Match Report Premier League

နှစ်ခါကြမ်းတဲ့ ဟာလန်းရဲ့ ဂိုးတွေနဲ့ အဲဗာတန်ကို ဆယ်ခါပြန် အနိုင်ယူနိုင်တယ်ဆိုတာ ပြသခဲ့တဲ့ စီးတီး

ဒီနေ့ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးနဲ့ အဲဗာတန်တို့ရဲ့ ပွဲမှာ အာလင်း ဟာလန်းရဲ့ သွင်းဂိုးတွေနဲ့ ဂွါဒီယိုလာရဲ့အသင်းဟာ အရေးကြီးတဲ့ အနိုင် ၃ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ယာယီပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်

ပထမပိုင်း စတင်ချိန်ကတည်းက အိမ်ရှင် မန်စီးတီးက အဲဗာတန်ကို လွှမ်းမိုးကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုမှာ အပြတ်အသတ် အသာစီးရယူကစားနိုင်ခဲ့ပေမယ့်လည်း ဂိုးကန်သွင်းမှုမှာ မသေချာခဲ့တာကြောင့် ဂိုးမရရှိခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း မန်စီးတီးကပဲ တဖက်သတ် ဖိအားပေးနိုင်ခဲ့ပေမယ့် ဂိုးပေါက်တည့်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ၇၁ မိနစ်မှာတော့ ဘရန့်သ်ဝိတ်ရဲ့ ရှင်းထုတ်မှုက နေသန် အကီနဲ့ ထိပြီး ဟာလန်းက ညာခြေနဲ့ အပြင်းကန်သွင်းယူနိုင်ခဲ့တာကြောင့် မန်စီးတီးတို့ အဖွင့်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီပွဲမှာ ပထမဆုံး ဂိုးပေါက်တည့်ခဲ့တဲ့ ကန်ချက်ကနေ ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပြီး ဂိုးရရှိသွားခဲ့တဲ့ အိမ်ရှင်တွေဟာ အားတက်သွားခဲ့ပြီး နောက်ထပ် ဦးဆောင်ဂိုးရရှိဖို့ တရကြမ်း တိုက်စစ်ဆင်ခဲ့ပါတယ်။ ၈၅ မိနစ်မှာ မန်ချက်စတာစီးတီးအတွက် ကွဲပြားခြားနားမှုတွေ ပြုလုပ်ပေးနိုင်တဲ့ ကစားသမားဆိုတာကို ဒီဘရိုင်းနားက ထပ်မံသက်သေပြသခဲ့ပြီး ရိုးရှင်းတဲ့ ပေးပို့မှုနဲ့ ဟာလန်းဆီ ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဟာလန်းက ဘောလုံးကို တာကောစကီးနဲ့ အပြိုင်ရယူပြီး ပစ်ဖို့ဒ် ဘယ်လိုမှ မကာကွယ်နိုင်အောင် အဆုံးသတ် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဧည့်သည်တွေအတွက် ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့တဲ့ ဘီတိုက ချေပဂိုး သွင်းယူနိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမယ့်လည်း သိသိသာသာ လူကျွံနေခဲ့တာကြောင့် ဂိုးခွင့်ပြုခြင်းမခံခဲ့ရတာဖြစ်ပါတယ်။

ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၁၀ မိနစ်ပေးခဲ့ရာမှာ ဟာလန်းရဲ့ ဂိုးကို ဖန်တီးပေးခဲ့တဲ့ ဒီဘရိုင်းနားက ပစ်ဖို့ဒ်ကို ကျော်ပြီး ဂိုးကန်သွင်းဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း နည်းနည်းများသွားခဲ့ပြီး ဂိုးပိုက်အပေါ်ကိုသာ ကျရောက်သွားခဲ့တာကြောင့် မန်စီးတီးတို့ နောက်ထပ် ဦးဆောင်ဂိုးမရရှိခဲ့ဘဲ ၂-၀ နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ အဲဗာတန်ကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးကို ယာယီပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး စနေနေ့ညနှောင်းပိုင်းမှာ ဘန်လေနဲ့ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးလ်သာ အနိုင်ရခဲ့ရင် အဆင့် ၂ နေရာကို ပြန်ဆင်းပေးရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ည ၇ နာရီမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္စီးတီးနဲ႔ အဲဗာတန္တို႔ရဲ႕ ပြဲမွာ အာလင္း ဟာလန္းရဲ႕ သြင္းဂိုးေတြနဲ႔ ဂြါဒီယိုလာရဲ႕အသင္းဟာ အေရးႀကီးတဲ့ အႏိုင္ ၃ မွတ္နဲ႔ အမွတ္ေပးဇယား ထိပ္ဆုံးေနရာကို ယာယီျပန္လည္တက္လွမ္းႏိုင္ခဲ့ပါတယ္

