Bundesliga

ဒီခေတ်ဘောလုံးကစားပုံက အရမ်းပျော့တယ်လို့ ဝေဖန်လိုက်တဲ့ မူလာ

ဘိုင်ယန်မြူးနစ်ဝါရင့်တိုက်စစ်မှူး သောမတ်စ် မူလာက ယခုရာသီ နည်းပြ တူဟယ်လက်အောက်မှာ ပထမအသင်းအတွက် ပုံမှန်ပွဲကစားချိန်ရရှိဖို့အတွက် ခက်ခဲနေတဲ့ကစားသမားဖြစ်ပေမယ့်လည်း စောဒကတက်ခြင်းမရှိတဲ့ကစားသမားဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးဟာ လက်ရှိ ဘိုင်ယန်မြူးနစ်က သူ့ရဲ့ အခြေအနေကို အင်တာဗျူးမှာ ဖွင့်ဟပြောဆိုခဲ့ပြီး ဘာကြောင့် ဒီနေ့ခေတ်ဘောလုံးကစားပုံက အရမ်းပျော့တယ်လို့ ထင်မြင်ရလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

မူလာဟာ ဘိုင်ယန်မြူးနစ်မှာ ရှိနေခဲ့တဲ့ ၁၃ နှစ်တာကာလအတွင်း ပွဲပေါင်း ၆၀၀ ကျော် ပါဝင်ကစားပေးထားတဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းတွေမှာ အများအားဖြင့် လူစားဝင်ကစားသမားအဖြစ်နဲ့သာ ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မူလာက နည်းပြ သောမတ်စ် တူဟယ်အပေါ်မှာ အမြင်မကြည်တာမျိုးမရှိဘဲ ဘိုင်ယန်မြူးနစ်က ခက်ခဲတဲ့ ယှဉ်ပြိုင်မှုတွေအပြင် ဒီနေ့ခေတ် နည်းပြတွေရဲ့ နည်းစနစ်တွေကို သုံးသပ်ခဲ့တာဖြစ်ပါတယ်။

“ဘိုင်ယန်မြူးနစ်မှာဆိုရင် ကျွန်တော်တို့က ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်မှာ ကစားနေရတာပါ။ သူက နည်းပြရဲ့ ဆုံးဖြတ်ချက်ကို ကောင်းကောင်း လက်မခံဘူးဆိုတဲ့သူတွေအတွက် နေရာမရှိပါဘူး။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောရရင် ဒီနေ့ခေတ် ဘောလုံးက ကျွန်တော့်အတွက် တစ်ခါတလေ အရမ်းပျော့လွန်းတယ်။ မာကျောမှုမှာလည်း နှစ်လိုဖွယ်ရာတွေ ရှိပါတယ်။ ကျွန်တော်ပြောတာက လူသားမဆန်ဖို့မဟုတ်ပါဘူး။ ဒါပေမယ့် နည်းပြတွေက သူတို့ရဲ့ ကစားသမားတွေ ခံနိုင်ရည်ရှိတဲ့ အဆင့်အတန်းကို ပြသခွင့်ပေးဖို့ ခွင့်ပြုသင့်ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ခင်ဗျားက အဲဒါကို ခံနိုင်ရည်ရှိရမှာဖြစ်ပြီး ဒါမှမဟုတ်ရင် ခင်ဗျား မြင့်မားတဲ့အဆင့်အတန်းကို မရောက်နိုင်ပါဘူး။ ကျွန်တော်တို့ ဘိုင်ယန်မှာ အရမ်းကောင်းတဲ့ တိုက်စစ်ကစားသမားတွေရှိတယ်။ ယှဉ်ပြိုင်မှုက ကြီးမားတယ်။ ကျွန်တော်က ကျွန်တော်တို့ရဲ့ တိုက်စစ်ကို မတူညီတဲ့ ကစားသမားပုံစံမျိုးနဲ့ အဆုံးအဖြတ်ပေးနိုင်ဆဲဆိုတာကို ဒီရာသီမှာ ပြသခဲ့ပြီးပြီထင်ပါတယ်။ ကျွန်တော် ခရစ္စမတ်မတိုင်ခင် ၂ ပွဲအပေါ်မှာ တည်ဆောက်ချင်ခဲ့ပြီး ပြီးရင်တော့ ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းက တစ်ပွဲချင်းစီ နည်းပြ ဆုံးဖြတ်တာတွေက အရေးမကြီးဘူး။ ဘိုင်ယန်မြူးနစ်က သေးငယ်တဲ့အရာတိုင်းက ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အပြင်ဘက်ကနေ မေးခွန်းထုတ်မှုတွေ ခံရမှာပဲ။”

