La Liga Match Preview

ဂီရိုနာကို ချန်ပီယံခြေစွမ်းဆိုတာက ဘယ်လိုမျိုးလဲဆိုတာ ဂိုးပြတ်သွင်းပြီး ပြလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ စနေနေ့ညက လာလီဂါဖလားပြိုင်ဘက် ဂီရိုနာကို ၄-၀ နဲ့ ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဂျုဒ် ဘယ်လင်ဟမ်ဟာ ဒုတိယပိုင်း ၅၇ မိနစ်မှာ ဒဏ်ရာကြောင့် လူစားလဲမခံရမီ ရီးရဲလ်မက်ဒရစ်အတွက် ၂ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ပထမဂိုးကို ဗင်နီးရှပ်စ်ရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကနေ သွင်းယူခဲ့ပြီးနောက် ဒုတိယပိုင်းပြန်စပြီး ၁၀ မိနစ်လောက်မှာ သွင်းယူခဲ့တာပါ။

ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မန်ကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာပြီးနောက် ဒီရာသီသွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အတွက် အဖွင့်ဂိုးကို ပထမပိုင်း ၆ မိနစ်မှာပဲ ဗင်နီးရှပ်စ်က ဂီရိုနာ ကစားသမား ၂ ဦးကို လိမ်ခေါက်ပြီးနောက် အဝေးကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

ရိုဒရီဂိုက ဒုတိယပိုင်း ၆၁ မိနစ်မှာ ဗင်နီးရှပ်စ်ရဲ့ အလွန်ကောင်းမွန်တဲ့ ပြေးလွှားမှု ပြုလုပ်ပြီး ပေးပို့ခဲ့တဲ့ ဘောလုံးကို ဆွဲပြေးပြီးနောက် ပင်နယ်တီဧရိယာထိပ်ကနေ ကန်သွင်းယူပြီး စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အထူးချီးကျူးရမှာတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီ ခရူးစ်ဖြစ်ပြီး လာလီဂါဖလားလိုချင်နေတဲ့ ဂီရိုနာတို့ဘက်မှာ ဘယ်လိုအရာပျောက်ဆုံးနေလဲဆိုတာကို ဂျာမန်ကွင်းလယ်ကြယ်ပွင့်ရဲ့ အရည်အသွေးက သတိပေးခဲ့တာဖြစ်ပါတယ်။

ခရူးစ်ဟာ ဂီရိုနာနဲ့ပွဲစဉ်မှာ အဝေးဘော ပေးပို့မှု ၁၄ ကြိမ်ပြုလုပ်ခဲ့ရာမှာ ၁၀၀ ရာခိုင်နှုန်းအောင်မြင်ခဲ့သလို ဖြတ်တင်ပေးပို့မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာမှာလည်း ၂ ကြိမ်စလုံး အောင်မြင်ခဲ့တာဖြစ်ပါတယ်။ တိုနီ ခရူးစ်ရဲ့ ခံစစ်ဧရိယာထဲကို ကန်တင်ပေးပို့မှုတွေက ဧည့်သည်တွေအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့တာဖြစ်ပြီး တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲ ၅ ကြိမ်မှာ ၄ ကြိမ်အထိ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ချီးကျူးရမယ့်သူကတော့ ဂျုဒ် ဘယ်လင်ဟမ်ဖြစ်ပြီး အင်္ဂလန်ကွင်းလယ်လူဟာ ဒီရာစုနှစ်အတွင်း ရီးရဲလ်မက်ဒရစ်အတွက် တစ်ရာသီအတွင်း လာလီဂါသွင်းဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လင်ဟမ်ဟာ ပါဘလို တော်ရဲရဲ့ ဖျက်ထုတ်မှုကြောင့် ခြေကျင်းဝတ်ဒဏ်ရာရရှိသွားခဲ့ပြီး ဆက်မကစားနိုင်တော့လို့ လူစားလဲလှယ်ခဲ့ရတာက ရီးရဲလ်မက်ဒရစ်အတွက် စိုးရိမ်စရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္ဟာ စေနေန႔ညက လာလီဂါဖလားၿပိဳင္ဘက္ ဂီ႐ိုနာကို ၄-၀ နဲ႔ ဂိုးျပတ္အႏိုင္ယူၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္ျဖတ္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဂ်ဳဒ္ ဘယ္လင္ဟမ္ဟာ ဒုတိယပိုင္း ၅၇ မိနစ္မွာ ဒဏ္ရာေၾကာင့္ လူစားလဲမခံရမီ ရီးရဲလ္မက္ဒရစ္အတြက္ ၂ ဂိုးအထိ သြင္းယူေပးခဲ့ၿပီး ပထမဂိုးကို ဗင္နီးရွပ္စ္ရဲ႕ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈကေန သြင္းယူခဲ့ၿပီးေနာက္ ဒုတိယပိုင္းျပန္စၿပီး ၁၀ မိနစ္ေလာက္မွာ သြင္းယူခဲ့တာပါ။

