Match Report Premier League

ရှက်ဖီးကို အပြတ်တီးပြီး အဆင့် ၄ မှာ ဆက်လက်ရပ်တည်ခဲ့တဲ့ အက်စတန် ဗီလာ

အက်စတန် ဗီလာဟာ စနေနေ့ညက ရှက်ဖီးယူနိုက်တက်ကို ဂိုးပြတ် အနိုင်ယူပြီး ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ နေရာအတွင်းကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး အိမ်ရှင်တွေကတော့ အမှတ်ပေးဇယားကြမ်းတိုက်ခဲ့ရပါတယ်။

နောက်ဆုံး  နှစ်ပွဲမှာ တစ်မှတ်သာ ရရှိခဲ့တဲ့ အူနိုင်းအမ်မရီရဲ့ အက်စတန်ဗီလာအသင်းဟာ ရှက်ဖီးယူနိက်တက် အိမ်ကွင်းကို သွားရောက်ကစားခဲ့ရပေမယ့် ပွဲစတာနဲ့ တရစပ် တိုက်စစ်ဆင် ကစားခဲ့ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ ဂိုးဧရိယာထဲ ဘောလုံးဆွဲယူဝင်လာတဲ့ ဝက်ကင်းကို မပိုင်ပဲ ရှေ့တက်ဖျက်ထုတ်ခဲ့တဲ့ ရှက်ဖီးဂိုးသမားအမှားကနေတဆင့် ရှက်ဖီး နောက်ခံလူတွေ ကူညီရှင်းထုတ်ဖို့ကြိုးစားပေမယ့် မက်ဂင်းက အပြေးဝင်ရောက်သွင်းယူခဲ့လို့ ဗီလာတို့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

တတိယဂိုးကိုတော့ ပွဲချိန် မိနစ် ၂၀မှာ ဘိုင်လီက ဘယ်ခြေနဲ့ ရှက်ဖီးဂိုးသမားရဲ့ ညာခြမ်းအပေါ်ထောင့်ကို လှလှကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၃၀မှာ ဗီလာအသင်းဖြတ်တင်လိုက်တဲ့ ထောင့်ကန်ဘောကို ရှက်ဖီးယူနိုက်တက်နောက်တန်းက ခေါင်းတိုက်ရှင်းထုတ်လို့ ဂိုးဧရိယာထိပ်ကို ပြန်ကျလာတဲ့ ဘောလုံးကို တိုင်လီမန်းစ်က ဂိုးတိုင်အ​ပေါ်ထောင့်ကို ကန်သွင်းယူလိုက်လို့ အက်စတန်ဗီလာတို့ စတုတ္ထဂိုး ထပ်မံရရှိခဲ့ပါတယ်။

ပဉ္စမမြောက် ဦးဆောင်ဂိုးကိုတော့ ဝက်ကင်းစ် ညာတောင်ပံကနေ ဖြတ်တင်ပေးတာကို မိုရီနိုက မြေမကျကန်သွင်းပြီး ရယူပေးခဲ့တာဖြစ်ပါတယ်။ အိမ်ရှင် ရှက်ဖီးယူနိုက်တက်ဟာ သိက္ခာဆယ်ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့်လည်း အက်စတန် ဗီလာ ဂိုးသမား မာတီနက်ဇ်က အပိုင်ကန်သွင်းမှု ၃၊ ၄ ကြိမ်လောက်ကို လက်စွမ်းပြကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲပြီးခါနီးမှာ ဗင်နီးရှပ်စ်က ရော်ဘင်ဆင် ချိုးပေးခဲ့တဲ့ ဘောလုံးကို ပိတ်သွင်းယူနိုင်ခဲ့တာကြောင့် ရှက်ဖီး ယူနိုက်တက်တို့ ချေပဂိုးရခဲ့ပြီလို့ ထင်ခဲ့ပေမယ့်လည်း VAR က ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ရော်ဘင်ဆင်က တိုက်စစ်ဆင်နေချိန်မှာ လူကျွံနေခဲ့တယ်ဆိုပြီး ဂိုးကို ပယ်ဖျက်ခဲ့တာကြောင့် အူနိုင်း အမ်မရီရဲ့အသင်းက ကလင်းရှစ်တ်နိုင်ပွဲ ရရှိခဲ့တာဖြစ်ပါတယ်။

အက်စတန် ဗီလာဟာ ရှက်ဖီးယူနိုက်တက်ကို ပရီးမီးယားလိဂ်မှာ အနိုင်မရခဲ့တာ နှစ်ပေါင်း ၃၀ ရှိခဲ့ပြီဖြစ်ပြီး နောက်ဆုံး အနိုင်ရခဲ့တာကတော့ ၁၉၉၄ ခုနှစ် ဧပြီလတုန်းက ကစားခဲ့တဲ့ပွဲမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္စတန္ ဗီလာဟာ စေနေန႔ညက ရွက္ဖီးယူႏိုက္တက္ကို ဂိုးျပတ္ အႏိုင္ယူၿပီး ပရီးမီးယားလိဂ္ ထိပ္ဆုံး ၄ ေနရာအတြင္းကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ၿပီး အိမ္ရွင္ေတြကေတာ့ အမွတ္ေပးဇယားၾကမ္းတိုက္ခဲ့ရပါတယ္။

