Premier League

ပီအက်စ်ဂျီကြယ်ပွင့်ကို ခေါ်ယူပြီး အင်အားဖြည့်တင်းဖို့ စိတ်ဝင်စားနေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ပီအက်စ်ဂျီညာနောက်ခံလူ နော်ဒီ မူခီလီကို ယခုလမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ football.london က ဖော်ပြခဲ့ပါတယ်။

ဂန်းနားတွေဟာ ယခုလမှာ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းသွားချင်နေတာဖြစ်ပြီး ပီအက်စ်ဂျီကလည်း ညာနောက်ခံကစားသမားကို အငှားနဲ့ အသင်းကနေ ထွက်ခွာခွင့်ပေးချင်တဲ့ဆန္ဒရှိနေတာဖြစ်ပါတယ်။

မူခီလီဟာ အာတီတာရဲ့ ယခုရာသီ ဒဏ်ရာပြဿနာတွေအတွက် စိုးရိမ်မှုကို သက်သာစေမယ့် အဖြေတစ်ခုဖြစ်ပြီး တိုမိယဆု(ခြေသလုံး)၊ ဘန် ဝှိုက်(ဒူး)၊ ဇင်ချန်ကို(ခြေသလုံး)တို့အားလုံးဟာ ကြံ့ခိုင်မှုပြဿနာကြောင့် အနားယူနေရတာဖြစ်ပါတယ်။

မကြာသေးမီကလည်း ဗဟိုခံစစ်ကစားသမား ဂွဘရီယဲလ်ဟာ ခရစ္စတယ် ပဲလေ့စ်ကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရပြီး ဘယ်လောက်ကြာကြာ အနားယူရမယ့် ဒဏ်ရာဖြစ်နိုင်လဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာစေခဲ့တာဖြစ်ပါတယ်။

မူခီလီရဲ့ နေရာစုံကစားနိုင်စွမ်းကြောင့် ခံစစ် ၄ ဦးထဲက နေရာအများအပြားမှာ အသုံးပြုလို့ရနိုင်မှာဖြစ်ပြီး ညာနောက်ခံလူအဖြစ် အဓိကကစားနေပေမယ့်လည်း ဗဟိုခံစစ် ဘယ်ခြမ်းရော ညာခြမ်းမှာပါ ကစားနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ ယခုရာသီမှာ မူခီလီဟာ လီဂူးဝမ်း ၄ ပွဲသာ ပွဲထွက်ပါဝင်ကစားပေးခွင့်ရရှိခဲ့ပြီး များသောအားဖြင့် အရန်ခုံမှာသာ အချိန်ဖြုန်းခဲ့ရတာကြောင့် အမ်းမရိတ်စ်ကို ကာလတို သွားကစားဖို့က ဖြစ်နိုင်ခြေ ရှိပါတယ်။

ဒါပေမယ့်လည်း ဘန် ဝှိုက်က ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝပြီး တိုမိယဆုလည်း မကြာမီ အာရှဖလားပြိုင်ပွဲကနေ ပြန်လာတော့မှာဖြစ်တာကြောင့် မူခီလီအနေနဲ့ ညာနောက်ခံနေရာအတွက် ဒီကစားသမား ၂ ဦးနဲ့ တိုက်ပွဲဝင်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဟာ ပီအက္စ္ဂ်ီညာေနာက္ခံလူ ေနာ္ဒီ မူခီလီကို ယခုလမွာ ေခၚယူသြားဖို႔ စိတ္ဝင္စားေနတယ္လို႔ football.london က ေဖာ္ျပခဲ့ပါတယ္။

ဂန္းနားေတြဟာ ယခုလမွာ ခံစစ္ပိုင္းကို အင္အားျဖည့္တင္းသြားခ်င္ေနတာျဖစ္ၿပီး ပီအက္စ္ဂ်ီကလည္း ညာေနာက္ခံကစားသမားကို အငွားနဲ႔ အသင္းကေန ထြက္ခြာခြင့္ေပးခ်င္တဲ့ဆႏၵရွိေနတာျဖစ္ပါတယ္။

မူခီလီဟာ အာတီတာရဲ႕ ယခုရာသီ ဒဏ္ရာျပႆနာေတြအတြက္ စိုးရိမ္မႈကို သက္သာေစမယ့္ အေျဖတစ္ခုျဖစ္ၿပီး တိုမိယဆု(ေျခသလုံး)၊ ဘန္ ဝႈိက္(ဒူး)၊ ဇင္ခ်န္ကို(ေျခသလုံး)တို႔အားလုံးဟာ ႀကံ့ခိုင္မႈျပႆနာေၾကာင့္ အနားယူေနရတာျဖစ္ပါတယ္။

မၾကာေသးမီကလည္း ဗဟိုခံစစ္ကစားသမား ဂြဘရီယဲလ္ဟာ ခရစၥတယ္ ပဲေလ့စ္ကို ၅-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ဒဏ္ရာေၾကာင့္ လူစားလဲလွယ္ျခင္းခံခဲ့ရၿပီး ဘယ္ေလာက္ၾကာၾကာ အနားယူရမယ့္ ဒဏ္ရာျဖစ္ႏိုင္လဲဆိုတဲ့ ေမးခြန္းေတြ ထြက္ေပၚလာေစခဲ့တာျဖစ္ပါတယ္။

မူခီလီရဲ႕ ေနရာစုံကစားႏိုင္စြမ္းေၾကာင့္ ခံစစ္ ၄ ဦးထဲက ေနရာအမ်ားအျပားမွာ အသုံးျပဳလို႔ရႏိုင္မွာျဖစ္ၿပီး ညာေနာက္ခံလူအျဖစ္ အဓိကကစားေနေပမယ့္လည္း ဗဟိုခံစစ္ ဘယ္ျခမ္းေရာ ညာျခမ္းမွာပါ ကစားႏိုင္စြမ္းရွိတာ ျဖစ္ပါတယ္။ ယခုရာသီမွာ မူခီလီဟာ လီဂူးဝမ္း ၄ ပြဲသာ ပြဲထြက္ပါဝင္ကစားေပးခြင့္ရရွိခဲ့ၿပီး မ်ားေသာအားျဖင့္ အရန္ခုံမွာသာ အခ်ိန္ျဖဳန္းခဲ့ရတာေၾကာင့္ အမ္းမရိတ္စ္ကို ကာလတို သြားကစားဖို႔က ျဖစ္ႏိုင္ေျခ ရွိပါတယ္။

ဒါေပမယ့္လည္း ဘန္ ဝႈိက္က ႀကံ့ခိုင္မႈ ျပန္လည္ျပည့္ဝၿပီး တိုမိယဆုလည္း မၾကာမီ အာရွဖလားၿပိဳင္ပြဲကေန ျပန္လာေတာ့မွာျဖစ္တာေၾကာင့္ မူခီလီအေနနဲ႔ ညာေနာက္ခံေနရာအတြက္ ဒီကစားသမား ၂ ဦးနဲ႔ တိုက္ပြဲဝင္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.