Premier League

အိုမာ ဘာရာဒါအံ့အားသင့်ဖွယ်ထွက်ခွာမှုကို တုံ့ပြန်ချိန်မှာ မန်ယူကို ဝေဖန်ခဲ့တဲ့ ပပ်

မန်ချက်စတာစီးတီးနည်းပြ ပပ် ဂွါဒီယိုလာက အိုမာ ဘာရာဒါကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူခဲ့တဲ့သတင်းကို တုံ့ပြန်ခဲ့ရာမှာ မြို့ခံပြိုင်ဘက်တွေကို သွယ်ဝိုက်ဝေဖန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က မန်ချက်စတာယူနိုက်တက်ဟာ ဘာရာဒါကို အသင်းရဲ့ စီအီးအိုအသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပြီး ဆာဂျင်မ် ရက်ကလစ်ဖ်က အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေကို စတင်ပြီး လှုပ်ခတ်စေခဲ့တာဖြစ်ပါတယ်။

ဘာရာဒါဟာ မန်ချက်စတာစီးတီးရဲ့ မကြာသေးမီက အောင်မြင်မှုတွေမှာ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ခဲ့တာကြောင့် အများစုအတွက် အံ့အားသင့်တုန်လှုပ်စရာသတင်း ဖြစ်ခဲ့ပြီး အစ်တီဟတ်ကို မစွန့်ခွာခင် အသင်းရဲ့ ဘောလုံးလုပ်ငန်းဆောင်ရွက်မှုဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

စပါးစ်နဲ့ ကစားရမယ့် အက်ဖ်အေဖလား ပွဲစဉ်မတိုင်ခင် ဂွါဒီယိုလာက ဘာရာဒါရဲ့ ထွက်ခွာမှုကို တုံ့ပြန်ခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်ကို ပြစ်တင်ဝေဖန်ခဲ့ပုံပေါ်တဲ့ စကားကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ဒီလို လုပ်လိုက်ခြင်းအားဖြင့် အရာအားလုံးက ပြေလည်သွားပြီး အလုပ်ဖြစ်မလားဆိုတာကို ကျွန်တော် သိဘူး။ မန်ယူနိုက်တက်က ဒီလူနဲ့ဆိုရင် အရာအားလုံး ပြောင်းလဲသွားမယ်လို့ ထင်နေတာဖြစ်နိုင်ပါတယ်။ ဂုဏ်ပြုပါတယ်။ အဲဒီလိုမျိုး ဖြစ်ခဲ့ရင် ဘုရားရေ သူတို့တွေ အနာဂတ်မှာ အိုမာ ဘာရာဒါအတွက် ပွဲကြည့်စင်တစ်ခု လုပ်ပေးရလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက အဲဒါနဲ့ ထိုက်တန်လို့ပါ။ ကီဗင် ဒီဘရိုင်းနားက မန်စီးတီးမှာ ရှိနေတုန်းပဲ။ အာလင်း ဟာလန်းလည်း ဒီမှာပဲ ဆက်ကစားနေမှာပဲ။ အဲဒီတော့ ဒီလောက်မရိုးရှင်းပါဘူး။ အိုမာရဲ့ ဗဟုသုတတွေက မန်ယူနိုက်တက်ဆီ ရောက်သွားမှာ သိသာပါတယ်။ ဒါက အမှန်တရားပဲ။ အသင်းက ရှေ့ကို ဆက်သွားနိုင်လိမ့်မယ်။ ကျွန်တော်တို့ အသားကျအောင် လုပ်ရပါလိမ့်မယ်။ ကျွန်တော် မနေ့ကမှ သူ့ကို တွေ့ခဲ့သေးတယ်။ ကျွန်တော်တို့ ပွေ့ဖက်နှုတ်ဆက်ခဲ့တယ်။ သူ့ကို အကောင်းဆုံးဖြစ်ပါစေ ဆုတောင်းပေးပါတယ်။ ဘာလို့လဲဆိုတော့ သူက ထူးခြားဆန်းကြယ်တဲ့လူတစ်ယောက်ဖြစ်နေလို့ပါ”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ပပ္ ဂြါဒီယိုလာက အိုမာ ဘာရာဒါကို မန္ခ်က္စတာယူႏိုက္တက္က ေခၚယူခဲ့တဲ့သတင္းကို တုံ႔ျပန္ခဲ့ရာမွာ ၿမိဳ႕ခံၿပိဳင္ဘက္ေတြကို သြယ္ဝိုက္ေဝဖန္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္က မန္ခ်က္စတာယူႏိုက္တက္ဟာ ဘာရာဒါကို အသင္းရဲ႕ စီအီးအိုအသစ္အျဖစ္ ခန႔္အပ္လိုက္ေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ၿပီး ဆာဂ်င္မ္ ရက္ကလစ္ဖ္က အသင္းထိပ္ပိုင္းတာဝန္ရွိသူေတြကို စတင္ၿပီး လႈပ္ခတ္ေစခဲ့တာျဖစ္ပါတယ္။

