရှိအောင် တစ်ပွဲလုံး ထိန်းချုပ်ထားနိုင်ခဲ့ပြီး တန်ဟက်ကို မျက်နှာမပျက်စေခဲ့တာဖြစ်ပါတယ်။

ဘာဖြစ်သွားလဲ မသိရတဲ့ ရှော

လုခ် ရှောဟာ အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်နေရာကနေ ပြန်လာခဲ့ပြီးနောက် နယူးပို့တ်၊ ဝုဗ်၊ ဝက်စ်ဟမ်းတို့နဲ့ပွဲတွေမှာ နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့ပြီး ဗီလာပါ့ခ်က ပွဲမှာလည်း ပွဲထွက်ပါဝင်လာခဲ့ပါတယ်။ လုခ် ရှောပါဝင်မှုကြောင့် မန်ယူနိုက်တက်ဟာ ခံစစ်ပိုင်း ကျစ်လစ်မှု၊ ဘောလုံးပိုင်ဆိုင်မှု ထိန်းသိမ်းနိုင်စွမ်းတွေမှာ ပိုပြီး ဟန်ချက်ညီခဲ့ပြီး အင်္ဂလန်နောက်ခံလူဟာ ပထမပိုင်းအတွင်းမှာ အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ပထမပိုင်းအပြီးမှာတော့ လင်ဒီလော့ဖ်နဲ့ လူစားလဲခံခဲ့ရပါတယ်။ ဘာကြောင့် လုခ် ရှောကို တန်ဟက်က ထုတ်ခဲ့တာလဲဆိုတာ မသိရသေးပေမယ့်လည်း နောက်ထပ် ပြင်းထန်တဲ့ဒဏ်ရာရသွားတာမဟုတ်ဖို့ပဲ ပရိသတ်တွေ မျှော်လင့်နေပါတယ်။

အနိုင်ဂိုးသွင်းရှင် တုတ်ကြီး

မန်ယူနိုက်တက်နဲ့ အက်စတန် ဗီလာတို့ပွဲက သရေနဲ့ ပွဲပြီးသွားတော့မယ့်ပုံပေါ်နေချိန်မှာ စကော့ မက်တော်မီနေးက ၈၅ မိနစ်မှာ သရဲနီတွေကို အနိုင် ၃ မှတ်ရရှိစေမယ့် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါလော့တ်ရဲ့ ဖြတ်တင်ပေးပို့မှုကို မက်တော်မီနေးက လူကပ်ခံထားရတဲ့ကြားက ခေါင်းခုန်တိုက်ပြီး အီမီလီယာနို မာတီနက်ဇ် ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာပါ။ မန်ချက်စတာယူနိုက်တက်ဟာ ဒီပွဲမှာ အနိုင် ရခဲ့တာကြောင့် အဆင့် ၄ နေရာက စပါးစ်နဲ့ ၆ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာ လူတန်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စေကာ့ မက္ေတာ္မီေနးရဲ႕ ေနာက္က်အႏိုင္ဂိုးေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ထိပ္ဆုံး ၄ ေနရာထဲ ဝင္ေရာက္ဖို႔ ေမွ်ာ္လင့္ခ်က္ဟာ အားတက္စရာျဖစ္ခဲ့ၿပီး တန္ဟက္ရဲ႕အသင္းဟာ ဗီလာပါ့ခ္မွာ အက္စတန္ ဗီလာကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

တန္ဟက္ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္မွာ ဆက္တိုက္ႏိုင္ပြဲရခဲ့တဲ့အသင္းအျဖစ္နဲ႔ ဒီပြဲကို ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး ဗီလာပါ့ခ္မွာ ပိုမိုေကာင္းမြန္တဲ့ပုံစံနဲ႔ စတင္ႏိုင္ခဲ့တာပါ။ ပထမပိုင္း ၁၇ မိနစ္မွာပဲ ဟြိဳင္လန္းက ေနာက္ထပ္တစ္ႀကိမ္ အသင္းအတြက္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး မက္ဂြိဳင္းယားေခါင္းတိုက္ရာကေန က်လာတဲ့ေဘာလုံးကို လြတ္လြတ္ကြၽတ္ကြၽတ္ ပိတ္သြင္းယူသြားခဲ့တာပါ။

အိမ္ရွင္ အက္စတန္ ဗီလာတို႔က ေနာက္ကေန လိုက္ကစားခဲ့ရေပမယ့္လည္း ေကာင္းေကာင္း တုံ႔ျပန္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္း ၆၇ မိနစ္မွာ ေဒါက္ဂလပ္စ္ လူးဝီးဇ္က ေခ်ပဂိုး ျပန္လည္သြင္းယူသြားခဲ့တာပါ။

