Match Report Premier League

ဖောရက်စ်ကို ဂီမာရေးစ်ရဲ့ တောက်ပမှုနဲ့အတူ အနိုင်ယူတဲ့ နယူးကာဆယ်

ဘရူနို ဂီမာရေးစ်ရဲ့ အလွန်ကောင်းမွန်တဲ့ ဒုတိယပိုင်း သွင်းဂိုးကြောင့် နယူးကာဆယ်ဟာ စနေနေ့ညက နော်တင်ဟမ်ဖောရက်စ်အိမ်ကွင်းမှာ ၃-၂ နဲ့ အနိုင်ရခဲ့ပါတယ်။

ဖောရက်စ်ဟာ အီလန်ဂါနဲ့ ဟတ်ဒ်ဆန်-အိုဒွိုင်းတို့ရဲ့ သွင်းဂိုးတွေနဲ့ နယူးကာဆယ်ရဲ့ ဦးဆောင်မှုကို နှစ်ကြိမ်အထိ ပြန်လည်ချေဖျက်နိုင်ခဲ့ပေမယ့်လည်း ၆၆ မိနစ်မှာ ဂီမာရေးရဲက အလွန်ကောင်းမွန်တဲ့ အဆုံးသတ်မှုက ဧည့်သည်တွေအတွက် အနိုင် ၃ မှတ်ရရှိစေခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် နယူးကာဆယ်ဟာ အမှတ်ပေးဇယား အဆင့် ၇ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး ဥရောပဝင်ခွင့်နဲ့ ပိုမို နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။ ဂီမာရေးစ်က ပွဲအပြီးမှာ “ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် ဥရောပဝင်ခွင့်ရရမယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားသွားမယ်။ အဲဒါက ခက်မယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် ယူရိုပါလိဂ်ဝင်ခွင့်ရအောင်တော့ ကျိန်းသေလုပ်သွားမှာပါ။”လို့ ပြောဆိုခဲ့ပါတယ်။

နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၄ နေရာနဲ့ ရာသီပြီးဆုံးခဲ့တာကြောင့် ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိခဲ့ပြီး လက်ရှိမှာ အဆင့် ၄ နေရာက စပါးစ်နဲ့ ၁၁ မှတ်ကွာဟနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က လူတန်တောင်းနဲ့ တစ်ဖက် ၄ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီး အက်ဒီ ဟောင်းရဲ့အသင်းဟာ နောက်ထပ် စိတ်လှုပ်ရှားစရာပွဲတစ်ပွဲကို ကစားခဲ့ပြီး ပထမပိုင်း ၁၀ မိနစ်မှာပဲ အလွန်ကောင်းမွန်တဲ့ ထောင့်ကန်ဘောအပေးအယူကနေတဆင့် ထရစ်ပီယာ ခုတ်တင်လိုက်တဲ့ ဘောလုံးကို ဂီမာရေးက ချိန်သားကိုက် ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

မော်ဂန် ဂစ်ဘ်စ်-ဝှိုက်က ကွင်းလယ်ကနေတဆင့် ထိုးပေးလိုက်တဲ့ ဘောလုံးကို အီလန်ဂါက နယူးကာဆယ်နောက်ခံလူတွေကို ကျော်ဖြတ်ပြီး ဒူဗရက်ကာဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းခဲ့ချိန်မှာတော့ စီးတီးဂရောင်းတစ်ကွင်းလုံး အောင်ပွဲခံသံတွေ ညံသွားခဲ့ပါတယ်။

ပထမပိုင်းမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ မြိုင်ဆိုင်နေခဲ့ပြီး နယူးကာဆယ်ဟာ ဖေဘီယံ ရှားရဲ့ ဂိုးဘယ်ဖက်အောက်ခြေထဲကို သွင်းယူခဲ့တဲ့ဂိုးနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်အတွက် ချေပဂိုးကို ဟတ်ဒ်ဆန် အိုဒွိုင်းက ကိုက် ၂၀ အကွာကနေ ကန်သွင်းယူခဲ့တာဖြစ်ပြီး ဘောလုံးက လူးဝစ္စ မိုင်လီနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တာကြောင့် ဒူဗရက်ကာ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

