Article Premier League UCL&UEL

အာ႐ုံမ်ားမ်ား ေဝေဝဝါးဝါး၊ ဆီဗီလာနဲ႔ပြဲၾကားက လမ္းပတ္ရဲ႕ အမွားမ်ား

ဖရန္႔ လမ္းပတ္ရဲ႕ ပထမရာသီက ရွိတဲ့ ကစားသမားေတြနဲ႔ လွေအာင္ ဝတ္ျပခဲ့တာကို ခ်ီးက်ဴးခဲ့ရသလို လိုအပ္ေနတဲ့ အဆင့္ ၄ ကို အရယူႏုိင္ခဲ့လို႔ ေအာင္ျမင္တယ္လုိ႔ ေျပာလုိ႔ရခဲ့ၿပီး ခံစစ္ပုိင္းဆုိးရြားမွဳကေတာ့ ေနာက္တစ္ရာသီအတြက္ေတာ့ သူသက္ေသျပရမယ့္ တာဝန္တစ္ခုအျဖစ္ ရွိေနခဲ့ပါတယ္။

ဒါကို ျပင္ဆင္ဖို႔အတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဘယ္ေနာက္ခံလူ ေခ်းလ္ဝဲလ္နဲ႔ အလြတ္ေျပာင္းနဲ႔ရတဲ့ သီယာဂို ေဆးလ္ဗား၊ မာလန္း ဆားရ္တုိ႔ကိုသာ တတ္ႏုိင္ခဲ့ၿပီး တုိက္စစ္မွာ ေငြသုံးမ်ားသြားခဲ့ခ်ိန္မွာ ကြင္းလယ္အဖ်က္ပုိင္းကိုလည္း ဝယ္ယူႏုိင္ျခင္း မရွိခဲ့လုိ႔ လမ္းပတ္ရဲ႕ နည္းဗ်ဴဟာနဲ႔ နည္းစနစ္ပုိင္း ပုိင္ႏုိင္မွဳကို ၾကည့္ရမယ့္ အေျခအေနကို ေရာက္လာခဲ့တာပါ။

သီယာဂို ေဆးလ္ဗားကို ဆက္တုိက္အသုံးျပဳႏုိင္ရင္ေတာ့ ရလဒ္ေကာင္းတာကို ေတြ႕ရၿပီး အသက္ ၃၆ ႏွစ္အရြယ္ ဘရာဇီးလ္သား ကစားႏုိင္တဲ့ ပြဲေတြမွာေတာ့ စုဖြဲ႕မွဳနဲ႔ က်စ္လ်စ္မွဳက တုိးတက္လာခဲ့သလို ဆီဗီလာကို ဂိုးမရွိသေရ ကစားႏုိင္ခဲ့ေပမယ့္ ဒါဟာ အိမ္ကြင္းကစားရတဲ့ အသင္းႀကီးတစ္သင္းအတြက္ေတာ့ လုံေလာက္မွဳ မရွိေသးတာလည္းျဖစ္ပါတယ္။

ခံစစ္က ေကာင္းရင္ တုိက္စစ္က စိတ္ခ်ရၿပီး အႏုိင္ယူႏုိင္မယ္လို႔ ခပ္လြယ္လြယ္ေတြးၾကည့္လိုက္ေပမယ့္ ဒါကေတာ့ မျဖစ္ခဲ့ဘဲ နည္းျပ လမ္းပတ္ရဲ႕ မ်က္ႏွာလုိက္မွဳနဲ႔ ကစားသမားေတြရဲ႕ အားသာခ်က္ကို မသိဘဲ ခင္းက်င္းေနခဲ့တဲ့ ဗ်ဴဟာေတြက အလုပ္မျဖစ္ခဲ့ဘဲ ဂိုးေပါက္ ေပ်ာက္ခဲ့ရျပန္ပါတယ္။ ဆီဗီလာနဲ႔ပြဲမွာ ကစားသမားေတာ္ေတာ္မ်ားမ်ားရဲ႕ ပုံစံက ကစားကြက္နဲ႔ အသားမက်တဲ့ ပုံစံကိုလည္း ေတြ႕ရပါတယ္။

