Match Report Premier League

ဖောရက်စ်ကို အဝေးကွင်းနိုင်ပွဲယူပြီး လီဗာပူးလ်ကို ဖိအားပေးလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ စမစ်ရိုးနဲ့‌ အော်ဒီဂွါဒ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ ဂျေဆူးစ်တို့ကိုပဲ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် နော့တင်ဟမ်ဖောရက်စ်တို့ကတော့ ဂိုးသမား မတ်တာနာ၊ ခံစစ်မှာ အိုမိုဘာမီဒီလီ၊ မူရီလို၊ မွန်တီယယ်လ်နဲ့ တော့ဖိုလိုတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဒါနီလို၊ မန်ဂါလာ၊ ဂစ်ဘ်စ်-ဝှိုက်၊ နီကို ဝီလီယမ်စ်နဲ့ ဒိုမင်ရက်ဇ်တို့ကို စုဖွဲ့ပေးခဲ့ပြီး တိုက်စစ်မှာတော့ ခရစ္စဝုဒ် တစ်ဦးတည်းကို တင်ကစားခဲ့တာပါ။

အဝေးကွင်းမှာ အာဆင်နယ်တို့ပဲ ဘောလုံးပိုင်ဆိုင်မှုကို အများဆုံး ထိန်းသိမ်းထားနိုင်ခဲ့သလို ဟာဗတ်ဇ်နေရာမှာ ပါဝင်လာတဲ့ စမစ်ရိုးက မာတီနယ်လီနဲ့ Interchange ကစားပြီး ဘယ်ခြမ်းကို ကူဖို့ ကြိုးစားခဲ့ပေမယ့် သူတို့နှစ်ဦးအပြင် ဇင်ချန်ကိုနဲ့ တွဲဖက်မှုတွေမှာ နားလည်မှု နည်းနေသေးလို့ ထင်သလောက် အလုပ်မဖြစ်ခဲ့တာကို တွေ့ရပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်တို့ ဂိုးပေါက်နှစ်ကြိမ်သာ တည့်ခဲ့ပြီး ဖောရက်စ်ခံစစ်ကို ဦးဆောင်နေတဲ့ ဘရာဇီးလ်သား မူရီလိုကိုလည်း မကျော်နိုင်ခဲ့ကြတာကြောင့် ဘောလုံးပိုင်ဆိုင်မှု ၈၁ ရာခိုင်နှုန်းနဲ့ အီလည်လည်ဖြစ်ခဲ့ရပြီး တိုက်စစ်မှူးကောင်းကောင်း မရှိဘဲနဲ့ ပရိသတ်တွေကို ဂျင်းထည့်ဦးမယ့် နောက်တစ်ရာသီကို မြင်ရဦးမှာလားလို့ တွေးစရာလည်းဖြစ်ခဲ့ရတာပါ။

ဒုတိယပိုင်းမှာတော့ ဖောရက်စ်တို့က တိုက်စစ်မှာ ခရစ္စဝုဒ်အစား အဝိုနီယီကို ထည့်သွင်းပြီး Pressing ကစားလာခဲ့သလို အာဆင်နယ်တို့ရဲ့ ကွင်းလယ်အခြေပြု အပေးအယူ ကစားကွက်ကို ဖျက်ဖို့ လုပ်ဆောင်လာခဲ့ချိန်မှာ ဧည့်သည်တွေ ရုန်းကန်လာခဲ့ရပြီး ခံစစ်က ဆာလီဘာနဲ့ ဂါဘရီယယ်လ်တို့ မတည်မငြိမ်ဖြစ်လာခဲ့ပေမယ့် ကံတရားကတော့ ဖေးမနေခဲ့ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက လက်ပစ်ဘောကို ဇင်ချန်ကို အမြန်မြှောက်ပေးရာမှာ ဒီနေ့မှာ နန်းမတော် မယ်နုဖြစ်နေပြီး ဒရာမာခင်းဖို့ပဲလုပ်နေတဲ့ နီကို ဝီလီယမ်စ်ကြောင့် လစ်ဟာနေတဲ့ ခံစစ်ကြားကနေ ဂျေဆူးစ် ဧရိယာထဲ ဆွဲဝင်ပြီး ထောင့်ကျဉ်းအနေအထားက ချိုးကန်သွင်းရာမှာ ဂိုးသမား တာနာရဲ့ ပေါင်ကြားကနေ ဝင်သွားခဲ့တာပါ။

