Other

ဘလွန်ဒေါဆုရဲ့ မဲမသမာမှုအရှုပ်တော်ပုံကို ဖွင့်ချလိုက်တဲ့ ကစားသမား

ကစားသမားတစ်ဦးက ၎င်းရဲ့ ဆန္ဒမဲတွေဟာ လူသိရှင်ကြား ထုတ်ဖော်တဲ့အချိန်မှာ ပြောင်းလဲနေခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ဘလွန်ဒေါဆုဟာ မဲမသမာမှုတွေ ရှိနေခဲ့တာ ပေါ်လွင်လာခဲ့ပါတယ်။

ဂျူဗင်နဲလ် အက်ဂျိုဂိုလို့ အမည်ရတဲ့ လီဗန်တေး၊ အလာဗက်စ်နဲ့ တဲနဲရိဖ်တို့လို အသင်းတွေအတွက် ကစားပေးခဲ့တဲ့ ကစားသမားဟာ ဂီနီယာလက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်တာကြောင့် ၂၀၁၃ ဘလွန်ဒေါဆုအတွက် မဲပေးခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၃ နှစ်အရွယ်ကစားသမားဟာ တရားဝင် မဲပေးလွှာပေါ်မှာ ထိပ်ဆုံး ၃ ဦးထဲမှာ ဒရော့ဂ်ဘာနဲ့ အင်နီယေစတာတို့ကို ရွေးချယ်ခဲ့ပေမယ့်လည်း လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို ရွေးချယ်ခဲ့တယ်လို့ ဖော်ပြခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းက ရလဒ်အနေနဲ့ ဂီနီယာကွင်းလယ်ကစားသမားဟာ ဘလွန်ဒေါဆုပေးပွဲကို လုံးဝ အထင်မကြီးတော့ဘဲ ၎င်းရဲ့ မျက်လုံးထဲမှာ ဘာတန်ဖိုးမှ မရှိဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဒီဆုနဲ့ပတ်သက်ပြီး ကျွန်တော် နည်းနည်း ပြောနိုင်တာက ၂၀၁၃ ခုနှစ်တုန်းကပေါ့။ ဘလွန်ဒေါဆုအတွက် ကျွန်တော့်ရဲ့ ကစားသမား ၃ ဦးကို မဲပေးရွေးချယ်ခဲ့ပြီး ကျွန်တော့်ရဲ့ မဲတွေကို ပေးပို့ခဲ့တယ်။”

“အဆုံးမှာ မဲစာရင်းတွေကို လူသိရှင်ကြား ကြေညာတဲ့အခါမှာ ဘယ်သူက ဘယ်သူ့ကို မဲပေးခဲ့လဲဆိုတာ ကြည့်လိုက်တဲ့အခါမှာ ကျွန်တော့်ရဲ့ မဲတွေက မတူဘူးဖြစ်နေခဲ့တယ်”

“အဲဒီထဲမှာ ကျွန်တော်က မက်ဆီ၊ ခရစ္စတီယာနိုတို့ကို မဲပေးခဲ့တယ်လို့ ပြထားတယ်။ ကျန်တဲ့တစ်ယောက်က ဘယ်သူလဲ ကျွန်တော် မသိတော့ဘူး။ ကျွန်တော် သူတို့ ၃ ယောက်စလုံးကို မဲမပေးခဲ့ပါဘူး။ အဲဒါကြောင့်ပဲ ဒီလို ဆုတွေနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ အယုံအကြည်မရှိဘူးလို့ ကျွန်တော် ပြောခဲ့တာပဲ။ အဲဒီနောက်ပိုင်းကတည်းက ဒီလို ဆုတွေက ဘာတန်ဖိုးမှ မရှိဘူးလို့ ကျွန်တော် တွေးမိခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကစားသမားတစ္ဦးက ၎ရဲ႕ ဆႏၵမဲေတြဟာ လူသိရွင္ၾကား ထုတ္ေဖာ္တဲ့အခ်ိန္မွာ ေျပာင္းလဲေနခဲ့တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီးေနာက္ ဘလြန္ေဒါဆုဟာ မဲမသမာမႈေတြ ရွိေနခဲ့တာ ေပၚလြင္လာခဲ့ပါတယ္။