အန္ဂိုလို ကြန္ေတနဲ႔ ေဂ်ာ္ဂ်င္ညဳိတုိ႔မွာ ကြင္းလယ္ကို ထိန္းခ်ဳပ္ႏုိင္ၿပီး ခံစစ္နဲ႔ စုေပါင္းလုပ္ေဆာင္ႏိုင္မယ္ဆုိတဲ့ ယုံၾကည္မွဳမ်ဳိး ေပ်ာက္ဆုံးေနၿပီး ဒါက တစ္သင္းလုံးရဲ႕ ဟန္ခ်က္ကို ပ်က္ျပားေစခဲ့သလို ကစားပုံသာမန္အထက္မွာ ရွိခဲ့သူဆုိလို႔ ေနာက္ခံလူ ဂ်ိမ္းစ္နဲ႔ ကြင္းလယ္လူ ဟာဗတ္ဇ္တုိ႔ ႏွစ္ဦးကိုပဲ ျမင္ခဲ့ရတာပါ။

ေမဆန္ေမာင့္ကို ပြဲထုတ္ခ်င္ေဇာႀကီးၿပီး သူ႕ကို အေရာင္တင္ေပးႏုိင္တယ္လုိ႔ ဂုဏ္ခံခ်င္ေနတဲ့ လမ္းပတ္ဟာ ဘယ္ျခမ္းမွာဆို အသင္းတုိင္း ေၾကာက္ရတဲ့ ပူလီရွစ္ခ်္ကို ညာျခမ္းပုိ႔လုိက္တာကေတာ့ ဆုိးရြားတဲ့ ဆုံးျဖတ္ခ်က္ပဲျဖစ္ခဲ့ၿပီး ဒီကစားသမားေတြနဲ႔ေတာ့ သူ႕ရဲ႕ ၄-၂-၃-၁ ကစားကြက္ဟာ အလုပ္မျဖစ္ႏုိင္တာကိုလည္း သုံးသပ္ႏုိင္ပါတယ္။

အဓိကအားျဖင့္ေတာ့ တုိက္စစ္ကေန ခံစစ္၊ ခံစစ္ကေန တုိက္စစ္ ကူးေျပာင္းရာမွာ ျပႆနာ မ်ားလြန္းေနသလို ဖန္တီးမယ့္ ကစားသမားေတြနဲ႔ အဆုံးသတ္မယ့္ ကစားသမားေတြက တကြဲတျပားစီျဖစ္ေနၿပီး ေမဆန္ေမာင့္ကေတာ့ ေတာင္ပံေတြမွာ ကစားပုံေကာင္းဖို႔ ထားဦး၊ တာဝန္မေက်ဘဲ ျဖစ္ေနၿပီး သူမပါဝင္မွဘဲ ပုိအလုပ္ျဖစ္မယ့္ သေဘာကို ေတြ႕ရပါတယ္။

ဒါေၾကာင့္ ဒီကစားကြက္ရဲ႕ အသက္ေတြျဖစ္တဲ့ ကြန္ေတနဲ႔ ေဂ်ာ္ဂ်င္ညဳိတုိ႔ကို တာဝန္ခြဲေဝေပးမွဳ မမွန္ရင္၊ ကိုဗာခ်စ္ကို အေျပာင္းအလဲအျဖစ္ ထည့္သြင္းဖို႔ မလုပ္ရဲရင္ကေတာ့ ၄-၃-၃ စစ္စစ္ကို ေျပာင္းကစားတာ အေကာင္းဆုံးျဖစ္ၿပီး ကြင္းလယ္ႏွစ္ေယာက္ေရွ႕မွာ ဟာဗတ္ဇ္နဲ႔ ေရွ႕မွာ ပူလီရွစ္ခ်္၊ ဇီးယက္ရွ္နဲ႔ ဗာနာကို သုံးစြဲသင့္ၿပီျဖစ္ပါတယ္။

