Premier League

ကလော့ပ်နေရာအတွက် ချဲလ်ဆီးကို ငြင်းခဲ့တဲ့ နည်းပြကို စိတ်ဝင်စားနေတဲ့ လီဗာပူးလ်

လီဗာပူးလ်ဟာ ယခုလာမယ့် နွေရာသီမှာ အသင်းကို စွန့်ခွာတော့မယ့် ယာဂန် ကလော့ပ်ရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုဖြစ်နိုင်ခြေရှိတဲ့သူအဖြစ် ဂျူလီယန် နာဂယ်စ်မန်းကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ကလော့ပ်ဟာ သောကြာနေ့က ယခုရာသီကုန်မှာ အန်းဖီးကို စွန့်ခွာတော့မှာဖြစ်တယ်လို့ အံ့အားသင့်ဖွယ် ကြေညာခဲ့တာဖြစ်ပြီး လီဗာပူးလ်နဲ့အတူ ရနိုင်သမျှ ဆုဖလားအားလုံးကို ရယူနိုင်ခဲ့တဲ့ ၉ နှစ်တာကာလကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက အသင်းထိပ်ပိုင်း တာဝန်ရှိသူတွေကို ၎င်းရဲ့ ဆုံးဖြတ်ချက်ကို အသိပေးထားခဲ့ပြီးဖြစ်ပြီး လက်ရှိမှာတော့ လီဗာပူးလ်ဟာ ကလော့ပ်နေရာမှာ ဆက်ခံမယ့် နည်းပြကို အပူတပြင်း ရှာဖွေနေပြီ​ ဖြစ်ပါတယ်။

ဂျာနယ်လစ် ဒင်း ဂျုံးစ်ရဲ့ ပြောကြားချက်အရ လီဗာပူးလ်နည်းပြသစ် ဖြစ်လာနိုင်တဲ့ ပစ်မှတ်စာရင်းထဲမှာ ပြီးခဲ့တဲ့ နွေရာသီက ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ကို ကိုင်တွယ်ဖို့ ငြင်းဆန်ခဲ့တဲ့ နာဂယ်စ်မန်းလည်း အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။

“ဂျူလီယန် နာဂယ်စ်မန်းက ကလော့ပ်နေရာမှာ အစားထိုးနိုင်ခြေရှိတဲ့သူဖြစ်တဲ့အကြောင်း ပြောဆိုမှုတွေ ရှိခဲ့ပေမယ့်လည်း မကြာသေးမီအချိန်တွေအတွင်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ပိုရှိလာခဲ့ပါတယ်။ သူက အခု ဂျာမနီလက်ရွေးစင်အသင်း နည်းပြဖြစ်နေပေမယ့် နွေရာသီမှာ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာပါ။”

နာဂယ်စ်မန်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ တော့တင်ဟမ်ဟော့စပါးနည်းပြဖြစ်လာဖို့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း အပြောင်းအရွှေ့လုပ်ဖို့ ငြင်းပယ်ခဲ့တာကြောင့် စပါးစ်တို့က နောက်ဆုံးမှာ ပိုစတီကိုဂလူကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Sky Sports ရဲ့ ဖော်ပြချက်အရ နာဂယ်စ်မန်းဟာ ချဲလ်ဆီးနဲ့ တွေ့ဆုံမှုတွေ အများအပြား ပြုလုပ်ခဲ့သေးပေမယ့်လည်း အပြောင်းအရွှေ့အမှန်တကယ် ဖြစ်မလာတာကြောင့် အနောက်လန်ဒန်ကလပ်က ပိုချက်တီနိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

နာဂယ်စ်မန်းဟာ နောက်ဆုံးမှာတော့ ဂျာမနီလက်ရွေးစင်အသင်းနည်းပြဖြစ်လာခဲ့ပေမယ့်လည်း လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အန်းဖီးကို ရောက်လာနိုင်ခြေ များနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ဟာ ယခုလာမယ့္ ေႏြရာသီမွာ အသင္းကို စြန႔္ခြာေတာ့မယ့္ ယာဂန္ ကေလာ့ပ္ရဲ႕ ေနရာမွာ အစားထိုးေခၚယူမႈျဖစ္ႏိုင္ေျခရွိတဲ့သူအျဖစ္ ဂ်ဴလီယန္ နာဂယ္စ္မန္းကို ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