ဂ်ဴဗင္နဲလ္ အက္ဂ်ိဳဂိုလို႔ အမည္ရတဲ့ လီဗန္ေတး၊ အလာဗက္စ္နဲ႔ တဲနဲရိဖ္တို႔လို အသင္းေတြအတြက္ ကစားေပးခဲ့တဲ့ ကစားသမားဟာ ဂီနီယာလက္ေ႐ြးစင္အသင္းေခါင္းေဆာင္ျဖစ္တာေၾကာင့္ ၂၀၁၃ ဘလြန္ေဒါဆုအတြက္ မဲေပးခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။

အသက္ ၄၃ ႏွစ္အ႐ြယ္ကစားသမားဟာ တရားဝင္ မဲေပးလႊာေပၚမွာ ထိပ္ဆုံး ၃ ဦးထဲမွာ ဒေရာ့ဂ္ဘာနဲ႔ အင္နီေယစတာတို႔ကို ေ႐ြးခ်ယ္ခဲ့ေပမယ့္လည္း လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ကို ေ႐ြးခ်ယ္ခဲ့တယ္လို႔ ေဖာ္ျပျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

အဲဒီအခ်ိန္ကတည္းက ရလဒ္အေနနဲ႔ ဂီနီယာကြင္းလယ္ကစားသမားဟာ ဘလြန္ေဒါဆုေပးပြဲကို လုံးဝ အထင္မႀကီးေတာ့ဘဲ ၎ရဲ႕ မ်က္လုံးထဲမွာ ဘာတန္ဖိုးမွ မရွိဘူးလို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ဒီဆုနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ နည္းနည္း ေျပာႏိုင္တာက ၂၀၁၃ ခုႏွစ္တုန္းကေပါ့။ ဘလြန္ေဒါဆုအတြက္ ကြၽန္ေတာ့္ရဲ႕ ကစားသမား ၃ ဦးကို မဲေပးေ႐ြးခ်ယ္ခဲ့ၿပီး ကြၽန္ေတာ့္ရဲ႕ မဲေတြကို ေပးပို႔ခဲ့တယ္။”

“အဆုံးမွာ မဲစာရင္းေတြကို လူသိရွင္ၾကား ေၾကညာတဲ့အခါမွာ ဘယ္သူက ဘယ္သူ႔ကို မဲေပးခဲ့လဲဆိုတာ ၾကည့္လိုက္တဲ့အခါမွာ ကြၽန္ေတာ့္ရဲ႕ မဲေတြက မတူဘူးျဖစ္ေနခဲ့တယ္”

“အဲဒီထဲမွာ ကြၽန္ေတာ္က မက္ဆီ၊ ခရစၥတီယာႏိုတို႔ကို မဲေပးခဲ့တယ္လို႔ ျပထားတယ္။ က်န္တဲ့တစ္ေယာက္က ဘယ္သူလဲ ကြၽန္ေတာ္ မသိေတာ့ဘူး။ ကြၽန္ေတာ္ သူတို႔ ၃ ေယာက္စလုံးကို မဲမေပးခဲ့ပါဘူး။ အဲဒါေၾကာင့္ပဲ ဒီလို ဆုေတြနဲ႔ပတ္သက္ၿပီး ဘာတစ္ခုမွ အယုံအၾကည္မရွိဘူးလို႔ ကြၽန္ေတာ္ ေျပာခဲ့တာပဲ။ အဲဒီေနာက္ပိုင္းကတည္းက ဒီလို ဆုေတြက ဘာတန္ဖိုးမွ မရွိဘူးလို႔ ကြၽန္ေတာ္ ေတြးမိခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.