Premier League

ကျားအိုကြီးဖြစ်လာတဲ့ ဆေးလ်ဗားနေရာမှာ ယူရိုသန်း ၈၀ တန်ကစားသမားနဲ့ အစားထိုးမယ့် ချဲလ်ဆီး

ချဲလ်ဆီးဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မတိုင်ခင် သီယေဂို ဆေးလ်ဗားရဲ့ နေရာမှာ ရေရှည်အစားထိုးမှု ပြုလုပ်ဖို့အတွက် စျေးကွက်ထဲမှာ ရှာဖွေနေပြီး စပို့တင်း လစ္စဘွန်းကြယ်ပွင့် အူ့စ်မန် ဒီယိုမန်ဒီကို စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလမှာ တော့ဒ် ဘိုလီ အသင်းကို ရောက်လာတဲ့အချိန်ကတည်းက ကစားသမားသစ်တွေအတွက် ပေါင် ၁ ဘီလီယံကျော် သုံးစွဲထားခဲ့ပြီးဖြစ်ပြီး နည်းပြ ပိုချက်တီနိုလက်အောက်မှာ ဆိုးရွားတဲ့ ရာသီစတင်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် နောက်ထပ်တစ်ကြိမ် ငွေကြေးသုံးစွဲသွားဖို့ ပြင်နေတာဖြစ်ပါတယ်။

ဒီဆာဒီ၊ ဘာဒီယာရှီလေ၊ ဝက်စ်လေ ဖိုဖာနာတို့အားလုံးဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတွေမှာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိလာခဲ့ကြပေမယ့်လည်း အသက် ၃၉ နှစ်အရွယ် ဝါရင့်နောက်ခံလူ သီယေဂို ဆေးလ်ဗားက ပိုချက်တီနိုရဲ့ ဗဟိုခံစစ်မှာ အဓိကကစားသမားအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရာဇီးလ်နောက်ခံလူရဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စက်တင်ဘာလမှာ အသက် ၄၀ အရွယ်ပြည့်မြောက်တော့မယ့် ဆေးလ်ဗားနေရာမှာ ချဲလ်ဆီးက အစားထိုးခေါ်ယူဖို့ ပစ်မှတ်တွေကို ရှာဖွေနေတာဖြစ်ပါတယ်။

ပေါ်တူဂီသတင်းဌာ A Bola ရဲ့ သတင်းအရ ချဲလ်ဆီးဟာ စပို့တင်းနောက်ခံလူ ဒီယိုမန်ဒီကို ဆေးလ်ဗားရဲ့ နေရာကို ဆက်ခံဖို့ ပြီးပြည့်စုံတဲ့ ကစားသမားအဖြစ် ရှုမြင်နေပြီး အသက် ၂၀ အရွယ်ကစားသမားရဲ့ ကစားပုံကို ကြည့်ဖို့ ယခုရာသီမှာ ကင်းထောက်တွေ အကြိမ်ပေါင်းများစွာ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီယိုမန်ဒီဟာ စပို့တင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ်လျော်ကြေး ယူရိုသန်း ၈၀ ကို ထည့်သွင်းချုပ်ဆိုထားတာကြောင့် လူငယ်​နောက်ခံကစားသမားအတွက် ပေးရမယ့် စျေးနှုန်းက တော်တော်လေး များမှာဖြစ်ပါတယ်။

ဒီယိုမန်ဒီဟာ ပေါ်တူဂီကလပ် မာဖရာမှာ အထင်ကြီးဖွယ် အငှားကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီးနောက် မစ်ဂျီလန်းကနေ စပို့တင်းကို လွန်ခဲ့တဲ့ ၁၂ လလောက်ကမှ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အိုင်ဗရီကို့စ်နောက်ခံလူဟာ လစ္စဘွန်းမှာ ၄ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ အာဆင်နယ်က ဒီယိုမန်ဒီအတွက် ပေါင်သန်း ၃၀ နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ငြင်းပယ်ခြင်းခံခဲ့ရပြီး လာမယ့်နွေရာသီမှာ ဂန်းနားတွေဟာ လန်ဒန်ပြိုင်ဘက်တွေနဲ့အပြိုင် အရပ် ၆ ပေ ၃ လက်မရှိတဲ့ နောက်ခံလူကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ နားလည်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးဟာ လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္မတိုင္ခင္ သီေယဂို ေဆးလ္ဗားရဲ႕ ေနရာမွာ ေရရွည္အစားထိုးမႈ ျပဳလုပ္ဖို႔အတြက္ ေစ်းကြက္ထဲမွာ ရွာေဖြေနၿပီး စပို႔တင္း လစၥဘြန္းၾကယ္ပြင့္ အူ႔စ္မန္ ဒီယိုမန္ဒီကို စိတ္ဝင္စားေၾကာင္း ျပသခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ ေမလမွာ ေတာ့ဒ္ ဘိုလီ အသင္းကို ေရာက္လာတဲ့အခ်ိန္ကတည္းက ကစားသမားသစ္ေတြအတြက္ ေပါင္ ၁ ဘီလီယံေက်ာ္ သုံးစြဲထားခဲ့ၿပီးျဖစ္ၿပီး နည္းျပ ပိုခ်က္တီႏိုလက္ေအာက္မွာ ဆိုး႐ြားတဲ့ ရာသီစတင္မႈနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ ေနာက္ထပ္တစ္ႀကိမ္ ေငြေၾကးသုံးစြဲသြားဖို႔ ျပင္ေနတာျဖစ္ပါတယ္။