နူနို ဆန်တိုရဲ့အသင်းဟာ ဒိုင်လူကြီး အန်သိုနီ တေလာရဲ့ ပင်နယ်တီ ၂ ကြိမ် အငြင်းခံခဲ့ရတာကြောင့် တော်တော်လေး စိတ်ပျက်ဒေါသထွက်ခဲ့ရပြီး ပထမအကြိမ်မှာ အီလန်ဂါကို အန်သိုနီ ဂေါ်ဒွန်က တွန်းခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်ကတော့ ဒူဗရက်ကာရဲ့ ဆန့်ထုတ်ထားတဲ့လက်နဲ့ထိပြီး အဝိုနီယီ လဲကျသွားခဲ့တာဖြစ်ပါတယ်။

နော်တင်ဟမ် ဖောရက်စ်ဟာ ၆၆ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂီမာရေးစ်ရဲ့ ဦးဆောင်ဂိုးကို ထပ်မံ ချေပနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဂိုးပေါက်ရှေ့မှာ ကောင်းမွန်တဲ့ အဆုံးသတ်သူ မရှိတာကြောင့် ဒုတိယပိုင်းမှာ ဂိုးပေါက်တောင် တစ်ကြိမ် ကန်သွင်းနိုင်ခြင်းမရှိခဲ့ဘဲ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘ႐ူႏို ဂီမာေရးစ္ရဲ႕ အလြန္ေကာင္းမြန္တဲ့ ဒုတိယပိုင္း သြင္းဂိုးေၾကာင့္ နယူးကာဆယ္ဟာ စေနေန႔ညက ေနာ္တင္ဟမ္ေဖာရက္စ္အိမ္ကြင္းမွာ ၃-၂ နဲ႔ အႏိုင္ရခဲ့ပါတယ္။

ေဖာရက္စ္ဟာ အီလန္ဂါနဲ႔ ဟတ္ဒ္ဆန္-အိုဒြိဳင္းတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ နယူးကာဆယ္ရဲ႕ ဦးေဆာင္မႈကို ႏွစ္ႀကိမ္အထိ ျပန္လည္ေခ်ဖ်က္ႏိုင္ခဲ့ေပမယ့္လည္း ၆၆ မိနစ္မွာ ဂီမာေရးရဲက အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္မႈက ဧည့္သည္ေတြအတြက္ အႏိုင္ ၃ မွတ္ရရွိေစခဲ့တာျဖစ္ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ နယူးကာဆယ္ဟာ အမွတ္ေပးဇယား အဆင့္ ၇ ေနရာအထိ တက္လွမ္းႏိုင္ခဲ့ၿပီး ဥေရာပဝင္ခြင့္နဲ႔ ပိုမို နီးစပ္လာခဲ့ၿပီျဖစ္ပါတယ္။ ဂီမာေရးစ္က ပြဲအၿပီးမွာ “ကြၽန္ေတာ္တို႔ ေနာက္ထပ္တစ္ႀကိမ္ ဥေရာပဝင္ခြင့္ရရမယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ႀကိဳးစားသြားမယ္။ အဲဒါက ခက္မယ္ဆိုတာ ကြၽန္ေတာ္သိတယ္။ ဒါေပမယ့္ ယူ႐ိုပါလိဂ္ဝင္ခြင့္ရေအာင္ေတာ့ က်ိန္းေသလုပ္သြားမွာပါ။”လို႔ ေျပာဆိုခဲ့ပါတယ္။

