Match Preview

အိမ်ကွင်းမှတ်တမ်းဆိုးတွေနဲ့ ဘန်လေကို ၅ ပွဲဆက်နိုင်ပွဲရယူသွားမယ့် အာဆင်နယ်

အာဆင်နယ်ဟာ ယနေ့ညနေ ဘန်လေအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ ၅ ပွဲဆက် ပရီးမီးယားလိဂ် နိုင်ပွဲကို ရယူသွားဖို့ ရည်မှန်းနေပါတယ်။

ဂန်းနားတွေဟာ ဆောင်းရာသီအားလပ်ရက်မတိုင်ခင်တုန်းက စိတ်ပျက်စရာရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း နှစ်သစ်အစကတည်း အထင်ကြီးဖွယ် ပြန်လည်သက်ဝင်လာခဲ့ပြီး နောက်ဆုံး နိုင်ပွဲ ၄ ပွဲမှာ ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက လီဗာပူးလ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ ခြေစွမ်းအတိုင်းပဲ ဝက်စ်ဟမ်းကို ၆-၀ နဲ့ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲရယူပြီး ပရီးမီးယားလိဂ်ဖလားကို အမှန်တကယ် စိန်ခေါ်နိုင်သူတွေဖြစ်တယ်ဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

ဘန်လေဘက်မှာ ကာလရှည် ဒဏ်ရာပြဿနာရနေတဲ့ ကစားသမားအချို့ရှိနေပြီး လူကာ ကိုလီယိုရှို ဒူးဒဏ်ရာကြောင့် ပါဝင်နိုင်ဦးမှာမဟုတ်ဘဲ နေသန် ရက်ဒ်မွန်းလည်း လွဲချော်ဦးမှာပါ။ နောက်ခံလူ ဂျော်ဒန် ဘီယာနဲ့ ချာလီ တေလာတို့လည်း ပါဝင်ကစားပေးဖို့ မသေချာဘဲ လိုင်လီ ဖော်စတာကတော့ နောက်ထပ် အချိန်တစ်ခုအထိ လွဲချော်ဦးမှာပါ။

ဂန်းနားတွေဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ပထမအသင်း ကစားသမား ၇ ဦးအထိ ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး တိုမိယဆုတစ်ဦးတည်းသာ ဒီပွဲအတွက် ပွဲနေ့လူစာရင်းထဲ ပြန်ပါလာဖို့များပါတယ်။ ဇင်ချန်ကိုနဲ့ ဂျေးဇုတို့က လာမယ့်ဗုဒ္ဓဟူးနေ့ ပေါ်တိုနဲ့ပွဲမတိုင်ခင် အရဲစွန့် ဝင်ကစားသွားဦးမှာမဟုတ်ဘဲ ပါတေး၊ ဗီယာရာ၊ တင်းဘားတို့လည်း ဆက်လက်လွဲချော်မှာပါ။ စမစ် ရိုးရဲ့ အခြေအနေကလည်း ခြေကျင်းဝတ်လည်ပြီး တနင်္ဂနွေနေ့ နိုင်ပွဲကို လွဲချော်ခဲ့ပြီးနောက် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

ဘန်လေ-ထရက်ဖို့ဒ်၊ ဗီတင်ဟို၊ အိုရှေး၊ ဘီယာ၊ ဒဲလ်ခွာ၊ ရမ်ဆေး၊ ဘာ့ဂျ်၊ ဘရောင်းဟေးလ်၊ အိုဒိုဘတ်၊ အမ်ဒူနီ၊ ဖိုဖာနာ။

အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ခီဗီယော၊ ရိုက်၊ အော်ဒီဂွါဒ်၊ ဟာဗတ်ဇ်၊ ဆာကာ၊ ထရော့ဆာ့ဒ်၊ မာတီနယ်လီ။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြား ၁၆ ကြိမ်တွေ့ဆုံခဲ့ရာမှာ ဘန်လေက ၁ ကြိမ်နိုင် ၃ ကြိမ်သရေ အာဆင်နယ်က ၁၂ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ဘန်လေက ၂ ပွဲသရေ ၃ ပွဲရှုံး၊ အာဆင်နယ်က ၄ ပွဲနိုင် ၁ ပွဲရှုံးခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

