Match Report Premier League

ဝက်စ်ဟမ်းကို အတိုးရော အရင်းပါပေါင်းပြီး သွတ်လိုက်တဲ့ အာဆင်နယ်

ဒီနေ့ည ၈ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ အာဆင်နယ်တို့ရဲ့ပွဲစဉ်မှာ ဂန်းနားတွေက အိမ်ရှင်ဝက်စ်ဟမ်းကို ၆-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

ဂန်းနားတွေဟာ ပွဲစတင်တဲ့အချိန်ကတည်းက ဒီရာသီရဲ့ အကောင်းဆုံးပွဲစဉ်ကို ကစားနေတယ်ဆိုတာကို ပြသခဲ့ပြီး ခံစစ်၊ ကွင်းလယ်နဲ့ တိုက်စစ်အားလုံး အပြစ်ပြောစရာမရှိအောင် ကောင်းမွန်နေခဲ့တာ ဖြစ်ပါတယ်။

ပွဲကစားချိန် မိနစ် ၂၀ ကျော်လောက်ကတည်းက ဆာကာ ဂိုးရရှိခဲ့ရမှာဖြစ်ပေမယ့်လည်း အဆုံးသတ်အနည်းငယ် လိုအပ်နေခဲ့တာကြောင့် ဂိုးမရှိခဲ့ဘဲ ၃၂ မိနစ်မှာတော့ ဒီကလန် ရိုက်ရဲ့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးပို့မှုကနေ တဆင့် ဆာလီဘာက ဝက်စ်ဟမ်းကစားသမားတွေကာကွယ်ထားတဲ့ကြားက ခေါင်းတိုက်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၃၈ မိနစ်မှာ ဆာကာက ထရော့ဆာ့ဒ်ရဲ့ ပေးပို့မှုကနေ အာရီယိုလာကို ကျော်ဖြတ်ပြီး ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့ရာမှာ ဝက်စ်ဟမ်းဂိုးသမားက ဂန်းနားကြယ်ပွင့်ကို လဲကျစေခဲ့တဲ့အတွက် ဒိုင်လူကြီးက ပင်နယ်တီ ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဝက်စ်ဟမ်းကစားသမားတွေက အပြင်းအထန် စောဒက တက်ခဲ့တာကြောင့် VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီး ပင်နယ်တီဆိုတာ ထင်ရှားနေခဲ့တဲ့အတွက် ဆာကာက ကန်သွင်းယူခဲ့ရာမှာ အာရီယိုလာ မကာကွယ်နိုင်ခဲ့ဘဲ ခွင့်ပြုခဲ့ရပါတယ်။

ပထမပိုင်းပြီးဆုံးဖို့ ၁ မိနစ်အလိုမှာ ဒီကလန် ရိုက်က အလွတ်တည်ကန်ဘောကနေ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂါဘရီယဲလ်က ခေါင်းတိုက်ပြီး သွင်းယူသွားခဲ့တာကြောင့် တတိယမြောက် ဦးဆောင်ဂိုးကို ရရှိခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာမှာ အော်ဒီဂွါဒ်က လိမ်ခေါက်ပြီး ပင်နယ်တီဧရိယာထဲမှာ ရှိတဲ့ ထရော့ဆာ့ဒ်ကို ပေးပို့ခဲ့ရာမှာ ဘယ်လ်ဂျီယမ်ကြယ်ပွင့်က ဂိုးအပေါ်ထောင့်ကို ဝိုက်ကန်ပြီး အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာပထမပိုင်းမှာ ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့တာကြောင့် တော်တော်လေး စိတ်ဓာတ်ပျက်ပြားသွားခဲ့ပြီး ပရိသတ်တွေကိုယ်တိုင်ကလည်း ပထမပိုင်းအပြီးကတည်းက ကွင်းထဲကနေ တော်တော်များများ ထွက်ခွာသွားခဲ့ကြတဲ့အထိ စိတ်ပျက်ခဲ့ကြတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ အိမ်ရှင်ဝက်စ်ဟမ်းတို့က ပြန်လာနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အာဆင်နယ်ကွင်းလယ်နဲ့ ခံစစ်က အကောင်းဆုံးပုံစံနဲ့ ကာကွယ်နိုင်ခဲ့တာကြောင့် ဘာမှ ထူးထူးခြားခြား လုပ်မပြနိုင်ဘဲ ဂန်းနားတွေရဲ့ လွှမ်းမိုးမှုအောက်မှာပဲ ဆက်ရှိနေခဲ့ရပါတယ်။