ယခုလအစောပိုင်းမှာ ဂျာမန်တိုက်စစ်မှူးက ဂိုးရှေ့မှာ ၎င်းရဲ့ ခြေစွမ်းပိုင်း တည်ငြိမ်မှုနဲ့ပတ်သက်ပြီး ဖွင့်ဟခဲ့ပြီး “သွင်းဂိုးတွေနဲ့ ဆုဖလားတွေလိုမျိုး အကြမ်းဖျင်း ကိန်းဂဏန်းတွေက အရေးကြီးတဲ့အချက်တွေပါ။ ဒါပေမယ့် အဆုံးမှာတော့ ဘောလုံးဆိုတာက အဲဒီထက်ပိုပါတယ်။ မှော်ဆန်မှုဟာ အလှတရားနဲ့ ကျက်သရေရှိမှုအပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော် တစ်ခါတုန်းက ဖတ်ခဲ့ဖူးတာက ကျွန်တော်က ဇီဒန်းထက် ဂိုးပါဝင်ပတ်သက်မှုပိုများတယ်တဲ့။ ဒါပေမယ့် ကျွန်တော် ကိုယ့်ကိုကိုယ် ကျေနပ်နေမှာမဟုတ်ပါဘူး။ ပြိုင်ပွဲရဲက မှော်ဆန်မှုအတွက်၊ ဘောလုံးရဲ့ အလှတရားအတွက် မက်ဆီနဲ့ ဇီဒန်းတို့လိုမျိုး ကစားသမားတွေက ကျွန်တော့်အတွက်တော့ လုံးဝကို မတူညီတဲ့အမျိုးအစားထဲမှာ ပါတဲ့ မှော်ဆရာတွေပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘိုင္ယန္ျမဴးနစ္ဝါရင့္တိုက္စစ္မႉး ေသာမတ္စ္ မူလာက ယခုရာသီ နည္းျပ တူဟယ္လက္ေအာက္မွာ ပထမအသင္းအတြက္ ပုံမွန္ပြဲကစားခ်ိန္ရရွိဖို႔အတြက္ ခက္ခဲေနတဲ့ကစားသမားျဖစ္ေပမယ့္လည္း ေစာဒကတက္ျခင္းမရွိတဲ့ကစားသမားျဖစ္ပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္တိုက္စစ္မႉးဟာ လက္ရွိ ဘိုင္ယန္ျမဴးနစ္က သူ႔ရဲ႕ အေျခအေနကို အင္တာဗ်ဴးမွာ ဖြင့္ဟေျပာဆိုခဲ့ၿပီး ဘာေၾကာင့္ ဒီေန႔ေခတ္ေဘာလုံးကစားပုံက အရမ္းေပ်ာ့တယ္လို႔ ထင္ျမင္ရလဲဆိုတာကို ရွင္းျပခဲ့ပါတယ္။

မူလာဟာ ဘိုင္ယန္ျမဴးနစ္မွာ ရွိေနခဲ့တဲ့ ၁၃ ႏွစ္တာကာလအတြင္း ပြဲေပါင္း ၆၀၀ ေက်ာ္ ပါဝင္ကစားေပးထားတဲ့ ကစားသမားျဖစ္ၿပီး ၿပီးခဲ့တဲ့လပိုင္းေတြမွာ အမ်ားအားျဖင့္ လူစားဝင္ကစားသမားအျဖစ္နဲ႔သာ ပါဝင္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မူလာက နည္းျပ ေသာမတ္စ္ တူဟယ္အေပၚမွာ အျမင္မၾကည္တာမ်ိဳးမရွိဘဲ ဘိုင္ယန္ျမဴးနစ္က ခက္ခဲတဲ့ ယွဥ္ၿပိဳင္မႈေတြအျပင္ ဒီေန႔ေခတ္ နည္းျပေတြရဲ႕ နည္းစနစ္ေတြကို သုံးသပ္ခဲ့တာျဖစ္ပါတယ္။