ဘယ္လင္ဟမ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေဒါ့မန္ကေန ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ဒီရာသီသြင္းဂိုး ၂၀ ျပည့္ေျမာက္ခဲ့ၿပီျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အတြက္ အဖြင့္ဂိုးကို ပထမပိုင္း ၆ မိနစ္မွာပဲ ဗင္နီးရွပ္စ္က ဂီ႐ိုနာ ကစားသမား ၂ ဦးကို လိမ္ေခါက္ၿပီးေနာက္ အေဝးကန္ခ်က္နဲ႔ သြင္းယူခဲ့တာျဖစ္ပါတယ္။

႐ိုဒရီဂိုက ဒုတိယပိုင္း ၆၁ မိနစ္မွာ ဗင္နီးရွပ္စ္ရဲ႕ အလြန္ေကာင္းမြန္တဲ့ ေျပးလႊားမႈ ျပဳလုပ္ၿပီး ေပးပို႔ခဲ့တဲ့ ေဘာလုံးကို ဆြဲေျပးၿပီးေနာက္ ပင္နယ္တီဧရိယာထိပ္ကေန ကန္သြင္းယူၿပီး စတုတၳေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒီပြဲစဥ္မွာ အထူးခ်ီးက်ဴးရမွာေတာ့ ရီးရဲလ္မက္ဒရစ္ ကြင္းလယ္လူ တိုနီ ခ႐ူးစ္ျဖစ္ၿပီး လာလီဂါဖလားလိုခ်င္ေနတဲ့ ဂီ႐ိုနာတို႔ဘက္မွာ ဘယ္လိုအရာေပ်ာက္ဆုံးေနလဲဆိုတာကို ဂ်ာမန္ကြင္းလယ္ၾကယ္ပြင့္ရဲ႕ အရည္အေသြးက သတိေပးခဲ့တာျဖစ္ပါတယ္။

ခ႐ူးစ္ဟာ ဂီ႐ိုနာနဲ႔ပြဲစဥ္မွာ အေဝးေဘာ ေပးပို႔မႈ ၁၄ ႀကိမ္ျပဳလုပ္ခဲ့ရာမွာ ၁၀၀ ရာခိုင္ႏႈန္းေအာင္ျမင္ခဲ့သလို ျဖတ္တင္ေပးပို႔မႈ ၂ ႀကိမ္ျပဳလုပ္ခဲ့ရာမွာလည္း ၂ ႀကိမ္စလုံး ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။ တိုနီ ခ႐ူးစ္ရဲ႕ ခံစစ္ဧရိယာထဲကို ကန္တင္ေပးပို႔မႈေတြက ဧည့္သည္ေတြအတြက္ ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္ခဲ့တာျဖစ္ၿပီး တစ္ဦးခ်င္းရင္ဆိုင္တိုက္ပြဲ ၅ ႀကိမ္မွာ ၄ ႀကိမ္အထိ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

ေနာက္ထပ္ ခ်ီးက်ဴးရမယ့္သူကေတာ့ ဂ်ဳဒ္ ဘယ္လင္ဟမ္ျဖစ္ၿပီး အဂၤလန္ကြင္းလယ္လူဟာ ဒီရာစုႏွစ္အတြင္း ရီးရဲလ္မက္ဒရစ္အတြက္ တစ္ရာသီအတြင္း လာလီဂါသြင္းဂိုးအမ်ားဆုံးသြင္းယူႏိုင္တဲ့ ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘယ္လင္ဟမ္ဟာ ပါဘလို ေတာ္ရဲရဲ႕ ဖ်က္ထုတ္မႈေၾကာင့္ ေျခက်င္းဝတ္ဒဏ္ရာရရွိသြားခဲ့ၿပီး ဆက္မကစားႏိုင္ေတာ့လို႔ လူစားလဲလွယ္ခဲ့ရတာက ရီးရဲလ္မက္ဒရစ္အတြက္ စိုးရိမ္စရာျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.