Premier League

ကလော့ပ်မရှိရင် လီဗာပူးလ်ကို အေးဆေးကန်လို့ရပြီဆိုတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပပ် ဂွါဒီယိုလာက လီဗာပူးလ်ကို ယခုရာသီကုန်မှာ စွန့်ခွာတော့မယ့် ယာဂန် ကလော့ပ်ကို လွမ်းဆွတ်နေမှာဖြစ်ပေမယ့်လည်း ဂျာမန်လူမျိုးနည်းပြ မရှိတော့မှာဖြစ်တာကြောင့် ကောင်းကောင်း အိပ်ပျော်တော့မယ်လို့ ပြောဆိုခဲ့ပါတယ်။

သောကြာနေ့နံနက်မှာ လီဗာပူးလ်ရဲ့ မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းက ဗီဒီယိုဖိုင်ထဲမှာ ယာဂန် ကလော့ပ်က ၉ နှစ်ကြာ နည်းပြခဲ့တဲ့ လီဗာပူးလ်ကို စွန့်ခွာတော့မယ့်အကြောင်း ကြေညာချက်ဟာ ဂွါဒီယိုလာအပါအဝင် အများစုကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။

အသက် ၅၆ နှဏ်အရွယ် ဂျာမန်လူမျိုးနည်းပြဟာ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်ဖလား၊ ကာရာဘောင်းဖလား၊ ကလပ်ကမ္ဘာ့ဖလားတို့ကို လီဗာပူးလ်နဲ့အတူ ကိုင်မြှောက်နိုင်ခဲ့ပြီး အသင်းကနေ ထွက်ခွာခဲ့ရတဲ့နောက်ကွယ်က အကြောင်းအရင်းဟာ မောပန်းနွမ်းနယ်နေပြီဖြစ်တာကြောင့်ဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ရဲ့ ထွက်ခွာမှုနဲ့ပတ်သက်ပြီး နည်းပြတွေ၊ ဘောလုံးဝေဖန်သုံးသပ်သူတွေရဲ့ ပြောဆိုမှုတွေ အများအပြားရှိခဲ့ပြီး လီဗာပူးလ်ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း သောကြာနေ့ညက စပါးစ်ကို ၁-၀ နဲ့ အနိုင်ရခဲ့ပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

“သူက မယုံနိုင်စရာကောင်းတဲ့နည်းပြပါ။ ကျွန်တော် သူ့ကို အနီးကပ်မသိခဲ့ပါဘူး။ ဒါပေမယ့် သူက မယုံနိုင်စရာကောင်းတဲ့ လူပုဂ္ဂိုလ်တစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။ သူ ထွက်သွားတဲ့အချိန်မှာ မန်စီးတီးရဲ့ အစိတ်အပိုင်းတစ်ခု ထွက်သွားသလို ခံစားမိတယ်။ သူက ကျွန်တော်တို့ရဲ့ အကြီးမားဆုံးပြိုင်ဘက်ဖြစ်ခဲ့တယ်။ လီဗာပူးလ်မှာရှိနေခဲ့တဲ့ ဒီနှစ်တွေနဲ့ ဒေါ့မွန်မှာတုန်းကလည်း သူက ကျွန်တော့်ရဲ့ အကြီးမားဆုံးပြိုင်ဘက်ဖြစ်ခဲ့တယ်။ သူ့ကို သတိရနေမှာပါ။ ကျွန်တော် သူ့ကို လွမ်းနေမှာပါ။ကျွန်တော် နည်းနည်းတော့ စိတ်ကျေနပ်မိတယ်။ လီဗာပူးလ်နဲ့ ကစားရမယ့် ပွဲမတိုင်ခင် ညတွေမှာ ကျွန်တော် ကောင်းကောင်း အိပ်ပျော်တော့မှာပါ။ ဒါပေမယ့် သူ့ကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ သူ အဲဒါကို ဝန်မခံပေမယ့် သူ ပြန်လာမှာပါ။ ဘောလုံးမှာက ကိုယ်ရည်ကိုယ်သွေးတွေနဲ့ သူ့လိုမျိုး နည်းပြတွေ လိုအပ်တယ်။ ကျွန်တော်တို့ အတူတူ ညစာစားဖို့ အချိန်ရနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ပပ္ ဂြါဒီယိုလာက လီဗာပူးလ္ကို ယခုရာသီကုန္မွာ စြန႔္ခြာေတာ့မယ့္ ယာဂန္ ကေလာ့ပ္ကို လြမ္းဆြတ္ေနမွာျဖစ္ေပမယ့္လည္း ဂ်ာမန္လူမ်ိဳးနည္းျပ မရွိေတာ့မွာျဖစ္တာေၾကာင့္ ေကာင္းေကာင္း အိပ္ေပ်ာ္ေတာ့မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ေသာၾကာေန႔နံနက္မွာ လီဗာပူးလ္ရဲ႕ မဲလ္ဝုဒ္ေလ့က်င့္ေရးကြင္းက ဗီဒီယိုဖိုင္ထဲမွာ ယာဂန္ ကေလာ့ပ္က ၉ ႏွစ္ၾကာ နည္းျပခဲ့တဲ့ လီဗာပူးလ္ကို စြန႔္ခြာေတာ့မယ့္အေၾကာင္း ေၾကညာခ်က္ဟာ ဂြါဒီယိုလာအပါအဝင္ အမ်ားစုကို အံ့အားသင့္ေစခဲ့တာျဖစ္ပါတယ္။