ဖောရက်စ်တို့ဘက်က ဒိုမင်ရက်ဇ်နဲ့ မန်ဂါလာတို့အစား ဟဒ်ဆန်-အိုဒွိုင်းနဲ့ ယိတ်စ်တို့ကို လဲကစားလာခဲ့သလို အာဆင်နယ်တို့ဘက်ကတော့ ပထမပိုင်းကလို ဘယ်ခြမ်းမှာ ကူမကစားဘဲ အလယ်ဝင်ပြီး တိုင်ပတ်နေခဲ့တဲ့ စမစ်ရိုးအစား ဟာဗတ်ဇ်ကို အပြောင်းအလဲလုပ်ခဲ့ပြီး ပွဲကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ အလောတကြီး လူပေးမှားတဲ့ ကမ္ဘာ့ဖလားပင်နယ်တီအနိုင်ဂိုးရှင် မွန်တီယယ်လ်ကြောင့် အော်ဒီဂွါဒ်က ဖြတ်တားပြီး ဘယ်တောင်ပံကို ထိုးပေးလိုက်တဲ့ ဘောလုံးကို ဂျေဆူးစ်က ဆွဲပြေးပြီး ညာခြမ်းကို ပြန်ခင်းပေးရာမှာ ဆာကာက အဝေးတိုင်ထောင့်ကို ညာခြေနဲ့ ချိုးကန်သွင်းနိုင်ခဲ့တာပါ။

ဒီနောက်မှာ ဖောရက်စ်တို့ဘက်က နီကို ဝီလီယမ်စ်အစား အီလန်ဂါလို မြန်နှုန်းမြင့် ကစားသမားကို ထည့်ကစားလာချိန်မှာတော့ အာတီတာရဲ့ အမြော်အမြင်နည်းတဲ့ လူစားလဲမှုအဖြစ် ခံစစ်ကို အမြန်နှုန်းနဲ့ လိုက်ကူပေးမယ့် မာတီနယ်လီအစား ထရော့ဆတ်လို မဖျက်နိုင်တဲ့သူနဲ့ လဲခဲ့တာကို တွေ့ခဲ့ရပြီး ကွင်းလယ်မှာ ချိတ်ဆက်ပေးနေတဲ့ ဂျေဆူးစ်အစားလည်း ရှေ့မှာပဲ နေမယ့် နကီးတီးယားကို ထည့်ခဲ့တာက ညံ့ဖျင်းမှုပဲဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ ဖောရက်စ်တို့ ချေပဂိုးတစ်ဂိုး ပြန်သွင်းသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်က ကန်တင်ပေးလိုက်တဲ့‌ ဘောလုံးကို လူကျွံဘောလည်း မဖမ်းနိုင်၊ ခေါင်းလည်း မတိုက်နိုင်၊ လုလည်း မလုနိုင်၊ တားလည်း မတားနိုင်တဲ့ ဇင်ချန်ကိုကြောင့် မွန်တီယယ်လ်က ဧရိယာထဲကို ခေါင်းတိုက်ချပေးနိုင်ခဲ့တာကို အာရုံစူးစိုက်မှု အားနည်းတဲ့ ဆာလီဘာနဲ့ ဂါဘရီယယ်လ်တို့ကြားကနေ အဝိုနီယီက အလျင်အမြန် ကန်သွင်းယူခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ အာဆင်နယ်တို့ဘက်က အော်ဒီဂွါဒ်နဲ့ ဇင်ချန်ကိုတို့အစား ဂျော်ဂျင်ညိုနဲ့ ကီဗီယာတို့ကို ထည့်ပြီး ပိတ်ကစားရင်း သုံးမှတ်ယူသွားခဲ့ကြသလို အဝေးကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ၄၆ မှတ်နဲ့ ဒုတိယနေရာကနေ ဒီတစ်ပတ်မှာ ချဲလ်ဆီးနဲ့ ကစားရမယ့် လီဗာပူးလ်တို့ကို ဖိအားပေးနိုင်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ စမစ္႐ိုးနဲ႔‌ ေအာ္ဒီဂြါဒ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ ေဂ်ဆူးစ္တို႔ကိုပဲ ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ေနာ့တင္ဟမ္ေဖာရက္စ္တို႔ကေတာ့ ဂိုးသမား မတ္တာနာ၊ ခံစစ္မွာ အိုမိုဘာမီဒီလီ၊ မူရီလို၊ မြန္တီယယ္လ္နဲ႔ ေတာ့ဖိုလိုတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဒါနီလို၊ မန္ဂါလာ၊ ဂစ္ဘ္စ္-ဝႈိက္၊ နီကို ဝီလီယမ္စ္နဲ႔ ဒိုမင္ရက္ဇ္တို႔ကို စုဖြဲ႕ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ခရစၥဝုဒ္ တစ္ဦးတည္းကို တင္ကစားခဲ့တာပါ။

