Premier League

နောဝစ်ချ်နဲ့ပွဲမှာ ကလော့ပ်ကို မျက်ရည်ကျအောင်လုပ်ခဲ့တဲ့ ပရိသတ်များ

လီဗာပူးလ်ပရိသတ်တွေဟာ တနင်္ဂနွေနေ့ညက နောဝစ်ချ်စီးတီးကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မတိုင်ခင် အသင်းရဲ့သီချင်းဖြစ်တဲ့ You will never walk alone သီချင်းကို သံပြိုင်ဟစ်ကြွေးခဲ့ကြပြီး နည်းပြခုံတန်းမှာ ထိုင်နေတဲ့ ကလော့ပ်ဟာ မျက်ရည်တွေဝဲနေခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာ ယခုရာသီကုန်မှာ အန်းဖီးကို စွန့်ခွာဖို့ ပြင်ဆင်နေသူဖြစ်ပြီး တနင်္ဂနွေနေ့ညက မာဆေးဆိုဒ်မှာ အိမ်ကွင်း ပရိသတ်တွေရဲ့ ဂုဏ်ပြုမှုကို လက်ခံရရှိခဲ့ချိန်မှာ ဟန်မဆောင်နိုင်အောင် ကြေကွဲနေခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် ၁ မိနစ်တောင် မရှိသေးချိန်မှာ ပရိသတ်တွေဟာ The Beatles-I Feel Fine ကို ဗားရှင်းပြန်ပြောင်းထားတဲ့ ယာဂန်က အနီရောင်ဆိုတဲ့ သီချင်းကို သီဆိုပြီး နည်းပြ ကလော့ပ်ကို ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။

ကလော့ပ်ဟာ ယခုရာသီကုန်မှာ ၉ နှစ်ကြာ နည်းပြခဲ့တဲ့ လီဗာပူးလ်ကို စွန့်ခွာတော့မှာဖြစ်ပြီး မာဆေးဆိုဒ်အသင်းက ဘယ်နည်းပြသစ်ကို အစားထိုးခန့်အပ်မလဲဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ဇာဘီ အလွန်ဆို၊ မော်ရင်ညို၊ ရောဘတ်တို ဒီဇာဘီတို့ဟာ လီဗာပူးလ်နည်းပြသစ်ဖြစ်လာနိုင်တဲ့ နည်းပြတွေအဖြစ် လောင်းကစားဒိုင်တွေရဲ့ ကြေးဖွင့်ခြင်းခံခဲ့ရတဲ့ နည်းပြစာရင်းထဲမှာ ပါဝင်ခဲ့ပြီး မကြာမီ အန်းဖီးမှာ ခေတ်သစ်တစ်ခု စတင်တော့မှာ ဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ယခုရာသီမှာ ဆုဖလား ၄ လုံးလမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်ပြီး မကြာသေးမီကမှ ကာရာဘောင်း ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ဖြစ်သလို ယူရိုပါလိဂ်မှာလည်း ရှုံးထွက်အဆင့်မှာ ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကလော့ပ်က ပွဲတွေ ကစားဖို့ အများကြီးရှိနေတာကြောင့် ဗိုလ်လုပွဲအားလုံးကို တက်ရောက်နိုင်ဖို့က မဖြစ်နိုင်ဘူးလို့ ဝန်ခံပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ရိုးရိုးသားသားပြောရရင် ကျွန်တော် အဲဒီအကြောင်း မတွေးထားဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဗိုလ်လုပွဲ ၄ ပွဲရောက်ဖို့က မလွယ်ပါဘူး။ ကျွန်တော်တို့ တစ်ပွဲတော့ တက်ပြီးပြီ။ ခင်ဗျား ပထမဆုံး ဗိုလ်လုပွဲမကစားခင်မှာ နောက်ထပ်တစ်ပွဲအတွက် အစီအစဉ်ဆွဲဖို့က အဓိပ္ပာယ်မရှိပါဘူး။ ပြိုင်ပွဲတွေက တစ်စုံတယောက်က အားလုံးကို အနိုင်ရဖို့ လုပ်ထားတာမဟုတ်ဘူး။ ပွဲအရေအတွက်က အများကြီးပဲ။ ဗိုလ်လုပွဲက ဖေဖော်ဝါရီ ၂၅ ရက်နေ့ဖြစ်ပြီး ကျွန်တော်တို့ တနင်္ဂနွေနေ့မှာ အနိုင်ရခဲ့ရင် အက်ဖ်အေဖလား နောက်တဆင့်က နောက်ထပ် ၃ ရက်အကြာမှာ ကစားရလိမ့်မယ်။ ကျွန်တော်တို့ ဗိုလ်လုပွဲ ၃ ပွဲစလုံးကို ရောက်ရှိနိုင်ဖို့က မဖြစ်နိုင်ဖို့များတယ်။ သဘောသဘာဝကိုက အဲဒီလိုဖြစ်နေတာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ပရိသတ္ေတြဟာ တနဂၤေႏြေန႔ညက ေနာဝစ္ခ်္စီးတီးကို အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္မတိုင္ခင္ အသင္းရဲ႕သီခ်င္းျဖစ္တဲ့ You will never walk alone သီခ်င္းကို သံၿပိဳင္ဟစ္ေႂကြးခဲ့ၾကၿပီး နည္းျပခုံတန္းမွာ ထိုင္ေနတဲ့ ကေလာ့ပ္ဟာ မ်က္ရည္ေတြဝဲေနခဲ့တာ ျမင္ေတြ႕ခဲ့ရပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပဟာ ယခုရာသီကုန္မွာ အန္းဖီးကို စြန႔္ခြာဖို႔ ျပင္ဆင္ေနသူျဖစ္ၿပီး တနဂၤေႏြေန႔ညက မာေဆးဆိုဒ္မွာ အိမ္ကြင္း ပရိသတ္ေတြရဲ႕ ဂုဏ္ျပဳမႈကို လက္ခံရရွိခဲ့ခ်ိန္မွာ ဟန္မေဆာင္ႏိုင္ေအာင္ ေၾကကြဲေနခဲ့တာျဖစ္ပါတယ္။ ပြဲကစားခ်ိန္ ၁ မိနစ္ေတာင္ မရွိေသးခ်ိန္မွာ ပရိသတ္ေတြဟာ The Beatles-I Feel Fine ကို ဗားရွင္းျပန္ေျပာင္းထားတဲ့ ယာဂန္က အနီေရာင္ဆိုတဲ့ သီခ်င္းကို သီဆိုၿပီး နည္းျပ ကေလာ့ပ္ကို ဂုဏ္ျပဳခဲ့ၾကတာျဖစ္ပါတယ္။