ဒီဆာဒီ၊ ဘာဒီယာရွီေလ၊ ဝက္စ္ေလ ဖိုဖာနာတို႔အားလုံးဟာ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ကာလေတြမွာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေရာက္ရွိလာခဲ့ၾကေပမယ့္လည္း အသက္ ၃၉ ႏွစ္အ႐ြယ္ ဝါရင့္ေနာက္ခံလူ သီေယဂို ေဆးလ္ဗားက ပိုခ်က္တီႏိုရဲ႕ ဗဟိုခံစစ္မွာ အဓိကကစားသမားအျဖစ္ ရွိေနဆဲ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘရာဇီးလ္ေနာက္ခံလူရဲ႕ စာခ်ဳပ္သက္တမ္းဟာ ယခုရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး စက္တင္ဘာလမွာ အသက္ ၄၀ အ႐ြယ္ျပည့္ေျမာက္ေတာ့မယ့္ ေဆးလ္ဗားေနရာမွာ ခ်ဲလ္ဆီးက အစားထိုးေခၚယူဖို႔ ပစ္မွတ္ေတြကို ရွာေဖြေနတာျဖစ္ပါတယ္။

ေပၚတူဂီသတင္းဌာ A Bola ရဲ႕ သတင္းအရ ခ်ဲလ္ဆီးဟာ စပို႔တင္းေနာက္ခံလူ ဒီယိုမန္ဒီကို ေဆးလ္ဗားရဲ႕ ေနရာကို ဆက္ခံဖို႔ ၿပီးျပည့္စုံတဲ့ ကစားသမားအျဖစ္ ရႈျမင္ေနၿပီး အသက္ ၂၀ အ႐ြယ္ကစားသမားရဲ႕ ကစားပုံကို ၾကည့္ဖို႔ ယခုရာသီမွာ ကင္းေထာက္ေတြ အႀကိမ္ေပါင္းမ်ားစြာ ေစလႊတ္ခဲ့တယ္လို႔ သိရပါတယ္။

ဒီယိုမန္ဒီဟာ စပို႔တင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ထဲမွာ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၈၀ ကို ထည့္သြင္းခ်ဳပ္ဆိုထားတာေၾကာင့္ လူငယ္​ေနာက္ခံကစားသမားအတြက္ ေပးရမယ့္ ေစ်းႏႈန္းက ေတာ္ေတာ္ေလး မ်ားမွာျဖစ္ပါတယ္။

ဒီယိုမန္ဒီဟာ ေပၚတူဂီကလပ္ မာဖရာမွာ အထင္ႀကီးဖြယ္ အငွားကစားသမားဘဝကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ မစ္ဂ်ီလန္းကေန စပို႔တင္းကို လြန္ခဲ့တဲ့ ၁၂ လေလာက္ကမွ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အိုင္ဗရီကို႔စ္ေနာက္ခံလူဟာ လစၥဘြန္းမွာ ၄ ႏွစ္ခြဲစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီမွာ အာဆင္နယ္က ဒီယိုမန္ဒီအတြက္ ေပါင္သန္း ၃၀ နဲ႔ ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္လည္း ျငင္းပယ္ျခင္းခံခဲ့ရၿပီး လာမယ့္ေႏြရာသီမွာ ဂန္းနားေတြဟာ လန္ဒန္ၿပိဳင္ဘက္ေတြနဲ႔အၿပိဳင္ အရပ္ ၆ ေပ ၃ လက္မရွိတဲ့ ေနာက္ခံလူကို ေခၚယူဖို႔ ႀကိဳးပမ္းသြားမယ္လို႔ နားလည္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.