Match Report

အန်ဇိုရဲ့ ရင်သပ်ရှုမောဖွယ် ဖရီးကစ်နဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ပြပြီး ဗီလာကို အလဲထိုးခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ဗုဒ္ဓဟူးနေ့ညက အက်စတန် ဗီလာကို အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ ၃-၁ နဲ့ အနိုင်ရယူနိုင်ခဲ့တာကြောင့် သံသယရှိသူတွေကို တိတ်ဆိတ်စေခဲ့ပြီး နည်းပြ ပိုချက်တီနိုရဲ့ ဖိအားတွေကိုလည်း လျော့ပါးစေခဲ့ပါတယ်။

ချဲလ်ဆီးက ပထမပိုင်း ၁၁ မိနစ်မှာပဲ ဂယ်လေဂါရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး နောက်ထပ် ၁၀ မိနစ်အကြာမှာ နီကိုးလတ်စ် ဂျက်ဆင်က နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ အက်စတန် ဗီလာတို့ ချေပဂိုးရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ၅၄ မိနစ်မှာ အန်ဇို ဖာနန်ဒက်ဇ်က အလွတ်တည်ကန်ဘောကနေ အိမ်ရှင်တို့ရဲ့ မျှော်လင့်ချက်ကို အဆုံးသတ်စေမယ့် နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာပါ။

အက်စတန် ဗီလာအတွက် နှစ်သိမ့်ချေပဂိုးကို ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၁ မိနစ် မှာ ဒီယာဘီက သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအတွက် ပြီးခဲ့တဲ့ ၃၄ ပွဲစလုံး ဂိုးမသွင်းနိုင်ခဲ့တဲ့ ဂယ်လေဂါဟာ ၁၁ မိနစ်မှာ ချဲလ်ဆီးတို့ ဦးဆောင်နိုင်စေမယ့် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် မေလက ဘုန်းမောက်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲနောက်ပိုင်း ပထမဆုံးပြန်သွင်းနိုင်ခဲ့တဲ့ ဂိုးဖြစ်ခဲ့ပါတယ်။

ဆီနီဂေါရဲ့ အာဖရိကဖလားပြိုင်ပွဲက ၁၆ သင်းရှုံးထွက်အဆင့်ကနေ စိတ်ပျက်ဖွယ် ထွက်ခွာခဲ့ရပြီးနောက် ဂျက်ဆင်ဟာ တနင်္ဂနွေနေ့က ဝုဗ်နဲ့ ရင်ဆိုင်ကစားဖို့ ချဲလ်ဆီးကို ပြန်လာခဲ့ပါတယ်။ ဂျက်ဆင်ဟာ နောက်ဆုံး ၂၇ မိနစ်မှာ လူစားဝင်ကစားပေးခဲ့ပြီး အက်စတန် ဗီလာနဲ့ပွဲမှာတော့ ဒီဇင်ဘာလတုန်းက လူတန်နဲ့ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်လူစာရင်းထဲမှာ ပြန်လည်ပါဝင်ခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ အဖွင့်ဂိုးရရှိအောင် ကူညီပေးခဲ့ပြီးနောက် နီကိုးလတ် ဂျက်ဆင်ဟာ ၂၁ မိနစ်မှာ မာလို ဂူစတိုရဲ့ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းယူသွားခဲ့ပြီး အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပွဲစဉ်တလျှောက်လုံး သူ့ရဲ့ မြန်နှုန်းနဲ့ ဗီလာနောက်တန်းကို ပြဿနာဖြစ်စေခဲ့ပါတယ်။

အက်စတန် ဗီလာနဲ့ပွဲမှာ တခုတ်တရ ပြောရမယ့်သွင်းဂိုးကတော့ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ အလွတ်တည်ကန်ဘော သွင်းဂိုးဖြစ်ပြီး ပြီးခဲ့တဲ့အပတ်တွေက စွမ်းဆောင်ရည်ကြောင့် ပရိသတ်အချို့ ဝေဖန်တာခံခဲ့ရပေမယ့် ဗီလာနဲ့ပွဲမှာတော့ ဘာလုပ်နိုင်လဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်။

