Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၂၁.၁၀.၂၀၂၀

– လီဗာပူးလ္အသင္းရဲ႕ VAR နဲ႔ ပတ္သက္လို႔ ေျဖရွင္းခ်က္လုိခ်င္တယ္ဆုိတဲ့ ေတာင္းဆုိမွဳကိုေတာ့ ပရီးမီးယားလိဂ္ဘက္ အျပဳအမူနဲ႔ တုံ႔ျပန္လုိက္ၿပီး မာေဆးဆုိက္ဒါဘီပြဲရဲ႕ VAR ဒိုင္ ေဒးဗစ္ ကူးထ္ကို စေတာ့ခ္လီပါ့ခ္ကေန ဖယ္ရွားခဲ့ၿပီး လာမယ့္ပြဲစဥ္ကစလို႔ စတုတၳဒိုင္အျဖစ္နဲ႔ တာဝန္ထမ္းေဆာင္ေစဖို႔ လုပ္ေဆာင္ေန။

– ရာသီကုန္အထိ နားရေတာ့မယ့္ ေနာက္ခံလူ ဗာဂ်ီး ဗန္ဒိုက္ရဲ႕ ျဖစ္ရပ္အေပၚ ဒိုင္လူႀကီးေတြရဲ႕ ဆုံးျဖတ္ခ်က္က လူကၽြံေဘာဆုိတာ တစ္ခုတည္းပဲလားလုိ႔ ဝတ္ဖို႔ဒ္အသင္းေခါင္းေဆာင္ ထရြဳိင္ ဒီးနီက ေမးခြန္းထုတ္လိုက္ၿပီး တကယ္တမ္းျဖစ္ရပ္အေပၚ မူတည္ၿပီး ဆုံးျဖတ္သင့္တာျဖစ္ေၾကာင္း ေဝဖန္သြား။

– ဗန္ဒိုက္ဟာ အေကာင္းဆုံးေနာက္ခံလူတစ္ဦးျဖစ္ေနေပမယ့္ သူ႕ရဲ႕ ကစားပုံက သူမ်ားေတြအေပၚ မွီခိုၿပီး ကစားေနတာျဖစ္ေၾကာင္း၊ သူတုိ႔ေတြအားလုံး အတူတူ အလုပ္လုပ္ရေပမယ့္ ဒတ္ခ်္ေနာက္ခံလူကေတာ့ အခ်ီးက်ဴးခံရမယ့္ ေနရာေတြကို ေရြးၿပီး လုပ္ေဆာင္တတ္ေၾကာင္း သူ႕ရဲ႕ နည္းျပေဟာင္း ေရာ္နယ္လ္ ကိုးမန္း ေျပာၾကား။

– ဒဏ္ရာေၾကာင့္ ရာသီကုန္အထိ ပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မယ့္ အဓိကေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒုိက္ရဲ႕ ေနရာမွာ အစားထိုးႏုိင္ဖို႔ နာပုိလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီကို ယူ႐ုိ သန္း ၇၀ နဲ႔ ေခၚယူႏုိင္ဖို႔ လီဗာပူးလ္အသင္း ခ်ိတ္ဆက္ေန။

– ေနာက္ခံလူ ဂ်ဳိယယ္လ္ မာတစ္ပ္ရဲ႕ ႀကံ့ခိုင္မွဳ မျပည့္ဝလုိ႔ အိမ္မွာ ထားရစ္ခဲ့ရတယ္လို႔ နည္းျပ ယာဂန္ ကေလာ့ပ္ေျပာၾကားလုိက္ၿပီး အိုင္းယက္စ္နဲ႔ အမ္စတာဒမ္မွာ ကစားရမယ့္ အသင္းေနာက္တန္းကို ဖာဘင္ညဳိနဲ႔ ဂ်ဳိးဂိုမက္ဇ္တုိ႔ပဲ ပြဲထြက္ရဖို႔ရွိေန။

– အသင္းအေနနဲ႔ ေငြေၾကးသုံးစြဲသင့္ၿပီျဖစ္ၿပီး ဂႏၴဝင္တစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ ေဂ်မီ ကာေရဂါ အႀကံေပးခဲ့တဲ့အတုိင္း RB လုိက္ပ္ဇစ္အသင္းရဲ႕ ေနာက္ခံလူ ဒါယို အူပါမီကာႏိုကို ေခၚယူဖို႔ လီဗာပူးလ္ပရိသတ္ေတြ ေတာင္းဆုိေနၾက။