ေနာက္ဆုံး  ႏွစ္ပြဲမွာ တစ္မွတ္သာ ရရွိခဲ့တဲ့ အူႏိုင္းအမ္မရီရဲ႕ အက္စတန္ဗီလာအသင္းဟာ ရွက္ဖီးယူနိက္တက္ အိမ္ကြင္းကို သြားေရာက္ကစားခဲ့ရေပမယ့္ ပြဲစတာနဲ႔ တရစပ္ တိုက္စစ္ဆင္ ကစားခဲ့ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာ ဂိုးဧရိယာထဲ ေဘာလုံးဆြဲယူဝင္လာတဲ့ ဝက္ကင္းကို မပိုင္ပဲ ေရွ႕တက္ဖ်က္ထုတ္ခဲ့တဲ့ ရွက္ဖီးဂိုးသမားအမွားကေနတဆင့္ ရွက္ဖီး ေနာက္ခံလူေတြ ကူညီရွင္းထုတ္ဖို႔ႀကိဳးစားေပမယ့္ မက္ဂင္းက အေျပးဝင္ေရာက္သြင္းယူခဲ့လို႔ ဗီလာတို႔ ဦးေဆာင္ဂိုး စတင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

တတိယဂိုးကိုေတာ့ ပြဲခ်ိန္ မိနစ္ ၂၀မွာ ဘိုင္လီက ဘယ္ေျခနဲ႔ ရွက္ဖီးဂိုးသမားရဲ႕ ညာျခမ္းအေပၚေထာင့္ကို လွလွကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၃၀မွာ ဗီလာအသင္းျဖတ္တင္လိုက္တဲ့ ေထာင့္ကန္ေဘာကို ရွက္ဖီးယူႏိုက္တက္ေနာက္တန္းက ေခါင္းတိုက္ရွင္းထုတ္လို႔ ဂိုးဧရိယာထိပ္ကို ျပန္က်လာတဲ့ ေဘာလုံးကို တိုင္လီမန္းစ္က ဂိုးတိုင္အ​ေပၚေထာင့္ကို ကန္သြင္းယူလိုက္လို႔ အက္စတန္ဗီလာတို႔ စတုတၳဂိုး ထပ္မံရရွိခဲ့ပါတယ္။

ပၪၥမေျမာက္ ဦးေဆာင္ဂိုးကိုေတာ့ ဝက္ကင္းစ္ ညာေတာင္ပံကေန ျဖတ္တင္ေပးတာကို မိုရီႏိုက ေျမမက်ကန္သြင္းၿပီး ရယူေပးခဲ့တာျဖစ္ပါတယ္။ အိမ္ရွင္ ရွက္ဖီးယူႏိုက္တက္ဟာ သိကၡာဆယ္ေခ်ပဂိုးရဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း အက္စတန္ ဗီလာ ဂိုးသမား မာတီနက္ဇ္က အပိုင္ကန္သြင္းမႈ ၃၊ ၄ ႀကိမ္ေလာက္ကို လက္စြမ္းျပကာကြယ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးခါနီးမွာ ဗင္နီးရွပ္စ္က ေရာ္ဘင္ဆင္ ခ်ိဳးေပးခဲ့တဲ့ ေဘာလုံးကို ပိတ္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ရွက္ဖီး ယူႏိုက္တက္တို႔ ေခ်ပဂိုးရခဲ့ၿပီလို႔ ထင္ခဲ့ေပမယ့္လည္း VAR က ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ ေရာ္ဘင္ဆင္က တိုက္စစ္ဆင္ေနခ်ိန္မွာ လူကြၽံေနခဲ့တယ္ဆိုၿပီး ဂိုးကို ပယ္ဖ်က္ခဲ့တာေၾကာင့္ အူႏိုင္း အမ္မရီရဲ႕အသင္းက ကလင္းရွစ္တ္ႏိုင္ပြဲ ရရွိခဲ့တာျဖစ္ပါတယ္။

အက္စတန္ ဗီလာဟာ ရွက္ဖီးယူႏိုက္တက္ကို ပရီးမီးယားလိဂ္မွာ အႏိုင္မရခဲ့တာ ႏွစ္ေပါင္း ၃၀ ရွိခဲ့ၿပီျဖစ္ၿပီး ေနာက္ဆုံး အႏိုင္ရခဲ့တာကေတာ့ ၁၉၉၄ ခုႏွစ္ ဧၿပီလတုန္းက ကစားခဲ့တဲ့ပြဲမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.