Match Report Premier League

နှစ်ဖက်အမှားတွေ များခဲ့ကြတဲ့ပွဲမှာ လီဗာပူးလ်ဆီက သုံးမှတ်သိမ်းခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဂျော်ဂျင်ညိုနဲ့ အော်ဒီဂွါဒ်တို့ကို Safety First အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂျေဆူးစ် မပါနိုင်လို့ ဟာဗတ်ဇ်၊ ဆာကာနဲ့ မာတီနယ်လီတို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ဧည့်သည် လီဗာပူးလ်တို့ကတော့ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ကိုနာတေ၊ ဗန်ဒိုက်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ဂျိုးဂိုမက်ဇ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မက္ကယ်လစ္စတာ၊ ဂရာဗင်ဘာ့ချ်နဲ့ ကားတစ်ဂျုံးစ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ လူးဝစ် ဒီယက်ဇ်၊ ဂျိုတာနဲ့ ဂက်ခ်ပိုတို့ကို တွဲဖက်ပေးခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ ပွဲကို Cautious Approach နဲ့ သတိကြီးကြီး ချဉ်းကပ်သွားခဲ့သလို ဂျော်ဂျင်ညိုနဲ့ ရိုက်စ်တို့က Double 6 Pivot အဖြစ် ကွင်းလယ်မှာ ထိုင်သွားခဲ့ကြပြီး ရှေ့မှာတော့ ဂျေဆူးစ် မပါချိန်မှာ တစ်ချက်ခုတ် နှစ်ချက်ပြတ် ကစားကွက်စမ်းတဲ့ ပုံစံနဲ့ အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့က နံပါတ် 8 နဲ့ False 9 နေရာကို တစ်လှည့်စီ ကစားပြီး ကွင်းလယ်ကို Overload လုပ်သွားခဲ့ကြပါတယ်။

လီဗာပူးလ်တို့က ဘောလုံးပိုကိုင်နိုင်ခဲ့ကြပေမယ့် ဆာလားလို ကစားသမားမျိုး မပါတာက သူတို့ရဲ့ ကစားပုံကို ပြောင်းလဲစေခဲ့သလို အလယ်က လှုပ်တိုးတဲ့ ဂျိုတာနဲ့ ဘယ်တောင်ပံက ဒီယက်ဇ်တို့ကိုပဲ အားပြုခဲ့ရပြီး အလက်ဇန်းဒါး-အာနိုးလ်ဒ်ကလည်း ဒဏ်ရာက ပြန်လာချိန်မှာ ထင်သလောက် မလိုက်နိုင်ခဲ့လို့ အာဆင်နယ်တို့ကို ထိုးနှက်နိုင်စွမ်း နည်းခဲ့တာပါ။

ပွဲချိန် ၁၄ မိနစ်မှာ အာဆင်နယ်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်အထိ ဆင်းနေတဲ့ ဟာဗတ်ဇ်ရဲ့ ပြေးလမ်းကြောင်းထဲကို အော်ဒီဂွါဒ်က ချပေးခဲ့ရာမှာ လီဗာပူးလ်ခံစစ်ကို ကျော်ဖြတ်သွားခဲ့တဲ့ ဂျာမန်သားရဲ့ အယ်လစ်ဆန်နဲ့ One on One ကန်ချက်က မကောင်းလှပေမယ့် ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဆာကာက ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်တို့ ပြိုင်ဘက်ကို အခွင့်အရေး မပေးဘဲ ပွဲကို ထိန်းချုပ်ထားခဲ့ပေမယ့် နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ လီဗာပူးလ်တို့ကို ဂိုးပြန်ပေးလိုက်ရပြီး ဒီဂိုးကိုတော့ ဂိုးရှေ့မှာ ဆာလီဘာ ကာပေးထားတဲ့ ဘောလုံးကို ထွက်မဆွဲဘဲ လဒူကျတဲ့ ဂိုးသမား ရာယာကြောင့် လူးဝစ် ဒီယက်ဇ်က ကန်ခွင့်ရသွားခဲ့ရာမှာ ဘေးမှာ ရှိနေတဲ့ ဂါဘရီယယ်လ်ကို မှန်ပြီးမှ ဂိုးထဲ ဝင်သွားခဲ့လို့ Own Goal နဲ့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ရှေ့လဲ မကူနိုင် နောက်လဲ မကူနိုင်၊ လူကျွံဘောတောင် မဖမ်းတတ်ဘဲ ဘာအကျိုးမှ မပြုနိုင်တဲ့ ခံစစ်က ရွံစရာ ပုံစံနဲ့ ဇင်ချန်ကိုအစား ကီဗီယာကို နည်းပြ အာတီတာက ထည့်သွင်းလာခဲ့ပြီး ခံစစ်ပိုလုံဖို့ ကြိုးစားလာခဲ့သလို လီဗာပူးလ်တို့ကတော့ အတော်လေး ခြိမ်းခြောက်လာနိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေးမျိုး သိပ်မလုပ်နိုင်ခဲ့တာကြောင့် ဂျော်ဂျင်ညို၊ ရိုက်စ်တို့နဲ့ ထိုင်ကစားတဲ့ အာဆင်နယ်တို့ ရွေးချယ်မှု မှန်ခဲ့တယ်လို့ ပြောရမှာလည်းဖြစ်ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ လီဗာပူးလ်တို့ဘက်က အပြောင်းအလဲလုပ်လာခဲ့ပြီး ဂရာဗင်ဘာ့ချ်၊ ဂက်ခ်ပိုနဲ့ အာနိုးလ်ဒ်တို့အစား နူးညက်ဇ်၊ အဲလီးယော့နဲ့ ရောဘတ်ဆန်တို့ကို ထည့်ပြီး Shape ပြောင်းလာခဲ့သလို တောင်ပံတွေကို ပိုအားကိုးလာခဲ့ချိန်မှာ အာဆင်နယ်တို့ကတော့ Narrow Style နဲ့ ကြံ့ကြံ့ခံခဲ့ကြပြီး ရသမျှ အခွင့်အရေးတွေကိုတော့ တစ်ဂိုးသွင်းထားတာကလွဲရင် ဘာမှ မဟုတ်ခဲ့တဲ့ ဆာကာက ဖြုန်းတီးပစ်ခဲ့သေးတာပါ။

ပွဲချိန် ၆၇ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်ဘယ်ခြမ်းကနေ ဂိုးရှေ့ကို ကန်တင်ခဲ့တဲ့ ဂါဘရီယယ်လ်ရဲ့ အဝေးဘောကို မာတီနယ်လီနဲ့ ဗန်ဒိုက်တို့ ယှဉ်ပြေးလုကြတုန်းမှာ အယ်လစ်ဆန်က ထွက်ရှင်းရာမှာ ဘယ်သူနဲ့မှ မထိလိုက်ဘဲ လွတ်လာခဲ့တဲ့ ဘောလုံးကို မာတီနယ်လီကပဲ အေးအေးဆေးဆေး ကန်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ မာတီနယ်လီနဲ့ ဆာကာတို့အစား ထရော့ဆတ်နဲ့ နယ်လ်ဆန်တို့ကို ထည့်ပြီး အာဆင်နယ်တို့ ခံစစ်ကို အားပြုသွားခဲ့ချိန်မှာ ဖိတိုက်တဲ့ လီဗာပူးလ်တို့နဲ့ ထွေးလုံးရစ်ပတ်တွေ များခဲ့ပေမယ့် ဒိုင်လူကြီး