Premier League

ကလပ်တက်ပြီး ပွဲတောင် မကစားနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို သတိပေးခဲ့တဲ့ အလန် ရှီးယား

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ကိုယ့်အရည်အချင်းတွေကို ဖြုန်းတီးပစ်နေပြီး စည်းကမ်းပိုင်းပြဿနာတွေကို မဖြေရှင်းဘူးဆိုရင် ကြီးမားတဲ့ နောင်တတွေ ရလိမ့်မယ်လို့ အလန်ရှီးယားက သတိပေးခဲ့ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ တနင်္ဂနွေနေ့ညက နယူးပို့တ် ကောင်တီနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်ကို နာမကျန်းဖြစ်မှုကြောင့် လွဲချော်ခဲ့ပြီးနောက် အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူးက အခုလို မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ သောကြာနေ့ လေ့ကျင့်ရေးကို နာမကျန်းဖြစ်မှုကြောင့် လွဲချော်ခဲ့ပေမယ့်လည်း အင်္ဂလန်တိုက်စစ်မှူးကို ကြာသပတေးနေ့ညနေကမှ ဘဲလ်ဖတ်စ်က နိုက်ကလပ်တစ်ခုမှာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အက်ဖ်အေဖလားပွဲစဉ်မတိုင်ခင် အဲရစ် တန်ဟက်ဟာ ကြယ်ပွင့်တိုက်စစ်မှူး မပါဝင်နိုင်မှုနဲ့ပတ်သက်ပြီး မေးမြန်းခံခဲ့ရပြီး စည်းကမ်းပိုင်းကြောင့်လားလို့ မေးမြန်းခဲ့ရာမှာ “အဲဒါက အသင်းအတွင်းကိစ္စလို့ပဲ ပြောကြပါစို့။ ကျွန်တော် အဲဒါကို ဖြေရှင်းသွားမှာပါ။ အဲဒါက အသင်းအတွင်းပိုင်းကိစ္စပါ။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း အိပ်မောကျနေတာကြောင့် အသင်းအစည်းအဝေးကို လွဲချော်ခဲ့ပြီးနောက် ဝုလ်ဗ်စ်နဲ့ပွဲမှာ အရန်ခုံပို့ခြင်းခံခဲ့ရဖူးပြီး အဲဒီပွဲစဉ်မှာ အနိုင်ဂိုးကို လူစားဝင်ကစားသမားအဖြစ် သွင်းယူပြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီရာသီမှာတော့ ၄ ဂိုးသာ သွင်းယူထားနိုင်သေးပြီး ပရီးမီးယားလိဂ်ဂန္တဝင် အလန် ရှီးယားက အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးကို အနေအထိုင် ဆင်ခြင်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

“အဲဒါက အသင်းအတွင်းပိုင်းကိစ္စဆိုရင် ခင်ဗျား တစ်ခုခုတော့ ဖြစ်နေတယ်ဆိုတာ တွေးကြည့်လို့ရတယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ်မှာ ကြီးမားတဲ့ အရည်အချင်းတွေရှိတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီတုန်းက သူ ပွဲမတိုင်ခင် အစည်းအဝေးနောက်ကျလို့ စည်းကမ်းပိုင်း အရေးယူခံခဲ့ရတာမြင်ခဲ့ရတယ်။ ဒါပေမယ့် တစ်ခုခုကတော့ ရှင်းရှင်းလင်းလင်းကို မှားယွင်းနေပါတယ်။ အိမ်မှာရော ဘောလုံးအသင်းနဲ့ရော သူ့ရဲ့ ဆက်ဆံရေးကပေါ့။ သူ ဒီတိုင်းဆက်လုပ်နေလို့မရဘူး။ သူ့အရည်အချင်းတွေကို ဆက်ပြီး ဖြုန်းတီးနေလို့မရဘူး။ ဘာလို့လဲဆိုတော့ အဲဒါက မမှန်လို့ပါ။ သူ အားကောင်းတဲ့ စီမံခန့်ခွဲမှုမျိုးလိုတယ်။ တစ်စုံတစ်ယောက်က သူ့ ပုခုံးနှစ်ဖက်ကနေ ကိုင်ပြီး ဒီတိုင်းသာ ဆက်လုပ်နေရင် မင်း ကစားသမားဘဝအဆုံးသတ်ကျရင် ကြီးမားတဲ့ နောင်တတွေ ရလိမ့်မယ်ဆိုတာ ပြောပြဖို့ လိုနေပြီ။ ခင်ဗျား ဒီလို ဆက်လုပ်နေလို့မရဘူး။ အခု အဲဒါကို ပြင်ဖို့လိုပြီ။ ပြီးခဲ့တဲ့ရာသီ ဂိုး ၃၀ သွင်းနိုင်ခဲ့တယ်။ ဒီရာသီ ၄ ဂိုးပဲ ရှိသေးတယ်။ သူ ကစားတာ ကျွန်တော်တွေ့တဲ့အချိန်တိုင်း ကမ္ဘာကြီးတစ်ခုလုံး ပုခုံးပေါ်တင်ထားရသလိုမျိုးဖြစ်နေတယ်။ အဲဒါကို အခု ဖြေရှင်းဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ သူ အဲဒါကို ရင်ဆိုင်ဖြေရှင်းနိုင်မှာမဟုတ်လို့ပဲ။”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ကိုယ့္အရည္အခ်င္းေတြကို ျဖဳန္းတီးပစ္ေနၿပီး စည္းကမ္းပိုင္းျပႆနာေတြကို မေျဖရွင္းဘူးဆိုရင္ ႀကီးမားတဲ့ ေနာင္တေတြ ရလိမ့္မယ္လို႔ အလန္ရွီးယားက သတိေပးခဲ့ပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ တနဂၤေႏြေန႔ညက နယူးပို႔တ္ ေကာင္တီနဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္ကို နာမက်န္းျဖစ္မႈေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီးေနာက္ အဂၤလန္ဂႏၲဝင္တိုက္စစ္မႉးက အခုလို မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ ေသာၾကာေန႔ ေလ့က်င့္ေရးကို နာမက်န္းျဖစ္မႈေၾကာင့္ လြဲေခ်ာ္ခဲ့ေပမယ့္လည္း အဂၤလန္တိုက္စစ္မႉးကို ၾကာသပေတးေန႔ညေနကမွ ဘဲလ္ဖတ္စ္က ႏိုက္ကလပ္တစ္ခုမွာ ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

