Premier League

ဘန်ဇီးမားနဲ့ပတ်သက်ပြီး အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက်ချခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ကာရင် ဘန်ဇီးမားကို ခေါ်ယူဖို့အတွက် အခွင့်အရေး ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့်လည်း နေရာစုံကစားနိုင်တဲ့ နောက်ခံကစားသမားကိုသာ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဘန်ဇီးမားဟာ ဆော်ဒီ ပရိုလိဂ်မှာ ၆ လကျော်သာ အချိန်ကုန်ဆုံးခဲ့ပြီးနောက် အယ်လ် အစ်တီဟတ်ကို စွန့်ခွာချင်နေတာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးဟာ ဥရောပတလွှားက ကလပ်အသင်းအများအပြားဆီကို ကမ်းလှမ်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ အာဆင်နယ်ကလည်း ယခုလမှာ တိုက်စစ်မှူးသစ် တစ်ဦးခေါ်ယူဖို့က အဓိကဦးစားပေးတွေထဲက တစ်ခုဖြစ်ပေမယ့်လည်း FFP ရန်ကြောင့် အမှန်တကယ် ခေါ်ယူချင်နေတဲ့ ပစ်မှတ်တွေကို ခေါ်ယူနိုင်စွမ်းက အကန့်အသတ်ရှိနေတာဖြစ်ပါတယ်။

Mail Online ရဲ့ သတင်းအရ ဘန်ဇီးမားကို ယခုလအစောပိုင်းမှာ အာဆင်နယ်ဆီ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဂန်းနားတွေဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် နေရာစုံကစားနိုင်တဲ့ နောက်ခံလူကိုပဲ ခေါ်ယူချင်နေတာကြောင့် ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ယူရီယန် တင်းဘားဟာ ဩဂုတ်လက ရရှိခဲ့တဲ့ ဒူးရွတ်စုတ်ပြဲဒဏ်ရာကနေ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ဆက်လက်ရှိလာနေပြီး အာဆင်နယ်က အိုင်းယက်စ်ကနေ ပေါင် ၃၈ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဒတ်ချ်နောက်ခံလူအနေနဲ့ ရာသီနောက်ဆုံး ၂ လလောက်မှာ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဘန်ဇီးမားဟာ အာဆင်နယ်ရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပြီးနောက် လိုင်ယွန်ကို ပြန်သွားဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ နားလည်ရပြီး အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ လိုင်ယွန်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို မပြောင်းရွှေ့ခင်မှာ ဘန်ဇီးမားဟာ ဥရောပရဲ့ အကောင်းဆုံး လူငယ်တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ကြောင်း လိုင်ယွန်အသင်းမှာ သက်သေပြသနိုင်ခဲ့သူဖြစ်ပြီး ပြင်သစ်ဝါရင့်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဇွန်လမှာ အယ်လ်အစ်တီဟတ်နဲ့ တစ်ရာသီ ယူရိုသန်း ၁၀၀ တန်ကြေးရှိတဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ပြင်သစ်က သတင်းတွေအရ ဆော်ဒီ ကလပ်ဟာ ဘန်ဇီးမားက မောရစ်သျှမှာ အားလပ်ရက်အပန်းဖြေခရီးထွက်ပြီးနောက် လေ့ကျင့်ရေးကို ၁၇ ရက်နောက်ကျပြီးမှ သတင်းပြန်ပို့ခဲ့တဲ့အတွက် ဒေါသထွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဟာ ကာရင္ ဘန္ဇီးမားကို ေခၚယူဖို႔အတြက္ အခြင့္အေရး ကမ္းလွမ္းျခင္းခံခဲ့ရေပမယ့္လည္း ေနရာစုံကစားႏိုင္တဲ့ ေနာက္ခံကစားသမားကိုသာ ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ဘန္ဇီးမားဟာ ေဆာ္ဒီ ပ႐ိုလိဂ္မွာ ၆ လေက်ာ္သာ အခ်ိန္ကုန္ဆုံးခဲ့ၿပီးေနာက္ အယ္လ္ အစ္တီဟတ္ကို စြန႔္ခြာခ်င္ေနတာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ ဥေရာပတလႊားက ကလပ္အသင္းအမ်ားအျပားဆီကို ကမ္းလွမ္းျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ အာဆင္နယ္ကလည္း ယခုလမွာ တိုက္စစ္မႉးသစ္ တစ္ဦးေခၚယူဖို႔က အဓိကဦးစားေပးေတြထဲက တစ္ခုျဖစ္ေပမယ့္လည္း FFP ရန္ေၾကာင့္ အမွန္တကယ္ ေခၚယူခ်င္ေနတဲ့ ပစ္မွတ္ေတြကို ေခၚယူႏိုင္စြမ္းက အကန႔္အသတ္ရွိေနတာျဖစ္ပါတယ္။