ႏွစ္သင္းစလုံးက ဒုတိယပိုင္းမွာ ဂိုးသြင္းဖို႔ အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ေပမယ့္ မန္ယူႏိုက္တက္က အဆုံးအျဖတ္ျဖစ္ေစမယ့္ဂိုးကို သြင္းယူႏိုင္ခဲ့တျဖစ္ၿပီး မက္ေတာ္မီေနးရဲ႕ ေခါင္းတိုက္သြင္းယူခဲ့တဲ့ ေနာက္က်အႏိုင္ဂိုးက သရဲနီေတြရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္အတြက္ အားတက္စရာျဖစ္ေစခဲ့တာပါ။

ဂိုးသြင္းေျခစြမ္းေကာင္း ဆက္ျပေနတဲ့ ဟြိဳင္လန္း

ပထမဆုံး ပရီးမီးယားလိဂ္ ၁၄ ပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့တဲ့ ဟြိဳင္လန္းဟာ ဗီလာကိုပဲ ေဘာက္ဆင္ေဒးမွာ ပထမဆုံး ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီေနာက္ပိုင္းကတည္းက သြင္းဂိုးေတြက တာက်ိဳးလို႔ စီးက်လာတဲ့ ေရအသြင္ပဲ ရပ္တန႔္မရႏိုင္ေအာင္ ျဖစ္ခဲ့တာပါ။ မန္ယူႏိုက္တက္တို႔ ဗီလာပါ့ခ္ကို လာေရာက္မယွဥ္ၿပိဳင္ခင္ ဟြိဳင္လန္းဟာ လိဂ္ ၄ ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဒိန္းမတ္တိုက္စစ္မႉးဟာ ဗီလာပါ့ခ္မွာလည္း ဂိုးသြင္းေျခစြမ္းေကာင္းကို ဆက္လက္ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ဟြိဳင္လန္းဟာ ပထမပိုင္း ၁၇ မိနစ္မွာပဲ မန္ယူႏိုက္တက္အတြက္ အဖြင့္ဂိုးကို မက္ဂြိဳင္းယားရဲ႕ ေပးပို႔မႈကေနတဆင့္ ဒီရာသီ ၁၁ ဂိုးေျမာက္သြင္းဂိုးအျဖစ္ အဖြင့္ဂိုးကို သြင္းယူခဲ့တာပါ။

အထင္ႀကီးစရာ လက္စြမ္းျပခဲ့တဲ့ အိုနာနာ

အိုနာနာအတြက္ေတာ့ အိုးထရက္ဖို႔ဒ္က ကစားသမားဘဝအစဟာ စိန္ေခၚမႈေတြ ျပည့္ေနခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ေႏြရာသီမွာ သရဲနီေတြက ဘာေၾကာင့္ ေပါင္ ၄၇.၅ သန္းေပးဝယ္ခဲ့ရလဲဆိုတာကို စတင္ၿပီး သက္ေသျပသေနပါၿပီ။ ကင္မ႐ြန္းဂိုးသမားဟာ ၂ ပြဲဆက္ ေပးဂိုးမရွိစံခ်ိန္ကို မထိန္းသိမ္းႏိုင္ခဲ့ေပမယ့္လည္း မန္ယူႏိုက္တက္အေနနဲ႔ အိုနာနာသာ လက္စြမ္းမျပႏိုင္ခဲ့ရင္ ဗီလာကို မရႈံးေတာင္ သေရေတာ့ က်ခဲ့မွာပါ။ ပထမပိုင္း ၂၂ မိနစ္မွာ ဂြၽန္ မက္ဂင္းရဲ႕ အားပါတဲ့ အေဝးကန္ခ်က္ကို အိုနာနာက ပုတ္ထုတ္ကာကြယ္ခဲ့​ၿပီး ေနာက္ထပ္ မိနစ္အနည္းငယ္အၾကာမွာပဲ အိုလီ ဝပ္ကင္းစ္ရဲ႕ အပိုင္ဂိုးသြင္းယူမႈကို လ်င္လ်င္ျမန္ျမန္ ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းအေစာပိုင္းမွာလည္း ဝပ္ကင္းစ္ရဲ႕ ေနာက္ထပ္ ဂိုးသြင္းယူမႈကို အိုနာနာ ကာကြယ္ခဲ့ရၿပီး အနီးကပ္ ကန္သြင္းယူမႈကို အံ့အားသင့္ဖြယ္ ပိတ္ဆို႔ကာကြယ္ႏိုင္ခဲ့တာပါ။ ဒါေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ အိုနာနာဟာ ေဒါက္ဂလပ္စ္ လူးဝီးဇ္ရဲ႕ ၆၆ မိနစ္မွာ သြင္းယူခဲ့တဲ့ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

