Premier League

ဘာဆာအတွက် ဂန်းနားတွေကို အာတီတာစွန့်ခွာမလား ခန့်မှန်းလိုက်တဲ့ လီဗာပူးလ်ဂန္တဝင်

လီဗာပူးလ်ဂန္တဝင်တိုက်စစ်မှူး လူးဝစ္စ ဂါစီယာက အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ အခွင့်အရေးရလာခဲ့မယ်ဆိုရင် ဘာစီလိုနာနည်းပြရာထူးကို ရယူနိုင်တယ်လို့ ယုံကြည်နေပါတယ်။

ဇာဗီရဲ့ ယခုရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာပြီးနောက်ပိုင်း သတင်းဌာနအများအပြားက အာတီတာဟာ နူးကမ့်ကို ပြောင်းရွှေ့လိမ့်မယ်လို့ အပြိုင်အဆိုင် ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို ကောလာဟလတွေ ထွက်ပေါ်နေချိန်မှာ ဂါစီယာက ဂန်းနားနည်းပြအနေနဲ့ ဘာစီလိုနာနည်းပြသစ် ဖြစ်လာနိုင်သလားဆိုတဲ့ မေးခွန်းမေးမြန်းခြင်းခံခဲ့ရတာဖြစ်ပြီး လီဗာပူးလ်သူရဲကောင်းက “ဘာစီလိုနာကို နည်းပြရတာက အန္တရာယ်ရှိတဲ့အလုပ် ဒါမှမဟုတ် ကောင်းမွန်တဲ့နည်းလမ်းမဟုတ်ဘူးလို့ ခင်ဗျား ထင်နေမယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ကျွန်တော် ပြောနိုင်တာက ကမ္ဘာပေါ်က ဘယ်လိုနည်းပြမျိုးမဆို ဒါမှမဟုတ် နည်းပြအများစုက ဘာစီလိုနာကနေ နည်းပြခန့်ဖို့ ခေါ်ရင် သွားကြမှာပဲ။”

ဘာစီလိုနာဟာ လက်ရှိမှာ လာလီဂါအမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေရပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ဂီရိုနာနဲ့ ၁၁ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။ အဲဒီထက်ပိုပြီးဆိုးသွားခဲ့တာက ပြီးခဲ့တဲ့ ကိုပါဒယ်ရေးကွာတားဖိုင်နယ်ပွဲစဉ်မှာ အက်သလက်တစ် ဘီလ်ဘာအိုကို ၄-၂ နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ကတ်တလန်အသင်းကြီးဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ဂါစီယာက နူးကမ့်က နည်းပြရာထူးဟာ ငြင်းပယ်ဖို့မဖြစ်နိုင်တဲ့ အရမ်းကြီးမားတဲ့ အလုပ်တစ်ခုဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

“ခင်ဗျား အနာဂတ်မှာ လုပ်ရနိုင်တဲ့ အလားအလာရှိတဲ့အလုပ်ပါ။ အခုအချိန်မှာ ခင်ဗျား ရထားတဲ့အလုပ်ကြောင့် ခင်ဗျား အရမ်းပျော်ရွှင်နေတယ်လို့ ကျွန်တော် ပြောနေတာမဟုတ်ပါဘူး။ ခင်ဗျား ဒီအသင်းနဲ့အတူ အနာဂတ်အတွက် အများကြီးကောင်းတာတွေ လုပ်နိုင်တယ်လို့ ထင်ရုံပါ။ ခင်ဗျားက ကမ္ဘာပေါ်က အကြီးမားဆုံးကလပ်တွေထဲက တစ်ခုအကြောင်း ပြောနေတာပါ။ ဘယ်လိုနည်းပြမျိုးမဆို အဲဒီအလုပ်ကို ရရင် ပျော်ရွှင်ကြလိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ အာဆင်နယ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး အက်ဖ်အေဖလား ၁ လုံးနဲ့ ကွန်မြူနတီဒိုင်း ၂ လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အမှတ်ပေးဖလားနဲ့ ကပ်လွဲခဲ့ပြီးနောက် ယခုရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၅ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး နောက်ထပ်တစ်ကြိမ် ဆုဖလားပြိုင်ပွဲထဲမှာ ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ဂႏၲဝင္တိုက္စစ္မႉး လူးဝစၥ ဂါစီယာက အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ အခြင့္အေရးရလာခဲ့မယ္ဆိုရင္ ဘာစီလိုနာနည္းျပရာထူးကို ရယူႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