ပထမပိုင္း စတင္ခ်ိန္ကတည္းက အိမ္ရွင္ မန္စီးတီးက အဲဗာတန္ကို လႊမ္းမိုးကစားႏိုင္ခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈမွာ အျပတ္အသတ္ အသာစီးရယူကစားႏိုင္ခဲ့ေပမယ့္လည္း ဂိုးကန္သြင္းမႈမွာ မေသခ်ာခဲ့တာေၾကာင့္ ဂိုးမရရွိခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း မန္စီးတီးကပဲ တဖက္သတ္ ဖိအားေပးႏိုင္ခဲ့ေပမယ့္ ဂိုးေပါက္တည့္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး ၇၁ မိနစ္မွာေတာ့ ဘရန႔္သ္ဝိတ္ရဲ႕ ရွင္းထုတ္မႈက ေနသန္ အကီနဲ႔ ထိၿပီး ဟာလန္းက ညာေျခနဲ႔ အျပင္းကန္သြင္းယူႏိုင္ခဲ့တာေၾကာင့္ မန္စီးတီးတို႔ အဖြင့္ဂိုး ရရွိခဲ့တာျဖစ္ပါတယ္။

မန္စီးတီးဟာ ဒီပြဲမွာ ပထမဆုံး ဂိုးေပါက္တည့္ခဲ့တဲ့ ကန္ခ်က္ကေန ဦးေဆာင္ဂိုး ရရွိသြားခဲ့တာျဖစ္ၿပီး ဂိုးရရွိသြားခဲ့တဲ့ အိမ္ရွင္ေတြဟာ အားတက္သြားခဲ့ၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုးရရွိဖို႔ တရၾကမ္း တိုက္စစ္ဆင္ခဲ့ပါတယ္။ ၈၅ မိနစ္မွာ မန္ခ်က္စတာစီးတီးအတြက္ ကြဲျပားျခားနားမႈေတြ ျပဳလုပ္ေပးႏိုင္တဲ့ ကစားသမားဆိုတာကို ဒီဘ႐ိုင္းနားက ထပ္မံသက္ေသျပသခဲ့ၿပီး ႐ိုးရွင္းတဲ့ ေပးပို႔မႈနဲ႔ ဟာလန္းဆီ ေပးပို႔ခဲ့တာျဖစ္ပါတယ္။

ဟာလန္းက ေဘာလုံးကို တာေကာစကီးနဲ႔ အၿပိဳင္ရယူၿပီး ပစ္ဖို႔ဒ္ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ အဆုံးသတ္ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဧည့္သည္ေတြအတြက္ ဒုတိယပိုင္းမွာ လူစားဝင္လာခဲ့တဲ့ ဘီတိုက ေခ်ပဂိုး သြင္းယူႏိုင္ခဲ့ၿပီလို႔ ထင္ခဲ့ေပမယ့္လည္း သိသိသာသာ လူကြၽံေနခဲ့တာေၾကာင့္ ဂိုးခြင့္ျပဳျခင္းမခံခဲ့ရတာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၁၀ မိနစ္ေပးခဲ့ရာမွာ ဟာလန္းရဲ႕ ဂိုးကို ဖန္တီးေပးခဲ့တဲ့ ဒီဘ႐ိုင္းနားက ပစ္ဖို႔ဒ္ကို ေက်ာ္ၿပီး ဂိုးကန္သြင္းဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း နည္းနည္းမ်ားသြားခဲ့ၿပီး ဂိုးပိုက္အေပၚကိုသာ က်ေရာက္သြားခဲ့တာေၾကာင့္ မန္စီးတီးတို႔ ေနာက္ထပ္ ဦးေဆာင္ဂိုးမရရွိခဲ့ဘဲ ၂-၀ နဲ႔ပဲ ပြဲၿပီးဆုံးသြားခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ အဲဗာတန္ကို အႏိုင္ရရွိခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးကို ယာယီျပန္လည္တက္လွမ္းႏိုင္ခဲ့ၿပီး စေနေန႔ညေႏွာင္းပိုင္းမွာ ဘန္ေလနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ လီဗာပူးလ္သာ အႏိုင္ရခဲ့ရင္ အဆင့္ ၂ ေနရာကို ျပန္ဆင္းေပးရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.