Premier League UCL&UEL

မာစီယယ္လ္ကို ပံ့ပိုးမႈနည္းတဲ့ အသင္းသားေတြကို နည္းျပ ဆိုးလ္ရွား ျပစ္တင္

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုေလဂန္နာ ဆိုးလ္ရွားက ကလပ္ဘရုဂ်္နဲ႔ပြဲမွာ ဂိုးသြင္းခဲ့တဲ့ တိုက္စစ္မွဴး အန္တိုနီ မာစီယယ္လ္ကို ခ်ီးက်ဴးခဲ့ေပမယ့္ ဒီျပင္သစ္သားကို ေထာက္ပံ့မႈအားနည္းခဲ့တဲ့ ကစားေဖာ္ေတြကိုေတာ့ ျပစ္တင္ေျပာၾကားလိုက္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ဟာ ယူရိုပါလိဂ္ ၃၂ သင္း ရႈံးထြက္အဆင့္ ပထမအေက်ာ့မွာ ကလပ္ဘရုဂ်္ကို ေနာက္ကေန လိုက္ကစားခဲ့ရၿပီး တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ မပါဝင္ႏုိင္ခ်ိန္မွာ မာစီယယ္လ္ရဲ႕ဂိုးနဲ႔ အေ၀းကြင္းသေရ ရခဲ့တာေၾကာင့္ ေနာက္တစ္ဆင့္တက္ဖို႔ အလားအလာေကာင္းေနခဲ့တာလည္း ျဖစ္ပါတယ္။

ျဖစ္သင့္တဲ့ရလဒ္တစ္ခုကိုယူႏိုင္ခဲ့တာျဖစ္ေပမယ့္ ဆိုးလ္ရွားကေတာ့ ဒီထက္မက တိုးတက္ဖို႔ လိုေသးတယ္လို႔လည္း ၀န္ခံသြားခဲ့ၿပီး “ဒီေန႔ သူ႔ဂိုးက တကယ္ေကာင္းတဲ့ ဂိုးတစ္ဂိုးပါပဲ။ ဂိုးမသြင္းခင္အထိေတာ့ ဒီပြဲမွာ သူ႔ကို ေကာင္းေကာင္းမေတြ႔ခဲ့ရပါဘူး။ ကၽြန္ေတာ္တို႔ဟာ အန္တိုနီအတြက္ ေနရာလြတ္ေတြ ပိုရေအာင္ လံုေလာက္တဲ့ ေျပးလႊားေနရာယူတာေတြ မရွိခဲ့ပါဘူး။ ဒါက သူ႔အတြက္ ဂိုးမသြင္းႏုိင္ခင္အထိ စိတ္ဆိုးခ်င္စရာပါပဲ”လို႔ ဆုိးလ္ရွားက ဆုိပါတယ္။

မာစီယယ္လ္ဟာ တစ္ဂိုးသြင္းၿပီးေတာ့ ေနာက္ထပ္ ဂိုးသြင္းခြင့္ရခဲ့ေသးေပမယ့္ ဘယ္ေျခကန္သြင္းခ်က္က လီဗာပူးလ္ဂိုးသမားေဟာင္း ဆုိင္မြန္ မစ္ႏိုလက္က အေကာင္းဆံုး ကာကြယ္သြားႏိုင္ခဲ့လို႔ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ အေဝးကြင္းမွာ အသာစီး မရခဲ့တာပါ။