ကေလာ့ပ္ဟာ ယခုရာသီကုန္မွာ ၉ ႏွစ္ၾကာ နည္းျပခဲ့တဲ့ လီဗာပူးလ္ကို စြန႔္ခြာေတာ့မွာျဖစ္ၿပီး မာေဆးဆိုဒ္အသင္းက ဘယ္နည္းျပသစ္ကို အစားထိုးခန႔္အပ္မလဲဆိုတာ ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။

ဇာဘီ အလြန္ဆို၊ ေမာ္ရင္ညိဳ၊ ေရာဘတ္တို ဒီဇာဘီတို႔ဟာ လီဗာပူးလ္နည္းျပသစ္ျဖစ္လာႏိုင္တဲ့ နည္းျပေတြအျဖစ္ ေလာင္းကစားဒိုင္ေတြရဲ႕ ေၾကးဖြင့္ျခင္းခံခဲ့ရတဲ့ နည္းျပစာရင္းထဲမွာ ပါဝင္ခဲ့ၿပီး မၾကာမီ အန္းဖီးမွာ ေခတ္သစ္တစ္ခု စတင္ေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ယခုရာသီမွာ ဆုဖလား ၄ လုံးလမ္းေၾကာင္းေပၚမွာ ရွိေနဆဲျဖစ္ၿပီး မၾကာေသးမီကမွ ကာရာေဘာင္း ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ျဖစ္သလို ယူ႐ိုပါလိဂ္မွာလည္း ရႈံးထြက္အဆင့္မွာ ရွိေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကေလာ့ပ္က ပြဲေတြ ကစားဖို႔ အမ်ားႀကီးရွိေနတာေၾကာင့္ ဗိုလ္လုပြဲအားလုံးကို တက္ေရာက္ႏိုင္ဖို႔က မျဖစ္ႏိုင္ဘူးလို႔ ဝန္ခံေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ္ အဲဒီအေၾကာင္း မေတြးထားဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က ဗိုလ္လုပြဲ ၄ ပြဲေရာက္ဖို႔က မလြယ္ပါဘူး။ ကြၽန္ေတာ္တို႔ တစ္ပြဲေတာ့ တက္ၿပီးၿပီ။ ခင္ဗ်ား ပထမဆုံး ဗိုလ္လုပြဲမကစားခင္မွာ ေနာက္ထပ္တစ္ပြဲအတြက္ အစီအစဥ္ဆြဲဖို႔က အဓိပၸာယ္မရွိပါဘူး။ ၿပိဳင္ပြဲေတြက တစ္စုံတေယာက္က အားလုံးကို အႏိုင္ရဖို႔ လုပ္ထားတာမဟုတ္ဘူး။ ပြဲအေရအတြက္က အမ်ားႀကီးပဲ။ ဗိုလ္လုပြဲက ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔ျဖစ္ၿပီး ကြၽန္ေတာ္တို႔ တနဂၤေႏြေန႔မွာ အႏိုင္ရခဲ့ရင္ အက္ဖ္ေအဖလား ေနာက္တဆင့္က ေနာက္ထပ္ ၃ ရက္အၾကာမွာ ကစားရလိမ့္မယ္။ ကြၽန္ေတာ္တို႔ ဗိုလ္လုပြဲ ၃ ပြဲစလုံးကို ေရာက္ရွိႏိုင္ဖို႔က မျဖစ္ႏိုင္ဖို႔မ်ားတယ္။ သေဘာသဘာဝကိုက အဲဒီလိုျဖစ္ေနတာပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.