ဇာဗီရဲ႕ ယခုရာသီကုန္မွာ အသင္းနဲ႔ လမ္းခြဲေတာ့မယ္ဆိုတဲ့ ေၾကညာခ်က္ ထြက္ေပၚလာၿပီးေနာက္ပိုင္း သတင္းဌာနအမ်ားအျပားက အာတီတာဟာ ႏူးကမ့္ကို ေျပာင္းေ႐ႊ႕လိမ့္မယ္လို႔ အၿပိဳင္အဆိုင္ ေဖာ္ျပခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီလို ေကာလာဟလေတြ ထြက္ေပၚေနခ်ိန္မွာ ဂါစီယာက ဂန္းနားနည္းျပအေနနဲ႔ ဘာစီလိုနာနည္းျပသစ္ ျဖစ္လာႏိုင္သလားဆိုတဲ့ ေမးခြန္းေမးျမန္းျခင္းခံခဲ့ရတာျဖစ္ၿပီး လီဗာပူးလ္သူရဲေကာင္းက “ဘာစီလိုနာကို နည္းျပရတာက အႏၲရာယ္ရွိတဲ့အလုပ္ ဒါမွမဟုတ္ ေကာင္းမြန္တဲ့နည္းလမ္းမဟုတ္ဘူးလို႔ ခင္ဗ်ား ထင္ေနမယ္ဆိုတာ ကြၽန္ေတာ္ သိတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ေျပာႏိုင္တာက ကမာၻေပၚက ဘယ္လိုနည္းျပမ်ိဳးမဆို ဒါမွမဟုတ္ နည္းျပအမ်ားစုက ဘာစီလိုနာကေန နည္းျပခန႔္ဖို႔ ေခၚရင္ သြားၾကမွာပဲ။”

ဘာစီလိုနာဟာ လက္ရွိမွာ လာလီဂါအမွတ္ေပးဇယား အဆင့္ ၄ ေနရာမွာ ရပ္တည္ေနရၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ ဂီ႐ိုနာနဲ႔ ၁၁ မွတ္ကြာဟေနတာ ျဖစ္ပါတယ္။ အဲဒီထက္ပိုၿပီးဆိုးသြားခဲ့တာက ၿပီးခဲ့တဲ့ ကိုပါဒယ္ေရးကြာတားဖိုင္နယ္ပြဲစဥ္မွာ အက္သလက္တစ္ ဘီလ္ဘာအိုကို ၄-၂ နဲ႔ ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။

ကတ္တလန္အသင္းႀကီးဟာ ျပႆနာေတြနဲ႔ ရင္ဆိုင္ေနရေပမယ့္လည္း ဂါစီယာက ႏူးကမ့္က နည္းျပရာထူးဟာ ျငင္းပယ္ဖို႔မျဖစ္ႏိုင္တဲ့ အရမ္းႀကီးမားတဲ့ အလုပ္တစ္ခုျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

“ခင္ဗ်ား အနာဂတ္မွာ လုပ္ရႏိုင္တဲ့ အလားအလာရွိတဲ့အလုပ္ပါ။ အခုအခ်ိန္မွာ ခင္ဗ်ား ရထားတဲ့အလုပ္ေၾကာင့္ ခင္ဗ်ား အရမ္းေပ်ာ္႐ႊင္ေနတယ္လို႔ ကြၽန္ေတာ္ ေျပာေနတာမဟုတ္ပါဘူး။ ခင္ဗ်ား ဒီအသင္းနဲ႔အတူ အနာဂတ္အတြက္ အမ်ားႀကီးေကာင္းတာေတြ လုပ္ႏိုင္တယ္လို႔ ထင္႐ုံပါ။ ခင္ဗ်ားက ကမာၻေပၚက အႀကီးမားဆုံးကလပ္ေတြထဲက တစ္ခုအေၾကာင္း ေျပာေနတာပါ။ ဘယ္လိုနည္းျပမ်ိဳးမဆို အဲဒီအလုပ္ကို ရရင္ ေပ်ာ္႐ႊင္ၾကလိမ့္မယ္လို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာတီတာဟာ အာဆင္နယ္ကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာ နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ခဲ့သူျဖစ္ၿပီး အက္ဖ္ေအဖလား ၁ လုံးနဲ႔ ကြန္ျမဴနတီဒိုင္း ၂ လုံး ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီမွာ အမွတ္ေပးဖလားနဲ႔ ကပ္လြဲခဲ့ၿပီးေနာက္ ယခုရာသီမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္နဲ႔ ၅ မွတ္အကြာ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနၿပီး ေနာက္ထပ္တစ္ႀကိမ္ ဆုဖလားၿပိဳင္ပြဲထဲမွာ ပါဝင္ယွဥ္ၿပိဳင္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.