Premier League

ဂိုးပြတ်နိုင်ပေမယ့် ဒေါသထွက်နေမယ့် ချဲလ်ဆီးကြယ်ပွင့်ကို ပြောပြခဲ့တဲ့ ဟက်ဆဲလ်ဘိန့်ခ်

ဂျင်မီ ဖလွိုက် ဟက်ဆဲလ်ဘိန့်ခ်က ချဲလ်ဆီးဂိုးသမား ပက်ထရိုဗစ်ဟာ မစ်ဒယ်ဘရော့ကို ဂိုးပြတ်အနိုင်ရခဲ့ပေမယ့်လည်း ပေးဂိုးမရှိအောင် မစွမ်းဆောင်နိုင်ခဲ့လို့ အရမ်း ဒေါသထွက်နေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ကာရာဘောင်းဆီမီးဖိုင်နယ် ပထမအကျော့တုန်းက မစ်ဒယ်ဘရော့အိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အင်္ဂါနေ့ညက စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာတော့ ချဲလ်ဆီးက ၆-၁ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဟောင်ဆန်က ကိုယ့်ဂိုးကိုယ်သွင်းယူပြီး အဖွင့်ဂိုး စတင်ရရှိခဲ့ပြီးနောက် ကိုး ပါလ်မာက ချဲလ်ဆီးအတွက် သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့ပြီး အန်ဇို ဖာနန်ဒက်ဇ်၊ ဒီဆာဆီနဲ့ မာဒူအဲခီတို့ကလည်း သွင်းဂိုးတွေ ကိုယ်စီသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မစ်ဒယ်ဘရော့ဟာ အဝေးကွင်းပရိသတ်တွေအတွက် ပွဲကစားချိန်ကုန်ဆုံးဖို့ ၂ မိနစ်သာ လိုတော့တဲ့အချိန်မှာ ပင်နယ်တီဧရိယာအစွန်ကနေ အလွန်ကောင်းမွန်တဲ့ ဝိုက်ကန်ချက်နဲ့ ကန်သွင်းယူခဲ့တဲ့ မော်ဂန် ရော်ဂျာစ်ကြောင့် နှစ်သိမ့်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လက်ရှိမှာတော့ လာမယ့်လ ဝင်ဘလေမှာ လီဗာပူးလ် သို့မဟုတ် ဖူလ်ဟမ်နဲ့ ရင်ဆိုင်ဖို့ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီဖြစ်ပြီး မာဆေးဆိုဒ်အသင်းက ပထမအကျော့မှာ ၂-၁ နဲ့ အနိုင်ရရှိထားတာကြောင့် ယနေ့ည ခရာဗင် ကော့တေ့ချ်မှာ သရေကစားနိုင်ရင်တောင် ဗိုလ်လုပွဲတက်ရောက်နိုင်မှာဖြစ်ပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ရာသီကို ဖြတ်သန်းခဲ့ရတဲ့ ချဲလ်ဆီးအတွက် ထူးခြားတဲ့ညတစ်ည ဖြစ်ခဲ့မှာဖြစ်ပေမယ့်လည်း ချဲလ်ဆီးနဲ့ မစ်ဒယ်ဘရော့တိုက်စစ်မှူးဟောင်း ဟက်ဆဲလ်ဘိန့်ခ်က ဧည့်သည်တွေရဲ့ နောက်ကျသွင်းဂိုးက ချဲလ်ဆီးဂိုးသမားကို စိတ်ပျက်စေခဲ့လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဒတ်ချ်တိုက်စစ်မှူးဟောင်းက ချဲလ်ဆီးအနေနဲ့ အင်္ဂါနေ့ညလိုမျိုး ကြီးမားတဲ့ ဦးဆောင်မှု ရရှိထားတဲ့ ပွဲစဉ်တွေမှာတောင်မှ ပေးဂိုးမရှိစံချိန်တွေကို ပြန်လည်ရှာဖွေတွေ့ရှိဖို့ လိုအပ်နေပြီလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“နည်းပြတစ်ယောက်အနေနဲ့ ပြောရရင် ပေးဂိုးမရှိစံချိန်ကို ထိန်းသိမ်းဖို့က အရေးကြီးပါတယ်။ ဂိုးသမားက ဂိုးသွင်းခံလိုက်ရလို့ အရမ်း အရမ်းကို ဒေါသထွက်သွားမယ်ဆိုတာ ကျွန်တော် လောင်းရဲတယ်။ ဒါပေမယ့် ခင်ဗျား ပွဲစဉ်တော်တော်များများမှာ ၆-၀ နဲ့ ဦးဆောင်ထားနိုင်မှာမဟုတ်ပါဘူး။ ခင်ဗျား ၁-၀ နဲ့ ဦးဆောင်ထားတာလည်း ဖြစ်နိုင်တယ်။ ခင်ဗျားအနေနဲ့ ပေးဂိုးမရှိတဲ့အလေ့အကျင့်ရှိလာဖို့ လိုပြီး အဲဒါကြောင့်ပဲ ကျွန်တော် ဒီမေးခွန်းကို မေးတာပါ။ ခင်ဗျားရဲ့အသင်းမှာ ပေးဂိုးမရှိ၊ ပေးဂိုးမရှိဆိုတဲ့ စိတ်ဓာတ်တွေ မွေးဖွားလာမယ်ဆိုရင် ခင်ဗျား အောင်မြင်မှုရမှာပါ။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်င္မီ ဖလြိဳက္ ဟက္ဆဲလ္ဘိန႔္ခ္က ခ်ဲလ္ဆီးဂိုးသမား ပက္ထ႐ိုဗစ္ဟာ မစ္ဒယ္ဘေရာ့ကို ဂိုးျပတ္အႏိုင္ရခဲ့ေပမယ့္လည္း ေပးဂိုးမရွိေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့လို႔ အရမ္း ေဒါသထြက္ေနလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ကာရာေဘာင္းဆီမီးဖိုင္နယ္ ပထမအေက်ာ့တုန္းက မစ္ဒယ္ဘေရာ့အိမ္ကြင္းမွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး အဂၤါေန႔ညက စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ကစားခဲ့တဲ့ ဒုတိယအေက်ာ့ပြဲစဥ္မွာေတာ့ ခ်ဲလ္ဆီးက ၆-၁ နဲ႔ ဂိုးျပတ္အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ေဟာင္ဆန္က ကိုယ့္ဂိုးကိုယ္သြင္းယူၿပီး အဖြင့္ဂိုး စတင္ရရွိခဲ့ၿပီးေနာက္ ကိုး ပါလ္မာက ခ်ဲလ္ဆီးအတြက္ သြင္းဂိုး ၂ ဂိုး သြင္းယူေပးခဲ့ၿပီး အန္ဇို ဖာနန္ဒက္ဇ္၊ ဒီဆာဆီနဲ႔ မာဒူအဲခီတို႔ကလည္း သြင္းဂိုးေတြ ကိုယ္စီသြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

