Other

အူစိန် ဘို့လ်ထ်ရဲ့ စံချိန်ကို မကြာခင်မှာ ချိုးပြဖို့ ခြိမ်းခြောက်သူ ပေါ်လာနေပြီ

ကမ္ဘာ့ပြေးခုန်ပစ်၊ အထူးသဖြင့် မြန်နှုန်းတွေကိုမှ စိတ်ဝင်စားကြတယ်ဆိုတဲ့ အမျိုးသားတွေကြား အပြေးလောကမှာ မီတာ ၁၀၀ နဲ့ ၂၀၀ ပြိုင်ပွဲတွေမှာ ကမ္ဘာ့စံချိန်တင်ထားခဲ့တဲ့ ဂျမေကာသား အူစိန် ဘို့လ်ထ်ရဲ့ စံချိန်တွေကို ချိုးဖျက်မယ့်သူတစ်ယောက် ပေါ်ထွက်လာနေပြီး လက်ရှိ သူ့ရဲ့ စံနှုန်းတွေအရ မကြာခင် အချိန်တွင်းမှာ ချိုးဖျက်နိုင်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

သူကတော့ အသက် ၂၆ နှစ်အရွယ် အမေရိကန်တာတိုပြေးသမား နိုအာ လိုင်းလ်စ်ဖြစ်ပြီး မီတာ ၂၀၀ မှာ ၁၉.၃၁ စက္ကန့် ပြေးပြထားတာကြောင့် အူစိန် ဘို့လ်ထ်ရဲ့ ၁၄ နှစ်တာ တည်တံ့ခဲ့တဲ့ ကမ္ဘာ့စံချိန်ကို လာမယ့် ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့မှာ ပြုလုပ်မယ့် ပြိုင်ပွဲမှာ ချိုးပြနိုင်မယ့်မယ်လို့ စောင့်ကြည့်သူတွေက ထောက်ခံထားကြတာပါ။

၂၀၁၇ ခုနှစ်က အသက် ၃၁ နှစ်အရွယ်မှာ အနားယူခဲ့တဲ့ အူစိန် ဘို့လ်ထ်ဟာ မီတာ ၁၀၀ ကို ၉.၅၈ စက္ကန့်၊ မီတာ ၂၀၀ ကို ၁၉.၁၉ စက္ကန့်တွေနဲ့ ကမ္ဘာ့စံချိန်တင်ရှိထားသူဖြစ်ပြီး သူ့ရဲ့ ၆ ပေ ၅ လက်မရှိတဲ့ အရပ်အမောင်းနဲ့ ခြေတံရှည်ရှည် ကြဲကြဲလှမ်းနိုင်မှုက တခြား ပြိုင်ဘက်ကစားသမားတွေထက် ပိုကောင်းတဲ့ အားသာချက်ဖြစ်ခဲ့သလို ခေတ်ပြိုင်တွေရဲ့ စိန်ခေါ်မှုတွေကို လျှော့ချပေးခဲ့ဖြစ်ပါတယ်။

လက်ရှိမှာ ထွန်းတောက်လာနေတဲ့ နိုအာ လိုင်းလ်စ်ကတော့ အရပ် ၅ ပေ ၁၁ လက်မသာရှိတာကြောင့် သူ့ရဲ့ အရပ်အမောင်း၊ ခြေတံထက် စနစ်ကျတဲ့ အပြေးနှုန်းကိုပဲ အားကိုးသူဖြစ်သလို အူစိန် ဘို့လ်ထ်ရဲ့ မီတာ ၂၀၀ ကို ၁၉.၁၀ စက္ကန့်ပြေးပြီး စတင်ချိုးဖျက်မယ်လို့ ထင်ကြေးပေးခံထားရသူဖြစ်ပြီး လက်ရှိမှာတော့ ကမ္ဘာ့နံပါတ်တစ်နေရာကိုလည်း ရယူထားခဲ့သူပါ။

အမေရိကန်သား နိုအာ လိုင်းလ်စ်အနေနဲ့ မီတာ ၁၀၀ မှာလည်း ၉.၆၅ စက္ကန့်နဲ့ သူ့ရဲ့ ကိုယ်ပိုင်အကောင်းဆုံးစံချိန်ကို ရယူထားတာက အူစိန် ဘို့လ်ထ်ရဲ့ ၉.၅၈ စက္ကန့်နဲ့ ၀.၀၇ စက္ကန့်သာ ကွာတော့တာကြောင့် စံချိန်သစ် တင်ရှိမယ့် ကမ္ဘာ့အကောင်းဆုံး အပြေးသမားဖြစ်လာမယ်လို့ ဘီဘီစီကလည်း ရေးသားသွားကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကမာၻ႔ေျပးခုန္ပစ္၊ အထူးသျဖင့္ ျမန္ႏႈန္းေတြကိုမွ စိတ္ဝင္စားၾကတယ္ဆိုတဲ့ အမ်ိဳးသားေတြၾကား အေျပးေလာကမွာ မီတာ ၁၀၀ နဲ႔ ၂၀၀ ၿပိဳင္ပြဲေတြမွာ ကမာၻ႔စံခ်ိန္တင္ထားခဲ့တဲ့ ဂ်ေမကာသား အူစိန္ ဘို႔လ္ထ္ရဲ႕ စံခ်ိန္ေတြကို ခ်ိဳးဖ်က္မယ့္သူတစ္ေယာက္ ေပၚထြက္လာေနၿပီး လက္ရွိ သူ႔ရဲ႕ စံႏႈန္းေတြအရ မၾကာခင္ အခ်ိန္တြင္းမွာ ခ်ိဳးဖ်က္ႏိုင္မယ္လို႔ ထင္ေၾကးေပးေနၾကပါတယ္။