– လီဗာပူးလ္အသင္းနည္းျပ ယာဂန္ ကေလာ့ပ္က သူတုိ႔အေနနဲ႔ ဒီယန္ လုိဗရန္ ထြက္ခြာသြားခ်ိန္မွာ လူသစ္မေခၚယူခဲ့တဲ့ ဆုံးျဖတ္ခ်က္ အတြက္ ကာကြယ္လိုက္ၿပီး ကမာၻ႕အဆင့္ေနာက္ခံလူ ၄ ဦးရွိဖို႔ဆုိတာ မျဖစ္ႏုိင္ေၾကာင္းနဲ႔ သုံးဦးနဲ႔ ဖာဘင္ညဳိရွိရင္ လုံေလာက္ၿပီလို႔ ယူဆေၾကာင္း ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်အသင်းရဲ့ VAR နဲ့ ပတ်သက်လို့ ဖြေရှင်းချက်လိုချင်တယ်ဆိုတဲ့ တောင်းဆိုမှုကိုတော့ ပရီးမီးယားလိဂ်ဘက် အပြုအမူနဲ့ တုံ့ပြန်လိုက်ပြီး မာဆေးဆိုက်ဒါဘီပွဲရဲ့ VAR ဒိုင် ဒေးဗစ် ကူးထ်ကို စတော့ခ်လီပါ့ခ်ကနေ ဖယ်ရှားခဲ့ပြီး လာမယ့်ပွဲစဉ်ကစလို့ စတုတ္ထဒိုင်အဖြစ်နဲ့ တာဝန်ထမ်းဆောင်စေဖို့ လုပ်ဆောင်နေ။

– ရာသီကုန်အထိ နားရတော့မယ့် နောက်ခံလူ ဗာဂျီး ဗန်ဒိုက်ရဲ့ ဖြစ်ရပ်အပေါ် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်က လူကျွံဘောဆိုတာ တစ်ခုတည်းပဲလားလို့ ဝတ်ဖို့ဒ်အသင်းခေါင်းဆောင် ထရွိုင် ဒီးနီက မေးခွန်းထုတ်လိုက်ပြီး တကယ်တမ်းဖြစ်ရပ်အပေါ် မူတည်ပြီး ဆုံးဖြတ်သင့်တာဖြစ်ကြောင်း ဝေဖန်သွား။

– ဗန်ဒိုက်ဟာ အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်နေပေမယ့် သူ့ရဲ့ ကစားပုံက သူများတွေအပေါ် မှီခိုပြီး ကစားနေတာဖြစ်ကြောင်း၊ သူတို့တွေအားလုံး အတူတူ အလုပ်လုပ်ရပေမယ့် ဒတ်ချ်နောက်ခံလူကတော့ အချီးကျူးခံရမယ့် နေရာတွေကို ရွေးပြီး လုပ်ဆောင်တတ်ကြောင်း သူ့ရဲ့ နည်းပြဟောင်း ရော်နယ်လ် ကိုးမန်း ပြောကြား။

– ဒဏ်ရာကြောင့် ရာသီကုန်အထိ ပွဲစဉ်တွေကို လွဲချော်တော့မယ့် အဓိကနောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီကို ယူရို သန်း ၇၀ နဲ့ ခေါ်ယူနိုင်ဖို့ လီဗာပူးလ်အသင်း ချိတ်ဆက်နေ။

– နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ်ရဲ့ ကြံ့ခိုင်မှု မပြည့်ဝလို့ အိမ်မှာ ထားရစ်ခဲ့ရတယ်လို့ နည်းပြ ယာဂန် ကလော့ပ်ပြောကြားလိုက်ပြီး အိုင်းယက်စ်နဲ့ အမ်စတာဒမ်မှာ ကစားရမယ့် အသင်းနောက်တန်းကို ဖာဘင်ညိုနဲ့ ဂျိုးဂိုမက်ဇ်တို့ပဲ ပွဲထွက်ရဖို့ရှိနေ။

– အသင်းအနေနဲ့ ငွေကြေးသုံးစွဲသင့်ပြီဖြစ်ပြီး ဂန္ထဝင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဂျေမီ ကာရေဂါ အကြံပေးခဲ့တဲ့အတိုင်း RB လိုက်ပ်ဇစ်အသင်းရဲ့ နောက်ခံလူ ဒါယို အူပါမီကာနိုကို ခေါ်ယူဖို့ လီဗာပူးလ်ပရိသတ်တွေ တောင်းဆိုနေကြ။

– လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်က သူတို့အနေနဲ့ ဒီယန် လိုဗရန် ထွက်ခွာသွားချိန်မှာ လူသစ်မခေါ်ယူခဲ့တဲ့ ဆုံးဖြတ်ချက် အတွက် ကာကွယ်လိုက်ပြီး ကမ္ဘာ့အဆင့်နောက်ခံလူ ၄ ဦးရှိဖို့ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ သုံးဦးနဲ့ ဖာဘင်ညိုရှိရင် လုံလောက်ပြီလို့ ယူဆကြောင်း ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.