အေဝးကြင္းမွာ အာဆင္နယ္တို႔ပဲ ေဘာလုံးပိုင္ဆိုင္မႈကို အမ်ားဆုံး ထိန္းသိမ္းထားႏိုင္ခဲ့သလို ဟာဗတ္ဇ္ေနရာမွာ ပါဝင္လာတဲ့ စမစ္႐ိုးက မာတီနယ္လီနဲ႔ Interchange ကစားၿပီး ဘယ္ျခမ္းကို ကူဖို႔ ႀကိဳးစားခဲ့ေပမယ့္ သူတို႔ႏွစ္ဦးအျပင္ ဇင္ခ်န္ကိုနဲ႔ တြဲဖက္မႈေတြမွာ နားလည္မႈ နည္းေနေသးလို႔ ထင္သေလာက္ အလုပ္မျဖစ္ခဲ့တာကို ေတြ႕ရပါတယ္။

ပထမပိုင္းမွာ အာဆင္နယ္တို႔ ဂိုးေပါက္ႏွစ္ႀကိမ္သာ တည့္ခဲ့ၿပီး ေဖာရက္စ္ခံစစ္ကို ဦးေဆာင္ေနတဲ့ ဘရာဇီးလ္သား မူရီလိုကိုလည္း မေက်ာ္ႏိုင္ခဲ့ၾကတာေၾကာင့္ ေဘာလုံးပိုင္ဆိုင္မႈ ၈၁ ရာခိုင္ႏႈန္းနဲ႔ အီလည္လည္ျဖစ္ခဲ့ရၿပီး တိုက္စစ္မႉးေကာင္းေကာင္း မရွိဘဲနဲ႔ ပရိသတ္ေတြကို ဂ်င္းထည့္ဦးမယ့္ ေနာက္တစ္ရာသီကို ျမင္ရဦးမွာလားလို႔ ေတြးစရာလည္းျဖစ္ခဲ့ရတာပါ။

ဒုတိယပိုင္းမွာေတာ့ ေဖာရက္စ္တို႔က တိုက္စစ္မွာ ခရစၥဝုဒ္အစား အဝိုနီယီကို ထည့္သြင္းၿပီး Pressing ကစားလာခဲ့သလို အာဆင္နယ္တို႔ရဲ႕ ကြင္းလယ္အေျချပဳ အေပးအယူ ကစားကြက္ကို ဖ်က္ဖို႔ လုပ္ေဆာင္လာခဲ့ခ်ိန္မွာ ဧည့္သည္ေတြ ႐ုန္းကန္လာခဲ့ရၿပီး ခံစစ္က ဆာလီဘာနဲ႔ ဂါဘရီယယ္လ္တို႔ မတည္မၿငိမ္ျဖစ္လာခဲ့ေပမယ့္ ကံတရားကေတာ့ ေဖးမေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး ရရွိသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက လက္ပစ္ေဘာကို ဇင္ခ်န္ကို အျမန္ေျမႇာက္ေပးရာမွာ ဒီေန႔မွာ နန္းမေတာ္ မယ္ႏုျဖစ္ေနၿပီး ဒရာမာခင္းဖို႔ပဲလုပ္ေနတဲ့ နီကို ဝီလီယမ္စ္ေၾကာင့္ လစ္ဟာေနတဲ့ ခံစစ္ၾကားကေန ေဂ်ဆူးစ္ ဧရိယာထဲ ဆြဲဝင္ၿပီး ေထာင့္က်ဥ္းအေနအထားက ခ်ိဳးကန္သြင္းရာမွာ ဂိုးသမား တာနာရဲ႕ ေပါင္ၾကားကေန ဝင္သြားခဲ့တာပါ။