လက္ရွိ ခံစစ္ပုိင္း ကြာလတီအရေတာ့ ကြင္းလယ္နဲ႔ တုိက္စစ္သမားေတြၾကားမွာ လုံေလာက္တဲ့ စုဖြဲ႕မွဳနဲ႔ စည္းလုံးညီညြတ္မွဳရွိမွ အလုပ္ျဖစ္မွာ ျဖစ္လို႔ လမ္းပတ္အေနနဲ႔ မရႏိုင္ေသးတဲ့ ဒက္ကလန္ ႐ိုက္စ္ကို ေတာင္းဆုိေနမယ့္အစား နည္းျပတစ္ေယာက္ရဲ႕ နည္းစနစ္ပုိင္း ကၽြမ္းက်င္ပုိင္ႏိုင္မွဳ တကယ္ပဲ ျမင့္မားတယ္ဆုိရင္ အိတ္ေပါက္နဲ႔ ဖားေကာက္တဲ့ ေန႔မ်ဳိးနဲ႔ ဂိုးမရွိသေရေန႔မ်ဳိးေတြ မျဖစ္ရေအာင္ ေျပာင္းလဲဖို႔ အခ်ိန္တန္ေနၿပီျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဖရန့် လမ်းပတ်ရဲ့ ပထမရာသီက ရှိတဲ့ ကစားသမားတွေနဲ့ လှအောင် ဝတ်ပြခဲ့တာကို ချီးကျူးခဲ့ရသလို လိုအပ်နေတဲ့ အဆင့် ၄ ကို အရယူနိုင်ခဲ့လို့ အောင်မြင်တယ်လို့ ပြောလို့ရခဲ့ပြီး ခံစစ်ပိုင်းဆိုးရွားမှုကတော့ နောက်တစ်ရာသီအတွက်တော့ သူသက်သေပြရမယ့် တာဝန်တစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။

ဒါကို ပြင်ဆင်ဖို့အတွက် ချဲလ်ဆီးအသင်းအနေနဲ့ ဘယ်နောက်ခံလူ ချေးလ်ဝဲလ်နဲ့ အလွတ်ပြောင်းနဲ့ရတဲ့ သီယာဂို ဆေးလ်ဗား၊ မာလန်း ဆားရ်တို့ကိုသာ တတ်နိုင်ခဲ့ပြီး တိုက်စစ်မှာ ငွေသုံးများသွားခဲ့ချိန်မှာ ကွင်းလယ်အဖျက်ပိုင်းကိုလည်း ဝယ်ယူနိုင်ခြင်း မရှိခဲ့လို့ လမ်းပတ်ရဲ့ နည်းဗျူဟာနဲ့ နည်းစနစ်ပိုင်း ပိုင်နိုင်မှုကို ကြည့်ရမယ့် အခြေအနေကို ရောက်လာခဲ့တာပါ။

သီယာဂို ဆေးလ်ဗားကို ဆက်တိုက်အသုံးပြုနိုင်ရင်တော့ ရလဒ်ကောင်းတာကို တွေ့ရပြီး အသက် ၃၆ နှစ်အရွယ် ဘရာဇီးလ်သား ကစားနိုင်တဲ့ ပွဲတွေမှာတော့ စုဖွဲ့မှုနဲ့ ကျစ်လျစ်မှုက တိုးတက်လာခဲ့သလို ဆီဗီလာကို ဂိုးမရှိသရေ ကစားနိုင်ခဲ့ပေမယ့် ဒါဟာ အိမ်ကွင်းကစားရတဲ့ အသင်းကြီးတစ်သင်းအတွက်တော့ လုံလောက်မှု မရှိသေးတာလည်းဖြစ်ပါတယ်။

ခံစစ်က ကောင်းရင် တိုက်စစ်က စိတ်ချရပြီး အနိုင်ယူနိုင်မယ်လို့ ခပ်လွယ်လွယ်တွေးကြည့်လိုက်ပေမယ့် ဒါကတော့ မဖြစ်ခဲ့ဘဲ နည်းပြ လမ်းပတ်ရဲ့ မျက်နှာလိုက်မှုနဲ့ ကစားသမားတွေရဲ့ အားသာချက်ကို မသိဘဲ ခင်းကျင်းနေခဲ့တဲ့ ဗျူဟာတွေက အလုပ်မဖြစ်ခဲ့ဘဲ ဂိုးပေါက် ပျောက်ခဲ့ရပြန်ပါတယ်။ ဆီဗီလာနဲ့ပွဲမှာ ကစားသမားတော်တော်များများရဲ့ ပုံစံက ကစားကွက်နဲ့ အသားမကျတဲ့ ပုံစံကိုလည်း တွေ့ရပါတယ်။

