La Liga

ဇာဗီရဲ့နေရာမှာ တာဝန်ယူချင်နေတဲ့ နောက်ထပ်ဂန္တဝင်တစ်ဦး

ဘာစီလိုနာအသင်းကနေ ယခုရာသီကုန်မှာ နူးကမ့်ကနေ ထွက်ခွာမှာဖြစ်တယ်လို့ အံ့အားသင့်ဖွယ် ကြေညာခဲ့တဲ့ ဇာဗီရဲ့နေရာမှာ နည်းပြသစ်အဖြစ်တာဝန်ယူချင်တယ်လို့ နောက်ထပ် ဘာစီလိုနာဂန္တဝင်တစ်ဦးဖြစ်တဲ့ ရာဖေးလ် မားကွက်ဇ်က ပြောကြားခဲ့ပါတယ်။

ဇာဗီဟာ စနေနေ့ညက ဗီလာရီးရဲလ်ကို အိမ်ကွင်းနူးကမ့်မှာ ၅-၃ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ယခုရာသီကုန်မှာ အသင်းကနေ ထွက်သွားတော့မှာဖြစ်တယ်လို့ အံ့အားသင့်ဖွယ် ကြေညာလိုက်တာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် ဘာစီလိုနာဟာ အမှတ်ပေးဇယားထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နဲ့ ၁၀ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပြီး စပိန်ဂန္တဝင် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီမှာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံး လာလီဂါဖလား ရရှိအောင် နည်းပြပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုလအစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်ကို စပိန်စူပါဖလားပြိုင်ပွဲမှာ ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးကတည်းက ဖိအားတွေက ကြီးထွားလာနေခဲ့တာဖြစ်ပြီး ဗီလာရီးရဲလ်နဲ့ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ကစားသမားတွေကိုတောင် မပြောရသေးဘဲ အားလုံးကို အသိပေးခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာနောက်ခံကစားသမားဟောင်း မားကွက်ဇ်ဟာ ၂၀၂၂ ခုနှစ်မှာ ကတ်တလန်ကို ပြန်လာခဲ့ပြီးနောက် ဘာစီလိုနာ ဒုတိယအသင်းဖြစ်တဲ့ ဘာစီလိုနာအက်သလက်တစ်ကို တာဝန်ယူကိုင်တွယ်နေတာဖြစ်ပါတယ်။

Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာနောက်ခံလူဟောင်းဟာ လက်ရှိမှာ ဇာဗီရဲ့ နေရာမှာ အစားထိုးမယ့် ဘာစီလိုနာရဲ့ နည်းပြလောင်း စာရင်းထဲမှာ မပါဝင်ပေမယ့် မက္ကဆီကို ဂန္တဝင်နောက်ခံလူက တကယ်လို့ ကမ်းလှမ်းလာရင် ပထမအသင်းနည်းပြရာထူးကို လက်ခံသွားချင်တဲ့ဆန္ဒကို ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

“အဲဒါက လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော်လည်း အဲဒီလို ဖြစ်ခဲ့ရင် ဒီတိုင်းပဲ ဆုံးဖြတ်မှာပါ။ ဘယ်သူက ဘာစီလိုနာ နည်းပြမဖြစ်ချင်ဘဲနေမလဲဗျာ။ ကျွန်တော် ဆက်ပြီးတော့ အလုပ်ကြိုးစားသွားမှာပါ။ အခုမှ ကျွန်တော့်အတွက် နည်းပြအဖြစ် ဒုတိယရာသီပဲ ရှိပါသေးတယ်။ ဘုတ်အဖွဲ့က အခုကနေ ရာသီကုန်အထိ သေချာစဉ်းစားဖို့ အချိန်ရမှာပါ။ ဒါပေမယ့် ဒီလိုအခွင့်အရေးမျိုးကို ခင်ဗျား မငြင်းနိုင်ပါဘူး။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းကေန ယခုရာသီကုန္မွာ ႏူးကမ့္ကေန ထြက္ခြာမွာျဖစ္တယ္လို႔ အံ့အားသင့္ဖြယ္ ေၾကညာခဲ့တဲ့ ဇာဗီရဲ႕ေနရာမွာ နည္းျပသစ္အျဖစ္တာဝန္ယူခ်င္တယ္လို႔ ေနာက္ထပ္ ဘာစီလိုနာဂႏၲဝင္တစ္ဦးျဖစ္တဲ့ ရာေဖးလ္ မားကြက္ဇ္က ေျပာၾကားခဲ့ပါတယ္။

