Match Report Premier League UCL&UEL

အိမ္ကြင္းမွာ ေနာက္ကေန သုံးဂိုးလုိက္သြင္းၿပီး ေပၚတုိကို အႏုိင္ကစားတဲ့ စီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာေတာ့ ခံစစ္မွာ အဲရစ္ ဂါစီယာကို ႐ူဘင္ ဒီယက္စ္နဲ႔ တြဲေပးခဲ့ၿပီး တုိက္စစ္မွာေတာ့ အေဂြ႐ိုကို စတာလင္နဲ႔ မာရက္ဇ္တုိ႔ ရံကစားလာသလို ဒီဘ႐ိုင္းနားကလြဲၿပီး လူစုံခဲ့တဲ့ ပြဲတစ္ပြဲျဖစ္ခဲ့ေပမယ့္ အိမ္ကြင္းမွာ ေနာက္က လုိက္ကစားၿပီးမွ အႏုိင္ယူခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၄ မိနစ္မွာ ဧည့္သည္ ေပၚတုိတုိ႔ အဖြင့္ဂိုး စရသြားခဲ့ၿပီး ႐ူဘင္ ဒီယက္စ္ရဲ႕ ေဘာလုံးကို ကိုလံဘီယာအတြဲျဖစ္တဲ့ ကြင္းလယ္လူ အူရီဘဲက ျဖတ္ယူၿပီး လူးဝစ္ ဒီယက္ဇ္ကို ေပးခဲ့ရာမွာ ဒီယက္ဇ္က ဘယ္ျခမ္းကေန ညာျခမ္းအထိ ေတာက္ေလွ်ာက္ဆြဲယူၿပီး လြတ္ကြက္ေပၚတဲ့အထိ စိတ္ႀကဳိက္ရွာေဖြၿပီးမွ အနိမ့္ေဘာျပန္ခ်ဳိးကန္သြားခဲ့တာျဖစ္ပါတယ္။

ဒီဂိုးမွာ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္နဲ႔ ခံစစ္မွာ အရည္အခ်င္းမျပည့္ဝမွဳေတြကို ျမင္ခဲ့ရၿပီး ႐ိုဒရီဟာ ေပးရတဲ့ ေဈးနဲ႔ မတန္ဘဲ ဖာနန္ဒင္ညဳိရဲ႕ ေျခဖ်ားကိုေတာင္ မမီတဲ့ Flop တစ္ေယာက္လို႔ ေကာက္ခ်က္ခ်ရမွာျဖစ္သလို အဲရစ္ ဂါစီယာကေတာ့ ႐ူဘင္ ဒီယက္စ္ ေဘာလုံး ဆုံး႐ွဳံးခ်ိန္မွာ သူ႕ရဲ႕ သတ္မွတ္ထားတဲ့ ဘယ္အတြင္းလူေနရာကေန ေနရာယူပုံ လြဲမွားေနခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ ဂိုးဧရိယာထဲ ဆြဲဝင္လာတဲ့ မန္စီးတီးအသင္းေခါင္းေဆာင္ စတာလင္ကို ေပၚတုိအသင္းေခါင္းေဆာင္ ေပေပက ေဘာလုံးမပါဘဲ ဝင္တုိက္မိလုိ႔ ပင္နယ္တီ ေပးခဲ့ရၿပီး ဒီအခြင့္အေရးကိုေတာ့ တုိက္စစ္မွဴး အေဂြ႐ိုက ကန္သြင္းၿပီး ေခ်ပဂိုး ရယူႏုိင္ခဲ့ပါတယ္။

ေခ်ပဂိုးရခဲ့ေပမယ့္ မန္စီးတီးတုိ႔ အႏုိင္ဂိုးအတြက္ တုိက္စစ္မဆင္ႏုိင္ခဲ့ဘဲ ပါးနပ္ျခင္းမရွိတဲ့အျပင္ စြန္႔စားမွဳ မ်ားလြန္းတဲ့ ကစားပုံေတြနဲ႔ ခံစစ္က ေပၚတုိရဲ႕ ဖိအားေပးမွဳကို မၾကာခဏ ခံေနခဲ့ရၿပီး အပုိင္အခြင့္အေရးႏွစ္ႀကိမ္ေလာက္ကို ဧည့္သည္ေတြ ျဖဳန္းတီးပစ္ခဲ့လုိ႔သာ ပထမပုိင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့တာျဖစ္ပါတယ္။