အန်ဇို ဖာနန်ဒက်ဇ်ဟာ ဒုတိယပိုင်းပြန်စပြီး ၁၀ မိနစ်လောက်မှာ ၂၅ ကိုက်အကွာက အလွတ်တည်ကန်ဘောကနေ ရင်သပ်ရှုမောဖွယ် တိုက်ရိုက်ကန်သွင်းသွားခဲ့ပြီး တစ်နိုင်ငံတည်းသား ဗီလာဂိုးသမား အီမီ မာတီနက်ဇ် ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

အန်ဇို ဖာနန်ဒက်ဇ်အတွက်တော့ ဒီသွင်းဂိုးဟာ ပြီးခဲ့တဲ့နှစ်မှာ ပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ချဲလ်ဆီးကစားသမားဘဝ ၅ ဂိုးမြောက်သွင်းဂိုးလည်း ဖြစ်ခဲ့ပြီး အက်စတန် ဗီလာကို ဒီရာသီ ၂ ကျော့တွေ့ဆုံမှုမှာ အနိုင်မယူနိုင်ခဲ့တဲ့ ချဲလ်ဆီးတို့အတွက် စိတ်ကျေနပ်စရာ နိုင်ပွဲဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ အက်စတန် ဗီလာကို အနိုင်ရခဲ့တာကြောင့် အက်ဖ်အေဖလား ပဉ္စမအဆင့်မှာ လိဒ်စ်ယူနိုက်တက်ကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကစားသွားရမှာပါ။ အဲဒီပွဲမတိုင်ခင် ၃ ရက်မှာ လီဗာပူးလ်နဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲအဖြစ် ဝင်ဘလေမှာ ကစားသွားရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးဟာ ဗုဒၶဟူးေန႔ညက အက္စတန္ ဗီလာကို အက္ဖ္ေအဖလား စတုတၳအဆင့္မွာ ၃-၁ နဲ႔ အႏိုင္ရယူႏိုင္ခဲ့တာေၾကာင့္ သံသယရွိသူေတြကို တိတ္ဆိတ္ေစခဲ့ၿပီး နည္းျပ ပိုခ်က္တီႏိုရဲ႕ ဖိအားေတြကိုလည္း ေလ်ာ့ပါးေစခဲ့ပါတယ္။

ခ်ဲလ္ဆီးက ပထမပိုင္း ၁၁ မိနစ္မွာပဲ ဂယ္ေလဂါရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာ နီကိုးလတ္စ္ ဂ်က္ဆင္က ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ အက္စတန္ ဗီလာတို႔ ေခ်ပဂိုးရရွိဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ၅၄ မိနစ္မွာ အန္ဇို ဖာနန္ဒက္ဇ္က အလြတ္တည္ကန္ေဘာကေန အိမ္ရွင္တို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ကို အဆုံးသတ္ေစမယ့္ ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာပါ။

အက္စတန္ ဗီလာအတြက္ ႏွစ္သိမ့္ေခ်ပဂိုးကို ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၉၁ မိနစ္ မွာ ဒီယာဘီက သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအတြက္ ၿပီးခဲ့တဲ့ ၃၄ ပြဲစလုံး ဂိုးမသြင္းႏိုင္ခဲ့တဲ့ ဂယ္ေလဂါဟာ ၁၁ မိနစ္မွာ ခ်ဲလ္ဆီးတို႔ ဦးေဆာင္ႏိုင္ေစမယ့္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ၂၀၂၃ ခုႏွစ္ ေမလက ဘုန္းေမာက္ကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲေနာက္ပိုင္း ပထမဆုံးျပန္သြင္းႏိုင္ခဲ့တဲ့ ဂိုးျဖစ္ခဲ့ပါတယ္။