မစ္ဒယ္ဘေရာ့ဟာ အေဝးကြင္းပရိသတ္ေတြအတြက္ ပြဲကစားခ်ိန္ကုန္ဆုံးဖို႔ ၂ မိနစ္သာ လိုေတာ့တဲ့အခ်ိန္မွာ ပင္နယ္တီဧရိယာအစြန္ကေန အလြန္ေကာင္းမြန္တဲ့ ဝိုက္ကန္ခ်က္နဲ႔ ကန္သြင္းယူခဲ့တဲ့ ေမာ္ဂန္ ေရာ္ဂ်ာစ္ေၾကာင့္ ႏွစ္သိမ့္ဂိုး ရရွိခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ လက္ရွိမွာေတာ့ လာမယ့္လ ဝင္ဘေလမွာ လီဗာပူးလ္ သို႔မဟုတ္ ဖူလ္ဟမ္နဲ႔ ရင္ဆိုင္ဖို႔ ဗိုလ္လုပြဲကို တက္ေရာက္သြားခဲ့ၿပီျဖစ္ၿပီး မာေဆးဆိုဒ္အသင္းက ပထမအေက်ာ့မွာ ၂-၁ နဲ႔ အႏိုင္ရရွိထားတာေၾကာင့္ ယေန႔ည ခရာဗင္ ေကာ့ေတ့ခ်္မွာ သေရကစားႏိုင္ရင္ေတာင္ ဗိုလ္လုပြဲတက္ေရာက္ႏိုင္မွာျဖစ္ပါတယ္။

ခက္ခဲၾကမ္းတမ္းတဲ့ရာသီကို ျဖတ္သန္းခဲ့ရတဲ့ ခ်ဲလ္ဆီးအတြက္ ထူးျခားတဲ့ညတစ္ည ျဖစ္ခဲ့မွာျဖစ္ေပမယ့္လည္း ခ်ဲလ္ဆီးနဲ႔ မစ္ဒယ္ဘေရာ့တိုက္စစ္မႉးေဟာင္း ဟက္ဆဲလ္ဘိန႔္ခ္က ဧည့္သည္ေတြရဲ႕ ေနာက္က်သြင္းဂိုးက ခ်ဲလ္ဆီးဂိုးသမားကို စိတ္ပ်က္ေစခဲ့လိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ဒတ္ခ်္တိုက္စစ္မႉးေဟာင္းက ခ်ဲလ္ဆီးအေနနဲ႔ အဂၤါေန႔ညလိုမ်ိဳး ႀကီးမားတဲ့ ဦးေဆာင္မႈ ရရွိထားတဲ့ ပြဲစဥ္ေတြမွာေတာင္မွ ေပးဂိုးမရွိစံခ်ိန္ေတြကို ျပန္လည္ရွာေဖြေတြ႕ရွိဖို႔ လိုအပ္ေနၿပီလို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“နည္းျပတစ္ေယာက္အေနနဲ႔ ေျပာရရင္ ေပးဂိုးမရွိစံခ်ိန္ကို ထိန္းသိမ္းဖို႔က အေရးႀကီးပါတယ္။ ဂိုးသမားက ဂိုးသြင္းခံလိုက္ရလို႔ အရမ္း အရမ္းကို ေဒါသထြက္သြားမယ္ဆိုတာ ကြၽန္ေတာ္ ေလာင္းရဲတယ္။ ဒါေပမယ့္ ခင္ဗ်ား ပြဲစဥ္ေတာ္ေတာ္မ်ားမ်ားမွာ ၆-၀ နဲ႔ ဦးေဆာင္ထားႏိုင္မွာမဟုတ္ပါဘူး။ ခင္ဗ်ား ၁-၀ နဲ႔ ဦးေဆာင္ထားတာလည္း ျဖစ္ႏိုင္တယ္။ ခင္ဗ်ားအေနနဲ႔ ေပးဂိုးမရွိတဲ့အေလ့အက်င့္ရွိလာဖို႔ လိုၿပီး အဲဒါေၾကာင့္ပဲ ကြၽန္ေတာ္ ဒီေမးခြန္းကို ေမးတာပါ။ ခင္ဗ်ားရဲ႕အသင္းမွာ ေပးဂိုးမရွိ၊ ေပးဂိုးမရွိဆိုတဲ့ စိတ္ဓာတ္ေတြ ေမြးဖြားလာမယ္ဆိုရင္ ခင္ဗ်ား ေအာင္ျမင္မႈရမွာပါ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.