La Liga

ရီးရဲလ်နဲ့ပွဲမှာ VAR က အရုပ်ဆိုးအကျည်းတန်ခဲ့တယ်လို့ ကြိမ်းမောင်းခဲ့တဲ့ လာပေါ်တာ

ဘာစီလိုနာဥက္ကဌ ယိုအန်း လာပေါ်တာက ရီးရဲလ်မက်ဒရစ်ဟာ အယ်လ်မီးရီးယားကို ၃-၂ နဲ့ နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တဲ့ပွဲစဉ်အတွင်း VAR ဆုံးဖြတ်ချက် ၃ ခုကြောင့် အကျိုးအမြတ် ရရှိခဲ့ပြီးနောက် လာလီဂါက ဒိုင်လူကြီးတွေကို ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပထမပိုင်းပြီးဆုံးချိန်မှာ အမှတ်ပေးဇယား အောက်ခြေက အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ကိုင်ကီ ဖာနန်ဒက်စ်ရဲ့ လက်ထိဘောကြောင့် အငြင်းပွားဖွယ် ပင်နယ်တီရခဲ့ပြီးနောက် ချေပဂိုး စတင်ရရှိခဲ့တာဖြစ်ပါတယ်။

အယ်လ်မီးရီးယားဟာ ၆၁ မိနစ်မှာ ၂ ဂိုးအသာနဲ့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပြီလို့ ထင်မြင်ခဲ့ပေမယ့်လည်း VAR က ဆာဂျီယို အာရီဘက်စ်ရဲ့ သွင်းဂိုးကို တိုက်စစ်စတင်ချိန်မှာ ဘယ်လင်ဟမ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့မှုအတွက် ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

သိပ်မကြာခင်မှာပဲ ရီးရဲလ်မက်ဒရစ်က ဗင်နီးရှပ်စ် ဂျူနီယာရဲ့ သွင်းဂိုးကြောင့် တစ်ဖက် ၂ ဂိုးစီ ညီမျှသွားခဲ့ပြီး ဒိုင်လူကြီး ဟာနန်ဒက်ဇ် မေဆိုက အစပိုင်းမှာ အယ်လ်မီးရီးယားကို အလွတ်တည်ကန်ဘော ကန်ခွင့်ပေးခဲ့ပေမယ့်လည်း VAR က ကွင်းတွင်းဆုံးဖြတ်ချက်ကို ပယ်ဖျက်ပြီး ရီးရဲလ်ကို ဂိုးပေးခဲ့တာဖြစ်ပါတယ်။

စပိန်လာလီဂါထိပ်သီးအသင်းကြီးဟာ ၉၉ မိနစ်မှာ ကာဗာဟယ်ရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် အနိုင် ၃ မှတ်ကို ရယူသွားနိုင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာဥက္ကဌ လာပေါ်တာက VAR ဟာ ရီးရဲလ်မက်ဒရစ်ကို မျက်နှာသာပေးခဲ့တာကို ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

“ဘာနေဗျူးမှာ ဖြစ်ခဲ့တာက အရုပ်ဆိုး အကျည်းတန်ခဲ့ပါတယ်။ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေက ဒိုင်တွေနဲ့ပတ်သက်ပြီး တစ်ရာသီလုံး ဖြစ်ခဲ့တဲ့ ဖိအားတွေ ဆက်တိုက် ခံခဲ့ရမှုကို စုပေါင်းပြီး တုံ့ပြန်ရမယ်လို့ ထင်တယ်။ သူတို့တွေ မတုံ့ပြန်ဘူးဆိုရင် ကျွန်တော်တို့ကို တော်တော်မလွယ်တဲ့အခြေအနေဖြစ်စေမှာပါ။ ဘာလို့လဲဆိုတော့ လုပ်ဆောင်ချက်တွေကို စွန့်လွှတ်ရမယ်ဆိုတာကို ကျွန်တော်တို့ နားလည်လို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ မနေ့က ကျွန်တော်တို့ အနိုင်ရခဲ့လို့ပါ။ ကျွန်တော်တို့ ပိုပြီးတော့ အားကောင်းလာပြီး ပိုပြီး စည်းလုံးလာတယ်လို့ ခံစားရတယ်။ ဒါပေမယ့် ကျွန်တော်တို့ လိုချင်တာက အားကစားဆုတွေ ရရှိဖို့​ြဖစ်ပြီး ကျွန်တော်တို့ အမှတ်ဖြတ်နိုင်တဲ့ နေ့တစ်နေ့ပါ။ ဒါပေမယ့်လည်း ဒိုင်လူကြီးဆုံးဖြတ်ချက်ကြောင့်၊ VAR ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် အဲဒီလို ဖြစ်မလာခဲ့ပါဘူး။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာဥကၠဌ ယိုအန္း လာေပၚတာက ရီးရဲလ္မက္ဒရစ္ဟာ အယ္လ္မီးရီးယားကို ၃-၂ နဲ႔ ႏိုင္ပြဲ ျပန္လည္ရယူႏိုင္ခဲ့တဲ့ပြဲစဥ္အတြင္း VAR ဆုံးျဖတ္ခ်က္ ၃ ခုေၾကာင့္ အက်ိဳးအျမတ္ ရရွိခဲ့ၿပီးေနာက္ လာလီဂါက ဒိုင္လူႀကီးေတြကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ပထမပိုင္းၿပီးဆုံးခ်ိန္မွာ အမွတ္ေပးဇယား ေအာက္ေျခက အသင္းကို ၂-၀ နဲ႔ ရႈံးနိမ့္ေနခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ ကိုင္ကီ ဖာနန္ဒက္စ္ရဲ႕ လက္ထိေဘာေၾကာင့္ အျငင္းပြားဖြယ္ ပင္နယ္တီရခဲ့ၿပီးေနာက္ ေခ်ပဂိုး စတင္ရရွိခဲ့တာျဖစ္ပါတယ္။

