Premier League

ဝုဗ်ကိုရှုံးလို့တင်းနေတဲ့ ပရိသတ်တွေကို သတင်းစကားပါးခဲ့တဲ့ ပိုချက်တီနို

မူရီဆီယို ပိုချက်တီနိုဟာ တနင်္ဂနွေနေ့ညက ဝုဗ်ကို ၄-၂ နဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်တွေကို တောင်းပန်ခဲ့ပေမယ့် အသင်းကိုတော့ ဒေါသမထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။

ကိုး ပါလ်မာက ချဲလ်ဆီးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် မားသီးယပ်စ် ကွန်ညာရဲ့ ဟက်ထရစ်နဲ့ ဒီဆာဆီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ ဂိုးတွေကြောင့် ဧည့်သည်တွေက အံ့အားသင့်ဖွယ် နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

သီယေဂို ဆေးလ်ဗားရဲ့ နောက်ကျချေပဂိုးဟာ ချဲလ်ဆီးတို့ ပြန်လာနိုင်ဖို့အတွက် မလုံလောက်ခဲ့ဘဲ အိမ်ကွင်းပရိသတ်တွေဟာ ပထမပိုင်းအပြီးနဲ့ ပွဲအပြီးမှာ ပိုချက်တီနိုနဲ့ အသင်းသားတွေကို ကျယ်ကျယ်လောင်လောင် လှောင်ပြောင်ခဲ့ကြသလို စတားလင်းကလည်း ဆိုးရွားတဲ့စွမ်းဆောင်ရည်အတွက် လှောင်ပြောင်မှုအများအပြားခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီအပြင် ချဲလ်ဆီးပရိသတ်တွေဟာ ဝုဗ်ကို ရှုံးနိမ့်နေချိန်မှာ အသင်းပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ချ်ရဲ့ နာမည်ကို ကြွေးကြော်ခဲ့ကြပြီး လက်ရှိ အသင်းပိုင်ရှင် တော့ဒ် ဘိုလီရဲ့ စီမံခန့်ခွဲမှုအလွဲတွေအပေါ် မကျေနပ်ကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေရပြီး ထိပ်ဆုံး ၄ နေရာနဲ့ ၁၅ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်သလို ဖေဖော်ဝါရီလကုန်မှာ ကစားရမယ့် ကာရာဘောင်းဖလားဗိုလ်လုပွဲမှာလည်း အာဆင်နယ်ကို တစ်နေ့တည်းမှာ ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ပရိသတ်အများအပြားက ပိုချက်တီနိုကို ထုတ်ပယ်ဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

