Premier League

နိုင်လည်း ဖောင်းထုတဲ့ ပြိုင်ဘက်ဂန္တဝင်တွေကို ပြန်ကြုံးခဲ့တဲ့ အီယန် ရိုက်

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က တနင်္ဂနွေနေ့ညက လီဗာပူးလ်ကို အမ်းမရိတ်စ်မှာ အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်ရဲ့ အောင်ပွဲခံမှုကို ဝေဖန်ပြစ်တင်ခဲ့တဲ့ ပြိုင်ဘက်ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်ခဲ့ပြီး အာတီတာနဲ့ ကစားသမားတွေက ဒီလိုအခိုက်အတန့်မျိုးမှာ ပျော်ရွှင်ဖို့ အခွင့်အရေးရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဂန်းနားတွေဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ်ထားတဲ့ လီဗာပူးလ်ကိုသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၈ မှတ်အထိ ပြတ်သွားနိုင်တဲ့ အန္တရာယ်ရှိခဲ့ပေမယ့်လည်း ဆာကာ၊ မာတီနယ်လီ၊ ထရော့ဆာ့ဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် မာဆေးဆိုဒ်ကလပ်နဲ့ ၂ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်းနဲ့ ပွဲအပြီးမှာ အားပါးတရအောင်ပွဲခံမှုတွေကို မြင်တွေ့ခဲ့ရပြီး အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ဟာ အသင်းရဲ့ ဝါရင့်ဓာတ်ပုံဆရာ စတူးဝပ် မက်ဖားလိန်းကို အမှတ်တရ ဓာတ်ပုံ ပြန်လည်ရိုက်ကူးပေးခဲ့တဲ့အပေါ် လီဗာပူးလ်ဂန္တဝင် ကာရေဂါက ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ဂယ်ရီ နဗီးကလည်း အာဆင်နယ်ရဲ့ အောင်ပွဲခံမှုတွေဟာ မရင့်ကျက်တဲ့လက္ခဏာတွေလို့ ဝေဖန်ခဲ့ပြီး ဖာဒီနန်ကလည်း အာတီတာဟာ ဟိုလျှောက်ပြေး ဒီလျှောက်ပြေးနဲ့ ပရီးမီးယားလိဂ်ဖလားရသွားသလိုမျိုး အောင်ပွဲခံနေတယ်လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က အဲဒီ ဝေဖန်ပြစ်တင်မှုတွေကို ဒေါသထွက်ခဲ့ပြီး အာဆင်နယ်အနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးက အသင်းနဲ့ပွဲမှာ အရေးကြီးတဲ့နိုင်ပွဲရခဲ့လို့ ပျော်ချင်သလောက် ပျော်ခွင့်ပေးသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“အဆိုးမြင်တဲ့စိတ်တွေနဲ့ ဝေဖန်နေကြရအောင် အနိုင်ဂိုးအတွက် သူ့အသင်းကို ဂုဏ်ပြုပြီးအောင်ပွဲခံတာကလွဲရင် ကျွန်တော့်အသင်းနည်းပြက ဘာလုပ်ခဲ့လို့လဲ။ ဓာတ်ပုံဆရာ စတူးဝပ် မက်ဖားလိန်းက အာဆင်နယ်ကိုအသက် ၅ နှစ်သားကတည်းက အားပေးလာတဲ့ သက်တော်ရှည်ဂန်းနားဖန် ဓာတ်ပုံဆရာကြီးလေ။ သူ့ဘဝအတွက် အမှတ်တစ်ရ အောင်ပွဲခံတဲ့ အခွင့်အရေးတစ်ခု ရယူတာ ဘာအပြစ်ရှိသလဲ။ ပြီးတော့ north bank ပွဲကြည့်စင်ရှေ့မှာ ဂန်းနားကပ်ပတိန်အော်ဒီဂွါ့ဒ်က ဓာတ်ပုံရိုက်ပေးတာကို ဘာဖြစ်နေတာလဲ။ ဥမင် လှိုဏ်ခေါင်းထဲ မြန်မြန်ဝင်ခိုင်းရအောင် ချက်ချင်းကစားရမယ့် နောက်တစ်ပွဲရှိနေလို့များလား”