ကေလာ့ပ္ဟာ ေသာၾကာေန႔က ယခုရာသီကုန္မွာ အန္းဖီးကို စြန႔္ခြာေတာ့မွာျဖစ္တယ္လို႔ အံ့အားသင့္ဖြယ္ ေၾကညာခဲ့တာျဖစ္ၿပီး လီဗာပူးလ္နဲ႔အတူ ရႏိုင္သမွ် ဆုဖလားအားလုံးကို ရယူႏိုင္ခဲ့တဲ့ ၉ ႏွစ္တာကာလကို အဆုံးသတ္ေတာ့မွာ ျဖစ္ပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပဟာ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလကတည္းက အသင္းထိပ္ပိုင္း တာဝန္ရွိသူေတြကို ၎ရဲ႕ ဆုံးျဖတ္ခ်က္ကို အသိေပးထားခဲ့ၿပီးျဖစ္ၿပီး လက္ရွိမွာေတာ့ လီဗာပူးလ္ဟာ ကေလာ့ပ္ေနရာမွာ ဆက္ခံမယ့္ နည္းျပကို အပူတျပင္း ရွာေဖြေနၿပီ​ ျဖစ္ပါတယ္။

ဂ်ာနယ္လစ္ ဒင္း ဂ်ဳံးစ္ရဲ႕ ေျပာၾကားခ်က္အရ လီဗာပူးလ္နည္းျပသစ္ ျဖစ္လာႏိုင္တဲ့ ပစ္မွတ္စာရင္းထဲမွာ ၿပီးခဲ့တဲ့ ေႏြရာသီက ခ်ဲလ္ဆီးနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ကို ကိုင္တြယ္ဖို႔ ျငင္းဆန္ခဲ့တဲ့ နာဂယ္စ္မန္းလည္း အပါအဝင္ျဖစ္တယ္လို႔ သိရပါတယ္။

“ဂ်ဴလီယန္ နာဂယ္စ္မန္းက ကေလာ့ပ္ေနရာမွာ အစားထိုးႏိုင္ေျခရွိတဲ့သူျဖစ္တဲ့အေၾကာင္း ေျပာဆိုမႈေတြ ရွိခဲ့ေပမယ့္လည္း မၾကာေသးမီအခ်ိန္ေတြအတြင္း အဲဒီကိစၥနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြ ပိုရွိလာခဲ့ပါတယ္။ သူက အခု ဂ်ာမနီလက္ေ႐ြးစင္အသင္း နည္းျပျဖစ္ေနေပမယ့္ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းက ကုန္ဆုံးေတာ့မွာပါ။”

နာဂယ္စ္မန္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ေတာ့တင္ဟမ္ေဟာ့စပါးနည္းျပျဖစ္လာဖို႔ သတင္းေတြထြက္ခဲ့ေပမယ့္လည္း အေျပာင္းအေ႐ႊ႕လုပ္ဖို႔ ျငင္းပယ္ခဲ့တာေၾကာင့္ စပါးစ္တို႔က ေနာက္ဆုံးမွာ ပိုစတီကိုဂလူကို ေခၚယူခဲ့တာျဖစ္ပါတယ္။

Sky Sports ရဲ႕ ေဖာ္ျပခ်က္အရ နာဂယ္စ္မန္းဟာ ခ်ဲလ္ဆီးနဲ႔ ေတြ႕ဆုံမႈေတြ အမ်ားအျပား ျပဳလုပ္ခဲ့ေသးေပမယ့္လည္း အေျပာင္းအေ႐ႊ႕အမွန္တကယ္ ျဖစ္မလာတာေၾကာင့္ အေနာက္လန္ဒန္ကလပ္က ပိုခ်က္တီႏိုကို နည္းျပအျဖစ္ ခန႔္အပ္ခဲ့တာျဖစ္ပါတယ္။

နာဂယ္စ္မန္းဟာ ေနာက္ဆုံးမွာေတာ့ ဂ်ာမနီလက္ေ႐ြးစင္အသင္းနည္းျပျဖစ္လာခဲ့ေပမယ့္လည္း လာမယ့္ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး အန္းဖီးကို ေရာက္လာႏိုင္ေျခ မ်ားေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.