ပိုချက်တီနိုက လှောင်ပြောင်မှုတွေနဲ့ ပြစ်တင်ဝေဖန်မှုတွေကို လက်ခံခဲ့ပြီး အသင်းပရိသတ်တွေကို အသင်းကိုတော့ ဆက်လက်ပြီး အားပေးထောက်ခံကြဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ပြောနိုင်တာဆိုလို့ ပရိသတ်တွေကို တောင်းပန်စကားပဲရှိပါတယ်။ မျှော်လင့်ထားတာက တစ်ခု။ တကယ်ဖြစ်လာတာက တစ်ခြားတစ်ခုပါ။ မျှော်လင့်ထားတာက ချဲလ်ဆီးအနေနဲ့ မတူညီတဲ့အဆင့်တစ်ခုမှာ ရှိနေသင့်ပေမယ့် အခြေအနေတွေက အဲဒီလို ဖြစ်မလာဘူး။ ကျွန်တော်တို့က ကောင်းသင့်သလောက် မကောင်းတာလည်း ဖြစ်နိုင်ပါတယ်။ အရေးအကြီးဆုံးက တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ခံစားချက်မျိုး ခံစားနေရဖို့ပါ။ ဟုတ်တာပေ့ါ။ အဖွဲ့အစည်းနဲ့ကစားသမားတွေ ကျွန်တော်တို့မှာ ရှိတယ်။ ပရိသတ်တွေကို နားလည်ဖို့က တကယ် အရေးကြီးပါတယ်။ ကျွန်တော်တို့ တောင်းပန်ချင်ပါတယ်။ ကျွန်တော်တို့ သူတို့လိုပဲ စိတ်ပျက်ခဲ့တယ်။ ဒါပေမယ့် အဆုံးအထိ ခင်ဗျား အတူတူ တိုက်ပွဲဝင်ဖို့ လိုတယ်။ ကျွန်တော်တို့ အနာဂတ်မှာ ကောင်းမွန်တဲ့ရလဒ်တွေ ရယူသွားချင်တာ အမှန်ပါပဲ။ မိနစ် ၉၀ အတွင်းမှာ ခင်ဗျား အတူတူ အလုပ်လုပ်နိုင်ဖို့ ကြိုးစားဖို့ လိုတယ်။ အဆုံးမှာတော့ သူတို့တွေက လုပ်နိုင်စွမ်းရှိတယ်။ သူတို့တွေက စွမ်းဆောင်ရည်မကောင်းဘူးဆိုရင် ဒေါသထွက်ခွင့်၊ ဝေဖန်ပြောဆိုပိုင်ခွင့် ရှိပါတယ်။ ကစားသမားတွေက ငယ်သေးတယ်။ သူတို့တွေ အားပေးမှုလိုတယ်။ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ပွဲပြီးတဲ့အထိ သူတို့တွေ အားပေးခဲ့ကြလို့ပါ။ ကျွန်တော်က လူသားတစ်ယောက်ပါ။ စက်ရုပ်မဟုတ်ပါဘူး။ ဒါက ကောင်းတဲ့အခြေအနေမဟုတ်ဘူးဆိုတာ အမှန်ပဲ။ ဒါပေမယ့် ဘောလုံးမှာက ခင်ဗျား လက်ခံဖို့ လိုတယ်။ ခင်ဗျားက ချဲလ်ဆီးလိုမျိုး မျှော်မှန်းချက်တွေအများကြီးနဲ့ အသင်းမှာ ရှိနေရတဲ့အခါမှာ ခင်ဗျား အဲဒါကို လက်ခံဖို့လိုတယ်။ ဒီနေ့ဖြစ်ခဲ့တာလိုမျိုးပေ့ါ။ ဒီနယ်ပယ်ထဲမှာ ရှိနေဖို့၊ ဒီလိုအသင်းမျိုးမှာ ရှိနေဖို့က ခင်ဗျား သန်မာဖို့ လိုတယ်။ကျွန်တော်တို့မှာ ရှေ့ဆက်သွားဖို့ ခွန်အားနဲ့ လုပ်နိုင်စွမ်းရှိပါတယ်။ ကစားသမားတွေ ကစားတာကို ထိုင်ကြည့်နေဖို့က လွယ်ပါတယ်။ ဒါပေမယ့် ဖိအားတွေ ရောက်လာတဲ့အခါမှာ တခါတလေ အဲဒါက မလွယ်ပါဘူး။ အခုတော့ ကျွန်တော်တို့ သူတို့ကို ရှုံးပွဲကနေ ပြန်လည်ကုစားနိုင်ဖို့ ကူညီဖို့ လိုအပ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မူရီဆီယို ပိုခ်က္တီႏိုဟာ တနဂၤေႏြေန႔ညက ဝုဗ္ကို ၄-၂ နဲ႔ အိမ္ကြင္း စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပရိသတ္ေတြကို ေတာင္းပန္ခဲ့ေပမယ့္ အသင္းကိုေတာ့ ေဒါသမထြက္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ကိုး ပါလ္မာက ခ်ဲလ္ဆီးအတြက္ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ၿပီးေနာက္ မားသီးယပ္စ္ ကြန္ညာရဲ႕ ဟက္ထရစ္နဲ႔ ဒီဆာဆီရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ ဂိုးေတြေၾကာင့္ ဧည့္သည္ေတြက အံ့အားသင့္ဖြယ္ ႏိုင္ပြဲရခဲ့တာျဖစ္ပါတယ္။