“လူတိုင်းရဲ့ ပျော်ရွှင်မှုကို သ-တ်ပစ်ဖို့ ဘာကြောင့်ကြိုးစားနေကြတာလဲ။ ပျော်ရွှင်မှုကို သ-တ်ပစ်ဖို့ မကြိုးစားပါနဲ့။ လူတွေက ငါတို့ကို ပြိုလဲပျက်စီးပြီး ဒီပွဲတွေကို ရှုံးဖို့မျှော်လင့်နေပေမယ့် ငါတို့က ဖြတ်ကျော်နေတယ်၊ ဒဏ်ရာတွေနဲ့ အရာရာကို ဖြတ်သန်းနေရတယ်။ ပြီးတော့ အမုန်းတရားတွေက အရမ်းပြင်းထန်တယ်။ ခုရာသီမှာ ပွဲကစားဖို့ အများကြီး ကျန်သေးတယ်ဆိုတာ ငါတို့သိတယ်။ အာဆင်နယ်ကက ဘာမဆိုတခုခုလုပ်လိုက်ရင် အကြပ်အတည်းဖြစ်စေမယ့် ဝေဖန်မှုတွေက ရောက်လာပြီ။ ငါတို့မှာ ပျော်ရွှင်မှု မရှိရတော့ဘူးလား။ ဥပမာ ကမ္ဘာ့ဖလားပွဲ ဒါမှမဟုတ် ယူရိုပြိုင်ပွဲမှာ အင်္ဂလန်လိုပါပဲ၊ အင်္ဂလန်က ကောင်းကောင်းစလုပ်လာတာနဲ့အမျှ လူတိုင်းက ခုန်ပေါက်ပျော်ရွှင်နေခဲ့ကြတယ်လေ။ မင်းတို့လည်း ပျော်ရွှင်အောင်ပွဲခံခဲ့ကြတာပဲမလား။ ငါတို့ကို ဒီတိုင်းပဲ ထားလိုက်ပါ။ ပျော်ရွှင်ခြင်းထဲမှာ ငါတို့ကို လွှတ်ထားလိုက်ပါ။ ငါတို့ မန်နေဂျာ အောင်ပွဲခံသလိုမျိုး မင်းတို့လည်း စိတ်အားထက်သန်စွာ မင်းတို့ အသင်းရဲ့နိုင်ပွဲကို ဂုဏ်ပြုလိုက်စမ်းပါ။ အာဆင်နယ်ပရိသတ်များ ပျော်ရွှင်ပါစေ။ ငါတို့ရဲ့ အခိုက်အတန့်တွေကို ပျော်ရွှင်ခံစားလိုက်ပါ။ ဘာလို့လဲဆိုတော့ ဒီညမှာ ကျွန်တော်တို့ လိဂ်ရဲ့ထိပ်ဆုံးက လီဗာပူးကို အနိုင်ယူခဲ့ပါတယ်။ အဆင့် ၂ ကိုလည်းတက်နိုင်ခဲ့ပြီ” လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္က တနဂၤေႏြေန႔ညက လီဗာပူးလ္ကို အမ္းမရိတ္စ္မွာ အႏိုင္ရခဲ့ၿပီးေနာက္ အာဆင္နယ္ရဲ႕ ေအာင္ပြဲခံမႈကို ေဝဖန္ျပစ္တင္ခဲ့တဲ့ ၿပိဳင္ဘက္ပရိသတ္ေတြနဲ႔ ေဘာလုံးေဝဖန္သူေတြကို ျပန္လည္တုံ႔ျပန္ခဲ့ၿပီး အာတီတာနဲ႔ ကစားသမားေတြက ဒီလိုအခိုက္အတန႔္မ်ိဳးမွာ ေပ်ာ္႐ႊင္ဖို႔ အခြင့္အေရးရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဂန္းနားေတြဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္ျဖတ္ထားတဲ့ လီဗာပူးလ္ကိုသာ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ ၈ မွတ္အထိ ျပတ္သြားႏိုင္တဲ့ အႏၲရာယ္ရွိခဲ့ေပမယ့္လည္း ဆာကာ၊ မာတီနယ္လီ၊ ထေရာ့ဆာ့ဒ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ မာေဆးဆိုဒ္ကလပ္နဲ႔ ၂ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အမ္းမရိတ္စ္မွာ ကစားခဲ့တဲ့ပြဲစဥ္အတြင္းနဲ႔ ပြဲအၿပီးမွာ အားပါးတရေအာင္ပြဲခံမႈေတြကို ျမင္ေတြ႕ခဲ့ရၿပီး အာဆင္နယ္အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ဟာ အသင္းရဲ႕ ဝါရင့္ဓာတ္ပုံဆရာ စတူးဝပ္ မက္ဖားလိန္းကို အမွတ္တရ ဓာတ္ပုံ ျပန္လည္႐ိုက္ကူးေပးခဲ့တဲ့အေပၚ လီဗာပူးလ္ဂႏၲဝင္ ကာေရဂါက ေဝဖန္ခဲ့တာျဖစ္ပါတယ္။

