Premier League

ရက်ရှ်ဖို့ဒ်ရဲ့စိတ်ဓာတ်ကို အံ့ဩရွံရှာနေတဲ့ အသင်းဖော်များ

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ စည်းကမ်းပိုင်း ချိုးဖောက်မှုကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဖော်တွေရဲ့ ဒေါသထွက်ခြင်းကို ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ​လေ့ကျင့်ရေးကို နာမကျန်းဖြစ်မှုကြောင့် လွဲချော်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်က နယူးပို့တ်ကောင်တီကို ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်ကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ သောကြာနေ့ လေ့ကျင့်ရေးမတိုင်ခင်မှာ နာမကျန်းဖြစ်နေတယ်လို့ ဖုန်းဆက်အကြောင်းကြားခဲ့ပေမယ့်လည်း ကြာသပတေးနေ့ညက ဘဲလ်ဖတ်စ်မှာ နိုက်ကလပ်တက်နေခဲ့တဲ့ ပုံတွေထွက်ပေါ်ခဲ့ပြီးနောက် ကလပ်တက်ပြီး မနက်မထနိုင်လို့ လိမ်ပြီး ခွင့်တိုင်ခဲ့တာ ဗူးပေါ်သလို ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒေါသထွက်နေတဲ့ နည်းပြ အဲရစ် တန်ဟက်ဟာ တနင်္လာနေ့မှာ ကာရင်တန် လေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာခဲ့တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ အသင်းအတွင်း တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ပြီး ဖြေရှင်းသွားမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟာ ပေါင် ၆၅၀၀၀၀ ဝန်းကျင်ခန့်ရှိတဲ့ လုပ်ခလစာ ၂ ပတ်စာ ဒဏ်ငွေတပ်ရိုက်ခြင်းခံခဲ့ရတယ်လို့ သိရပြီး တနင်္လာနေ့ညမှာ မန်ချက်စတာယူနိုက်တက်က ထုတ်ပြန်ကြေညာချက်ထဲမှာ မားကပ်စ်က ၎င်းရဲ့လုပ်ရပ်အတွက် တာဝန်ခံခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ကြာသပတေးနေ့ ဝုလ်ဗ်စ်နဲ့ ကစားရမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ ပွဲစဉ်ကို ပါဝင်ကစားပေးသွားချင်နေပေမယ့်လည်း အသင်းဖော်တွေက အင်္ဂလန်တိုက်စစ်မှူးကို ခွင့်မလွှတ်နိုင်ဖြစ်နေကြပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းသားတွေဟာ အသက် ၂၆ နှစ်အရွယ် ကစားသမားရဲ့ အပြုအမူကြောင့် ဒေါသထွက်နေကြပြီး ယခုရာသီမှာ အသင်းအနေနဲ့ ရနိုင်ခြေအရှိဆုံးတစ်လုံးတည်းသောဖလားဖြစ်တဲ့ အက်ဖ်အေဖလား ပွဲရှိနေတဲ့အချိန်မှာ ဒီလိုမျိုး လုပ်ခဲ့တာကို တော်တော်လေး မကျေမနပ်ဖြစ်နေကြတယ်လို့ သိရပါတယ်။

“အသင်းဖော်တွေကို သူပြောခဲ့တာက အရမ်းနေမကောင်းဖြစ်နေလို့ လေ့ကျင့်ရေးမဆင်းနိုင်ဘူးတဲ့။ ပြီးတော့ သူ နိုက်ကလပ်တကနေတဲ့ ပုံတွေ ထွက်လာခဲ့တယ်။ သူတို့တွေက အသင်းက ဒီလိုအခြေအနေဖြစ်နေတဲ့အချိန်မှာတောင် ဒီလို လုပ်ရက်ကြတာကို မယုံနိုင်ဘူးဖြစ်ခဲ့ကြတယ်။ ”လို့ သတင်းရင်းမြစ်က Daily Mail ကို ပြောဆိုခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ကို ဝုလ်ဗ်စ်နဲ့ပွဲမှာ ပါဝင်ကစားပေးခွင့်ပေးဖို့ ဆုံးဖြတ်ချက်ဟာ ဆန်ချိုနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့တုန်းက စည်းကမ်းပိုင်း ပြဿနာကြောင့် အနည်းဆုံး တစ်ပွဲလောက် ပွဲကစားခွင့် ဆိုင်းငံ့ခံခဲ့ရတာကြောင့် မေးခွန်းထုတ်စရာဖြစ်နေခဲ့ပါတယ်။