ဒုတိယပုိင္း ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ေပၚတိုဂိုးဧရိယာထိပ္မွာ ရရွိတဲ့ ဖရီးကစ္ကို ကြင္းလယ္လူ ဂြန္ဒိုးဝမ္က ဂိုးသမား မာေရွစင္ မကာကြယ္ႏိုင္ေအာင္ လွလွပပ ကန္သြင္းယူႏုိင္ခဲ့လုိ႔ မန္စီးတီးတုိ႔ အႏုိင္ဂိုးစတင္ရရွိခဲ့ၿပီး ဒီဂိုးမတုိင္ခင္က သူ႕ရဲ႕ အပုိင္ကန္ခ်က္ကို ဂိုးသမား ကာကြယ္သြားခဲ့တာကို စိတ္မေက်ပြဲႏႊဲႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီဂိုးရၿပီးမွာေတာ့ အဲရစ္ ဂါစီယာရဲ႕ စည္းလြတ္ဝါးလြတ္ ဖ်က္ထုတ္မွဳကိုလည္း ေတြ႕ျမင္ခဲ့ရၿပီး ဘာစီလုိနာက လိုခ်င္ေနတာကေတာ့ ေက်းဇူး တင္စရာေကာင္းသလို မန္စီးတီးဘက္က အေဂြ႐ိုနဲ႔ ဂြန္ဒိုးဝမ္တုိ႔ေနရာမွာ ဖယ္ရန္ ေတာရက္စ္နဲ႔ ဖိုဒန္တုိ႔ကို လူစားလဲကစားခဲ့ပါတယ္။

၇၃ မိနစ္မွာေတာ့ လူစားဝင္လာတဲ့ သူတုိ႔ႏွစ္ဦးရဲ႕ ဘယ္ျခမ္းကေန ႏွစ္ဦးတည္း လုပ္ျပသြားခဲ့တဲ့ တြဲလုံးနဲ႔ ေပၚတိုေနာက္တန္းေတြကို ေက်ာ္ျဖတ္သြားၿပီး ေတာရက္စ္>ဖိုဒန္>ေတာရက္စ္ ဝမ္းတူးနဲ႔ ဂိုးဧရိယာထဲ ရသြားခဲ့တဲ့ စပိန္လူငယ္ေတာင္ပံသမားက ေပေပကို ထပ္မံေက်ာ္ျဖတ္ၿပီး ဂိုးရဲ႕ ညာဘက္အေပၚေထာင့္ကို ကန္သြင္းၿပီး အႏုိင္ေသခ်ာေစမယ့္ဂိုးကို ရယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ စတာလင္နဲ႔ ေပေပတုိ႔ အခ်င္းမ်ားတာကို အခြင့္ေကာင္းယူၿပီး ကန္သြင္းတဲ့ ႐ိုဒရီရဲ႕ေဘာလုံးကို ဂိုးသမား ပုတ္ထုတ္သြားႏုိင္ခဲ့သလို သူ႕အစား ဖာနန္ဒင္ညဳိနဲ႔ လူစားလဲခဲ့ၿပီး ပြဲၿပီးခါနီးမွာေတာ့ ဘရာဇီးလ္သား ဒဏ္ရာအနည္းငယ္ ရသြားခဲ့တာေၾကာင့္ ဂၽြန္စတုန္းစ္နဲ႔ ထပ္လဲၿပီးတဲ့ေနာက္ အိမ္ကြင္းမွာ သုံးဂိုး-တစ္ဂိုးနဲ႔ မန္ခ်က္စတာစီးတီးတုိ႔ ေအာင္ပြဲခံႏုိင္ခဲ့ၿပီး အုပ္စု(ဂ)ရဲ႕ ပထမေနရာမွာ ရပ္တည္ေနေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာတော့ ခံစစ်မှာ အဲရစ် ဂါစီယာကို ရူဘင် ဒီယက်စ်နဲ့ တွဲပေးခဲ့ပြီး တိုက်စစ်မှာတော့ အဂွေရိုကို စတာလင်နဲ့ မာရက်ဇ်တို့ ရံကစားလာသလို ဒီဘရိုင်းနားကလွဲပြီး လူစုံခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပေမယ့် အိမ်ကွင်းမှာ နောက်က လိုက်ကစားပြီးမှ အနိုင်ယူခဲ့ရပါတယ်။

ပွဲချိန် ၁၄ မိနစ်မှာ ဧည့်သည် ပေါ်တိုတို့ အဖွင့်ဂိုး စရသွားခဲ့ပြီး ရူဘင် ဒီယက်စ်ရဲ့ ဘောလုံးကို ကိုလံဘီယာအတွဲဖြစ်တဲ့ ကွင်းလယ်လူ အူရီဘဲက ဖြတ်ယူပြီး လူးဝစ် ဒီယက်ဇ်ကို ပေးခဲ့ရာမှာ ဒီယက်ဇ်က ဘယ်ခြမ်းကနေ ညာခြမ်းအထိ တောက်လျှောက်ဆွဲယူပြီး လွတ်ကွက်ပေါ်တဲ့အထိ စိတ်ကြိုက်ရှာဖွေပြီးမှ အနိမ့်ဘောပြန်ချိုးကန်သွားခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်မှာ အရည်အချင်းမပြည့်ဝမှုတွေကို မြင်ခဲ့ရပြီး ရိုဒရီဟာ ပေးရတဲ့ ဈေးနဲ့ မတန်ဘဲ ဖာနန်ဒင်ညိုရဲ့ ခြေဖျားကိုတောင် မမီတဲ့ Flop တစ်ယောက်လို့ ကောက်ချက်ချရမှာဖြစ်သလို အဲရစ် ဂါစီယာကတော့ ရူဘင် ဒီယက်စ် ဘောလုံး ဆုံးရှုံးချိန်မှာ သူ့ရဲ့ သတ်မှတ်ထားတဲ့ ဘယ်အတွင်းလူနေရာကနေ နေရာယူပုံ လွဲမှားနေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ ဂိုးဧရိယာထဲ ဆွဲဝင်လာတဲ့ မန်စီးတီးအသင်းခေါင်းဆောင် စတာလင်ကို ပေါ်တိုအသင်းခေါင်းဆောင် ပေပေက ဘောလုံးမပါဘဲ ဝင်တိုက်မိလို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ တိုက်စစ်မှူး အဂွေရိုက ကန်သွင်းပြီး ချေပဂိုး ရယူနိုင်ခဲ့ပါတယ်။

