Serie A

မော်ရင်ဟိုကြောင့် အရှက်ဗြန်းဗြန်းကွဲခဲ့ရတဲ့ ရီနာတို ဆန်းချက်စ်

ရိုးမားနည်းပြ ဂျိုဆေး မော်ရင်ဟိုဟာ လူစားဝင်ကစားဖို့ ထည့်ပြီး ၁၈ မိနစ်အကြာမှာပဲ လူစား ပြန်လဲခံခဲ့ရတဲ့ ရီနာတို ဆန်းချက်စ်ကို လူသိရှင်ကြား တောင်းပန်စကားပြောဆိုခဲ့ပါတယ်။

ရိုးမားဟာ တနင်္ဂနွေနေ့ညက ဘိုလော့ဂ်ညာရဲ့ ၂-၀ နဲ့ အနိုင်ယူခြင်းကို ခံခဲ့ရတာဖြစ်ပြီး ဒီရလဒ်ကြောင့် မော်ရင်ဟိုရဲ့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၃ မှတ်အကွာ အဆင့် ၇ နေရာမှာ ရပ်တည်ခဲ့ရတာဖြစ်ပါတယ်။ နီကိုလာ မိုရိုနဲ့ ခရစ္စတန်ဆန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ဂိုးတွေကြောင့် ဘိုလော့ဂ်ညာတို့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီပွဲစဉ်အတွင်းမှာ ရလဒ်ထက် မော်ရင်ဟိုနဲ့ ရီနာတို ဆန်းချက်စ်တို့ ဖြစ်ခဲ့တဲ့ဖြစ်စဉ်က ပိုပြီး လူပြောစရာဖြစ်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဘင်ဖီကာကွင်းလယ်ကစားသမားဟောင်းဖြစ်တဲ့ ရီနာတို ဆန်းချက်စ်ဟာ ပီအက်စ်ဂျီကနေ ရိုးမားကို အငှားနဲ့ လာရောက်ကစားနေတာဖြစ်ပြီး ဘိုလော့ဂ်ညာက ၁-၀ နဲ့ ဦးဆောင်နေတဲ့အချိန်မှာ မော်ရင်ဟိုရဲ့ လူစားဝင်ကစားခွင့်ပေးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် ၁၈ မိနစ်အကြာမှာပဲ ရီနာတို ဆန်းချက်စ်ဟာ လူစားပြန်လဲခံခဲ့ရတာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်အတွက် ပိုပြီးဆိုးရွားသွားတာက ကွင်းထဲကနေ ထွက်လာချိန်မှာ မော်ရင်ဟိုက အဖက်တောင် မလုပ်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြဟာ ဆန်းချက်စ်ရှိရာဘက်ကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ မော်ရင်ဟိုက သာမန်မဟုတ်တဲ့ လူစားလဲလှယ်မှုအကြောင်းကို ရှင်းပြပြီး ဆန်းချက်စ်ကို တောင်းပန်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ရီနာတို ဆန်းချက်စ်ကို လူသိရှင်ကြား တောင်းပန်ချင်ပါတယ်။ ဘောလုံးသမားတစ်ယောက်အတွက် အဲဒါက အရမ်းခက်ခဲခဲ့မှာပါ။ ဒါပေမယ့် နည်းပြအတွက်လည်း ခက်ခဲပါတယ်။ ကျွန်တော့်နည်းပြဘဝမှာ အဲဒီလိုမျိုး ၃၊ ၄ ကြိမ်လောက် လုပ်ခဲ့ဖူးပါတယ်။ အဲဒါက မလွယ်ကူပါဘူး။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ရီနာတို ဆန်းချက်စ်ကို ၉ ပွဲသာ ပါဝင်ကစားခွင့်ပေးထားတာဖြစ်ပြီး အများစုက အရန်ခုံကနေ လူစားဝင်ကစားသမားအဖြစ် ဝင်ကစားခဲ့ရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ိုးမားနည္းျပ ဂ်ိဳေဆး ေမာ္ရင္ဟိုဟာ လူစားဝင္ကစားဖို႔ ထည့္ၿပီး ၁၈ မိနစ္အၾကာမွာပဲ လူစား ျပန္လဲခံခဲ့ရတဲ့ ရီနာတို ဆန္းခ်က္စ္ကို လူသိရွင္ၾကား ေတာင္းပန္စကားေျပာဆိုခဲ့ပါတယ္။

