Premier League

လိပ်ပုလေးတို့ အမြောက်ဆံမိမယ့် ယခုအပတ် ဆပ်တန်ရဲ့ ဟောကိန်းများ

ဘောလုံးဝေဖန်သုံးသပ်သူ ခရစ္စ ဆပ်တန်ကတော့ ဒီအပတ်မှာ ကစားသွားမယ့် ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းတွေရဲ့ ရလဒ်ကို ဟောကိန်းထုတ်လိုက်ပါပြီ။

တနင်္ဂနွေနေ့ အမ်းမရိတ်စ်မှာ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ ကစားမယ့်ပွဲစဉ်အတွက် ဆပ်တန်က ဂန်းနားတွေ အိမ်ကွင်း နိုင်ပွဲရရှိသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပြီး ကလော့ပ်ရဲ့အသင်းသာ အနိုင်ရသွားရင် အာတီတာတို့ အမီလိုက်ဖို့ ခဲယဉ်းသွားမယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဂန်းနားတွေကပဲ အမ်းမရိတ်စ်မှာ နိုင်ပွဲရယူပြီး လီဗာပူးလ်နဲ့ ပိုပြီး နီးကပ်တဲ့နေရာကို တက်လှမ်းသွားနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပြီး ခန့်မှန်းပွဲပြီးရလဒ်ကတော့ ၂-၁ လို့ ခန့်မှန်းခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ ဝုဗ်တို့ရဲ့ ပွဲစဉ်ကိုတော့ ဆပ်တန်က ၁-၁ သရေပွဲလို့ သုံးသပ်ခဲ့ပြီး ပိုချက်တီနိုရဲ့အသင်းဟာ အန်းဖီးရှုံးပွဲကနေ ပြန်လာဖို့ ကြိုးပမ်းသွားမှာဖြစ်ပေမယ့် ကြာသပတေးနေ့က ဆိုက်ကားတိုက်ခံထားရလို့ ဒေါသထွက်နေတဲ့ ဝံပုလွေတွေကို အလဲထိုးနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

ကြာသပတေးနေ့ညက မိုလီနာကွင်းမှာ ဝုဗ်ကို ၄-၃ နဲ့ အနိုင်ရခဲ့တာကို ကမ္ဘာ့ဖလားရသလို အောင်ပွဲခံခဲ့တဲ့ ဂိတ်မှူးတွေကတော့ ခရစ္စမတ်မတိုင်ခင်က လန်ဒန်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်းကို တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်သွားရမှာပါ။ ဆပ်တန်က ဒီပွဲစဉ်ဟာ တစ်ဖက်နဲ့တစ်ဖက် ထိုးဖောက်ဖို့ ခက်ခဲမယ့်ပွဲတစ်ပွဲဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပြီး အိမ်ရှင် ဂိတ်မှူးတွေက ၁-၀ နဲ့ အနိုင်ရသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ပျားတုပ်ခံခဲ့ရတဲ့ နို့ဗူးလေးကတော့ ဒီရာသီမှာ ဘရန့်တ်ဖို့ဒ်နဲ့ ၂ ပတ်အတွင်း ၂ ကြိမ်အထိ တွေ့ဆုံယှဉ်ပြိုင်သွားရမှာပါ။ ဒီရာသီမှာတော့ ဘရန့်တ်ဖို့ဒ်တို့ မနှစ်ကလို ၂ ကျော့စလုံး အနိုင်ရခဲ့တဲ့ အောင်မြင်မှုမျိုး ထပ်ရနိုင်မှာမဟုတ်ဘူးလို့ ဆပ်တန်က ယုံကြည်နေပါတယ်။

မန်စီးတီးဂိုးသွင်းစက် ဟာလန်းကတော့ ဒဏ်ရာက ပြန်ကောင်းလာခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့က ဘန်လေနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဟာမလန်းဘူး ဖြစ်သွားခဲ့ပေမယ့် အနှေးနဲ့အမြန်ဆိုသလို ဂိုးတွေ ပြန်သွင်းနိုင်မှာပါ။ အိမ်ရှင် ဘရန့်တ်ဖို့ဒ်က မန်စီးတီးဘက်ကို ဂိုးသွင်းနိုင်မှာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းက ဂိုးတွေ ပိုသွင်းပြီး ၃-၁ နဲ့ အဝေးကွင်းနိုင်ပွဲရသွားလိမ့်မယ်လို့ ဆပ်တန်က ဟောကိန်းထုတ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဘာလုံးေဝဖန္သုံးသပ္သူ ခရစၥ ဆပ္တန္ကေတာ့ ဒီအပတ္မွာ ကစားသြားမယ့္ ပရီးမီးယားလိဂ္ပြဲႀကီးပြဲေကာင္းေတြရဲ႕ ရလဒ္ကို ေဟာကိန္းထုတ္လိုက္ပါၿပီ။