အန်ဂိုလို ကွန်တေနဲ့ ဂျော်ဂျင်ညိုတို့မှာ ကွင်းလယ်ကို ထိန်းချုပ်နိုင်ပြီး ခံစစ်နဲ့ စုပေါင်းလုပ်ဆောင်နိုင်မယ်ဆိုတဲ့ ယုံကြည်မှုမျိုး ပျောက်ဆုံးနေပြီး ဒါက တစ်သင်းလုံးရဲ့ ဟန်ချက်ကို ပျက်ပြားစေခဲ့သလို ကစားပုံသာမန်အထက်မှာ ရှိခဲ့သူဆိုလို့ နောက်ခံလူ ဂျိမ်းစ်နဲ့ ကွင်းလယ်လူ ဟာဗတ်ဇ်တို့ နှစ်ဦးကိုပဲ မြင်ခဲ့ရတာပါ။

မေဆန်မောင့်ကို ပွဲထုတ်ချင်ဇောကြီးပြီး သူ့ကို အရောင်တင်ပေးနိုင်တယ်လို့ ဂုဏ်ခံချင်နေတဲ့ လမ်းပတ်ဟာ ဘယ်ခြမ်းမှာဆို အသင်းတိုင်း ကြောက်ရတဲ့ ပူလီရှစ်ချ်ကို ညာခြမ်းပို့လိုက်တာကတော့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ခဲ့ပြီး ဒီကစားသမားတွေနဲ့တော့ သူ့ရဲ့ ၄-၂-၃-၁ ကစားကွက်ဟာ အလုပ်မဖြစ်နိုင်တာကိုလည်း သုံးသပ်နိုင်ပါတယ်။

အဓိကအားဖြင့်တော့ တိုက်စစ်ကနေ ခံစစ်၊ ခံစစ်ကနေ တိုက်စစ် ကူးပြောင်းရာမှာ ပြဿနာ များလွန်းနေသလို ဖန်တီးမယ့် ကစားသမားတွေနဲ့ အဆုံးသတ်မယ့် ကစားသမားတွေက တကွဲတပြားစီဖြစ်နေပြီး မေဆန်မောင့်ကတော့ တောင်ပံတွေမှာ ကစားပုံကောင်းဖို့ ထားဦး၊ တာဝန်မကျေဘဲ ဖြစ်နေပြီး သူမပါဝင်မှဘဲ ပိုအလုပ်ဖြစ်မယ့် သဘောကို တွေ့ရပါတယ်။

ဒါကြောင့် ဒီကစားကွက်ရဲ့ အသက်တွေဖြစ်တဲ့ ကွန်တေနဲ့ ဂျော်ဂျင်ညိုတို့ကို တာဝန်ခွဲဝေပေးမှု မမှန်ရင်၊ ကိုဗာချစ်ကို အပြောင်းအလဲအဖြစ် ထည့်သွင်းဖို့ မလုပ်ရဲရင်ကတော့ ၄-၃-၃ စစ်စစ်ကို ပြောင်းကစားတာ အကောင်းဆုံးဖြစ်ပြီး ကွင်းလယ်နှစ်ယောက်ရှေ့မှာ ဟာဗတ်ဇ်နဲ့ ရှေ့မှာ ပူလီရှစ်ချ်၊ ဇီးယက်ရှ်နဲ့ ဗာနာကို သုံးစွဲသင့်ပြီဖြစ်ပါတယ်။

လက်ရှိ ခံစစ်ပိုင်း ကွာလတီအရတော့ ကွင်းလယ်နဲ့ တိုက်စစ်သမားတွေကြားမှာ လုံလောက်တဲ့ စုဖွဲ့မှုနဲ့ စည်းလုံးညီညွတ်မှုရှိမှ အလုပ်ဖြစ်မှာ ဖြစ်လို့ လမ်းပတ်အနေနဲ့ မရနိုင်သေးတဲ့ ဒက်ကလန် ရိုက်စ်ကို တောင်းဆိုနေမယ့်အစား နည်းပြတစ်ယောက်ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်ပိုင်နိုင်မှု တကယ်ပဲ မြင့်မားတယ်ဆိုရင် အိတ်ပေါက်နဲ့ ဖားကောက်တဲ့ နေ့မျိုးနဲ့ ဂိုးမရှိသရေနေ့မျိုးတွေ မဖြစ်ရအောင် ပြောင်းလဲဖို့ အချိန်တန်နေပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.