အန်ထော်နီ တေလာကတော့ အိမ်ရှင်ဘက်က ရပ်တည်မှု များခဲ့သလို ပွဲချိန် ၈၈ မိနစ်မှာတော့ ဟာဗတ်ဇ်ရဲ့ ပါးနပ်တဲ့ ခွင်ဆင်မှုကနေ ကိုနာတေ အထုတ်ခံခဲ့ရလို့ ဧည့်သည်တွေ ၁၀ ယောက်နဲ့ ကစားခဲ့ကြရတာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ တတိယ အနိုင်ဂိုးကို သွင်းယူသွားခဲ့ကြပြီး ခံစစ်က ကီဗီယာ ပေးတာကို ဘယ်ခြမ်းကနေ နှစ်ယောက်ကြားက ဆွဲထုတ်သွားနိုင်ခဲ့တဲ့ ထရော့ဆတ်က တောင်ပံကနေ အတွင်းကို ချိုးဝင်ပြီး ကန်သွင်းရာမှာ လီဗာပူးလ်တို့ဘက်က တစ်ယောက်တည်းသာ ကျန်တော့တဲ့ ဗဟိုခံစစ်မှူး ဗန်ဒိုက်ရဲ့ ခြေထောက်နဲ့ ရှပ်ထိပြီး ဂိုးသမား အယ်လစ်ဆန်ရဲ့ ပေါင်ကြားထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့က အိမ်ကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ထိပ်ဆုံးက လီဗာပူးလ်နဲ့ နှစ်မှတ်အကွာကို ပြန်ကပ်လာနိုင်ခဲ့သလို ချန်ပီယံ မျှော်လင့်ချက်တွေကို အသက်ပြန်သွင်းနိုင်ခဲ့ပေမယ့် နှစ်ပွဲကစားဖို့ ကျန်သေးတဲ့ မန်စီးတီးတို့ကို အခွင့်ကောင်းရအောင် ဖန်တီးပေးသလိုတော့ဖြစ်သွားခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ေဂ်ာ္ဂ်င္ညိဳနဲ႔ ေအာ္ဒီဂြါဒ္တို႔ကို Safety First အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ေဂ်ဆူးစ္ မပါႏိုင္လို႔ ဟာဗတ္ဇ္၊ ဆာကာနဲ႔ မာတီနယ္လီတို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

ဧည့္သည္ လီဗာပူးလ္တို႔ကေတာ့ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ကိုနာေတ၊ ဗန္ဒိုက္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ဂ်ိဳးဂိုမက္ဇ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ မကၠယ္လစၥတာ၊ ဂရာဗင္ဘာ့ခ်္နဲ႔ ကားတစ္ဂ်ဳံးစ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ လူးဝစ္ ဒီယက္ဇ္၊ ဂ်ိဳတာနဲ႔ ဂက္ခ္ပိုတို႔ကို တြဲဖက္ေပးခဲ့တာပါ။

အာဆင္နယ္တို႔အေနနဲ႔ ပြဲကို Cautious Approach နဲ႔ သတိႀကီးႀကီး ခ်ဥ္းကပ္သြားခဲ့သလို ေဂ်ာ္ဂ်င္ညိဳနဲ႔ ႐ိုက္စ္တို႔က Double 6 Pivot အျဖစ္ ကြင္းလယ္မွာ ထိုင္သြားခဲ့ၾကၿပီး ေရွ႕မွာေတာ့ ေဂ်ဆူးစ္ မပါခ်ိန္မွာ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ ကစားကြက္စမ္းတဲ့ ပုံစံနဲ႔ ေအာ္ဒီဂြါဒ္နဲ႔ ဟာဗတ္ဇ္တို႔က နံပါတ္ 8 နဲ႔ False 9 ေနရာကို တစ္လွည့္စီ ကစားၿပီး ကြင္းလယ္ကို Overload လုပ္သြားခဲ့ၾကပါတယ္။

