Premier League

ဘန် ဝှိုက်နဲ့ ဇင်ချန်ကိုတို့ ပွဲအပြီးမှာ ရန်ဖြစ်နေလို့ ဝင်ဆွဲခဲ့ရတဲ့ အာတီတာ

အာဆင်နယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဘန် ဝှိုက်နဲ့ ဇင်ချန်ကိုတို့ဟာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဒေါသတကြီး စကားများခဲ့ကြပြီးနောက် နည်းပြအာတီတာကိုယ်တိုင် ဖျောင်းဖျခဲ့ရပါတယ်။

ဂန်းနားတွေဟာ ဒုတိယပိုင်း ၆၅ မိနစ်နဲ့ ၇၂ မိနစ်တို့မှာ ဂါဘရီယဲလ် ဂျေဆူးစ်နဲ့ ဆာကာတို့ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး ၈၉ မိနစ်မှာ အိမ်ရှင်တွေအတွက် အဝိုနီယီက ချေပဂိုး တစ်ဂိုး ပြန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အရေးကြီးတဲ့ အနိုင် ၃ မှတ်ကို အရယူနိုင်ခဲ့တာကြောင့် ယခုအပတ် လီဗာပူးလ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်တွေမတိုင်ခင် အမှတ်ပေးဇယားဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပေမယ့်လည်း ပွဲအပြီးမှာ ဇင်ချန်ကိုနဲ့ ဘန် ဝှိုက်တို့ကြား ခိုက်ရန်ဖြစ်ပွားမှု ရှိခဲ့တာဖြစ်ပါတယ်။

ဘန် ဝှိုက်နဲ့ ဇင်ချန်ကိုတို့ဟာ နော်တင်ဟမ်ဖောရက်စ်ကို ပြန်ပေးခဲ့ရတဲ့ ချေပဂိုးနဲ့ပတ်သက်ပြီး အငြင်းပွားခဲ့ရာကနေ တင်းမာမှု မြင့်တက်လာခဲ့တာကြောင့် အာဆင်နယ်နည်းပြအဖွဲ့ဝင်တွေက ဝင်ဆွဲခဲ့ရတာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေထဲမှာ ဘန် ဝှိုက်နဲ့ ဇင်ချန်ကိုတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အော်ဟစ်ခဲ့ကြပြီး နောက်ဆုံးမှာ အာတီတာက ကြားဝင်ပြီး ယူကရိန်းနောက်ခံကစားသမားနဲ့ နှစ်ကိုယ်ကြား စကားပြောခဲ့တာဖြစ်ပါတယ်။

အာတီတာက ပွဲအပြီးမှာ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး “ကျွန်တော် အဲဒါမျိုးကို သဘောကျပါတယ်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ပိုတောင်းဆိုကြပြီး ဂိုးပေးလိုက် ရတာကို မကျေမနပ်ဖြစ်ခဲ့ပြီး အချင်းချင်း ငြင်းခုံ ဖြေရှင်းဖို့ ကြိုးစားတာပါ။ တစ်ခါတစ်လေ ပွဲအပြီးမှာ စိတ်ခံစားမှုတွေများပြီး သွေးဆူခဲ့ကြပေမယ့် ကစားသမားတွေ အချင်းချင်း တွန်းအားပေးကာ ပိုမိုထူးချွန်မှုကိုရဖို့ စိတ်အားထက်သန်စွာ တောင်းဆိုတာကိုတော့ ကျွန်တော် သဘောကျပါတယ်။ ကျွန်တော်အနေနဲ့ အဲဒါကို မှန်ကန်တဲ့ နည်းလမ်း၊လေးစားမှုရှိတဲ့ နည်းလမ်းတွေနဲ့ ဖြစ်လာအောင် အားပေးရမယ်။ ပေးလိုက်ရတဲ့ ဂိုးကြောင့် နည်းနည်းတော့ စိတ်ပူခဲ့မိတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့ ကစားပုံက မလုံလောက်ဘူးလို့ ဆိုလိုတာပါ၊ ရလဒ်က အခုထက် ပိုပြီး ဂိုးပြတ်ကြီးမားရမယ်လေ” လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ဘန္ ဝႈိက္နဲ႔ ဇင္ခ်န္ကိုတို႔ဟာ ေနာ္တင္ဟမ္ေဖာရက္စ္ကို ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ေဒါသတႀကီး စကားမ်ားခဲ့ၾကၿပီးေနာက္ နည္းျပအာတီတာကိုယ္တိုင္ ေဖ်ာင္းဖ်ခဲ့ရပါတယ္။