သူကေတာ့ အသက္ ၂၆ ႏွစ္အ႐ြယ္ အေမရိကန္တာတိုေျပးသမား ႏိုအာ လိုင္းလ္စ္ျဖစ္ၿပီး မီတာ ၂၀၀ မွာ ၁၉.၃၁ စကၠန႔္ ေျပးျပထားတာေၾကာင့္ အူစိန္ ဘို႔လ္ထ္ရဲ႕ ၁၄ ႏွစ္တာ တည္တံ့ခဲ့တဲ့ ကမာၻ႔စံခ်ိန္ကို လာမယ့္ ဟန္ေဂရီႏိုင္ငံ ဘူဒါပက္စ္ၿမိဳ႕မွာ ျပဳလုပ္မယ့္ ၿပိဳင္ပြဲမွာ ခ်ိဳးျပႏိုင္မယ့္မယ္လို႔ ေစာင့္ၾကည့္သူေတြက ေထာက္ခံထားၾကတာပါ။

၂၀၁၇ ခုႏွစ္က အသက္ ၃၁ ႏွစ္အ႐ြယ္မွာ အနားယူခဲ့တဲ့ အူစိန္ ဘို႔လ္ထ္ဟာ မီတာ ၁၀၀ ကို ၉.၅၈ စကၠန႔္၊ မီတာ ၂၀၀ ကို ၁၉.၁၉ စကၠန႔္ေတြနဲ႔ ကမာၻ႔စံခ်ိန္တင္ရွိထားသူျဖစ္ၿပီး သူ႔ရဲ႕ ၆ ေပ ၅ လက္မရွိတဲ့ အရပ္အေမာင္းနဲ႔ ေျခတံရွည္ရွည္ ႀကဲႀကဲလွမ္းႏိုင္မႈက တျခား ၿပိဳင္ဘက္ကစားသမားေတြထက္ ပိုေကာင္းတဲ့ အားသာခ်က္ျဖစ္ခဲ့သလို ေခတ္ၿပိဳင္ေတြရဲ႕ စိန္ေခၚမႈေတြကို ေလွ်ာ့ခ်ေပးခဲ့ျဖစ္ပါတယ္။

လက္ရွိမွာ ထြန္းေတာက္လာေနတဲ့ ႏိုအာ လိုင္းလ္စ္ကေတာ့ အရပ္ ၅ ေပ ၁၁ လက္မသာရွိတာေၾကာင့္ သူ႔ရဲ႕ အရပ္အေမာင္း၊ ေျခတံထက္ စနစ္က်တဲ့ အေျပးႏႈန္းကိုပဲ အားကိုးသူျဖစ္သလို အူစိန္ ဘို႔လ္ထ္ရဲ႕ မီတာ ၂၀၀ ကို ၁၉.၁၀ စကၠန႔္ေျပးၿပီး စတင္ခ်ိဳးဖ်က္မယ္လို႔ ထင္ေၾကးေပးခံထားရသူျဖစ္ၿပီး လက္ရွိမွာေတာ့ ကမာၻ႔နံပါတ္တစ္ေနရာကိုလည္း ရယူထားခဲ့သူပါ။

အေမရိကန္သား ႏိုအာ လိုင္းလ္စ္အေနနဲ႔ မီတာ ၁၀၀ မွာလည္း ၉.၆၅ စကၠန႔္နဲ႔ သူ႔ရဲ႕ ကိုယ္ပိုင္အေကာင္းဆုံးစံခ်ိန္ကို ရယူထားတာက အူစိန္ ဘို႔လ္ထ္ရဲ႕ ၉.၅၈ စကၠန႔္နဲ႔ ၀.၀၇ စကၠန႔္သာ ကြာေတာ့တာေၾကာင့္ စံခ်ိန္သစ္ တင္ရွိမယ့္ ကမာၻ႔အေကာင္းဆုံး အေျပးသမားျဖစ္လာမယ္လို႔ ဘီဘီစီကလည္း ေရးသားသြားေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.