႐ိုးမားဟာ တနဂၤေႏြေန႔ညက ဘိုေလာ့ဂ္ညာရဲ႕ ၂-၀ နဲ႔ အႏိုင္ယူျခင္းကို ခံခဲ့ရတာျဖစ္ၿပီး ဒီရလဒ္ေၾကာင့္ ေမာ္ရင္ဟိုရဲ႕အသင္းဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ၃ မွတ္အကြာ အဆင့္ ၇ ေနရာမွာ ရပ္တည္ခဲ့ရတာျဖစ္ပါတယ္။ နီကိုလာ မို႐ိုနဲ႔ ခရစၥတန္ဆန္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ဂိုးေတြေၾကာင့္ ဘိုေလာ့ဂ္ညာတို႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ဒီပြဲစဥ္အတြင္းမွာ ရလဒ္ထက္ ေမာ္ရင္ဟိုနဲ႔ ရီနာတို ဆန္းခ်က္စ္တို႔ ျဖစ္ခဲ့တဲ့ျဖစ္စဥ္က ပိုၿပီး လူေျပာစရာျဖစ္ခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္နဲ႔ ဘင္ဖီကာကြင္းလယ္ကစားသမားေဟာင္းျဖစ္တဲ့ ရီနာတို ဆန္းခ်က္စ္ဟာ ပီအက္စ္ဂ်ီကေန ႐ိုးမားကို အငွားနဲ႔ လာေရာက္ကစားေနတာျဖစ္ၿပီး ဘိုေလာ့ဂ္ညာက ၁-၀ နဲ႔ ဦးေဆာင္ေနတဲ့အခ်ိန္မွာ ေမာ္ရင္ဟိုရဲ႕ လူစားဝင္ကစားခြင့္ေပးျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနာက္ထပ္ ၁၈ မိနစ္အၾကာမွာပဲ ရီနာတို ဆန္းခ်က္စ္ဟာ လူစားျပန္လဲခံခဲ့ရတာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္အတြက္ ပိုၿပီးဆိုး႐ြားသြားတာက ကြင္းထဲကေန ထြက္လာခ်ိန္မွာ ေမာ္ရင္ဟိုက အဖက္ေတာင္ မလုပ္ခဲ့တာျဖစ္ပါတယ္။ ေပၚတူဂီလူမ်ိဳးနည္းျပဟာ ဆန္းခ်က္စ္ရွိရာဘက္ကို တစ္ခ်က္ေလးေတာင္ လွည့္မၾကည့္ခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာေတာ့ ေမာ္ရင္ဟိုက သာမန္မဟုတ္တဲ့ လူစားလဲလွယ္မႈအေၾကာင္းကို ရွင္းျပၿပီး ဆန္းခ်က္စ္ကို ေတာင္းပန္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ရီနာတို ဆန္းခ်က္စ္ကို လူသိရွင္ၾကား ေတာင္းပန္ခ်င္ပါတယ္။ ေဘာလုံးသမားတစ္ေယာက္အတြက္ အဲဒါက အရမ္းခက္ခဲခဲ့မွာပါ။ ဒါေပမယ့္ နည္းျပအတြက္လည္း ခက္ခဲပါတယ္။ ကြၽန္ေတာ့္နည္းျပဘဝမွာ အဲဒီလိုမ်ိဳး ၃၊ ၄ ႀကိမ္ေလာက္ လုပ္ခဲ့ဖူးပါတယ္။ အဲဒါက မလြယ္ကူပါဘူး။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာ ဒီရာသီ ၿပိဳင္ပြဲစုံမွာ ရီနာတို ဆန္းခ်က္စ္ကို ၉ ပြဲသာ ပါဝင္ကစားခြင့္ေပးထားတာျဖစ္ၿပီး အမ်ားစုက အရန္ခုံကေန လူစားဝင္ကစားသမားအျဖစ္ ဝင္ကစားခဲ့ရတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.