ဂန္းနားေတြဟာ ဒုတိယပိုင္း ၆၅ မိနစ္နဲ႔ ၇၂ မိနစ္တို႔မွာ ဂါဘရီယဲလ္ ေဂ်ဆူးစ္နဲ႔ ဆာကာတို႔ သြင္းယူခဲ့တဲ့ သြင္းဂိုးေၾကာင့္ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ၈၉ မိနစ္မွာ အိမ္ရွင္ေတြအတြက္ အဝိုနီယီက ေခ်ပဂိုး တစ္ဂိုး ျပန္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ အေရးႀကီးတဲ့ အႏိုင္ ၃ မွတ္ကို အရယူႏိုင္ခဲ့တာေၾကာင့္ ယခုအပတ္ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ရဲ႕ ပြဲစဥ္ေတြမတိုင္ခင္ အမွတ္ေပးဇယားဒုတိယေနရာကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း ပြဲအၿပီးမွာ ဇင္ခ်န္ကိုနဲ႔ ဘန္ ဝႈိက္တို႔ၾကား ခိုက္ရန္ျဖစ္ပြားမႈ ရွိခဲ့တာျဖစ္ပါတယ္။

ဘန္ ဝႈိက္နဲ႔ ဇင္ခ်န္ကိုတို႔ဟာ ေနာ္တင္ဟမ္ေဖာရက္စ္ကို ျပန္ေပးခဲ့ရတဲ့ ေခ်ပဂိုးနဲ႔ပတ္သက္ၿပီး အျငင္းပြားခဲ့ရာကေန တင္းမာမႈ ျမင့္တက္လာခဲ့တာေၾကာင့္ အာဆင္နယ္နည္းျပအဖြဲ႕ဝင္ေတြက ဝင္ဆြဲခဲ့ရတာျဖစ္ပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ထြက္ေပၚလာတဲ့ ဓာတ္ပုံေတြထဲမွာ ဘန္ ဝႈိက္နဲ႔ ဇင္ခ်န္ကိုတို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ေအာ္ဟစ္ခဲ့ၾကၿပီး ေနာက္ဆုံးမွာ အာတီတာက ၾကားဝင္ၿပီး ယူကရိန္းေနာက္ခံကစားသမားနဲ႔ ႏွစ္ကိုယ္ၾကား စကားေျပာခဲ့တာျဖစ္ပါတယ္။

အာတီတာက ပြဲအၿပီးမွာ အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး “ကြၽန္ေတာ္ အဲဒါမ်ိဳးကို သေဘာက်ပါတယ္။ သူတို႔က တစ္ေယာက္ကိုတစ္ေယာက္ ပိုေတာင္းဆိုၾကၿပီး ဂိုးေပးလိုက္ ရတာကို မေက်မနပ္ျဖစ္ခဲ့ၿပီး အခ်င္းခ်င္း ျငင္းခုံ ေျဖရွင္းဖို႔ ႀကိဳးစားတာပါ။ တစ္ခါတစ္ေလ ပြဲအၿပီးမွာ စိတ္ခံစားမႈေတြမ်ားၿပီး ေသြးဆူခဲ့ၾကေပမယ့္ ကစားသမားေတြ အခ်င္းခ်င္း တြန္းအားေပးကာ ပိုမိုထူးခြၽန္မႈကိုရဖို႔ စိတ္အားထက္သန္စြာ ေတာင္းဆိုတာကိုေတာ့ ကြၽန္ေတာ္ သေဘာက်ပါတယ္။ ကြၽန္ေတာ္အေနနဲ႔ အဲဒါကို မွန္ကန္တဲ့ နည္းလမ္း၊ေလးစားမႈရွိတဲ့ နည္းလမ္းေတြနဲ႔ ျဖစ္လာေအာင္ အားေပးရမယ္။ ေပးလိုက္ရတဲ့ ဂိုးေၾကာင့္ နည္းနည္းေတာ့ စိတ္ပူခဲ့မိတယ္။ ဆိုလိုခ်င္တာက ကြၽန္ေတာ္တို႔ ကစားပုံက မလုံေလာက္ဘူးလို႔ ဆိုလိုတာပါ၊ ရလဒ္က အခုထက္ ပိုၿပီး ဂိုးျပတ္ႀကီးမားရမယ္ေလ” လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.