အခြင့္အေရးေပးခံခဲ့ရတဲ့ ဗာ႐ြမ္း

လီဆန္ဒ႐ို မာတီနက္ဇ္ ဒဏ္ရာေၾကာင့္ အနည္းဆုံး ၂ လ နားရမွာျဖစ္တာေၾကာင့္ ဗာ႐ြမ္းဟာ ပြဲထြက္လူစာရင္းထဲမွာ မက္ဂြိဳင္းယားနဲ႔ ပြဲထြက္ခြင့္ ျပန္ေပးျခင္း ခံခဲ့ရၿပီး ျပင္သစ္ေနာက္ခံလူဟာ ပထမပိုင္းအဖြင့္ပြဲကစားခ်ိန္ေတြအတြင္း ေဘာလုံးကို ယုံၾကည္ခ်က္ရွိရွိနဲ႔ ကိုင္ကစားႏိုင္ခဲ့တာေၾကာင့္ သရဲနီေတြဟာ ခံစစ္ကေန တိုက္စစ္စတင္ႏိုင္ခဲ့သလို အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့တာပါ။ အသက္ ၃၀ အ႐ြယ္ ကစားသမားဟာ အိုလီ ဝပ္ကင္းစ္ကို ရွင္းလင္းျပတ္သားတဲ့ ဂိုးသြင္းခြင့္အနည္းငယ္သာ ရရွိေအာင္ တစ္ပြဲလုံး ထိန္းခ်ဳပ္ထားႏိုင္ခဲ့ၿပီး တန္ဟက္ကို မ်က္ႏွာမပ်က္ေစခဲ့တာျဖစ္ပါတယ္။

ဘာျဖစ္သြားလဲ မသိရတဲ့ ေရွာ

လုခ္ ေရွာဟာ အသင္းရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္ေနရာကေန ျပန္လာခဲ့ၿပီးေနာက္ နယူးပို႔တ္၊ ဝုဗ္၊ ဝက္စ္ဟမ္းတို႔နဲ႔ပြဲေတြမွာ ႏိုင္ပြဲရေအာင္ ကူညီေပးႏိုင္ခဲ့ၿပီး ဗီလာပါ့ခ္က ပြဲမွာလည္း ပြဲထြက္ပါဝင္လာခဲ့ပါတယ္။ လုခ္ ေရွာပါဝင္မႈေၾကာင့္ မန္ယူႏိုက္တက္ဟာ ခံစစ္ပိုင္း က်စ္လစ္မႈ၊ ေဘာလုံးပိုင္ဆိုင္မႈ ထိန္းသိမ္းႏိုင္စြမ္းေတြမွာ ပိုၿပီး ဟန္ခ်က္ညီခဲ့ၿပီး အဂၤလန္ေနာက္ခံလူဟာ ပထမပိုင္းအတြင္းမွာ အထင္ႀကီးဖြယ္ေျခစြမ္းျပသႏိုင္ခဲ့ေပမယ့္ ပထမပိုင္းအၿပီးမွာေတာ့ လင္ဒီေလာ့ဖ္နဲ႔ လူစားလဲခံခဲ့ရပါတယ္။ ဘာေၾကာင့္ လုခ္ ေရွာကို တန္ဟက္က ထုတ္ခဲ့တာလဲဆိုတာ မသိရေသးေပမယ့္လည္း ေနာက္ထပ္ ျပင္းထန္တဲ့ဒဏ္ရာရသြားတာမဟုတ္ဖို႔ပဲ ပရိသတ္ေတြ ေမွ်ာ္လင့္ေနပါတယ္။

အႏိုင္ဂိုးသြင္းရွင္ တုတ္ႀကီး

မန္ယူႏိုက္တက္နဲ႔ အက္စတန္ ဗီလာတို႔ပြဲက သေရနဲ႔ ပြဲၿပီးသြားေတာ့မယ့္ပုံေပၚေနခ်ိန္မွာ စေကာ့ မက္ေတာ္မီေနးက ၈၅ မိနစ္မွာ သရဲနီေတြကို အႏိုင္ ၃ မွတ္ရရွိေစမယ့္ ေနာက္က်အႏိုင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ ဒါေလာ့တ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို မက္ေတာ္မီေနးက လူကပ္ခံထားရတဲ့ၾကားက ေခါင္းခုန္တိုက္ၿပီး အီမီလီယာႏို မာတီနက္ဇ္ ဘယ္လိုမွ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာပါ။ မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီပြဲမွာ အႏိုင္ ရခဲ့တာေၾကာင့္ အဆင့္ ၄ ေနရာက စပါးစ္နဲ႔ ၆ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး လာမယ့္ တနဂၤေႏြေန႔မွာ လူတန္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.