ေဖာရက္စ္တို႔ဘက္က ဒိုမင္ရက္ဇ္နဲ႔ မန္ဂါလာတို႔အစား ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ယိတ္စ္တို႔ကို လဲကစားလာခဲ့သလို အာဆင္နယ္တို႔ဘက္ကေတာ့ ပထမပိုင္းကလို ဘယ္ျခမ္းမွာ ကူမကစားဘဲ အလယ္ဝင္ၿပီး တိုင္ပတ္ေနခဲ့တဲ့ စမစ္႐ိုးအစား ဟာဗတ္ဇ္ကို အေျပာင္းအလဲလုပ္ခဲ့ၿပီး ပြဲကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ အာဆင္နယ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ အေလာတႀကီး လူေပးမွားတဲ့ ကမာၻ႔ဖလားပင္နယ္တီအႏိုင္ဂိုးရွင္ မြန္တီယယ္လ္ေၾကာင့္ ေအာ္ဒီဂြါဒ္က ျဖတ္တားၿပီး ဘယ္ေတာင္ပံကို ထိုးေပးလိုက္တဲ့ ေဘာလုံးကို ေဂ်ဆူးစ္က ဆြဲေျပးၿပီး ညာျခမ္းကို ျပန္ခင္းေပးရာမွာ ဆာကာက အေဝးတိုင္ေထာင့္ကို ညာေျခနဲ႔ ခ်ိဳးကန္သြင္းႏိုင္ခဲ့တာပါ။

ဒီေနာက္မွာ ေဖာရက္စ္တို႔ဘက္က နီကို ဝီလီယမ္စ္အစား အီလန္ဂါလို ျမန္ႏႈန္းျမင့္ ကစားသမားကို ထည့္ကစားလာခ်ိန္မွာေတာ့ အာတီတာရဲ႕ အေျမာ္အျမင္နည္းတဲ့ လူစားလဲမႈအျဖစ္ ခံစစ္ကို အျမန္ႏႈန္းနဲ႔ လိုက္ကူေပးမယ့္ မာတီနယ္လီအစား ထေရာ့ဆတ္လို မဖ်က္ႏိုင္တဲ့သူနဲ႔ လဲခဲ့တာကို ေတြ႕ခဲ့ရၿပီး ကြင္းလယ္မွာ ခ်ိတ္ဆက္ေပးေနတဲ့ ေဂ်ဆူးစ္အစားလည္း ေရွ႕မွာပဲ ေနမယ့္ နကီးတီးယားကို ထည့္ခဲ့တာက ညံ့ဖ်င္းမႈပဲျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ ေဖာရက္စ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္သြင္းသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္က ကန္တင္ေပးလိုက္တဲ့‌ ေဘာလုံးကို လူကြၽံေဘာလည္း မဖမ္းႏိုင္၊ ေခါင္းလည္း မတိုက္ႏိုင္၊ လုလည္း မလုႏိုင္၊ တားလည္း မတားႏိုင္တဲ့ ဇင္ခ်န္ကိုေၾကာင့္ မြန္တီယယ္လ္က ဧရိယာထဲကို ေခါင္းတိုက္ခ်ေပးႏိုင္ခဲ့တာကို အာ႐ုံစူးစိုက္မႈ အားနည္းတဲ့ ဆာလီဘာနဲ႔ ဂါဘရီယယ္လ္တို႔ၾကားကေန အဝိုနီယီက အလ်င္အျမန္ ကန္သြင္းယူခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အာဆင္နယ္တို႔ဘက္က ေအာ္ဒီဂြါဒ္နဲ႔ ဇင္ခ်န္ကိုတို႔အစား ေဂ်ာ္ဂ်င္ညိဳနဲ႔ ကီဗီယာတို႔ကို ထည့္ၿပီး ပိတ္ကစားရင္း သုံးမွတ္ယူသြားခဲ့ၾကသလို အေဝးကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ၄၆ မွတ္နဲ႔ ဒုတိယေနရာကေန ဒီတစ္ပတ္မွာ ခ်ဲလ္ဆီးနဲ႔ ကစားရမယ့္ လီဗာပူးလ္တို႔ကို ဖိအားေပးႏိုင္ခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.