ဂယ္ရီ နဗီးကလည္း အာဆင္နယ္ရဲ႕ ေအာင္ပြဲခံမႈေတြဟာ မရင့္က်က္တဲ့လကၡဏာေတြလို႔ ေဝဖန္ခဲ့ၿပီး ဖာဒီနန္ကလည္း အာတီတာဟာ ဟိုေလွ်ာက္ေျပး ဒီေလွ်ာက္ေျပးနဲ႔ ပရီးမီးယားလိဂ္ဖလားရသြားသလိုမ်ိဳး ေအာင္ပြဲခံေနတယ္လို႔ ေဝဖန္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္က အဲဒီ ေဝဖန္ျပစ္တင္မႈေတြကို ေဒါသထြက္ခဲ့ၿပီး အာဆင္နယ္အေနနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးက အသင္းနဲ႔ပြဲမွာ အေရးႀကီးတဲ့ႏိုင္ပြဲရခဲ့လို႔ ေပ်ာ္ခ်င္သေလာက္ ေပ်ာ္ခြင့္ေပးသင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“အဆိုးျမင္တဲ့စိတ္ေတြနဲ႔ ေဝဖန္ေနၾကရေအာင္ အႏိုင္ဂိုးအတြက္ သူ႔အသင္းကို ဂုဏ္ျပဳၿပီးေအာင္ပြဲခံတာကလြဲရင္ ကြၽန္ေတာ့္အသင္းနည္းျပက ဘာလုပ္ခဲ့လို႔လဲ။ ဓာတ္ပုံဆရာ စတူးဝပ္ မက္ဖားလိန္းက အာဆင္နယ္ကိုအသက္ ၅ ႏွစ္သားကတည္းက အားေပးလာတဲ့ သက္ေတာ္ရွည္ဂန္းနားဖန္ ဓာတ္ပုံဆရာႀကီးေလ။ သူ႔ဘဝအတြက္ အမွတ္တစ္ရ ေအာင္ပြဲခံတဲ့ အခြင့္အေရးတစ္ခု ရယူတာ ဘာအျပစ္ရွိသလဲ။ ၿပီးေတာ့ north bank ပြဲၾကည့္စင္ေရွ႕မွာ ဂန္းနားကပ္ပတိန္ေအာ္ဒီဂြါ့ဒ္က ဓာတ္ပုံ႐ိုက္ေပးတာကို ဘာျဖစ္ေနတာလဲ။ ဥမင္ လႈိဏ္ေခါင္းထဲ ျမန္ျမန္ဝင္ခိုင္းရေအာင္ ခ်က္ခ်င္းကစားရမယ့္ ေနာက္တစ္ပြဲရွိေနလို႔မ်ားလား”

“လူတိုင္းရဲ႕ ေပ်ာ္႐ႊင္မႈကို သ-တ္ပစ္ဖို႔ ဘာေၾကာင့္ႀကိဳးစားေနၾကတာလဲ။ ေပ်ာ္႐ႊင္မႈကို သ-တ္ပစ္ဖို႔ မႀကိဳးစားပါနဲ႔။ လူေတြက ငါတို႔ကို ၿပိဳလဲပ်က္စီးၿပီး ဒီပြဲေတြကို ရႈံးဖို႔ေမွ်ာ္လင့္ေနေပမယ့္ ငါတို႔က ျဖတ္ေက်ာ္ေနတယ္၊ ဒဏ္ရာေတြနဲ႔ အရာရာကို ျဖတ္သန္းေနရတယ္။ ၿပီးေတာ့ အမုန္းတရားေတြက အရမ္းျပင္းထန္တယ္။ ခုရာသီမွာ ပြဲကစားဖို႔ အမ်ားႀကီး က်န္ေသးတယ္ဆိုတာ ငါတို႔သိတယ္။ အာဆင္နယ္ကက ဘာမဆိုတခုခုလုပ္လိုက္ရင္ အၾကပ္အတည္းျဖစ္ေစမယ့္ ေဝဖန္မႈေတြက ေရာက္လာၿပီ။ ငါတို႔မွာ ေပ်ာ္႐ႊင္မႈ မရွိရေတာ့ဘူးလား။ ဥပမာ ကမာၻ႔ဖလားပြဲ ဒါမွမဟုတ္ ယူ႐ိုၿပိဳင္ပြဲမွာ အဂၤလန္လိုပါပဲ၊ အဂၤလန္က ေကာင္းေကာင္းစလုပ္လာတာနဲ႔အမွ် လူတိုင္းက ခုန္ေပါက္ေပ်ာ္႐ႊင္ေနခဲ့ၾကတယ္ေလ။ မင္းတို႔လည္း ေပ်ာ္႐ႊင္ေအာင္ပြဲခံခဲ့ၾကတာပဲမလား။ ငါတို႔ကို ဒီတိုင္းပဲ ထားလိုက္ပါ။ ေပ်ာ္႐ႊင္ျခင္းထဲမွာ ငါတို႔ကို လႊတ္ထားလိုက္ပါ။ ငါတို႔ မန္ေနဂ်ာ ေအာင္ပြဲခံသလိုမ်ိဳး မင္းတို႔လည္း စိတ္အားထက္သန္စြာ မင္းတို႔ အသင္းရဲ႕ႏိုင္ပြဲကို ဂုဏ္ျပဳလိုက္စမ္းပါ။ အာဆင္နယ္ပရိသတ္မ်ား ေပ်ာ္႐ႊင္ပါေစ။ ငါတို႔ရဲ႕ အခိုက္အတန႔္ေတြကို ေပ်ာ္႐ႊင္ခံစားလိုက္ပါ။ ဘာလို႔လဲဆိုေတာ့ ဒီညမွာ ကြၽန္ေတာ္တို႔ လိဂ္ရဲ႕ထိပ္ဆုံးက လီဗာပူးကို အႏိုင္ယူခဲ့ပါတယ္။ အဆင့္ ၂ ကိုလည္းတက္ႏိုင္ခဲ့ၿပီ” လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.