ခရစ္စ ဆပ်တန်ကလည်း ရက်ရှ်ဖို့ဒ်ကို ပြစ်တင်ဝေဖန်ခဲ့တဲ့ ဘောလုံးဝေဖန်သုံးသပ်သူတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး “သူက ထိလို့မရတဲ့ ကစားသမားလို့ ထင်နေပုံရတယ်။ ဒါက သူ မလုပ်သင့်တဲ့အရာကို လုပ်ခဲ့တာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါပြီ။ သူက နည်းပြကိုရော သူ့ရဲ့အသင်းဖော်တွေကိုပါ လုံးဝ လေးစားမှုမရှိဘူး။ ဒါက ခွင့်မလွှတ်နိုင်စရာပဲ။ သူက ဘယ်လိုပဲဖြစ်ဖြစ် တန်ဟက်လောက်ကို ဂရုစိုက်စရာမလိုဘူးလို့ တွေးနေတာ ဖြစ်ကောင်းပါလိမ့်မယ်။ ကျွန်တော် မြင်ရသလောက်လည်း သူက ထိန်းချုပ်မှု ကင်းမဲ့နေပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ စည္းကမ္းပိုင္း ခ်ိဳးေဖာက္မႈေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ေတြရဲ႕ ေဒါသထြက္ျခင္းကို ရင္ဆိုင္ခဲ့ရတယ္လို႔ သိရပါတယ္။

အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ​ေလ့က်င့္ေရးကို နာမက်န္းျဖစ္မႈေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္က နယူးပို႔တ္ေကာင္တီကို ၄-၂ နဲ႔ အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလား ပြဲစဥ္ကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ေသာၾကာေန႔ ေလ့က်င့္ေရးမတိုင္ခင္မွာ နာမက်န္းျဖစ္ေနတယ္လို႔ ဖုန္းဆက္အေၾကာင္းၾကားခဲ့ေပမယ့္လည္း ၾကာသပေတးေန႔ညက ဘဲလ္ဖတ္စ္မွာ ႏိုက္ကလပ္တက္ေနခဲ့တဲ့ ပုံေတြထြက္ေပၚခဲ့ၿပီးေနာက္ ကလပ္တက္ၿပီး မနက္မထႏိုင္လို႔ လိမ္ၿပီး ခြင့္တိုင္ခဲ့တာ ဗူးေပၚသလို ေပၚလာခဲ့တာျဖစ္ပါတယ္။

ေဒါသထြက္ေနတဲ့ နည္းျပ အဲရစ္ တန္ဟက္ဟာ တနလၤာေန႔မွာ ကာရင္တန္ ေလ့က်င့္ေရးကြင္းကို ျပန္ေရာက္လာခဲ့တဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ အသင္းအတြင္း ေတြ႕ဆုံေမးျမန္းမႈေတြ ျပဳလုပ္ၿပီး ေျဖရွင္းသြားမယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ဟာ ေပါင္ ၆၅၀၀၀၀ ဝန္းက်င္ခန႔္ရွိတဲ့ လုပ္ခလစာ ၂ ပတ္စာ ဒဏ္ေငြတပ္႐ိုက္ျခင္းခံခဲ့ရတယ္လို႔ သိရၿပီး တနလၤာေန႔ညမွာ မန္ခ်က္စတာယူႏိုက္တက္က ထုတ္ျပန္ေၾကညာခ်က္ထဲမွာ မားကပ္စ္က ၎ရဲ႕လုပ္ရပ္အတြက္ တာဝန္ခံခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ၾကာသပေတးေန႔ ဝုလ္ဗ္စ္နဲ႔ ကစားရမယ့္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပြဲစဥ္ကို ပါဝင္ကစားေပးသြားခ်င္ေနေပမယ့္လည္း အသင္းေဖာ္ေတြက အဂၤလန္တိုက္စစ္မႉးကို ခြင့္မလႊတ္ႏိုင္ျဖစ္ေနၾကပါတယ္။

Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းသားေတြဟာ အသက္ ၂၆ ႏွစ္အ႐ြယ္ ကစားသမားရဲ႕ အျပဳအမူေၾကာင့္ ေဒါသထြက္ေနၾကၿပီး ယခုရာသီမွာ အသင္းအေနနဲ႔ ရႏိုင္ေျခအရွိဆုံးတစ္လုံးတည္းေသာဖလားျဖစ္တဲ့ အက္ဖ္ေအဖလား ပြဲရွိေနတဲ့အခ်ိန္မွာ ဒီလိုမ်ိဳး လုပ္ခဲ့တာကို ေတာ္ေတာ္ေလး မေက်မနပ္ျဖစ္ေနၾကတယ္လို႔ သိရပါတယ္။

“အသင္းေဖာ္ေတြကို သူေျပာခဲ့တာက အရမ္းေနမေကာင္းျဖစ္ေနလို႔ ေလ့က်င့္ေရးမဆင္းႏိုင္ဘူးတဲ့။ ၿပီးေတာ့ သူ ႏိုက္ကလပ္တကေနတဲ့ ပုံေတြ ထြက္လာခဲ့တယ္။ သူတို႔ေတြက အသင္းက ဒီလိုအေျခအေနျဖစ္ေနတဲ့အခ်ိန္မွာေတာင္ ဒီလို လုပ္ရက္ၾကတာကို မယုံႏိုင္ဘူးျဖစ္ခဲ့ၾကတယ္။ ”လို႔ သတင္းရင္းျမစ္က Daily Mail ကို ေျပာဆိုခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္ကို ဝုလ္ဗ္စ္နဲ႔ပြဲမွာ ပါဝင္ကစားေပးခြင့္ေပးဖို႔ ဆုံးျဖတ္ခ်က္ဟာ ဆန္ခ်ိဳနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔တုန္းက စည္းကမ္းပိုင္း ျပႆနာေၾကာင့္ အနည္းဆုံး တစ္ပြဲေလာက္ ပြဲကစားခြင့္ ဆိုင္းငံ့ခံခဲ့ရတာေၾကာင့္ ေမးခြန္းထုတ္စရာျဖစ္ေနခဲ့ပါတယ္။

ခရစၥ ဆပ္တန္ကလည္း ရက္ရွ္ဖို႔ဒ္ကို ျပစ္တင္ေဝဖန္ခဲ့တဲ့ ေဘာလုံးေဝဖန္သုံးသပ္သူေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး “သူက ထိလို႔မရတဲ့ ကစားသမားလို႔ ထင္ေနပုံရတယ္။ ဒါက သူ မလုပ္သင့္တဲ့အရာကို လုပ္ခဲ့တာ ပထမဆုံးအႀကိမ္မဟုတ္ေတာ့ပါဘူး။ ဆက္တိုက္ဆိုသလို ျဖစ္လာခဲ့ပါၿပီ။ သူက နည္းျပကိုေရာ သူ႔ရဲ႕အသင္းေဖာ္ေတြကိုပါ လုံးဝ ေလးစားမႈမရွိဘူး။ ဒါက ခြင့္မလႊတ္ႏိုင္စရာပဲ။ သူက ဘယ္လိုပဲျဖစ္ျဖစ္ တန္ဟက္ေလာက္ကို ဂ႐ုစိုက္စရာမလိုဘူးလို႔ ေတြးေနတာ ျဖစ္ေကာင္းပါလိမ့္မယ္။ ကြၽန္ေတာ္ ျမင္ရသေလာက္လည္း သူက ထိန္းခ်ဳပ္မႈ ကင္းမဲ့ေနပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.