Match Report

ဘန်လေကို အနိုင်ယူပြီး ဇယားထိပ်မှာ စီးတီးကို ဖင်ပူအောင် ထိုင်ခွင့်မပေးခဲ့တဲ့ လီဗာပူးလ်

စနေနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ဘန်လေတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် ကြိုးကြာနီတွေက အန်းဖီးမှာ ကွန်ပနီရဲ့အသင်းကို ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။

လီဗာပူးလ်ဟာ ပွဲစကစားချိန်ကတည်းက အဲဗာတန်ကို အနိုင်ယူပြီး ဇယားထိပ်ကို တက်လှမ်းသွားခဲ့တဲ့ မန်စီးတီးကြောင့် အပိုဖိအားတွေနဲ့ ကစားခဲ့ရပြီး ပထမပိုင်း ၃၁ မိနစ်မှာ ဂျိုတာက ဦးဆောင်ဂိုး သွင်းယူသွားချိန်အထိ အရာအားလုံး အဆင်ပြေပြေဖြစ်သွားလိမ့်မယ်လို့ ထင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်းပြီးဆုံးခါနီး ၄၅ မိနစ်မှာ အိုရှေးက ဘန်လေအတွက် ထောင့်ကန်ဘောကနေတဆင့် ခေါင်းတိုက်ပြီး ချေပဂိုး သွင်းယူပေးသွားခဲ့တာကြောင့် ပထမပိုင်းဟာ ၁-၁ နဲ့ ပြီးဆုံးခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးလ်ကပဲ ဆက်လက် အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ၇ မိနစ်အကြာမှာပဲ လူးဝစ္စ ဒီယက်ဇ်က အဲလီးယော့တ်ပေးပို့လိုက်တဲ့ ဘောလုံးကို အနီးကပ်ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

VAR က လူကျွံဘောရော ပြစ်ဒဏ်ကျူးလွန်မှုပါ ဖြစ်နိုင်ခြေအတွက် စစ်ဆေးခဲ့ပေမယ့်လည်း အမှားအယွင်း မရှိခဲ့တာကြောင့် ဂိုးခွင့်ပြုပေးခဲ့ပြီး ၆၃ မိနစ်မှာ နူးညက်ဇ် အပိုင်အခွင့်အရေးရခဲ့ပေမယ့်လည်း ထရက်ဖို့ဒ်ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စည်းကြပ်ဒိုင်က လူကျွံအလံထောင်ခဲ့တာဖြစ်ပြီး စက္ကန့်ပိုင်းအကြာမှာ ဖိုဖာနာက ကွမ်ဆာရဲ့အမှားကနေ ဂိုးသမား ကယ်လေဟာနဲ့ တစ်ဦးချင်း ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း လီဗာပူးလ်ဂိုးသမားက ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

၇၉ မိနစ်မှာတော့ ဒါဝင် နူးညက်ဇ်က ဟာဗီး အဲလီးယော့တ်ရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ဂိုးဘယ်ဘက်အောက်ထောင့်ကို ခေါင်းတိုက်သွင်းယူပြီး လီဗာပူးလ်ကို အနိုင်သေချာစေခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ဘန်လေကို အန်းဖီးမှာ နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် အဲဗာတန်ကို အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ယာယီတက်လှမ်းနိုင်ခဲ့တဲ့ မန်စီးတီးကို ပြန်ကျော်ဖြတ်ပြီး ဇယားထိပ်နေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စေနေန႔ည ၉ နာရီ ၃၀ မိနစ္မွာ ကစားခဲ့တဲ့ လီဗာပူးလ္နဲ႔ ဘန္ေလတို႔ရဲ႕ ပြဲစဥ္မွာ အိမ္ရွင္ ႀကိဳးၾကာနီေတြက အန္းဖီးမွာ ကြန္ပနီရဲ႕အသင္းကို ဒုတိယပိုင္း သြင္းဂိုးေတြနဲ႔ အႏိုင္ယူၿပီး အမွတ္ေပးဇယားထိပ္ကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ပါတယ္။

လီဗာပူးလ္ဟာ ပြဲစကစားခ်ိန္ကတည္းက အဲဗာတန္ကို အႏိုင္ယူၿပီး ဇယားထိပ္ကို တက္လွမ္းသြားခဲ့တဲ့ မန္စီးတီးေၾကာင့္ အပိုဖိအားေတြနဲ႔ ကစားခဲ့ရၿပီး ပထမပိုင္း ၃၁ မိနစ္မွာ ဂ်ိဳတာက ဦးေဆာင္ဂိုး သြင္းယူသြားခ်ိန္အထိ အရာအားလုံး အဆင္ေျပေျပျဖစ္သြားလိမ့္မယ္လို႔ ထင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပထမပိုင္းၿပီးဆုံးခါနီး ၄၅ မိနစ္မွာ အိုေရွးက ဘန္ေလအတြက္ ေထာင့္ကန္ေဘာကေနတဆင့္ ေခါင္းတိုက္ၿပီး ေခ်ပဂိုး သြင္းယူေပးသြားခဲ့တာေၾကာင့္ ပထမပိုင္းဟာ ၁-၁ နဲ႔ ၿပီးဆုံးခဲ့ရတာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ လီဗာပူးလ္ကပဲ ဆက္လက္ အသာစီးနဲ႔ ကစားႏိုင္ခဲ့ၿပီး ၇ မိနစ္အၾကာမွာပဲ လူးဝစၥ ဒီယက္ဇ္က အဲလီးေယာ့တ္ေပးပို႔လိုက္တဲ့ ေဘာလုံးကို အနီးကပ္ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။

VAR က လူကြၽံေဘာေရာ ျပစ္ဒဏ္က်ဴးလြန္မႈပါ ျဖစ္ႏိုင္ေျခအတြက္ စစ္ေဆးခဲ့ေပမယ့္လည္း အမွားအယြင္း မရွိခဲ့တာေၾကာင့္ ဂိုးခြင့္ျပဳေပးခဲ့ၿပီး ၆၃ မိနစ္မွာ ႏူးညက္ဇ္ အပိုင္အခြင့္အေရးရခဲ့ေပမယ့္လည္း ထရက္ဖို႔ဒ္ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း စည္းၾကပ္ဒိုင္က လူကြၽံအလံေထာင္ခဲ့တာျဖစ္ၿပီး စကၠန႔္ပိုင္းအၾကာမွာ ဖိုဖာနာက ကြမ္ဆာရဲ႕အမွားကေန ဂိုးသမား ကယ္ေလဟာနဲ႔ တစ္ဦးခ်င္း ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း လီဗာပူးလ္ဂိုးသမားက ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

၇၉ မိနစ္မွာေတာ့ ဒါဝင္ ႏူးညက္ဇ္က ဟာဗီး အဲလီးေယာ့တ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ဂိုးဘယ္ဘက္ေအာက္ေထာင့္ကို ေခါင္းတိုက္သြင္းယူၿပီး လီဗာပူးလ္ကို အႏိုင္ေသခ်ာေစခဲ့တာ ျဖစ္ပါတယ္။ လီဗာပူးလ္ဟာ ဘန္ေလကို အန္းဖီးမွာ ႏိုင္ပြဲရယူႏိုင္ခဲ့တာေၾကာင့္ အဲဗာတန္ကို အႏိုင္ယူၿပီး အမွတ္ေပးဇယားထိပ္ဆုံးကို ယာယီတက္လွမ္းႏိုင္ခဲ့တဲ့ မန္စီးတီးကို ျပန္ေက်ာ္ျဖတ္ၿပီး ဇယားထိပ္ေနရာကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.