La Liga

ရီးရဲလ်မက်ဒရစ်နဲ့ အမ်ဘာပေတို့ရဲ့အပြောင်းအရွှေ့ကို အဖြေပေးခဲ့တဲ့ လာလီဂါဥက္ကဌ

လာလီဂါဥက္ကဌ ဇေးဗီးယား တီဘက်စ်က ပီအက်စ်ဂျီကြယ်ပွင့် ခီလီယန် အမ်ဘာပေအနေနဲ့ ယခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့တာကို မြင်တွေ့ရဖို့များတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ယခုလာမယ့်နွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ကမ္ဘာ့ဘောလုံးလောကရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတဲ့ ကောလာဟလတွေ အများအပြားထွက်ပေါ်နေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးနဲ့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေတဲ့အသင်းဖြစ်ပြီး တီဘက်စ်ကလည်း အမ်ဘာပေအနေနဲ့ ပဲရစ်ကနေ မက်ဒရစ်ကို ပြောင်းရွှေ့လာနိုင်ခြေက ၅၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

အမ်ဘာပေဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဇီဒန်းတို့လို တသက်တာအကောင်းဆုံးကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ ခံစားခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့ လက်ရှိ ကြယ်စင်စုမျိုးဆက်အတွက် အကြီးမားဆုံးခေါ်ယူမှုဖြစ်လာမှာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကတော့ အမ်ဘာပေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ လုပ်မှာဖြစ်တာကြောင့် လွယ်ကူတဲ့အပြောင်းအရွှေ့တော့ ဖြစ်လာနိုင်ဖွယ်မရှိပေမယ့် တီဘက်စ်က ပြင်သစ်တိုက်စစ်မှူးက ဘာနေဗျူးကို ပြောင်းရွှေ့နိုင်တယ်လို့ ထင်မြင်ရတဲ့အကြောင်းအရင်းရှိနေပုံရပါတယ်။

“ပြောင်းနိုင်ခြေက မြင့်မားတယ်လို့ ထင်ပါတယ်။ အဲဒါက တစ်ဦးတည်း အမြင်ပါ။ ရီးရဲလ်မက်ဒရစ်နဲ့ သူတို့ဥက္ကဌ ဘယ်လောက်အထိ လောင်းကြေးထပ်ချင်စိတ်ရှိလဲဆိုတဲ့အပေါ် မူတည်တယ်။ ရီးရဲလ်မက်ဒရစ်အနေနဲ့ ဘယ်လင်ဟမ် ရောက်ရှိလာမှုက သူတို့ကို ကြယ်ပွင့်တစ်ပွင့် ပိုင်ဆိုင်ထားပြီးဖြစ်စေခဲ့တယ်ဆိုတာကို တွေးရမယ်။ ဗင်နီးရှပ်စ်ကလည်း နောက်ထပ်ကြယ်ပွင့်တစ်ပွင့်ပါ။ ကစားသမားတွေသာ မက်ဒရစ်သွားမယ်လို့ သတင်းထွက်နေရင် ၅၀ ရာခိုင်နှုန်းကျော် ဖြစ်နိုင်ခြေရှိပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လာလီဂါဥကၠဌ ေဇးဗီးယား တီဘက္စ္က ပီအက္စ္ဂ်ီၾကယ္ပြင့္ ခီလီယန္ အမ္ဘာေပအေနနဲ႔ ယခုေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕တာကို ျမင္ေတြ႕ရဖို႔မ်ားတယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ယခုလာမယ့္ေႏြရာသီမွာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ကမာၻ႔ေဘာလုံးေလာကရဲ႕ စိတ္လႈပ္ရွားစရာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးရဲ႕ အနာဂတ္က ဘယ္လိုျဖစ္လာမလဲဆိုတဲ့ ေကာလာဟလေတြ အမ်ားအျပားထြက္ေပၚေနတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးနဲ႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနတဲ့အသင္းျဖစ္ၿပီး တီဘက္စ္ကလည္း အမ္ဘာေပအေနနဲ႔ ပဲရစ္ကေန မက္ဒရစ္ကို ေျပာင္းေ႐ႊ႕လာႏိုင္ေျခက ၅၀ ရာခိုင္ႏႈန္းေက်ာ္ရွိတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

အမ္ဘာေပဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ဇီဒန္းတို႔လို တသက္တာအေကာင္းဆုံးကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ ခံစားခဲ့ရၿပီးေနာက္ ရီးရဲလ္မက္ဒရစ္ရဲ႕ လက္ရွိ ၾကယ္စင္စုမ်ိဳးဆက္အတြက္ အႀကီးမားဆုံးေခၚယူမႈျဖစ္လာမွာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းကေတာ့ အမ္ဘာေပကို ထိန္းသိမ္းထားႏိုင္ဖို႔အတြက္ ျဖစ္ႏိုင္သမွ် နည္းလမ္းေပါင္းစုံနဲ႔ လုပ္မွာျဖစ္တာေၾကာင့္ လြယ္ကူတဲ့အေျပာင္းအေ႐ႊ႕ေတာ့ ျဖစ္လာႏိုင္ဖြယ္မရွိေပမယ့္ တီဘက္စ္က ျပင္သစ္တိုက္စစ္မႉးက ဘာေနဗ်ဴးကို ေျပာင္းေ႐ႊ႕ႏိုင္တယ္လို႔ ထင္ျမင္ရတဲ့အေၾကာင္းအရင္းရွိေနပုံရပါတယ္။

“ေျပာင္းႏိုင္ေျခက ျမင့္မားတယ္လို႔ ထင္ပါတယ္။ အဲဒါက တစ္ဦးတည္း အျမင္ပါ။ ရီးရဲလ္မက္ဒရစ္နဲ႔ သူတို႔ဥကၠဌ ဘယ္ေလာက္အထိ ေလာင္းေၾကးထပ္ခ်င္စိတ္ရွိလဲဆိုတဲ့အေပၚ မူတည္တယ္။ ရီးရဲလ္မက္ဒရစ္အေနနဲ႔ ဘယ္လင္ဟမ္ ေရာက္ရွိလာမႈက သူတို႔ကို ၾကယ္ပြင့္တစ္ပြင့္ ပိုင္ဆိုင္ထားၿပီးျဖစ္ေစခဲ့တယ္ဆိုတာကို ေတြးရမယ္။ ဗင္နီးရွပ္စ္ကလည္း ေနာက္ထပ္ၾကယ္ပြင့္တစ္ပြင့္ပါ။ ကစားသမားေတြသာ မက္ဒရစ္သြားမယ္လို႔ သတင္းထြက္ေနရင္ ၅၀ ရာခိုင္ႏႈန္းေက်ာ္ ျဖစ္ႏိုင္ေျခရွိပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.