International

ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး မော်ရိုကို ပြုတ်ခဲ့တဲ့ပွဲမှာ ၂ ခါပြန်ထုတ်ခံခဲ့ရတဲ့ သရဲနီကြယ်ပွင့်

ပရိသတ်တွေဟာ မော်ရိုကို အာဖရိကဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ်ဟာ ၂ ခါပြန် ထုတ်ခံခဲ့ရတာကို လှောင်ပြောင်ခဲ့ကြပါတယ်။

အမ်မရာဘတ်ဟာ မန်ချက်စတာယူနိုက်တက်ကို ဖီအိုရင်တီးနားကနေ ပြီးခဲ့တဲ့နွေရာသီနောက်ဆုံးနေ့မှာ ပေါင် ၈.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် မျှော်မှန်းထားတဲ့ ခြေစွမ်းအတိုင်း ပြသဖို့ ရုန်းကန်နေခဲ့ရသူဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ် ၁၃ ပွဲ ပါဝင်ကစားပေးနိုင်ခဲ့တဲ့အခြေအနေမှာ ၇ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီမှာ အပြီးသတ်ဝယ်ယူခွင့် ပေါင် ၂၁.၄ သန်းကို အသက်သွင်းခြင်းခံခဲ့ရပြီးနောက် အိုးထရက်ဖို့ဒ်မှာ ဘာမှ လုပ်ပြနိုင်ခြင်းမရှိသေးဘူးလို့ အပြောခံခဲ့ရသူစြဖ်ပါတယ်။

အမ်မရာဘတ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ဆုံး ၃ ပွဲကို မော်ရိုကိုအတွက် အာဖရိကဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတာကြောင့် လွဲချော်ခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြသနိုင်ရင် အိုးထရက်ဖို့ဒ်က စိတ်ပျက်စရာအချိန်တွေကို မေ့ပစ်နိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း ပိုတောင် စိတ်ပျက်ခဲ့ရတာဖြစ်ပါတယ်။

အင်္ဂါနေ့ညက ၂၀၂၂ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့ မော်ရိုကိုဟာ တောင်အာဖရိကအသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဖီဖာအဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၃ နေရာမှာ ရှိနေတဲ့ အကောင်းဆုံး အာဖရိကအသင်းကြီးတစ်သင်းအတွက်တော့ ပြိုင်ပွဲသမိုင်းမှာ စိတ်ပျက်စရာအကောင်းဆုံးပွဲစဉ်တွေထဲက တစ်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

အမ်မရာဘတ်ဟာ နာကျင်အချိန်ပိုမှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရချိန်မှာ အခြေအနေတွေက ပိုလို့တောင် ဆိုးရွားခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟာ တောင်အာဖရိကကွင်းလယ်လူ တီဘိုဟို မိုကိုးနာကို ပင်နယ်တီဧရိယာထဲကို ယှဉ်ပြေးနေရင်း ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့တဲ့အတွက် ဒုတိယအဝါကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ရလဒ်အနေနဲ့ တောင်အာဖရိကအသင်းဟာ အလွတ်တည်ကန်ကနေ ဂိုးသွင်းယူသွားခဲ့တာကြောင့် အမ်မရာဘတ်အတွက် ပိုလို့တောင် စိတ်ပျက်စရာဖြစ်ခဲ့ပြီး မန်ယူနိုက်တက်ကွင်းလယ်လူဟာ ကွင်းလယ်ဒိုင်က VAR သွားကြည့်ဖို့ ညွှန်ကြားခြင်းခံခဲ့ရတာကြောင့် အဝါကတ်ကို ပယ်ဖျက်ခံရမယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း ဒိုင်လူကြီးက မော်ရိုကိုကြယ်ပွင့်ဟာ နောက်ဆုံးခံစစ်မှူးဖြစ်သလို ဘောလုံးကစားဖို့ ကြိုးပမ်းခဲ့ခြင်းမရှိတာကြောင့် တိုက်ရိုက်အနီကတ် ပြသခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေဟာ အမ်မရာဘတ်ဟာ ပထမဦးဆုံး ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဒိုင်လူကြီးက အဝါကတ်ကို ပယ်ဖျက်ခဲ့ပြီး တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာကြောင့် ၂ ခါပြန်အထုတ်ခံခဲ့ရတာဖြစ်တယ်လို့ လူမှုကွန်ရက်ပေါ်မှာ လှောင်ပြောင်နေကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရိသတ္ေတြဟာ ေမာ္႐ိုကို အာဖရိကဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတဲ့ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဆိုဖရန္ အမ္မရာဘတ္ဟာ ၂ ခါျပန္ ထုတ္ခံခဲ့ရတာကို ေလွာင္ေျပာင္ခဲ့ၾကပါတယ္။