တနဂၤေႏြေန႔ အမ္းမရိတ္စ္မွာ အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ ကစားမယ့္ပြဲစဥ္အတြက္ ဆပ္တန္က ဂန္းနားေတြ အိမ္ကြင္း ႏိုင္ပြဲရရွိသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ၿပီး ကေလာ့ပ္ရဲ႕အသင္းသာ အႏိုင္ရသြားရင္ အာတီတာတို႔ အမီလိုက္ဖို႔ ခဲယဥ္းသြားမယ္လို႔ သုံးသပ္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ဂန္းနားေတြကပဲ အမ္းမရိတ္စ္မွာ ႏိုင္ပြဲရယူၿပီး လီဗာပူးလ္နဲ႔ ပိုၿပီး နီးကပ္တဲ့ေနရာကို တက္လွမ္းသြားႏိုင္လိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ၿပီး ခန႔္မွန္းပြဲၿပီးရလဒ္ကေတာ့ ၂-၁ လို႔ ခန႔္မွန္းခဲ့ပါတယ္။

ခ်ဲလ္ဆီးနဲ႔ ဝုဗ္တို႔ရဲ႕ ပြဲစဥ္ကိုေတာ့ ဆပ္တန္က ၁-၁ သေရပြဲလို႔ သုံးသပ္ခဲ့ၿပီး ပိုခ်က္တီႏိုရဲ႕အသင္းဟာ အန္းဖီးရႈံးပြဲကေန ျပန္လာဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ေပမယ့္ ၾကာသပေတးေန႔က ဆိုက္ကားတိုက္ခံထားရလို႔ ေဒါသထြက္ေနတဲ့ ဝံပုေလြေတြကို အလဲထိုးႏိုင္မွာမဟုတ္ဘူးလို႔ ယုံၾကည္ေနပါတယ္။

ၾကာသပေတးေန႔ညက မိုလီနာကြင္းမွာ ဝုဗ္ကို ၄-၃ နဲ႔ အႏိုင္ရခဲ့တာကို ကမာၻ႔ဖလားရသလို ေအာင္ပြဲခံခဲ့တဲ့ ဂိတ္မႉးေတြကေတာ့ ခရစၥမတ္မတိုင္ခင္က လန္ဒန္ကြင္းမွာ ရႈံးနိမ့္ခဲ့တဲ့ ဝက္စ္ဟမ္းကို တနဂၤေႏြေန႔ အိုးထရက္ဖို႔ဒ္မွာ ရင္ဆိုင္သြားရမွာပါ။ ဆပ္တန္က ဒီပြဲစဥ္ဟာ တစ္ဖက္နဲ႔တစ္ဖက္ ထိုးေဖာက္ဖို႔ ခက္ခဲမယ့္ပြဲတစ္ပြဲျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားၿပီး အိမ္ရွင္ ဂိတ္မႉးေတြက ၁-၀ နဲ႔ အႏိုင္ရသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ ပ်ားတုပ္ခံခဲ့ရတဲ့ ႏို႔ဗူးေလးကေတာ့ ဒီရာသီမွာ ဘရန႔္တ္ဖို႔ဒ္နဲ႔ ၂ ပတ္အတြင္း ၂ ႀကိမ္အထိ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာပါ။ ဒီရာသီမွာေတာ့ ဘရန႔္တ္ဖို႔ဒ္တို႔ မႏွစ္ကလို ၂ ေက်ာ့စလုံး အႏိုင္ရခဲ့တဲ့ ေအာင္ျမင္မႈမ်ိဳး ထပ္ရႏိုင္မွာမဟုတ္ဘူးလို႔ ဆပ္တန္က ယုံၾကည္ေနပါတယ္။

မန္စီးတီးဂိုးသြင္းစက္ ဟာလန္းကေတာ့ ဒဏ္ရာက ျပန္ေကာင္းလာခဲ့ၿပီးေနာက္ ဗုဒၶဟူးေန႔က ဘန္ေလနဲ႔ပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ဘဲ ဟာမလန္းဘူး ျဖစ္သြားခဲ့ေပမယ့္ အေႏွးနဲ႔အျမန္ဆိုသလို ဂိုးေတြ ျပန္သြင္းႏိုင္မွာပါ။ အိမ္ရွင္ ဘရန႔္တ္ဖို႔ဒ္က မန္စီးတီးဘက္ကို ဂိုးသြင္းႏိုင္မွာျဖစ္ေပမယ့္လည္း ဂြါဒီယိုလာရဲ႕အသင္းက ဂိုးေတြ ပိုသြင္းၿပီး ၃-၁ နဲ႔ အေဝးကြင္းႏိုင္ပြဲရသြားလိမ့္မယ္လို႔ ဆပ္တန္က ေဟာကိန္းထုတ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.