အသက္ ၅၆ ႏွဏ္အ႐ြယ္ ဂ်ာမန္လူမ်ိဳးနည္းျပဟာ ခ်န္ပီယံလိဂ္၊ အက္ဖ္ေအဖလား၊ ပရီးမီးယားလိဂ္ဖလား၊ ကာရာေဘာင္းဖလား၊ ကလပ္ကမာၻ႔ဖလားတို႔ကို လီဗာပူးလ္နဲ႔အတူ ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီး အသင္းကေန ထြက္ခြာခဲ့ရတဲ့ေနာက္ကြယ္က အေၾကာင္းအရင္းဟာ ေမာပန္းႏြမ္းနယ္ေနၿပီျဖစ္တာေၾကာင့္ျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္ရဲ႕ ထြက္ခြာမႈနဲ႔ပတ္သက္ၿပီး နည္းျပေတြ၊ ေဘာလုံးေဝဖန္သုံးသပ္သူေတြရဲ႕ ေျပာဆိုမႈေတြ အမ်ားအျပားရွိခဲ့ၿပီး လီဗာပူးလ္ရဲ႕အဓိကၿပိဳင္ဘက္ျဖစ္တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာကလည္း ေသာၾကာေန႔ညက စပါးစ္ကို ၁-၀ နဲ႔ အႏိုင္ရခဲ့ၿပီး အက္ဖ္ေအဖလား ပၪၥမအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

“သူက မယုံႏိုင္စရာေကာင္းတဲ့နည္းျပပါ။ ကြၽန္ေတာ္ သူ႔ကို အနီးကပ္မသိခဲ့ပါဘူး။ ဒါေပမယ့္ သူက မယုံႏိုင္စရာေကာင္းတဲ့ လူပုဂၢိဳလ္တစ္ေယာက္ဆိုလည္း ဟုတ္ပါတယ္။ သူ ထြက္သြားတဲ့အခ်ိန္မွာ မန္စီးတီးရဲ႕ အစိတ္အပိုင္းတစ္ခု ထြက္သြားသလို ခံစားမိတယ္။ သူက ကြၽန္ေတာ္တို႔ရဲ႕ အႀကီးမားဆုံးၿပိဳင္ဘက္ျဖစ္ခဲ့တယ္။ လီဗာပူးလ္မွာရွိေနခဲ့တဲ့ ဒီႏွစ္ေတြနဲ႔ ေဒါ့မြန္မွာတုန္းကလည္း သူက ကြၽန္ေတာ့္ရဲ႕ အႀကီးမားဆုံးၿပိဳင္ဘက္ျဖစ္ခဲ့တယ္။ သူ႔ကို သတိရေနမွာပါ။ ကြၽန္ေတာ္ သူ႔ကို လြမ္းေနမွာပါ။ကြၽန္ေတာ္ နည္းနည္းေတာ့ စိတ္ေက်နပ္မိတယ္။ လီဗာပူးလ္နဲ႔ ကစားရမယ့္ ပြဲမတိုင္ခင္ ညေတြမွာ ကြၽန္ေတာ္ ေကာင္းေကာင္း အိပ္ေပ်ာ္ေတာ့မွာပါ။ ဒါေပမယ့္ သူ႔ကို အေကာင္းဆုံးျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္။ သူ အဲဒါကို ဝန္မခံေပမယ့္ သူ ျပန္လာမွာပါ။ ေဘာလုံးမွာက ကိုယ္ရည္ကိုယ္ေသြးေတြနဲ႔ သူ႔လိုမ်ိဳး နည္းျပေတြ လိုအပ္တယ္။ ကြၽန္ေတာ္တို႔ အတူတူ ညစာစားဖို႔ အခ်ိန္ရႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.