International

လူစာရင်းကချန်လှပ်ခံရပြီးနောက် တကယ့်ခေါင်နဲ့မှ ပြဿနာတက်ခဲ့တဲ့ အိုနာနာ

အန်ဒရီ အိုနာနာဟာ အင်္ဂါနေ့က ကင်မရွန်းရဲ့ အရေးကြီးတဲ့ အာဖရိကဖလားအုပ်စုပွဲစဉ်အတွက် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဆမ်မြူရယ် အီတူးနဲ့ ပြဿနာတက်ခဲ့တယ်လို့ သိရပါတယ်။

အိုနာနာဟာ မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးဖို့ ရွေးချယ်ခဲ့ပြီးနောက် ကင်မရွန်းရဲ့ အာဖရိဖလားအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့တာဖြစ်ပြီး အုပ်စု ဒုတိယပွဲစဉ်အဖြစ် ဆီနီဂေါကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ပြန်ရခဲ့ပေမယ့်လည်း ဆိုးရွားတဲ့ စွမ်းဆောင်ရည်သာ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အိုနာနာဟာ ကင်မရွန်းရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဂမ်ဘီယာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံထိုင်ခဲ့ရပြီး နည်းပြ ရီဂိုဘတ် ဆောင်းက မန်ယူနိုက်တက်ဂိုးသမားရဲ့ ညီဝမ်းကွဲစြဖ်တဲ့ ဖက်ဘရစ် အွန်ဒိုအာကို ပွဲထွက်ခွင့်ပေးဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အိုနာနာဟာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတာနဲ့ပတ်သက်ပြီး ဒေါသပေါက်ကွဲခဲ့ပြီး ဂမ်ဘီယာနဲ့ အုပ်စုနောက်ဆုံးပွဲမကန်ခင် ကင်မရွန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဆမ်မြူရယ် အီတူးနဲ့ ပြဿနာတက်ခဲ့တယ်လို့ သိရပါတယ်။

“ဂိုးသမားအပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်ခဲ့တာက နည်းပြ ဆောင်းဖြစ်ပြီး အသင်းက ကစားသမားတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ အွန်ဒိုအာကို ကျောနံပါတ် ၁ အဖြစ် ပြန်သုံးခဲ့တာပါ။ ဒီမနက်(အင်္ဂါနေ့)မှ သူ(အိုနာနာ) မကစားရဘူးဆိုတာကို သိခဲ့တာပါ။ သူ အီတူးနဲ့ စကားများခဲ့ပေမယ့်လည်း ဥက္ကဌက သူ့ကို ဘာမှ ပြန်မတုံ့ပြန်ခဲ့ပါဘူး။ အိုနာနာက စိတ်လွတ်သွားခဲ့ပြီး ပြီးတော့မှ စိတ်လျှော့ပြီး သူ့ရဲ့ ကံကြမ္မာကို လက်ခံခဲ့ပါတယ်။”လို့ ကင်မရွန်းလူစာရင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အန္ဒရီ အိုနာနာဟာ အဂၤါေန႔က ကင္မ႐ြန္းရဲ႕ အေရးႀကီးတဲ့ အာဖရိကဖလားအုပ္စုပြဲစဥ္အတြက္ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရၿပီးေနာက္ ကင္မ႐ြန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ ဆမ္ျမဴရယ္ အီတူးနဲ႔ ျပႆနာတက္ခဲ့တယ္လို႔ သိရပါတယ္။

အိုနာနာဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ကစားေပးဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီးေနာက္ ကင္မ႐ြန္းရဲ႕ အာဖရိဖလားအဖြင့္ပြဲစဥ္ကို လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး အုပ္စု ဒုတိယပြဲစဥ္အျဖစ္ ဆီနီေဂါကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ပြဲထြက္ခြင့္ျပန္ရခဲ့ေပမယ့္လည္း ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္သာ ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

အိုနာနာဟာ ကင္မ႐ြန္းရဲ႕ အုပ္စုေနာက္ဆုံးပြဲစဥ္အျဖစ္ ဂမ္ဘီယာနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ အရန္ခုံထိုင္ခဲ့ရၿပီး နည္းျပ ရီဂိုဘတ္ ေဆာင္းက မန္ယူႏိုက္တက္ဂိုးသမားရဲ႕ ညီဝမ္းကြဲျစဖ္တဲ့ ဖက္ဘရစ္ အြန္ဒိုအာကို ပြဲထြက္ခြင့္ေပးဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

အိုနာနာဟာ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ျခင္း ခံခဲ့ရတာနဲ႔ပတ္သက္ၿပီး ေဒါသေပါက္ကြဲခဲ့ၿပီး ဂမ္ဘီယာနဲ႔ အုပ္စုေနာက္ဆုံးပြဲမကန္ခင္ ကင္မ႐ြန္းေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌ ဆမ္ျမဴရယ္ အီတူးနဲ႔ ျပႆနာတက္ခဲ့တယ္လို႔ သိရပါတယ္။

“ဂိုးသမားအေျပာင္းအလဲလုပ္ဖို႔ ဆုံးျဖတ္ခဲ့တာက နည္းျပ ေဆာင္းျဖစ္ၿပီး အသင္းက ကစားသမားေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီးတဲ့ေနာက္မွာ အြန္ဒိုအာကို ေက်ာနံပါတ္ ၁ အျဖစ္ ျပန္သုံးခဲ့တာပါ။ ဒီမနက္(အဂၤါေန႔)မွ သူ(အိုနာနာ) မကစားရဘူးဆိုတာကို သိခဲ့တာပါ။ သူ အီတူးနဲ႔ စကားမ်ားခဲ့ေပမယ့္လည္း ဥကၠဌက သူ႔ကို ဘာမွ ျပန္မတုံ႔ျပန္ခဲ့ပါဘူး။ အိုနာနာက စိတ္လြတ္သြားခဲ့ၿပီး ၿပီးေတာ့မွ စိတ္ေလွ်ာ့ၿပီး သူ႔ရဲ႕ ကံၾကမၼာကို လက္ခံခဲ့ပါတယ္။”လို႔ ကင္မ႐ြန္းလူစာရင္းနဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္တစ္ဦးက ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.