လီဗာပူးလ္တို႔က ေဘာလုံးပိုကိုင္ႏိုင္ခဲ့ၾကေပမယ့္ ဆာလားလို ကစားသမားမ်ိဳး မပါတာက သူတို႔ရဲ႕ ကစားပုံကို ေျပာင္းလဲေစခဲ့သလို အလယ္က လႈပ္တိုးတဲ့ ဂ်ိဳတာနဲ႔ ဘယ္ေတာင္ပံက ဒီယက္ဇ္တို႔ကိုပဲ အားျပဳခဲ့ရၿပီး အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကလည္း ဒဏ္ရာက ျပန္လာခ်ိန္မွာ ထင္သေလာက္ မလိုက္ႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ကို ထိုးႏွက္ႏိုင္စြမ္း နည္းခဲ့တာပါ။

ပြဲခ်ိန္ ၁၄ မိနစ္မွာ အာဆင္နယ္တို႔ အဖြင့္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္အထိ ဆင္းေနတဲ့ ဟာဗတ္ဇ္ရဲ႕ ေျပးလမ္းေၾကာင္းထဲကို ေအာ္ဒီဂြါဒ္က ခ်ေပးခဲ့ရာမွာ လီဗာပူးလ္ခံစစ္ကို ေက်ာ္ျဖတ္သြားခဲ့တဲ့ ဂ်ာမန္သားရဲ႕ အယ္လစ္ဆန္နဲ႔ One on One ကန္ခ်က္က မေကာင္းလွေပမယ့္ ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဆာကာက ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္တို႔ ၿပိဳင္ဘက္ကို အခြင့္အေရး မေပးဘဲ ပြဲကို ထိန္းခ်ဳပ္ထားခဲ့ေပမယ့္ နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္မွာေတာ့ လီဗာပူးလ္တို႔ကို ဂိုးျပန္ေပးလိုက္ရၿပီး ဒီဂိုးကိုေတာ့ ဂိုးေရွ႕မွာ ဆာလီဘာ ကာေပးထားတဲ့ ေဘာလုံးကို ထြက္မဆြဲဘဲ လဒူက်တဲ့ ဂိုးသမား ရာယာေၾကာင့္ လူးဝစ္ ဒီယက္ဇ္က ကန္ခြင့္ရသြားခဲ့ရာမွာ ေဘးမွာ ရွိေနတဲ့ ဂါဘရီယယ္လ္ကို မွန္ၿပီးမွ ဂိုးထဲ ဝင္သြားခဲ့လို႔ Own Goal နဲ႔ ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ေရွ႕လဲ မကူႏိုင္ ေနာက္လဲ မကူႏိုင္၊ လူကြၽံေဘာေတာင္ မဖမ္းတတ္ဘဲ ဘာအက်ိဳးမွ မျပဳႏိုင္တဲ့ ခံစစ္က ႐ြံစရာ ပုံစံနဲ႔ ဇင္ခ်န္ကိုအစား ကီဗီယာကို နည္းျပ အာတီတာက ထည့္သြင္းလာခဲ့ၿပီး ခံစစ္ပိုလုံဖို႔ ႀကိဳးစားလာခဲ့သလို လီဗာပူးလ္တို႔ကေတာ့ အေတာ္ေလး ၿခိမ္းေျခာက္လာႏိုင္ခဲ့ေပမယ့္ အပိုင္အခြင့္အေရးမ်ိဳး သိပ္မလုပ္ႏိုင္ခဲ့တာေၾကာင့္ ေဂ်ာ္ဂ်င္ညိဳ၊ ႐ိုက္စ္တို႔နဲ႔ ထိုင္ကစားတဲ့ အာဆင္နယ္တို႔ ေ႐ြးခ်ယ္မႈ မွန္ခဲ့တယ္လို႔ ေျပာရမွာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ဘက္က အေျပာင္းအလဲလုပ္လာခဲ့ၿပီး ဂရာဗင္ဘာ့ခ်္၊ ဂက္ခ္ပိုနဲ႔ အာႏိုးလ္ဒ္တို႔အစား ႏူးညက္ဇ္၊ အဲလီးေယာ့နဲ႔ ေရာဘတ္ဆန္တို႔ကို ထည့္ၿပီး Shape ေျပာင္းလာခဲ့သလို ေတာင္ပံေတြကို ပိုအားကိုးလာခဲ့ခ်ိန္မွာ အာဆင္နယ္တို႔ကေတာ့ Narrow Style နဲ႔ ႀကံ့ႀကံ့ခံခဲ့ၾကၿပီး ရသမွ် အခြင့္အေရးေတြကိုေတာ့ တစ္ဂိုးသြင္းထားတာကလြဲရင္ ဘာမွ မဟုတ္ခဲ့တဲ့ ဆာကာက ျဖဳန္းတီးပစ္ခဲ့ေသးတာပါ။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ခံစစ္ဘယ္ျခမ္းကေန ဂိုးေရွ႕ကို ကန္တင္ခဲ့တဲ့ ဂါဘရီယယ္လ္ရဲ႕ အေဝးေဘာကို မာတီနယ္လီနဲ႔ ဗန္ဒိုက္တို႔ ယွဥ္ေျပးလုၾကတုန္းမွာ အယ္လစ္ဆန္က ထြက္ရွင္းရာမွာ ဘယ္သူနဲ႔မွ မထိလိုက္ဘဲ လြတ္လာခဲ့တဲ့ ေဘာလုံးကို မာတီနယ္လီကပဲ ေအးေအးေဆးေဆး ကန္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ မာတီနယ္လီနဲ႔ ဆာကာတို႔အစား ထေရာ့ဆတ္နဲ႔ နယ္လ္ဆန္တို႔ကို ထည့္ၿပီး အာဆင္နယ္တို႔ ခံစစ္ကို အားျပဳသြားခဲ့ခ်ိန္မွာ ဖိတိုက္တဲ့ လီဗာပူးလ္တို႔နဲ႔ ေထြးလုံးရစ္ပတ္ေတြ မ်ားခဲ့ေပမယ့္ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာကေတာ့ အိမ္ရွင္ဘက္က ရပ္တည္မႈ မ်ားခဲ့သလို ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ဟာဗတ္ဇ္ရဲ႕ ပါးနပ္တဲ့ ခြင္ဆင္မႈကေန ကိုနာေတ အထုတ္ခံခဲ့ရလို႔ ဧည့္သည္ေတြ ၁၀ ေယာက္နဲ႔ ကစားခဲ့ၾကရတာပါ။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ အာဆင္နယ္တို႔ပဲ တတိယ အႏိုင္ဂိုးကို သြင္းယူသြားခဲ့ၾကၿပီး ခံစစ္က ကီဗီယာ ေပးတာကို ဘယ္ျခမ္းကေန ႏွစ္ေယာက္ၾကားက ဆြဲထုတ္သြားႏိုင္ခဲ့တဲ့ ထေရာ့ဆတ္က ေတာင္ပံကေန အတြင္းကို ခ်ိဳးဝင္ၿပီး ကန္သြင္းရာမွာ လီဗာပူးလ္တို႔ဘက္က တစ္ေယာက္တည္းသာ က်န္ေတာ့တဲ့ ဗဟိုခံစစ္မႉး ဗန္ဒိုက္ရဲ႕ ေျခေထာက္နဲ႔ ရွပ္ထိၿပီး ဂိုးသမား အယ္လစ္ဆန္ရဲ႕ ေပါင္ၾကားထဲကို ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔က အိမ္ကြင္းမွာ သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံခဲ့ၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ ထိပ္ဆုံးက လီဗာပူးလ္နဲ႔ ႏွစ္မွတ္အကြာကို ျပန္ကပ္လာႏိုင္ခဲ့သလို ခ်န္ပီယံ ေမွ်ာ္လင့္ခ်က္ေတြကို အသက္ျပန္သြင္းႏိုင္ခဲ့ေပမယ့္ ႏွစ္ပြဲကစားဖို႔ က်န္ေသးတဲ့ မန္စီးတီးတို႔ကို အခြင့္ေကာင္းရေအာင္ ဖန္တီးေပးသလိုေတာ့ျဖစ္သြားခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.