ဘန်လေဟာ ပြီးခဲ့တဲ့ အမ်းမရိတ်စ်က ပွဲစဉ်မှာ ၃-၁ နဲ့ မရှုံးနိမ့်ခင် ဂန်းနားတွေကို စုဖွဲ့မှုကောင်းကောင်းနဲ့ တိုက်ပွဲဝင်ခဲ့ပြီး ကွန်ပနီရဲ့အသင်းဟာ အဝေးကွင်းမှာ စွမ်းဆောင်ရည် နည်းနည်းပိုကောင်းခဲ့ပါတယ်။ ဘန်လေဟာ ဒီရာသီ တာ့ဖ်မိုးမှာ ၅ မှတ်သာ ရယူထားနိုင်သေးပြီး ဒေးဗစ် ဖိုဖာနာ ရောက်လာတာက ကွန်ပနီရဲ့အသင်းအတွက် တိုက်စစ်မှာ နောက်ထပ် အားတစ်ခုဖြစ်လာစေခဲ့ပါတယ်။ ဖိုဖာနာဟာ လက်ရှိအချိန်အထိ ဘန်လေအတွက် ၃ ပွဲပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ထားပေမယ့် ဂန်းနားတွေရဲ့ ကျစ်လစ်တဲ့ခံစစ်ကို လဲပြိုအောင်လုပ်နိုင်စွမ်းတော့ရှိမှာမဟုတ်ပါဘူး။ ဧည့်သည်တွေဟာ အိမ်ရှင်တွေကို အပြည့်အဝ ထိန်းချုပ်သွားပြီး ဂိုးများများနဲ့ အနိုင်ရသွားမယ့်ပွဲလို့ ယူဆရပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(ဘန်လေ ၀-၃ အာဆင်နယ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဟာ ယေန႔ညေန ဘန္ေလအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္တဲ့ပြဲစဥ္မွာ ၅ ပြဲဆက္ ပရီးမီးယားလိဂ္ ႏိုင္ပြဲကို ရယူသြားဖို႔ ရည္မွန္းေနပါတယ္။

ဂန္းနားေတြဟာ ေဆာင္းရာသီအားလပ္ရက္မတိုင္ခင္တုန္းက စိတ္ပ်က္စရာရလဒ္ေတြနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း ႏွစ္သစ္အစကတည္း အထင္ႀကီးဖြယ္ ျပန္လည္သက္ဝင္လာခဲ့ၿပီး ေနာက္ဆုံး ႏိုင္ပြဲ ၄ ပြဲမွာ ၁၆ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔တုန္းက လီဗာပူးလ္ကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ ေျခစြမ္းအတိုင္းပဲ ဝက္စ္ဟမ္းကို ၆-၀ နဲ႔ အေဝးကြင္းမွာ ဂိုးျပတ္ႏိုင္ပြဲရယူၿပီး ပရီးမီးယားလိဂ္ဖလားကို အမွန္တကယ္ စိန္ေခၚႏိုင္သူေတြျဖစ္တယ္ဆိုတာကို ျပသခဲ့တာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

ဘန္ေလဘက္မွာ ကာလရွည္ ဒဏ္ရာျပႆနာရေနတဲ့ ကစားသမားအခ်ိဳ႕ရွိေနၿပီး လူကာ ကိုလီယိုရႈိ ဒူးဒဏ္ရာေၾကာင့္ ပါဝင္ႏိုင္ဦးမွာမဟုတ္ဘဲ ေနသန္ ရက္ဒ္မြန္းလည္း လြဲေခ်ာ္ဦးမွာပါ။ ေနာက္ခံလူ ေဂ်ာ္ဒန္ ဘီယာနဲ႔ ခ်ာလီ ေတလာတို႔လည္း ပါဝင္ကစားေပးဖို႔ မေသခ်ာဘဲ လိုင္လီ ေဖာ္စတာကေတာ့ ေနာက္ထပ္ အခ်ိန္တစ္ခုအထိ လြဲေခ်ာ္ဦးမွာပါ။

