Premier League Serie A Transfer News

ဗလာဟိုဗစ်ချ်ကို သန်း ၅၀ နဲ့ ရမယ်ဆိုလို့ ညှိနှိုင်းဖို့ ကြိုးစားနေတဲ့ အာဆင်နယ်

အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ စုတ်ပြတ်ဆိုးရွားလွန်းနေတဲ့ တိုက်စစ်အတွက် အသင်းရဲ့ ကစားသမားခေါ်ယူရေး ပေါ်လစီမှာ တစ်ချိန်တစ်ခါက အသင်းကို လာရောက်ဖို့ ငြင်းဆန်ခဲ့သူတွေကို ထပ်မံမကြိုးစားဘဲ တစိုက်မတ်မတ် မျက်နှာလွှဲခဲ့တဲ့ အစဉ်အလာကို ဖျက်ပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ချ်ကို ခေါ်ယူဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

ဈေးကွက်တန်ကြေး ပေါင်သန်း ၁၀၀ ဝန်းကျင်ရှိတဲ့ အသက် ၂၃ နှစ်အရွယ် ဆားဘီးယားတိုက်စစ်မှူးကို ဖီအိုရင်တီးနားက အထွက်မှာ ဂန်းနားတွေအနေနဲ့ ခေါ်ဖို့ ကြိုးစားခဲ့သေးပေမယ့် ဂျူဗင်တပ်စ်ကို ရွေးချယ်သွားမှုနဲ့အတူ ဒီနောက်မှာ နှစ်သင်းလုံးလည်း ဘာမှ အလုပ်မဖြစ်ဘဲ ဖလားတွေ စမုံတုံးကုန်ခဲ့ကြတာပါ။

လက်ရှိအချိန်မှာတော့ FFP ကြောင့် ငွေကြပ်နေတဲ့ အာဆင်နယ်တို့အနေနဲ့ စာရင်းလိမ်ပြထားလို့ ပြဿနာတက်နေတဲ့ ဂျူဗီတို့နဲ့ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်နိုင်ဖို့ အဆင်ပြေလောက်ဖွယ်ရှိနေပြီး တူရင်ကလပ်ဘက်က ဗလာဟိုဗစ်ချ်အတွက် ကစားသမားကောင်းတစ်ယောက်နဲ့ ပေါင်သန်း ၅၀ ရရင် လက်လွှတ်မယ်လို့ သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်တို့ရဲ့ ပထမအသင်းက ကစားသမားတွေကို နည်းပြ အာတီတာအနေနဲ့ အလိုက်ပေးဖို့ မလိုဘဲ အသင်းကနေ အငှားထွက်ကစားနေတဲ့ လူငယ်ကွင်းလယ်လူ ချာလီ ပါတီနိုကို သူတို့တွေအနေနဲ့ အလိုက်ပေးသွားနိုင်ဖို့ ရှိနေပြီး ဆွမ်းဆီးအသင်းမှာ ရောက်နေတဲ့ အင်္ဂလန်သားအနေနဲ့ ပွဲထွက်ခွင့် မရရင် အမ်းမရိတ်ကို ပြန်မလာချင်တာကြောင့် ရှင်းထုတ်ဖို့ပဲ ကြိုးစားသွားရမှာပါ။

စပိန်နွယ်ဖွားတစ်ဦးဖြစ်တဲ့ ပါတီနိုဟာ သူ့ရဲ့ အာဆင်နယ်စီနီယာတွေဖြစ်ကြတဲ့ ဆန်တီ ကာဇိုလာနဲ့ ဆက်စ် ဖာဘရီဂက်စ်တို့ကို အားကျစံထားသူလည်းဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ နည်းပြ အာတီတာ စိတ်တိုင်းကျ ကစားနိုင်ခြင်း မရှိသေးတာကြောင့် အငှားနဲ့ပဲ နပမ်းလုံးနေခဲ့ရအပြီးမှာ ဗလာဟိုဗစ်ချ်အတွက် ချူဆီအဖြစ် အသုံးပြုခံရဖွယ်ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ စုတ်ပြတ်ဆိုးရွားလွန်းနေတဲ့ တိုက်စစ်အတွက် အသင်းရဲ့ ကစားသမားခေါ်ယူရေး ပေါ်လစီမှာ တစ်ချိန်တစ်ခါက အသင်းကို လာရောက်ဖို့ ငြင်းဆန်ခဲ့သူတွေကို ထပ်မံမကြိုးစားဘဲ တစိုက်မတ်မတ် မျက်နှာလွှဲခဲ့တဲ့ အစဉ်အလာကို ဖျက်ပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ခ်ျကို ခေါ်ယူဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။


လက်ရှိအချိန်မှာတော့ FFP ကြောင့် ငွေကြပ်နေတဲ့ အာဆင်နယ်တို့အနေနဲ့ စာရင်းလိမ်ပြထားလို့ ပြဿနာတက်နေတဲ့ ဂျူဗီတို့နဲ့ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်နိုင်ဖို့ အဆင်ပြေလောက်ဖွယ်ရှိနေပြီး တူရင်ကလပ်ဘက်က ဗလာဟိုဗစ်ခ်ျအတွက် ကစားသမားကောင်းတစ်ယောက်နဲ့ ပေါင်သန်း ၅၀ ရရင် လက်လွှတ်မယ်လို့ သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။


စပိန်နွယ်ဖွားတစ်ဦးဖြစ်တဲ့ ပါတီနိုဟာ သူ့ရဲ့ အာဆင်နယ်စီနီယာတွေဖြစ်ကြတဲ့ ဆန်တီ ကာဇိုလာနဲ့ ဆက်စ် ဖာဘရီဂက်စ်တို့ကို အားကျစံထားသူလည်းဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ နည်းပြ အာတီတာ စိတ်တိုင်းကျ ကစားနိုင်ခြင်း မရှိသေးတာကြောင့် အငှားနဲ့ပဲ နပမ်းလုံးနေခဲ့ရအပြီးမှာ ဗလာဟိုဗစ်ခ်ျအတွက် ချူဆီအဖြစ် အသုံးပြုခံရဖွယ်ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.