Premier League

ကလော့ပ်ကို ဆက်နေဖို့ ချက်လက်မှတ်အလွတ်တစ်စောင်နဲ့ ကမ်းလှမ်းခဲ့တဲ့ FSG ဥက္ကဌ

FSG ဥက္ကဌ မိုက်ခ် ဂေါ်ဒွန်က လီဗာပူးလ်မှာ ဆက်နေဖို့ ယာဂန် ကလော့ပ်ကို နောက်ဆုံးအကြိမ် ကြိုးပမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း ဂျာမန်လူမျိုးနည်းပြက ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။

ကလော့ပ်ဟာ ၂၀၁၅ ခုနှစ်ကတည်းက လီဗာပူးလ်နည်းပြဖြစ်ခဲ့သူဖြစ်ပြီး အသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ်ဖလားအပါအဝင် ရနိုင်သမျှ အဓိကဆုဖလား အားလုံးကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဂျာမန်လူမျိုးနည်းပြလက်အောက်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၃ ကြိမ်အထိ တက်ရောက်နိုင်ခဲ့ပြီး မာဆေးဆိုဒ်အသင်းရဲ့ အောင်မြင်မှုမှာ အဓိကအကျဆုံးလူဖြစ်တဲ့ ကလော့ပ်ထွက်ခွာမှုဟာ အန်းဖီးမှာ အစားထိုးလို့မရနိုင်တဲ့ ကွက်လပ်ကြီးဖြစ်ကျန်ခဲ့မယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

လီဗာပူးလ်ဟာ လက်ရှိအချိန်ကတည်းက ကလော့ပ်ရဲ့ နေရာမှာ အစားထိုးခန့်အပ်နိုင်မယ့် နည်းပြကို ရှာဖွေနေပြီး နောက်ဆုံးထွက်ပေါ်လာတဲ့ ကြေးဖွင့်မှုအရ လေဗာကူဆင်နည်းပြ ဇာဘီ အလွန်ဆိုက ရေပန်းအစားဆုံးဖြစ်နေတာဖြစ်ပါတယ်။

စပိန်လူမျိုးနည်းပြဟာ လက်ရှိမှာ ဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲတစ်ပွဲမှမရှိသေးဘဲ လေဗာကူဆင်ကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် နည်းပြပေးနေသူဖြစ်ပြီး ကလော့ပ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ပြီးပြည့်စုံတဲ့နည်းပြဖြစ်လာနိုင်ပါတယ်။

အလွန်ဆိုနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားမှုတွေ ရှိနေပေမယ့်လည်း ကလော့ပ်ကို ဆုံးရှုံးရမှာက FSG အတွက် လက်ခံဖို့ ခက်ခဲခဲ့ပြီး အစပိုင်းတုန်းက ဂျာမန်လူမျိုးနည်းပြရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပေးခဲ့ပေမယ့် ဥက္ကဌ မိုက်ခ် ဂေါ်ဒွန်က နောက်ဆုံးအကြိမ်အနေနဲ့ အသင်းမှာဆက်နေဖို့ ဖုန်းဆက် တောင်းပန်ခဲ့တာဖြစ်ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ FSG ဥက္ကဌဟာ ယာဂန် ကလော့ပ်အတွက် ချက်လက်မှတ်အလွတ်တစ်စောင် ကမ်းလှမ်းပြီး စိတ်ပြောင်းလာအောင် ကြိုးစားခဲ့ပေမယ့်လည်း ကလော့ပ်ရဲ့စိတ်ကို ပြောင်းလဲအောင် မစွမ်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။

လီဗာပူးလ်ဟာ ကလော့ပ်ထွက်ခွာမှုကြောင့် ကြီးမားတဲ့ ရိုက်ခတ်မှုကြီးနဲ့ ရင်ဆိုင်ရမယ့်အရေးတင်မကဘဲ ဂျာမန်လူမျိုးနည်းပြရဲ့ အားထားယုံကြည်ရတဲ့ နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ လက်ထောက်နည်းပြ ပက် လိုင်ဒါစ်၊ ပီတာ ခရာဝစ်ဇ်၊ ထိပ်တန်းဖွံ့ဖြိုးမှုနည်းပြ ဗစ်တာ မာတို့စ်တို့လည်း ထွက်ခွာဖို့ ပြင်ဆင်နေကြတာကြောင့် ဗုန်းဗုန်းလဲမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: FSG ဥကၠဌ မိုက္ခ္ ေဂၚဒြန္က လီဗာပူးလ္မွာ ဆက္ေနဖို႔ ယာဂန္ ကေလာ့ပ္ကို ေနာက္ဆုံးအႀကိမ္ ႀကိဳးပမ္းမႈ ျပဳလုပ္ခဲ့ေပမယ့္လည္း ဂ်ာမန္လူမ်ိဳးနည္းျပက ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ပါတယ္။