ပွဲကစားချိန် ၆၃ မိနစ်အရောက်မှာ အော်ဒီဂွါဒ်က ပင်နယ်တီဧရိယာအစွန်မှာရှိနေတဲ့ ဆာကာဆီ ပေးပို့ခဲ့ရာမှာ အင်္ဂလန်ကြယ်ပွင့်က ထုံးစံအတိုင်းပဲ ဂိုးထောင့်ကို လှမ်းကန်ခဲ့ပြီး အာရီယိုလာ ကြိုခန့်မှန်းမိခဲ့ပေမယ့်လည်း ဆာကာရဲ့ ညာဘက်အောက်ထောင့်ထဲကို ကန်သွင်းခဲ့မှုကို မတားဆီးနိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

နောက်ထပ် ၂ မိနစ်အကြာမှာ ဝက်စ်ဟမ်း ပရိသတ်တွေရဲ့ ကွဲနေတဲ့အသည်းကို ဆားနဲ့သိပ်တဲ့အနေနဲ့ အသင်းခေါင်းဆောင်ဟောင်း ဒီကလန် ရိုက်က ပင်နယ်တီဧရိယာအပြင်ဘက်ကနေ အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့ ဂိုးဘယ်ဖက်ထောင့်ကို ကန်သွင်းယူသွားခဲ့ပြီး ဂန်းနားတို့ နောက်ထပ် ဦးဆောင်ဂိုး ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ၆-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်တာကြောင့် အဓိကကစားသမားတွေကို အနားပေးခဲ့ပြီး ကစားအားကို လျှော့ချပြီး ပွဲကို ထိန်းကစားသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အာတီတာရဲ့အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၂ မှတ်အကွာ အဆင့် ၃ နေရာကနေ ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး အဆင့် ၂ နေရာက တစ်ပွဲလျော့နေတဲ့ မန်စီးတီးနဲ့ ၅၂ မှတ်ချင်း တူညီသွားခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ည ၈ နာရီ ၃၀ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ အာဆင္နယ္တို႔ရဲ႕ပြဲစဥ္မွာ ဂန္းနားေတြက အိမ္ရွင္ဝက္စ္ဟမ္းကို ၆-၀ နဲ႔ ဂိုးျပတ္အႏိုင္ရရွိခဲ့ပါတယ္။

ဂန္းနားေတြဟာ ပြဲစတင္တဲ့အခ်ိန္ကတည္းက ဒီရာသီရဲ႕ အေကာင္းဆုံးပြဲစဥ္ကို ကစားေနတယ္ဆိုတာကို ျပသခဲ့ၿပီး ခံစစ္၊ ကြင္းလယ္နဲ႔ တိုက္စစ္အားလုံး အျပစ္ေျပာစရာမရွိေအာင္ ေကာင္းမြန္ေနခဲ့တာ ျဖစ္ပါတယ္။

ပြဲကစားခ်ိန္ မိနစ္ ၂၀ ေက်ာ္ေလာက္ကတည္းက ဆာကာ ဂိုးရရွိခဲ့ရမွာျဖစ္ေပမယ့္လည္း အဆုံးသတ္အနည္းငယ္ လိုအပ္ေနခဲ့တာေၾကာင့္ ဂိုးမရွိခဲ့ဘဲ ၃၂ မိနစ္မွာေတာ့ ဒီကလန္ ႐ိုက္ရဲ႕ ေထာင့္ကန္ေဘာကေန ျဖတ္တင္ေပးပို႔မႈကေန တဆင့္ ဆာလီဘာက ဝက္စ္ဟမ္းကစားသမားေတြကာကြယ္ထားတဲ့ၾကားက ေခါင္းတိုက္ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၃၈ မိနစ္မွာ ဆာကာက ထေရာ့ဆာ့ဒ္ရဲ႕ ေပးပို႔မႈကေန အာရီယိုလာကို ေက်ာ္ျဖတ္ၿပီး ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ဝက္စ္ဟမ္းဂိုးသမားက ဂန္းနားၾကယ္ပြင့္ကို လဲက်ေစခဲ့တဲ့အတြက္ ဒိုင္လူႀကီးက ပင္နယ္တီ ေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဝက္စ္ဟမ္းကစားသမားေတြက အျပင္းအထန္ ေစာဒက တက္ခဲ့တာေၾကာင့္ VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ၿပီး ပင္နယ္တီဆိုတာ ထင္ရွားေနခဲ့တဲ့အတြက္ ဆာကာက ကန္သြင္းယူခဲ့ရာမွာ အာရီယိုလာ မကာကြယ္ႏိုင္ခဲ့ဘဲ ခြင့္ျပဳခဲ့ရပါတယ္။