ဇာဗီဟာ စေနေန႔ညက ဗီလာရီးရဲလ္ကို အိမ္ကြင္းႏူးကမ့္မွာ ၅-၃ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ယခုရာသီကုန္မွာ အသင္းကေန ထြက္သြားေတာ့မွာျဖစ္တယ္လို႔ အံ့အားသင့္ဖြယ္ ေၾကညာလိုက္တာျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ ဘာစီလိုနာဟာ အမွတ္ေပးဇယားထိပ္ဆုံးက ရီးရဲလ္မက္ဒရစ္နဲ႔ ၁၀ မွတ္အထိ ကြာဟသြားခဲ့ၿပီျဖစ္ၿပီး စပိန္ဂႏၲဝင္ ကြင္းလယ္လူဟာ ၿပီးခဲ့တဲ့ရာသီမွာ ၂၀၁၉ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး လာလီဂါဖလား ရရွိေအာင္ နည္းျပေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ယခုလအေစာပိုင္းမွာ ရီးရဲလ္မက္ဒရစ္ကို စပိန္စူပါဖလားၿပိဳင္ပြဲမွာ ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးကတည္းက ဖိအားေတြက ႀကီးထြားလာေနခဲ့တာျဖစ္ၿပီး ဗီလာရီးရဲလ္နဲ႔ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ ကစားသမားေတြကိုေတာင္ မေျပာရေသးဘဲ အားလုံးကို အသိေပးခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာေနာက္ခံကစားသမားေဟာင္း မားကြက္ဇ္ဟာ ၂၀၂၂ ခုႏွစ္မွာ ကတ္တလန္ကို ျပန္လာခဲ့ၿပီးေနာက္ ဘာစီလိုနာ ဒုတိယအသင္းျဖစ္တဲ့ ဘာစီလိုနာအက္သလက္တစ္ကို တာဝန္ယူကိုင္တြယ္ေနတာျဖစ္ပါတယ္။

Mundo Deportivo ရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာေနာက္ခံလူေဟာင္းဟာ လက္ရွိမွာ ဇာဗီရဲ႕ ေနရာမွာ အစားထိုးမယ့္ ဘာစီလိုနာရဲ႕ နည္းျပေလာင္း စာရင္းထဲမွာ မပါဝင္ေပမယ့္ မကၠဆီကို ဂႏၲဝင္ေနာက္ခံလူက တကယ္လို႔ ကမ္းလွမ္းလာရင္ ပထမအသင္းနည္းျပရာထူးကို လက္ခံသြားခ်င္တဲ့ဆႏၵကို ဖြင့္ဟခဲ့တာျဖစ္ပါတယ္။

“အဲဒါက လုပ္ငန္းစဥ္ရဲ႕ အစိတ္အပိုင္းတစ္ခုပါ။ ကြၽန္ေတာ္လည္း အဲဒီလို ျဖစ္ခဲ့ရင္ ဒီတိုင္းပဲ ဆုံးျဖတ္မွာပါ။ ဘယ္သူက ဘာစီလိုနာ နည္းျပမျဖစ္ခ်င္ဘဲေနမလဲဗ်ာ။ ကြၽန္ေတာ္ ဆက္ၿပီးေတာ့ အလုပ္ႀကိဳးစားသြားမွာပါ။ အခုမွ ကြၽန္ေတာ့္အတြက္ နည္းျပအျဖစ္ ဒုတိယရာသီပဲ ရွိပါေသးတယ္။ ဘုတ္အဖြဲ႕က အခုကေန ရာသီကုန္အထိ ေသခ်ာစဥ္းစားဖို႔ အခ်ိန္ရမွာပါ။ ဒါေပမယ့္ ဒီလိုအခြင့္အေရးမ်ိဳးကို ခင္ဗ်ား မျငင္းႏိုင္ပါဘူး။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.