ဆုိးလ္ရွားက “အန္တိုနီဟာ ေနာက္ဆံုး(၂)ပြဲမွာ (၂)ဂိုးရခဲ့ပါတယ္။ တိုက္စစ္မွဴးတစ္ေယာက္ကို ဒီေလာက္ေတာ့ စိတ္ရွည္ေပးရပါတယ္။ တစ္ခါတေလမွာ ေတာင္ပံဘက္ကို ေဘာလံုး ထြက္ယူရေလ့ရွိေပမယ့္ ဒါက တိုက္စစ္မွဴးတစ္ေယာက္ရဲ႕အလုပ္ မဟုတ္ပါဘူး။ စိတ္ရွည္ရွည္ထားၿပီး အာရံုစိုက္မႈအျပည့္နဲ႔ အခြင့္အေရးရရင္ ဒီေန႔ပြဲလို ဂိုးေကာင္းတစ္ဂိုးကို သြင္းႏိုင္ရပါမယ္။ ဒါေပမယ့္ သူ႕အတြက္ ေနရာလြတ္ဖန္္တီးေပးမွဳေတြက အရမ္းနည္းၿပီး မလံုေလာက္ခဲ့ပါဘူး”လို႔ မာစီယယ္လ္အေပၚ အသင္းေဖာ္ေတြရဲ႕ မကူညီႏုိင္ခဲ့မွဳကိုလည္း ေထာက္ျပသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက ကလပ်ဘရုဂျ်နဲ့ပွဲမှာ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ကို ချီးကျူးခဲ့ပေမယ့် ဒီပြင်သစ်သားကို ထောက်ပံ့မှုအားနည်းခဲ့တဲ့ ကစားဖော်တွေကိုတော့ ပြစ်တင်ပြောကြားလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်အဆင့် ပထမအကျော့မှာ ကလပ်ဘရုဂျ်ကို နောက်ကနေ လိုက်ကစားခဲ့ရပြီး တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် မပါဝင်နိုင်ချိန်မှာ မာစီယယ်လ်ရဲ့ဂိုးနဲ့ အဝေးကွင်းသရေ ရခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့ အလားအလာကောင်းနေခဲ့တာလည်း ဖြစ်ပါတယ်။

ဖြစ်သင့်တဲ့ရလဒ်တစ်ခုကိုယူနိုင်ခဲ့တာဖြစ်ပေမယ့် ဆိုးလ်ရှားကတော့ ဒီထက်မက တိုးတက်ဖို့ လိုသေးတယ်လို့လည်း ဝန်ခံသွားခဲ့ပြီး “ဒီနေ့ သူ့ဂိုးက တကယ်ကောင်းတဲ့ ဂိုးတစ်ဂိုးပါပဲ။ ဂိုးမသွင်းခင်အထိတော့ ဒီပွဲမှာ သူ့ကို ကောင်းကောင်းမတွေ့ခဲ့ရပါဘူး။ ကျွန်တော်တို့ဟာ အန်တိုနီအတွက် နေရာလွတ်တွေ ပိုရအောင် လုံလောက်တဲ့ ပြေးလွှားနေရာယူတာတွေ မရှိခဲ့ပါဘူး။ ဒါက သူ့အတွက် ဂိုးမသွင်းနိုင်ခင်အထိ စိတ်ဆိုးချင်စရာပါပဲ”လို့ ဆိုးလ်ရှားက ဆိုပါတယ်။

မာစီယယ်လ်ဟာ တစ်ဂိုးသွင်းပြီးတော့ နောက်ထပ် ဂိုးသွင်းခွင့်ရခဲ့သေးပေမယ့် ဘယ်ခြေကန်သွင်းချက်က လီဗာပူးလ်ဂိုးသမားဟောင်း ဆိုင်မွန် မစ်နိုလက်က အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့လို့ မန်ချက်စတာယူနိုက်တက်အနေနဲ့ အဝေးကွင်းမှာ အသာစီး မရခဲ့တာပါ။

ဆိုးလ်ရှားက “အန်တိုနီဟာ နောက်ဆုံး(၂)ပွဲမှာ (၂)ဂိုးရခဲ့ပါတယ်။ တိုက်စစ်မှူးတစ်ယောက်ကို ဒီလောက်တော့ စိတ်ရှည်ပေးရပါတယ်။ တစ်ခါတလေမှာ တောင်ပံဘက်ကို ဘောလုံး ထွက်ယူရလေ့ရှိပေမယ့် ဒါက တိုက်စစ်မှူးတစ်ယောက်ရဲ့အလုပ် မဟုတ်ပါဘူး။ စိတ်ရှည်ရှည်ထားပြီး အာရုံစိုက်မှုအပြည့်နဲ့ အခွင့်အရေးရရင် ဒီနေ့ပွဲလို ဂိုးကောင်းတစ်ဂိုးကို သွင်းနိုင်ရပါမယ်။ ဒါပေမယ့် သူ့အတွက် နေရာလွတ်ဖန်တီးပေးမှုတွေက အရမ်းနည်းပြီး မလုံလောက်ခဲ့ပါဘူး”လို့ မာစီယယ်လ်အပေါ် အသင်းဖော်တွေရဲ့ မကူညီနိုင်ခဲ့မှုကိုလည်း ထောက်ပြသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.