Premier League

ကင်မရွန်းနဲ့ ပြဿနာတက်ပြီးနောက် သရဲနီတွေပဲ ဒုက္ခပြန်ပေးဖို့ ကြံနေတဲ့ အိုနာနာ

အန်ဒရီ အိုနာနာဟာ ယခုအပတ်မှာ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဆမ်မြူရယ် အီတူးနဲ့ ပြဿနာတက်ခဲ့ပြီးနောက် အာဖရိကဖလားပြိုင်ပွဲကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အာဖရိဖလားပြိုင်ပွဲကို နောက်ကျပြီးမှ ရောက်လာတဲ့အတွက် အပြင်းအထန် ဝေဖန်မှုတွေ ခံခဲ့ရတဲ့ အိုနာနာကို ကင်မရွန်းနည်းပြ ရီဂိုဘတ် ဆောင်းက ဂီနီယာနဲ့ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲမှာ ပွဲထွက်ခွင့်မပေးဖို့ အစီအစဉ် ဆွဲထားခဲ့ပြီးသားဖြစ်ပြီး ရာသီဥတုကြောင့် လေယာဉ်နောက်ကျခဲ့ပြီးနောက် ပွဲမကစားခင် နာရီပိုင်းအလိုမှာ ရောက်လာမယ်လို့ မျှော်လင့်မထားခဲ့တာဖြစ်ပါတယ်။

အိုနာနာဟာ အုပ်စုဒုတိယပွဲစဉ်ဖြစ်တဲ့ ဆီနီဂေါကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ဂိုးသမားနေရာအတွက် ပြန်လည်ခေါ်ယူခြင်းခံခဲ့ရပေမယ့်လည်း ဆိုးရွားတဲ့ စွမ်းဆောင်ရည်သာ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂါနေ့က ဂမ်ဘီယာနဲ့ ကစားခဲ့တဲ့ အရေးကြီးတဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကင်မရွန်းပွဲထွက်လူစာရင်းကနေ အိုနာနာဟာ နောက်ထပ်တစ်ကြိမ် ချန်လှပ်ခံခဲ့ရပြီး ၎င်းရဲ့ ညီဝမ်းကွဲဖြစ်သူ အွန်ဒိုအာက ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ကင်မရွန်းဟာ ဂမ်ဘီယာကို ၃-၂ နဲ့ စိတ်လှုပ်ရှားဖွယ် နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး လာမယ့် စနေနေ့ညနေမှာ နိုင်ဂျီးရီးယားနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ အိုနာနာဟာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတယ်လို့ အသိပေးခံခဲ့ရပြီးနောက် ကင်မရွန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အီတူးနဲ့ စကားများခဲ့တယ်လို့သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

Daily Star ရဲ့ ဖော်ပြချက်အရ အိုနာနာဟာ အီတူးနဲ့ ပုဂ္ဂိုလ်ရေးအမြင် ကွဲပြားမှုကို ဘေးဖယ်မထားမီ ကင်မရွန်း လူစာရင်းကနေ နုတ်ထွက်ဖို့ စဉ်းစားနေတယ်လို့ သိရပြီး နိုင်ဂျီးရီးယားနဲ့ပွဲမှာလည်း အရန်ဂိုးသမားအဖြစ်နဲ့သာ ပါဝင်ခွင့်ရဖွယ်ရှိတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် အိုနာနာဟာ ကင်မရွန်း လက်ရွေးစင်အသင်းကနေ နုတ်ထွက်ပြီး တနင်္ဂနွေနေ့ နယူးပို့တ်နဲ့ ကစားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အက်ဖ်အေဖလား ပွဲစဉ်အတွက် အိုးထရက်ဖို့ဒ်ကို ပြန်လာဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အန္ဒရီ အိုနာနာဟာ ယခုအပတ္မွာ ကင္မ႐ြန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ ဆမ္ျမဴရယ္ အီတူးနဲ႔ ျပႆနာတက္ခဲ့ၿပီးေနာက္ အာဖရိကဖလားၿပိဳင္ပြဲကေန ထြက္ခြာဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