နယူးကာဆယ္ဟာ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ အဆင့္ ၄ ေနရာနဲ႔ ရာသီၿပီးဆုံးခဲ့တာေၾကာင့္ ၂၀၀၃ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ဝင္ခြင့္ ျပန္လည္ရရွိခဲ့ၿပီး လက္ရွိမွာ အဆင့္ ၄ ေနရာက စပါးစ္နဲ႔ ၁၁ မွတ္ကြာဟေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္က လူတန္ေတာင္းနဲ႔ တစ္ဖက္ ၄ ဂိုးစီ သေရက်ခဲ့တဲ့ပြဲအၿပီး အက္ဒီ ေဟာင္းရဲ႕အသင္းဟာ ေနာက္ထပ္ စိတ္လႈပ္ရွားစရာပြဲတစ္ပြဲကို ကစားခဲ့ၿပီး ပထမပိုင္း ၁၀ မိနစ္မွာပဲ အလြန္ေကာင္းမြန္တဲ့ ေထာင့္ကန္ေဘာအေပးအယူကေနတဆင့္ ထရစ္ပီယာ ခုတ္တင္လိုက္တဲ့ ေဘာလုံးကို ဂီမာေရးက ခ်ိန္သားကိုက္ ေျပးဝင္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

ေမာ္ဂန္ ဂစ္ဘ္စ္-ဝႈိက္က ကြင္းလယ္ကေနတဆင့္ ထိုးေပးလိုက္တဲ့ ေဘာလုံးကို အီလန္ဂါက နယူးကာဆယ္ေနာက္ခံလူေတြကို ေက်ာ္ျဖတ္ၿပီး ဒူဗရက္ကာဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ ကန္သြင္းခဲ့ခ်ိန္မွာေတာ့ စီးတီးဂေရာင္းတစ္ကြင္းလုံး ေအာင္ပြဲခံသံေတြ ညံသြားခဲ့ပါတယ္။

ပထမပိုင္းမွာ အရွိန္အဟုန္ျပင္းျပင္းနဲ႔ ၿမိဳင္ဆိုင္ေနခဲ့ၿပီး နယူးကာဆယ္ဟာ ေဖဘီယံ ရွားရဲ႕ ဂိုးဘယ္ဖက္ေအာက္ေျခထဲကို သြင္းယူခဲ့တဲ့ဂိုးနဲ႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ေနာ္တင္ဟမ္ေဖာရက္စ္အတြက္ ေခ်ပဂိုးကို ဟတ္ဒ္ဆန္ အိုဒြိဳင္းက ကိုက္ ၂၀ အကြာကေန ကန္သြင္းယူခဲ့တာျဖစ္ၿပီး ေဘာလုံးက လူးဝစၥ မိုင္လီနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့တာေၾကာင့္ ဒူဗရက္ကာ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ႏူႏို ဆန္တိုရဲ႕အသင္းဟာ ဒိုင္လူႀကီး အန္သိုနီ ေတလာရဲ႕ ပင္နယ္တီ ၂ ႀကိမ္ အျငင္းခံခဲ့ရတာေၾကာင့္ ေတာ္ေတာ္ေလး စိတ္ပ်က္ေဒါသထြက္ခဲ့ရၿပီး ပထမအႀကိမ္မွာ အီလန္ဂါကို အန္သိုနီ ေဂၚဒြန္က တြန္းခဲ့တာျဖစ္ၿပီး ဒုတိယအႀကိမ္ကေတာ့ ဒူဗရက္ကာရဲ႕ ဆန႔္ထုတ္ထားတဲ့လက္နဲ႔ထိၿပီး အဝိုနီယီ လဲက်သြားခဲ့တာျဖစ္ပါတယ္။

ေနာ္တင္ဟမ္ ေဖာရက္စ္ဟာ ၆၆ မိနစ္မွာ သြင္းယူခဲ့တဲ့ ဂီမာေရးစ္ရဲ႕ ဦးေဆာင္ဂိုးကို ထပ္မံ ေခ်ပႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ဂိုးေပါက္ေရွ႕မွာ ေကာင္းမြန္တဲ့ အဆုံးသတ္သူ မရွိတာေၾကာင့္ ဒုတိယပိုင္းမွာ ဂိုးေပါက္ေတာင္ တစ္ႀကိမ္ ကန္သြင္းႏိုင္ျခင္းမရွိခဲ့ဘဲ ရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.