အက္ဖ္ေအဖလားပြဲစဥ္မတိုင္ခင္ အဲရစ္ တန္ဟက္ဟာ ၾကယ္ပြင့္တိုက္စစ္မႉး မပါဝင္ႏိုင္မႈနဲ႔ပတ္သက္ၿပီး ေမးျမန္းခံခဲ့ရၿပီး စည္းကမ္းပိုင္းေၾကာင့္လားလို႔ ေမးျမန္းခဲ့ရာမွာ “အဲဒါက အသင္းအတြင္းကိစၥလို႔ပဲ ေျပာၾကပါစို႔။ ကြၽန္ေတာ္ အဲဒါကို ေျဖရွင္းသြားမွာပါ။ အဲဒါက အသင္းအတြင္းပိုင္းကိစၥပါ။ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းကလည္း အိပ္ေမာက်ေနတာေၾကာင့္ အသင္းအစည္းအေဝးကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ဝုလ္ဗ္စ္နဲ႔ပြဲမွာ အရန္ခုံပို႔ျခင္းခံခဲ့ရဖူးၿပီး အဲဒီပြဲစဥ္မွာ အႏိုင္ဂိုးကို လူစားဝင္ကစားသမားအျဖစ္ သြင္းယူၿပီး တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီရာသီမွာေတာ့ ၄ ဂိုးသာ သြင္းယူထားႏိုင္ေသးၿပီး ပရီးမီးယားလိဂ္ဂႏၲဝင္ အလန္ ရွီးယားက အသက္ ၂၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို အေနအထိုင္ ဆင္ျခင္ဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

“အဲဒါက အသင္းအတြင္းပိုင္းကိစၥဆိုရင္ ခင္ဗ်ား တစ္ခုခုေတာ့ ျဖစ္ေနတယ္ဆိုတာ ေတြးၾကည့္လို႔ရတယ္။ မားကပ္စ္ ရက္ရွ္ဖို႔ဒ္မွာ ႀကီးမားတဲ့ အရည္အခ်င္းေတြရွိတယ္။ ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ရာသီတုန္းက သူ ပြဲမတိုင္ခင္ အစည္းအေဝးေနာက္က်လို႔ စည္းကမ္းပိုင္း အေရးယူခံခဲ့ရတာျမင္ခဲ့ရတယ္။ ဒါေပမယ့္ တစ္ခုခုကေတာ့ ရွင္းရွင္းလင္းလင္းကို မွားယြင္းေနပါတယ္။ အိမ္မွာေရာ ေဘာလုံးအသင္းနဲ႔ေရာ သူ႔ရဲ႕ ဆက္ဆံေရးကေပါ့။ သူ ဒီတိုင္းဆက္လုပ္ေနလို႔မရဘူး။ သူ႔အရည္အခ်င္းေတြကို ဆက္ၿပီး ျဖဳန္းတီးေနလို႔မရဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒါက မမွန္လို႔ပါ။ သူ အားေကာင္းတဲ့ စီမံခန႔္ခြဲမႈမ်ိဳးလိုတယ္။ တစ္စုံတစ္ေယာက္က သူ႔ ပုခုံးႏွစ္ဖက္ကေန ကိုင္ၿပီး ဒီတိုင္းသာ ဆက္လုပ္ေနရင္ မင္း ကစားသမားဘဝအဆုံးသတ္က်ရင္ ႀကီးမားတဲ့ ေနာင္တေတြ ရလိမ့္မယ္ဆိုတာ ေျပာျပဖို႔ လိုေနၿပီ။ ခင္ဗ်ား ဒီလို ဆက္လုပ္ေနလို႔မရဘူး။ အခု အဲဒါကို ျပင္ဖို႔လိုၿပီ။ ၿပီးခဲ့တဲ့ရာသီ ဂိုး ၃၀ သြင္းႏိုင္ခဲ့တယ္။ ဒီရာသီ ၄ ဂိုးပဲ ရွိေသးတယ္။ သူ ကစားတာ ကြၽန္ေတာ္ေတြ႕တဲ့အခ်ိန္တိုင္း ကမာၻႀကီးတစ္ခုလုံး ပုခုံးေပၚတင္ထားရသလိုမ်ိဳးျဖစ္ေနတယ္။ အဲဒါကို အခု ေျဖရွင္းဖို႔ လိုတယ္။ ဘာလို႔လဲဆိုေတာ့ သူ အဲဒါကို ရင္ဆိုင္ေျဖရွင္းႏိုင္မွာမဟုတ္လို႔ပဲ။”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.