“ဘိုင္ယန္ျမဴးနစ္မွာဆိုရင္ ကြၽန္ေတာ္တို႔က ေဘာလုံးေလာကရဲ႕ ထိပ္တန္းအဆင့္မွာ ကစားေနရတာပါ။ သူက နည္းျပရဲ႕ ဆုံးျဖတ္ခ်က္ကို ေကာင္းေကာင္း လက္မခံဘူးဆိုတဲ့သူေတြအတြက္ ေနရာမရွိပါဘူး။ ကြၽန္ေတာ္ ပြင့္ပြင့္လင္းလင္းပဲ ေျပာရရင္ ဒီေန႔ေခတ္ ေဘာလုံးက ကြၽန္ေတာ့္အတြက္ တစ္ခါတေလ အရမ္းေပ်ာ့လြန္းတယ္။ မာေက်ာမႈမွာလည္း ႏွစ္လိုဖြယ္ရာေတြ ရွိပါတယ္။ ကြၽန္ေတာ္ေျပာတာက လူသားမဆန္ဖို႔မဟုတ္ပါဘူး။ ဒါေပမယ့္ နည္းျပေတြက သူတို႔ရဲ႕ ကစားသမားေတြ ခံႏိုင္ရည္ရွိတဲ့ အဆင့္အတန္းကို ျပသခြင့္ေပးဖို႔ ခြင့္ျပဳသင့္ပါတယ္။ ကစားသမားတစ္ေယာက္အေနနဲ႔ ခင္ဗ်ားက အဲဒါကို ခံႏိုင္ရည္ရွိရမွာျဖစ္ၿပီး ဒါမွမဟုတ္ရင္ ခင္ဗ်ား ျမင့္မားတဲ့အဆင့္အတန္းကို မေရာက္ႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ ဘိုင္ယန္မွာ အရမ္းေကာင္းတဲ့ တိုက္စစ္ကစားသမားေတြရွိတယ္။ ယွဥ္ၿပိဳင္မႈက ႀကီးမားတယ္။ ကြၽန္ေတာ္က ကြၽန္ေတာ္တို႔ရဲ႕ တိုက္စစ္ကို မတူညီတဲ့ ကစားသမားပုံစံမ်ိဳးနဲ႔ အဆုံးအျဖတ္ေပးႏိုင္ဆဲဆိုတာကို ဒီရာသီမွာ ျပသခဲ့ၿပီးၿပီထင္ပါတယ္။ ကြၽန္ေတာ္ ခရစၥမတ္မတိုင္ခင္ ၂ ပြဲအေပၚမွာ တည္ေဆာက္ခ်င္ခဲ့ၿပီး ၿပီးရင္ေတာ့ ကြၽန္ေတာ္တို႔ ေတြ႕ရပါလိမ့္မယ္။ ဒါေပမယ့္ တကယ္တမ္းက တစ္ပြဲခ်င္းစီ နည္းျပ ဆုံးျဖတ္တာေတြက အေရးမႀကီးဘူး။ ဘိုင္ယန္ျမဴးနစ္က ေသးငယ္တဲ့အရာတိုင္းက ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ အျပင္ဘက္ကေန ေမးခြန္းထုတ္မႈေတြ ခံရမွာပဲ။”

ယခုလအေစာပိုင္းမွာ ဂ်ာမန္တိုက္စစ္မႉးက ဂိုးေရွ႕မွာ ၎ရဲ႕ ေျခစြမ္းပိုင္း တည္ၿငိမ္မႈနဲ႔ပတ္သက္ၿပီး ဖြင့္ဟခဲ့ၿပီး “သြင္းဂိုးေတြနဲ႔ ဆုဖလားေတြလိုမ်ိဳး အၾကမ္းဖ်င္း ကိန္းဂဏန္းေတြက အေရးႀကီးတဲ့အခ်က္ေတြပါ။ ဒါေပမယ့္ အဆုံးမွာေတာ့ ေဘာလုံးဆိုတာက အဲဒီထက္ပိုပါတယ္။ ေမွာ္ဆန္မႈဟာ အလွတရားနဲ႔ က်က္သေရရွိမႈအေပၚမွာ မူတည္ေနပါတယ္။ ကြၽန္ေတာ္ တစ္ခါတုန္းက ဖတ္ခဲ့ဖူးတာက ကြၽန္ေတာ္က ဇီဒန္းထက္ ဂိုးပါဝင္ပတ္သက္မႈပိုမ်ားတယ္တဲ့။ ဒါေပမယ့္ ကြၽန္ေတာ္ ကိုယ့္ကိုကိုယ္ ေက်နပ္ေနမွာမဟုတ္ပါဘူး။ ၿပိဳင္ပြဲရဲက ေမွာ္ဆန္မႈအတြက္၊ ေဘာလုံးရဲ႕ အလွတရားအတြက္ မက္ဆီနဲ႔ ဇီဒန္းတို႔လိုမ်ိဳး ကစားသမားေတြက ကြၽန္ေတာ့္အတြက္ေတာ့ လုံးဝကို မတူညီတဲ့အမ်ိဳးအစားထဲမွာ ပါတဲ့ ေမွာ္ဆရာေတြပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.