ဂန္းနားေတြဟာ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ပထမအသင္း ကစားသမား ၇ ဦးအထိ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီး တိုမိယဆုတစ္ဦးတည္းသာ ဒီပြဲအတြက္ ပြဲေန႔လူစာရင္းထဲ ျပန္ပါလာဖို႔မ်ားပါတယ္။ ဇင္ခ်န္ကိုနဲ႔ ေဂ်းဇုတို႔က လာမယ့္ဗုဒၶဟူးေန႔ ေပၚတိုနဲ႔ပြဲမတိုင္ခင္ အရဲစြန႔္ ဝင္ကစားသြားဦးမွာမဟုတ္ဘဲ ပါေတး၊ ဗီယာရာ၊ တင္းဘားတို႔လည္း ဆက္လက္လြဲေခ်ာ္မွာပါ။ စမစ္ ႐ိုးရဲ႕ အေျခအေနကလည္း ေျခက်င္းဝတ္လည္ၿပီး တနဂၤေႏြေန႔ ႏိုင္ပြဲကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

ဘန္ေလ-ထရက္ဖို႔ဒ္၊ ဗီတင္ဟို၊ အိုေရွး၊ ဘီယာ၊ ဒဲလ္ခြာ၊ ရမ္ေဆး၊ ဘာ့ဂ်္၊ ဘေရာင္းေဟးလ္၊ အိုဒိုဘတ္၊ အမ္ဒူနီ၊ ဖိုဖာနာ။

အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ခီဗီေယာ၊ ႐ိုက္၊ ေအာ္ဒီဂြါဒ္၊ ဟာဗတ္ဇ္၊ ဆာကာ၊ ထေရာ့ဆာ့ဒ္၊ မာတီနယ္လီ။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီႏွစ္သင္းၾကား ၁၆ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ဘန္ေလက ၁ ႀကိမ္ႏိုင္ ၃ ႀကိမ္သေရ အာဆင္နယ္က ၁၂ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ ဘန္ေလက ၂ ပြဲသေရ ၃ ပြဲရႈံး၊ အာဆင္နယ္က ၄ ပြဲႏိုင္ ၁ ပြဲရႈံးခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

ဘန္ေလဟာ ၿပီးခဲ့တဲ့ အမ္းမရိတ္စ္က ပြဲစဥ္မွာ ၃-၁ နဲ႔ မရႈံးနိမ့္ခင္ ဂန္းနားေတြကို စုဖြဲ႕မႈေကာင္းေကာင္းနဲ႔ တိုက္ပြဲဝင္ခဲ့ၿပီး ကြန္ပနီရဲ႕အသင္းဟာ အေဝးကြင္းမွာ စြမ္းေဆာင္ရည္ နည္းနည္းပိုေကာင္းခဲ့ပါတယ္။ ဘန္ေလဟာ ဒီရာသီ တာ့ဖ္မိုးမွာ ၅ မွတ္သာ ရယူထားႏိုင္ေသးၿပီး ေဒးဗစ္ ဖိုဖာနာ ေရာက္လာတာက ကြန္ပနီရဲ႕အသင္းအတြက္ တိုက္စစ္မွာ ေနာက္ထပ္ အားတစ္ခုျဖစ္လာေစခဲ့ပါတယ္။ ဖိုဖာနာဟာ လက္ရွိအခ်ိန္အထိ ဘန္ေလအတြက္ ၃ ပြဲပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ျပဳလုပ္ထားေပမယ့္ ဂန္းနားေတြရဲ႕ က်စ္လစ္တဲ့ခံစစ္ကို လဲၿပိဳေအာင္လုပ္ႏိုင္စြမ္းေတာ့ရွိမွာမဟုတ္ပါဘူး။ ဧည့္သည္ေတြဟာ အိမ္ရွင္ေတြကို အျပည့္အဝ ထိန္းခ်ဳပ္သြားၿပီး ဂိုးမ်ားမ်ားနဲ႔ အႏိုင္ရသြားမယ့္ပြဲလို႔ ယူဆရပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(ဘန္ေလ ၀-၃ အာဆင္နယ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.