ပထမပိုင္းၿပီးဆုံးဖို႔ ၁ မိနစ္အလိုမွာ ဒီကလန္ ႐ိုက္က အလြတ္တည္ကန္ေဘာကေန ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဂါဘရီယဲလ္က ေခါင္းတိုက္ၿပီး သြင္းယူသြားခဲ့တာေၾကာင့္ တတိယေျမာက္ ဦးေဆာင္ဂိုးကို ရရွိခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ဆက္လက္ယွဥ္ၿပိဳင္ခဲ့ရာမွာ ေအာ္ဒီဂြါဒ္က လိမ္ေခါက္ၿပီး ပင္နယ္တီဧရိယာထဲမွာ ရွိတဲ့ ထေရာ့ဆာ့ဒ္ကို ေပးပို႔ခဲ့ရာမွာ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္က ဂိုးအေပၚေထာင့္ကို ဝိုက္ကန္ၿပီး အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

ဝက္စ္ဟမ္းဟာပထမပိုင္းမွာ ၄ ဂိုးျပတ္နဲ႔ ရႈံးနိမ့္ေနခဲ့တာေၾကာင့္ ေတာ္ေတာ္ေလး စိတ္ဓာတ္ပ်က္ျပားသြားခဲ့ၿပီး ပရိသတ္ေတြကိုယ္တိုင္ကလည္း ပထမပိုင္းအၿပီးကတည္းက ကြင္းထဲကေန ေတာ္ေတာ္မ်ားမ်ား ထြက္ခြာသြားခဲ့ၾကတဲ့အထိ စိတ္ပ်က္ခဲ့ၾကတာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ အိမ္ရွင္ဝက္စ္ဟမ္းတို႔က ျပန္လာႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း အာဆင္နယ္ကြင္းလယ္နဲ႔ ခံစစ္က အေကာင္းဆုံးပုံစံနဲ႔ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ဘာမွ ထူးထူးျခားျခား လုပ္မျပႏိုင္ဘဲ ဂန္းနားေတြရဲ႕ လႊမ္းမိုးမႈေအာက္မွာပဲ ဆက္ရွိေနခဲ့ရပါတယ္။

ပြဲကစားခ်ိန္ ၆၃ မိနစ္အေရာက္မွာ ေအာ္ဒီဂြါဒ္က ပင္နယ္တီဧရိယာအစြန္မွာရွိေနတဲ့ ဆာကာဆီ ေပးပို႔ခဲ့ရာမွာ အဂၤလန္ၾကယ္ပြင့္က ထုံးစံအတိုင္းပဲ ဂိုးေထာင့္ကို လွမ္းကန္ခဲ့ၿပီး အာရီယိုလာ ႀကိဳခန႔္မွန္းမိခဲ့ေပမယ့္လည္း ဆာကာရဲ႕ ညာဘက္ေအာက္ေထာင့္ထဲကို ကန္သြင္းခဲ့မႈကို မတားဆီးႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ေနာက္ထပ္ ၂ မိနစ္အၾကာမွာ ဝက္စ္ဟမ္း ပရိသတ္ေတြရဲ႕ ကြဲေနတဲ့အသည္းကို ဆားနဲ႔သိပ္တဲ့အေနနဲ႔ အသင္းေခါင္းေဆာင္ေဟာင္း ဒီကလန္ ႐ိုက္က ပင္နယ္တီဧရိယာအျပင္ဘက္ကေန အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္နဲ႔ ဂိုးဘယ္ဖက္ေထာင့္ကို ကန္သြင္းယူသြားခဲ့ၿပီး ဂန္းနားတို႔ ေနာက္ထပ္ ဦးေဆာင္ဂိုး ထပ္မံရရွိခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၆-၀ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ အဓိကကစားသမားေတြကို အနားေပးခဲ့ၿပီး ကစားအားကို ေလွ်ာ့ခ်ၿပီး ပြဲကို ထိန္းကစားသြားခဲ့ပါတယ္။ ဒီႏိုင္ပြဲေၾကာင့္ အာတီတာရဲ႕အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္နဲ႔ ၂ မွတ္အကြာ အဆင့္ ၃ ေနရာကေန ဆက္လက္ဖိအားေပးႏိုင္ခဲ့ၿပီး အဆင့္ ၂ ေနရာက တစ္ပြဲေလ်ာ့ေနတဲ့ မန္စီးတီးနဲ႔ ၅၂ မွတ္ခ်င္း တူညီသြားခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.