အာဖရိဖလားၿပိဳင္ပြဲကို ေနာက္က်ၿပီးမွ ေရာက္လာတဲ့အတြက္ အျပင္းအထန္ ေဝဖန္မႈေတြ ခံခဲ့ရတဲ့ အိုနာနာကို ကင္မ႐ြန္းနည္းျပ ရီဂိုဘတ္ ေဆာင္းက ဂီနီယာနဲ႔ကစားခဲ့တဲ့ အုပ္စုအဖြင့္ပြဲမွာ ပြဲထြက္ခြင့္မေပးဖို႔ အစီအစဥ္ ဆြဲထားခဲ့ၿပီးသားျဖစ္ၿပီး ရာသီဥတုေၾကာင့္ ေလယာဥ္ေနာက္က်ခဲ့ၿပီးေနာက္ ပြဲမကစားခင္ နာရီပိုင္းအလိုမွာ ေရာက္လာမယ္လို႔ ေမွ်ာ္လင့္မထားခဲ့တာျဖစ္ပါတယ္။

အိုနာနာဟာ အုပ္စုဒုတိယပြဲစဥ္ျဖစ္တဲ့ ဆီနီေဂါကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ပြဲထြက္ဂိုးသမားေနရာအတြက္ ျပန္လည္ေခၚယူျခင္းခံခဲ့ရေပမယ့္လည္း ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္သာ ျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အဂၤါေန႔က ဂမ္ဘီယာနဲ႔ ကစားခဲ့တဲ့ အေရးႀကီးတဲ့ အုပ္စုေနာက္ဆုံးပြဲစဥ္မွာ ကင္မ႐ြန္းပြဲထြက္လူစာရင္းကေန အိုနာနာဟာ ေနာက္ထပ္တစ္ႀကိမ္ ခ်န္လွပ္ခံခဲ့ရၿပီး ၎ရဲ႕ ညီဝမ္းကြဲျဖစ္သူ အြန္ဒိုအာက ပြဲထြက္ခြင့္ရခဲ့တာ ျဖစ္ပါတယ္။

ကင္မ႐ြန္းဟာ ဂမ္ဘီယာကို ၃-၂ နဲ႔ စိတ္လႈပ္ရွားဖြယ္ ႏိုင္ပြဲရယူႏိုင္ခဲ့တာေၾကာင့္ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီး လာမယ့္ စေနေန႔ညေနမွာ ႏိုင္ဂ်ီးရီးယားနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။ ပြဲအၿပီးမွာ အိုနာနာဟာ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတယ္လို႔ အသိေပးခံခဲ့ရၿပီးေနာက္ ကင္မ႐ြန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ အီတူးနဲ႔ စကားမ်ားခဲ့တယ္လို႔သတင္းေတြ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။

Daily Star ရဲ႕ ေဖာ္ျပခ်က္အရ အိုနာနာဟာ အီတူးနဲ႔ ပုဂၢိဳလ္ေရးအျမင္ ကြဲျပားမႈကို ေဘးဖယ္မထားမီ ကင္မ႐ြန္း လူစာရင္းကေန ႏုတ္ထြက္ဖို႔ စဥ္းစားေနတယ္လို႔ သိရၿပီး ႏိုင္ဂ်ီးရီးယားနဲ႔ပြဲမွာလည္း အရန္ဂိုးသမားအျဖစ္နဲ႔သာ ပါဝင္ခြင့္ရဖြယ္ရွိတယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

ဒါေၾကာင့္ အိုနာနာဟာ ကင္မ႐ြန္း လက္ေ႐ြးစင္အသင္းကေန ႏုတ္ထြက္ၿပီး တနဂၤေႏြေန႔ နယူးပို႔တ္နဲ႔ ကစားရမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အက္ဖ္ေအဖလား ပြဲစဥ္အတြက္ အိုးထရက္ဖို႔ဒ္ကို ျပန္လာဖို႔ စဥ္းစားေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.