ဘာရာဒါဟာ မန္ခ်က္စတာစီးတီးရဲ႕ မၾကာေသးမီက ေအာင္ျမင္မႈေတြမွာ အေရးႀကီးတဲ့အစိတ္အပိုင္းျဖစ္ခဲ့တာေၾကာင့္ အမ်ားစုအတြက္ အံ့အားသင့္တုန္လႈပ္စရာသတင္း ျဖစ္ခဲ့ၿပီး အစ္တီဟတ္ကို မစြန႔္ခြာခင္ အသင္းရဲ႕ ေဘာလုံးလုပ္ငန္းေဆာင္႐ြက္မႈဦးစီးအရာရွိအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တာျဖစ္ပါတယ္။

စပါးစ္နဲ႔ ကစားရမယ့္ အက္ဖ္ေအဖလား ပြဲစဥ္မတိုင္ခင္ ဂြါဒီယိုလာက ဘာရာဒါရဲ႕ ထြက္ခြာမႈကို တုံ႔ျပန္ခဲ့ရာမွာ မန္ခ်က္စတာယူႏိုက္တက္ကို ျပစ္တင္ေဝဖန္ခဲ့ပုံေပၚတဲ့ စကားကို ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“ဒီလို လုပ္လိုက္ျခင္းအားျဖင့္ အရာအားလုံးက ေျပလည္သြားၿပီး အလုပ္ျဖစ္မလားဆိုတာကို ကြၽန္ေတာ္ သိဘူး။ မန္ယူႏိုက္တက္က ဒီလူနဲ႔ဆိုရင္ အရာအားလုံး ေျပာင္းလဲသြားမယ္လို႔ ထင္ေနတာျဖစ္ႏိုင္ပါတယ္။ ဂုဏ္ျပဳပါတယ္။ အဲဒီလိုမ်ိဳး ျဖစ္ခဲ့ရင္ ဘုရားေရ သူတို႔ေတြ အနာဂတ္မွာ အိုမာ ဘာရာဒါအတြက္ ပြဲၾကည့္စင္တစ္ခု လုပ္ေပးရလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ သူက အဲဒါနဲ႔ ထိုက္တန္လို႔ပါ။ ကီဗင္ ဒီဘ႐ိုင္းနားက မန္စီးတီးမွာ ရွိေနတုန္းပဲ။ အာလင္း ဟာလန္းလည္း ဒီမွာပဲ ဆက္ကစားေနမွာပဲ။ အဲဒီေတာ့ ဒီေလာက္မ႐ိုးရွင္းပါဘူး။ အိုမာရဲ႕ ဗဟုသုတေတြက မန္ယူႏိုက္တက္ဆီ ေရာက္သြားမွာ သိသာပါတယ္။ ဒါက အမွန္တရားပဲ။ အသင္းက ေရွ႕ကို ဆက္သြားႏိုင္လိမ့္မယ္။ ကြၽန္ေတာ္တို႔ အသားက်ေအာင္ လုပ္ရပါလိမ့္မယ္။ ကြၽန္ေတာ္ မေန႔ကမွ သူ႔ကို ေတြ႕ခဲ့ေသးတယ္။ ကြၽန္ေတာ္တို႔ ေပြ႕ဖက္ႏႈတ္ဆက္ခဲ့တယ္။ သူ႔ကို အေကာင္းဆုံးျဖစ္ပါေစ ဆုေတာင္းေပးပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက ထူးျခားဆန္းၾကယ္တဲ့လူတစ္ေယာက္ျဖစ္ေနလို႔ပါ”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.