အမ္မရာဘတ္ဟာ မန္ခ်က္စတာယူႏိုက္တက္ကို ဖီအိုရင္တီးနားကေန ၿပီးခဲ့တဲ့ေႏြရာသီေနာက္ဆုံးေန႔မွာ ေပါင္ ၈.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ ေမွ်ာ္မွန္းထားတဲ့ ေျခစြမ္းအတိုင္း ျပသဖို႔ ႐ုန္းကန္ေနခဲ့ရသူျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ ကစားသမားဟာ ပရီးမီးယားလိဂ္ ၁၃ ပြဲ ပါဝင္ကစားေပးႏိုင္ခဲ့တဲ့အေျခအေနမွာ ၇ ပြဲသာ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိခဲ့ၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ အၿပီးသတ္ဝယ္ယူခြင့္ ေပါင္ ၂၁.၄ သန္းကို အသက္သြင္းျခင္းခံခဲ့ရၿပီးေနာက္ အိုးထရက္ဖို႔ဒ္မွာ ဘာမွ လုပ္ျပႏိုင္ျခင္းမရွိေသးဘူးလို႔ အေျပာခံခဲ့ရသူျစဖ္ပါတယ္။

အမ္မရာဘတ္ဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေနာက္ဆုံး ၃ ပြဲကို ေမာ္႐ိုကိုအတြက္ အာဖရိကဖလားၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ေနတာေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီး လက္ေ႐ြးစင္အသင္းအတြက္ ေျခစြမ္းျပသႏိုင္ရင္ အိုးထရက္ဖို႔ဒ္က စိတ္ပ်က္စရာအခ်ိန္ေတြကို ေမ့ပစ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္လည္း ပိုေတာင္ စိတ္ပ်က္ခဲ့ရတာျဖစ္ပါတယ္။

အဂၤါေန႔ညက ၂၀၂၂ ကမာၻ႔ဖလားဆီမီးဖိုင္နယ္တက္ေရာက္ႏိုင္ခဲ့တဲ့ ေမာ္႐ိုကိုဟာ ေတာင္အာဖရိကအသင္းကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ဖီဖာအဆင့္သတ္မွတ္ခ်က္မွာ အဆင့္ ၁၃ ေနရာမွာ ရွိေနတဲ့ အေကာင္းဆုံး အာဖရိကအသင္းႀကီးတစ္သင္းအတြက္ေတာ့ ၿပိဳင္ပြဲသမိုင္းမွာ စိတ္ပ်က္စရာအေကာင္းဆုံးပြဲစဥ္ေတြထဲက တစ္ပြဲျဖစ္ခဲ့တာျဖစ္ပါတယ္။

အမ္မရာဘတ္ဟာ နာက်င္အခ်ိန္ပိုမွာ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရခ်ိန္မွာ အေျခအေနေတြက ပိုလို႔ေတာင္ ဆိုး႐ြားခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူဟာ ေတာင္အာဖရိကကြင္းလယ္လူ တီဘိုဟို မိုကိုးနာကို ပင္နယ္တီဧရိယာထဲကို ယွဥ္ေျပးေနရင္း ၾကမ္းၾကမ္းတမ္းတမ္း ကစားခဲ့တဲ့အတြက္ ဒုတိယအဝါကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

ရလဒ္အေနနဲ႔ ေတာင္အာဖရိကအသင္းဟာ အလြတ္တည္ကန္ကေန ဂိုးသြင္းယူသြားခဲ့တာေၾကာင့္ အမ္မရာဘတ္အတြက္ ပိုလို႔ေတာင္ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး မန္ယူႏိုက္တက္ကြင္းလယ္လူဟာ ကြင္းလယ္ဒိုင္က VAR သြားၾကည့္ဖို႔ ၫႊန္ၾကားျခင္းခံခဲ့ရတာေၾကာင့္ အဝါကတ္ကို ပယ္ဖ်က္ခံရမယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္လည္း ဒိုင္လူႀကီးက ေမာ္႐ိုကိုၾကယ္ပြင့္ဟာ ေနာက္ဆုံးခံစစ္မႉးျဖစ္သလို ေဘာလုံးကစားဖို႔ ႀကိဳးပမ္းခဲ့ျခင္းမရွိတာေၾကာင့္ တိုက္႐ိုက္အနီကတ္ ျပသခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြဟာ အမ္မရာဘတ္ဟာ ပထမဦးဆုံး ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ဒိုင္လူႀကီးက အဝါကတ္ကို ပယ္ဖ်က္ခဲ့ၿပီး တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခဲ့တာေၾကာင့္ ၂ ခါျပန္အထုတ္ခံခဲ့ရတာျဖစ္တယ္လို႔ လူမႈကြန္ရက္ေပၚမွာ ေလွာင္ေျပာင္ေနၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.