ကေလာ့ပ္ဟာ ၂၀၁၅ ခုႏွစ္ကတည္းက လီဗာပူးလ္နည္းျပျဖစ္ခဲ့သူျဖစ္ၿပီး အသင္းအတြက္ ပထမဆုံး ပရီးမီးယားလိဂ္ဖလားအပါအဝင္ ရႏိုင္သမွ် အဓိကဆုဖလား အားလုံးကို အႏိုင္ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ဂ်ာမန္လူမ်ိဳးနည္းျပလက္ေအာက္မွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ၃ ႀကိမ္အထိ တက္ေရာက္ႏိုင္ခဲ့ၿပီး မာေဆးဆိုဒ္အသင္းရဲ႕ ေအာင္ျမင္မႈမွာ အဓိကအက်ဆုံးလူျဖစ္တဲ့ ကေလာ့ပ္ထြက္ခြာမႈဟာ အန္းဖီးမွာ အစားထိုးလို႔မရႏိုင္တဲ့ ကြက္လပ္ႀကီးျဖစ္က်န္ခဲ့မယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။

လီဗာပူးလ္ဟာ လက္ရွိအခ်ိန္ကတည္းက ကေလာ့ပ္ရဲ႕ ေနရာမွာ အစားထိုးခန႔္အပ္ႏိုင္မယ့္ နည္းျပကို ရွာေဖြေနၿပီး ေနာက္ဆုံးထြက္ေပၚလာတဲ့ ေၾကးဖြင့္မႈအရ ေလဗာကူဆင္နည္းျပ ဇာဘီ အလြန္ဆိုက ေရပန္းအစားဆုံးျဖစ္ေနတာျဖစ္ပါတယ္။

စပိန္လူမ်ိဳးနည္းျပဟာ လက္ရွိမွာ ဘြန္ဒက္စ္လီဂါမွာ ရႈံးပြဲတစ္ပြဲမွမရွိေသးဘဲ ေလဗာကူဆင္ကို အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ႏိုင္ေအာင္ နည္းျပေပးေနသူျဖစ္ၿပီး ကေလာ့ပ္ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ၿပီးျပည့္စုံတဲ့နည္းျပျဖစ္လာႏိုင္ပါတယ္။

အလြန္ဆိုနဲ႔ပတ္သက္ၿပီး စိတ္လႈပ္ရွားမႈေတြ ရွိေနေပမယ့္လည္း ကေလာ့ပ္ကို ဆုံးရႈံးရမွာက FSG အတြက္ လက္ခံဖို႔ ခက္ခဲခဲ့ၿပီး အစပိုင္းတုန္းက ဂ်ာမန္လူမ်ိဳးနည္းျပရဲ႕ ဆုံးျဖတ္ခ်က္ကို လက္ခံေပးခဲ့ေပမယ့္ ဥကၠဌ မိုက္ခ္ ေဂၚဒြန္က ေနာက္ဆုံးအႀကိမ္အေနနဲ႔ အသင္းမွာဆက္ေနဖို႔ ဖုန္းဆက္ ေတာင္းပန္ခဲ့တာျဖစ္ပါတယ္။

သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ FSG ဥကၠဌဟာ ယာဂန္ ကေလာ့ပ္အတြက္ ခ်က္လက္မွတ္အလြတ္တစ္ေစာင္ ကမ္းလွမ္းၿပီး စိတ္ေျပာင္းလာေအာင္ ႀကိဳးစားခဲ့ေပမယ့္လည္း ကေလာ့ပ္ရဲ႕စိတ္ကို ေျပာင္းလဲေအာင္ မစြမ္းႏိုင္ခဲ့ဘူးလို႔ သိရပါတယ္။

လီဗာပူးလ္ဟာ ကေလာ့ပ္ထြက္ခြာမႈေၾကာင့္ ႀကီးမားတဲ့ ႐ိုက္ခတ္မႈႀကီးနဲ႔ ရင္ဆိုင္ရမယ့္အေရးတင္မကဘဲ ဂ်ာမန္လူမ်ိဳးနည္းျပရဲ႕ အားထားယုံၾကည္ရတဲ့ နည္းျပအဖြဲ႕ဝင္ေတြျဖစ္တဲ့ လက္ေထာက္နည္းျပ ပက္ လိုင္ဒါစ္၊ ပီတာ ခရာဝစ္ဇ္၊ ထိပ္တန္းဖြံ႕ၿဖိဳးမႈနည္းျပ ဗစ္တာ မာတို႔စ္တို႔လည္း ထြက္ခြာဖို႔ ျပင္ဆင္ေနၾကတာေၾကာင့္ ဗုန္းဗုန္းလဲမယ့္အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.