သီေယဂို ေဆးလ္ဗားရဲ႕ ေနာက္က်ေခ်ပဂိုးဟာ ခ်ဲလ္ဆီးတို႔ ျပန္လာႏိုင္ဖို႔အတြက္ မလုံေလာက္ခဲ့ဘဲ အိမ္ကြင္းပရိသတ္ေတြဟာ ပထမပိုင္းအၿပီးနဲ႔ ပြဲအၿပီးမွာ ပိုခ်က္တီႏိုနဲ႔ အသင္းသားေတြကို က်ယ္က်ယ္ေလာင္ေလာင္ ေလွာင္ေျပာင္ခဲ့ၾကသလို စတားလင္းကလည္း ဆိုး႐ြားတဲ့စြမ္းေဆာင္ရည္အတြက္ ေလွာင္ေျပာင္မႈအမ်ားအျပားခံခဲ့ရတာျဖစ္ပါတယ္။

အဲဒီအျပင္ ခ်ဲလ္ဆီးပရိသတ္ေတြဟာ ဝုဗ္ကို ရႈံးနိမ့္ေနခ်ိန္မွာ အသင္းပိုင္ရွင္ေဟာင္း ႐ိုမန္ ေအဘရာမိုဗစ္ခ်္ရဲ႕ နာမည္ကို ေႂကြးေၾကာ္ခဲ့ၾကၿပီး လက္ရွိ အသင္းပိုင္ရွင္ ေတာ့ဒ္ ဘိုလီရဲ႕ စီမံခန႔္ခြဲမႈအလြဲေတြအေပၚ မေက်နပ္ေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ လက္ရွိ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၁၁ ေနရာမွာ ရပ္တည္ေနရၿပီး ထိပ္ဆုံး ၄ ေနရာနဲ႔ ၁၅ မွတ္အထိ ကြာဟသြားခဲ့ၿပီျဖစ္သလို ေဖေဖာ္ဝါရီလကုန္မွာ ကစားရမယ့္ ကာရာေဘာင္းဖလားဗိုလ္လုပြဲမွာလည္း အာဆင္နယ္ကို တစ္ေန႔တည္းမွာ ရႈံးနိမ့္ခဲ့တဲ့ လီဗာပူးလ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ရမွာျဖစ္တာေၾကာင့္ ပရိသတ္အမ်ားအျပားက ပိုခ်က္တီႏိုကို ထုတ္ပယ္ဖို႔ ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