အယ္လ္မီးရီးယားဟာ ၆၁ မိနစ္မွာ ၂ ဂိုးအသာနဲ႔ ျပန္လည္ ဦးေဆာင္ႏိုင္ခဲ့ၿပီလို႔ ထင္ျမင္ခဲ့ေပမယ့္လည္း VAR က ဆာဂ်ီယို အာရီဘက္စ္ရဲ႕ သြင္းဂိုးကို တိုက္စစ္စတင္ခ်ိန္မွာ ဘယ္လင္ဟမ္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့မႈအတြက္ ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

သိပ္မၾကာခင္မွာပဲ ရီးရဲလ္မက္ဒရစ္က ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ သြင္းဂိုးေၾကာင့္ တစ္ဖက္ ၂ ဂိုးစီ ညီမွ်သြားခဲ့ၿပီး ဒိုင္လူႀကီး ဟာနန္ဒက္ဇ္ ေမဆိုက အစပိုင္းမွာ အယ္လ္မီးရီးယားကို အလြတ္တည္ကန္ေဘာ ကန္ခြင့္ေပးခဲ့ေပမယ့္လည္း VAR က ကြင္းတြင္းဆုံးျဖတ္ခ်က္ကို ပယ္ဖ်က္ၿပီး ရီးရဲလ္ကို ဂိုးေပးခဲ့တာျဖစ္ပါတယ္။

စပိန္လာလီဂါထိပ္သီးအသင္းႀကီးဟာ ၉၉ မိနစ္မွာ ကာဗာဟယ္ရဲ႕ ေနာက္က် အႏိုင္ဂိုးေၾကာင့္ အႏိုင္ ၃ မွတ္ကို ရယူသြားႏိုင္ခဲ့တာျဖစ္ၿပီး ဘာစီလိုနာဥကၠဌ လာေပၚတာက VAR ဟာ ရီးရဲလ္မက္ဒရစ္ကို မ်က္ႏွာသာေပးခဲ့တာကို ေဒါသထြက္ခဲ့တာျဖစ္ပါတယ္။

“ဘာေနဗ်ဴးမွာ ျဖစ္ခဲ့တာက အ႐ုပ္ဆိုး အက်ည္းတန္ခဲ့ပါတယ္။ ဒိုင္လူႀကီးေတြရဲ႕ ဆုံးျဖတ္ခ်က္ေတြက ဒိုင္ေတြနဲ႔ပတ္သက္ၿပီး တစ္ရာသီလုံး ျဖစ္ခဲ့တဲ့ ဖိအားေတြ ဆက္တိုက္ ခံခဲ့ရမႈကို စုေပါင္းၿပီး တုံ႔ျပန္ရမယ္လို႔ ထင္တယ္။ သူတို႔ေတြ မတုံ႔ျပန္ဘူးဆိုရင္ ကြၽန္ေတာ္တို႔ကို ေတာ္ေတာ္မလြယ္တဲ့အေျခအေနျဖစ္ေစမွာပါ။ ဘာလို႔လဲဆိုေတာ့ လုပ္ေဆာင္ခ်က္ေတြကို စြန႔္လႊတ္ရမယ္ဆိုတာကို ကြၽန္ေတာ္တို႔ နားလည္လို႔ပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္ ေပ်ာ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ မေန႔က ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့လို႔ပါ။ ကြၽန္ေတာ္တို႔ ပိုၿပီးေတာ့ အားေကာင္းလာၿပီး ပိုၿပီး စည္းလုံးလာတယ္လို႔ ခံစားရတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ လိုခ်င္တာက အားကစားဆုေတြ ရရွိဖို႔​ျဖစ္ၿပီး ကြၽန္ေတာ္တို႔ အမွတ္ျဖတ္ႏိုင္တဲ့ ေန႔တစ္ေန႔ပါ။ ဒါေပမယ့္လည္း ဒိုင္လူႀကီးဆုံးျဖတ္ခ်က္ေၾကာင့္၊ VAR ဒိုင္လူႀကီးေတြရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ အဲဒီလို ျဖစ္မလာခဲ့ပါဘူး။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.