ချေပဂိုးရခဲ့ပေမယ့် မန်စီးတီးတို့ အနိုင်ဂိုးအတွက် တိုက်စစ်မဆင်နိုင်ခဲ့ဘဲ ပါးနပ်ခြင်းမရှိတဲ့အပြင် စွန့်စားမှု များလွန်းတဲ့ ကစားပုံတွေနဲ့ ခံစစ်က ပေါ်တိုရဲ့ ဖိအားပေးမှုကို မကြာခဏ ခံနေခဲ့ရပြီး အပိုင်အခွင့်အရေးနှစ်ကြိမ်လောက်ကို ဧည့်သည်တွေ ဖြုန်းတီးပစ်ခဲ့လို့သာ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၆၅ မိနစ်မှာတော့ ပေါ်တိုဂိုးဧရိယာထိပ်မှာ ရရှိတဲ့ ဖရီးကစ်ကို ကွင်းလယ်လူ ဂွန်ဒိုးဝမ်က ဂိုးသမား မာရှေစင် မကာကွယ်နိုင်အောင် လှလှပပ ကန်သွင်းယူနိုင်ခဲ့လို့ မန်စီးတီးတို့ အနိုင်ဂိုးစတင်ရရှိခဲ့ပြီး ဒီဂိုးမတိုင်ခင်က သူ့ရဲ့ အပိုင်ကန်ချက်ကို ဂိုးသမား ကာကွယ်သွားခဲ့တာကို စိတ်မကျေပွဲနွှဲနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီဂိုးရပြီးမှာတော့ အဲရစ် ဂါစီယာရဲ့ စည်းလွတ်ဝါးလွတ် ဖျက်ထုတ်မှုကိုလည်း တွေ့မြင်ခဲ့ရပြီး ဘာစီလိုနာက လိုချင်နေတာကတော့ ကျေးဇူး တင်စရာကောင်းသလို မန်စီးတီးဘက်က အဂွေရိုနဲ့ ဂွန်ဒိုးဝမ်တို့နေရာမှာ ဖယ်ရန် တောရက်စ်နဲ့ ဖိုဒန်တို့ကို လူစားလဲကစားခဲ့ပါတယ်။

၇၃ မိနစ်မှာတော့ လူစားဝင်လာတဲ့ သူတို့နှစ်ဦးရဲ့ ဘယ်ခြမ်းကနေ နှစ်ဦးတည်း လုပ်ပြသွားခဲ့တဲ့ တွဲလုံးနဲ့ ပေါ်တိုနောက်တန်းတွေကို ကျော်ဖြတ်သွားပြီး တောရက်စ်>ဖိုဒန်>တောရက်စ် ဝမ်းတူးနဲ့ ဂိုးဧရိယာထဲ ရသွားခဲ့တဲ့ စပိန်လူငယ်တောင်ပံသမားက ပေပေကို ထပ်မံကျော်ဖြတ်ပြီး ဂိုးရဲ့ ညာဘက်အပေါ်ထောင့်ကို ကန်သွင်းပြီး အနိုင်သေချာစေမယ့်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ စတာလင်နဲ့ ပေပေတို့ အချင်းများတာကို အခွင့်ကောင်းယူပြီး ကန်သွင်းတဲ့ ရိုဒရီရဲ့ဘောလုံးကို ဂိုးသမား ပုတ်ထုတ်သွားနိုင်ခဲ့သလို သူ့အစား ဖာနန်ဒင်ညိုနဲ့ လူစားလဲခဲ့ပြီး ပွဲပြီးခါနီးမှာတော့ ဘရာဇီးလ်သား ဒဏ်ရာအနည်းငယ် ရသွားခဲ့တာကြောင့် ဂျွန်စတုန်းစ်နဲ့ ထပ်လဲပြီးတဲ့နောက် အိမ်ကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ မန်ချက်စတာစီးတီးတို့ အောင်ပွဲခံနိုင်ခဲ့ပြီး အုပ်စု(ဂ)ရဲ့ ပထမနေရာမှာ ရပ်တည်နေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.