ပိုခ်က္တီႏိုက ေလွာင္ေျပာင္မႈေတြနဲ႔ ျပစ္တင္ေဝဖန္မႈေတြကို လက္ခံခဲ့ၿပီး အသင္းပရိသတ္ေတြကို အသင္းကိုေတာ့ ဆက္လက္ၿပီး အားေပးေထာက္ခံၾကဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ေျပာႏိုင္တာဆိုလို႔ ပရိသတ္ေတြကို ေတာင္းပန္စကားပဲရွိပါတယ္။ ေမွ်ာ္လင့္ထားတာက တစ္ခု။ တကယ္ျဖစ္လာတာက တစ္ျခားတစ္ခုပါ။ ေမွ်ာ္လင့္ထားတာက ခ်ဲလ္ဆီးအေနနဲ႔ မတူညီတဲ့အဆင့္တစ္ခုမွာ ရွိေနသင့္ေပမယ့္ အေျခအေနေတြက အဲဒီလို ျဖစ္မလာဘူး။ ကြၽန္ေတာ္တို႔က ေကာင္းသင့္သေလာက္ မေကာင္းတာလည္း ျဖစ္ႏိုင္ပါတယ္။ အေရးအႀကီးဆုံးက တာဝန္ယူမႈ တာဝန္ခံမႈရွိတဲ့ ခံစားခ်က္မ်ိဳး ခံစားေနရဖို႔ပါ။ ဟုတ္တာေပ့ါ။ အဖြဲ႕အစည္းနဲ႔ကစားသမားေတြ ကြၽန္ေတာ္တို႔မွာ ရွိတယ္။ ပရိသတ္ေတြကို နားလည္ဖို႔က တကယ္ အေရးႀကီးပါတယ္။ ကြၽန္ေတာ္တို႔ ေတာင္းပန္ခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ သူတို႔လိုပဲ စိတ္ပ်က္ခဲ့တယ္။ ဒါေပမယ့္ အဆုံးအထိ ခင္ဗ်ား အတူတူ တိုက္ပြဲဝင္ဖို႔ လိုတယ္။ ကြၽန္ေတာ္တို႔ အနာဂတ္မွာ ေကာင္းမြန္တဲ့ရလဒ္ေတြ ရယူသြားခ်င္တာ အမွန္ပါပဲ။ မိနစ္ ၉၀ အတြင္းမွာ ခင္ဗ်ား အတူတူ အလုပ္လုပ္ႏိုင္ဖို႔ ႀကိဳးစားဖို႔ လိုတယ္။ အဆုံးမွာေတာ့ သူတို႔ေတြက လုပ္ႏိုင္စြမ္းရွိတယ္။ သူတို႔ေတြက စြမ္းေဆာင္ရည္မေကာင္းဘူးဆိုရင္ ေဒါသထြက္ခြင့္၊ ေဝဖန္ေျပာဆိုပိုင္ခြင့္ ရွိပါတယ္။ ကစားသမားေတြက ငယ္ေသးတယ္။ သူတို႔ေတြ အားေပးမႈလိုတယ္။ ပရိသတ္ေတြကို ေက်းဇူးတင္ေၾကာင္း ေျပာခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ ပြဲၿပီးတဲ့အထိ သူတို႔ေတြ အားေပးခဲ့ၾကလို႔ပါ။ ကြၽန္ေတာ္က လူသားတစ္ေယာက္ပါ။ စက္႐ုပ္မဟုတ္ပါဘူး။ ဒါက ေကာင္းတဲ့အေျခအေနမဟုတ္ဘူးဆိုတာ အမွန္ပဲ။ ဒါေပမယ့္ ေဘာလုံးမွာက ခင္ဗ်ား လက္ခံဖို႔ လိုတယ္။ ခင္ဗ်ားက ခ်ဲလ္ဆီးလိုမ်ိဳး ေမွ်ာ္မွန္းခ်က္ေတြအမ်ားႀကီးနဲ႔ အသင္းမွာ ရွိေနရတဲ့အခါမွာ ခင္ဗ်ား အဲဒါကို လက္ခံဖို႔လိုတယ္။ ဒီေန႔ျဖစ္ခဲ့တာလိုမ်ိဳးေပ့ါ။ ဒီနယ္ပယ္ထဲမွာ ရွိေနဖို႔၊ ဒီလိုအသင္းမ်ိဳးမွာ ရွိေနဖို႔က ခင္ဗ်ား သန္မာဖို႔ လိုတယ္။ကြၽန္ေတာ္တို႔မွာ ေရွ႕ဆက္သြားဖို႔ ခြန္အားနဲ႔ လုပ္ႏိုင္စြမ္းရွိပါတယ္။ ကစားသမားေတြ ကစားတာကို ထိုင္ၾကည့္ေနဖို႔က လြယ္ပါတယ္။ ဒါေပမယ့္ ဖိအားေတြ ေရာက္လာတဲ့အခါမွာ တခါတေလ အဲဒါက မလြယ္ပါဘူး။ အခုေတာ့ ကြၽန္ေတာ္တို႔ သူတို႔ကို ရႈံးပြဲကေန ျပန္လည္ကုစားႏိုင္ဖို႔ ကူညီဖို႔ လိုအပ္ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.