Mail Online ရဲ႕ သတင္းအရ ဘန္ဇီးမားကို ယခုလအေစာပိုင္းမွာ အာဆင္နယ္ဆီ ကမ္းလွမ္းခဲ့ေပမယ့္လည္း ဂန္းနားေတြဟာ လာမယ့္ ဗုဒၶဟူးေန႔မွာ အေျပာင္းအေ႐ႊ႕ေစ်းကြက္မပိတ္ခင္ ေနရာစုံကစားႏိုင္တဲ့ ေနာက္ခံလူကိုပဲ ေခၚယူခ်င္ေနတာေၾကာင့္ ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။

ယူရီယန္ တင္းဘားဟာ ဩဂုတ္လက ရရွိခဲ့တဲ့ ဒူး႐ြတ္စုတ္ၿပဲဒဏ္ရာကေန အျပဳသေဘာေဆာင္တဲ့ တိုးတက္မႈေတြ ဆက္လက္ရွိလာေနၿပီး အာဆင္နယ္က အိုင္းယက္စ္ကေန ေပါင္ ၃၈ သန္းနဲ႔ ေခၚယူခဲ့တဲ့ ဒတ္ခ်္ေနာက္ခံလူအေနနဲ႔ ရာသီေနာက္ဆုံး ၂ လေလာက္မွာ ျပန္ကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

ဘန္ဇီးမားဟာ အာဆင္နယ္ရဲ႕ ျငင္းပယ္ျခင္းကို ခံခဲ့ရၿပီးေနာက္ လိုင္ယြန္ကို ျပန္သြားဖို႔အတြက္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္လို႔ နားလည္ရၿပီး အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ လိုင္ယြန္အကယ္ဒမီကေန ေပၚထြက္လာခဲ့သူျဖစ္ပါတယ္။

၂၀၀၉ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္ကို မေျပာင္းေ႐ႊ႕ခင္မွာ ဘန္ဇီးမားဟာ ဥေရာပရဲ႕ အေကာင္းဆုံး လူငယ္တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ေၾကာင္း လိုင္ယြန္အသင္းမွာ သက္ေသျပသႏိုင္ခဲ့သူျဖစ္ၿပီး ျပင္သစ္ဝါရင့္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ ဇြန္လမွာ အယ္လ္အစ္တီဟတ္နဲ႔ တစ္ရာသီ ယူ႐ိုသန္း ၁၀၀ တန္ေၾကးရွိတဲ့ ၃ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္က ျပင္သစ္က သတင္းေတြအရ ေဆာ္ဒီ ကလပ္ဟာ ဘန္ဇီးမားက ေမာရစ္သွ်မွာ အားလပ္ရက္အပန္းေျဖခရီးထြက္ၿပီးေနာက္ ေလ့က်င့္ေရးကို ၁၇ ရက္ေနာက္က်ၿပီးမွ သတင္းျပန္ပို႔ခဲ့တဲ့အတြက္ ေဒါသထြက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.