ဆီနီေဂါရဲ႕ အာဖရိကဖလားၿပိဳင္ပြဲက ၁၆ သင္းရႈံးထြက္အဆင့္ကေန စိတ္ပ်က္ဖြယ္ ထြက္ခြာခဲ့ရၿပီးေနာက္ ဂ်က္ဆင္ဟာ တနဂၤေႏြေန႔က ဝုဗ္နဲ႔ ရင္ဆိုင္ကစားဖို႔ ခ်ဲလ္ဆီးကို ျပန္လာခဲ့ပါတယ္။ ဂ်က္ဆင္ဟာ ေနာက္ဆုံး ၂၇ မိနစ္မွာ လူစားဝင္ကစားေပးခဲ့ၿပီး အက္စတန္ ဗီလာနဲ႔ပြဲမွာေတာ့ ဒီဇင္ဘာလတုန္းက လူတန္နဲ႔ပြဲေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပြဲထြက္လူစာရင္းထဲမွာ ျပန္လည္ပါဝင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးရဲ႕ အဖြင့္ဂိုးရရွိေအာင္ ကူညီေပးခဲ့ၿပီးေနာက္ နီကိုးလတ္ ဂ်က္ဆင္ဟာ ၂၁ မိနစ္မွာ မာလို ဂူစတိုရဲ႕ ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို ေခါင္းတိုက္သြင္းယူသြားခဲ့ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ပြဲစဥ္တေလွ်ာက္လုံး သူ႔ရဲ႕ ျမန္ႏႈန္းနဲ႔ ဗီလာေနာက္တန္းကို ျပႆနာျဖစ္ေစခဲ့ပါတယ္။

အက္စတန္ ဗီလာနဲ႔ပြဲမွာ တခုတ္တရ ေျပာရမယ့္သြင္းဂိုးကေတာ့ အန္ဇို ဖာနန္ဒက္ဇ္ရဲ႕ အလြတ္တည္ကန္ေဘာ သြင္းဂိုးျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္ေတြက စြမ္းေဆာင္ရည္ေၾကာင့္ ပရိသတ္အခ်ိဳ႕ ေဝဖန္တာခံခဲ့ရေပမယ့္ ဗီလာနဲ႔ပြဲမွာေတာ့ ဘာလုပ္ႏိုင္လဲဆိုတာကို ျပသႏိုင္ခဲ့ပါတယ္။

အန္ဇို ဖာနန္ဒက္ဇ္ဟာ ဒုတိယပိုင္းျပန္စၿပီး ၁၀ မိနစ္ေလာက္မွာ ၂၅ ကိုက္အကြာက အလြတ္တည္ကန္ေဘာကေန ရင္သပ္ရႈေမာဖြယ္ တိုက္႐ိုက္ကန္သြင္းသြားခဲ့ၿပီး တစ္ႏိုင္ငံတည္းသား ဗီလာဂိုးသမား အီမီ မာတီနက္ဇ္ ဘယ္လိုမွ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

အန္ဇို ဖာနန္ဒက္ဇ္အတြက္ေတာ့ ဒီသြင္းဂိုးဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ေပါင္ ၁၀၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးကစားသမားဘဝ ၅ ဂိုးေျမာက္သြင္းဂိုးလည္း ျဖစ္ခဲ့ၿပီး အက္စတန္ ဗီလာကို ဒီရာသီ ၂ ေက်ာ့ေတြ႕ဆုံမႈမွာ အႏိုင္မယူႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးတို႔အတြက္ စိတ္ေက်နပ္စရာ ႏိုင္ပြဲျဖစ္ခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ အက္စတန္ ဗီလာကို အႏိုင္ရခဲ့တာေၾကာင့္ အက္ဖ္ေအဖလား ပၪၥမအဆင့္မွာ လိဒ္စ္ယူႏိုက္တက္ကို စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔မွာ ကစားသြားရမွာပါ။ အဲဒီပြဲမတိုင္ခင္ ၃ ရက္မွာ လီဗာပူးလ္နဲ႔ ကာရာေဘာင္းဖလား ဗိုလ္လုပြဲအျဖစ္ ဝင္ဘေလမွာ ကစားသြားရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.