International

ကလင်းစ်မန်းလက်အောက်မှာ နောက်ထပ်အဆင့်တစ်ခုမြင့်တက်လာတဲ့ လီကန်းအင်

တောင်ကိုရီးယားလက်ရွေးစင်နည်းပြ ယာဂန် ကလင်းစ်မန်းက လီကန်းအင်ကို ပျော်ရွှင်မှုနဲ့ ပွင့်ဖူးလာတော့မယ့် ပန်းတစ်ပွင့်လို့ တင်စားခဲ့ပြီး အာရှဖလားအဖွင့်ပွဲစဉ်က ခြေစွမ်းဟာ ဘာကြောင့် ဂျာမန်လူမျိုးနည်းပြရဲ့ ချစ်မြတ်နိုးမှုကို ခံနေရလဲဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကွင်းလယ်တိုက်စစ်ကစားသမားဟာ တနင်္လာနေ့က ဘာရိန်းကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တောင်ကိုရီးယားအတွက် အမှတ်အသားတစ်ခု ပြုလုပ်နိုင်ခဲ့ပြီး ဒိုဟာမှာ ဒုတိယပိုင်းအတွင်း ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ လီကန်းအင်ရဲ့ ရင်သပ်ရှုမောဖွယ် အလိမ်အခေါက်တွေနဲ့ ဓားသွားလို ထက်မြက်တဲ့ ပေးပို့မှုတွေက အသင်းဖော် ဆွန်ဟောင်မင်ကို ကျော်ဖြတ်ပြီး ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆုကို ရရှိစေခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနည်းပြဟောင်း ပေါ်လို ဘန်တိုဟာ လီကန်းအင်ကို ဘယ်တုန်းကမှ အပြည့်အဝ ယုံကြည်စိတ်ချမှု မရှိခဲ့ဘဲ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အကျိုးသက်ရောက်မှု ပြသနိုင်တဲ့ လူစားဝင်ကစားသမားအဖြစ်သာ အများအားဖြင့် အသုံးပြုခဲ့တာဖြစ်ပါတယ်။

လီကန်းအင်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ မာယော်ကာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပြင်သစ်ချန်ပီယံတွေရဲ့ ပထမအသင်းထဲမှာ တစ်နေရာ အခိုင်အမာ ရရှိအောင် စွမ်းဆောင်ပြနေပြီး ၃ ဂိုးအထိ သွင်းယူထားပြီးဖြစ်ပါတယ်။ တနင်္လာနေ့ပွဲစဉ်အပြီးမှာ လီက ပီအက်စ်ဂျီမှာ ကမ္ဘာ့အဆင့် ကစားသမားဖြစ်တဲ့ အမ်ဘာပေလို ကစားသမားမျိုးနဲ့အတူ တွဲကစားပြီး အများကြီး လေ့လာသင်ယူမှုတွေ ပြုလုပ်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကလင်းစ်မန်းက လီကန်းအင်ရဲ့ ပြောဆိုမှုကို သဘောတူညီခဲ့ပြီး “သူ အခု နားလည်သွားပြီ။ တစ်ဆင့်ပြီးတစ်ဆင့် သွားနေတယ်။ ပွဲစဉ်အတွင်း သူ လုပ်ရမယ့်အရာတွေကို ရှေ့ဆက်လုပ်နိုင်ရုံတင်မဟုတ်ဘဲ သွင်းဂိုးသွင်းယူတာ ဒါမှမဟုတ် ဂိုးဖန်တီးတာ၊ အလိမ်အခေါက်သမားတစ်ယောက်ဖြစ်နေတာ ဒါတွေအားလုံး သူ လုပ်နေတယ်။ သူက ခံစစ်ပိုင်းမှာလည်း အရမ်းကို ကြိုးစားအလုပ်လုပ်နေပါတယ်။ အဲဒါက ကိုရီးယားဘောလုံးလောကအတွက် ထူးခြားဆန်းကြယ်မှုဖြစ်ပြီး လက်ရွေးစင်အသင်းက ဒီလိုမျိုး ကစားသမားမျိုးရှိနေတာက နောက်ထပ်အဆင့်သစ်တစ်ခုကို အပြည့်အဝ ရောက်ရှိသွားတာပါ။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီကန်းအင်ဟာ အောက်တိုဘာလက တရုတ်နိုင်ငံက အာရှကစားပွဲမှာ ရွှေဆုရခဲ့တဲ့ တောင်ကိုရီးယားအသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး အဲဒီအောင်မြင်မှုကြောင့် မဖြစ်မနေ စစ်မှုထမ်းရမယ့်ဥပဒေကနေ ကင်းလွတ်ခွင့်ရခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာလည်း လီကန်းအင်ရဲ့ သွင်းဂိုးဟာ တောင်ကိုရီးယားကို ၁၉၆၀ နောက်ပိုင်း ပထမဆုံးအကြိမ် အာရှဖလားပြိုင်ပွဲမှာ နိုင်ပွဲ ပြန်လည်ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပြီး “အဝတ်လဲခန်းထဲမှာရှိတဲ့အားလုံးနဲ့ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့လူတွေအားလုံးက ဒီဆုဖလားကို စောင့်မျှော်နေကြတာပါ။ ကျွန်တော်တို့ အာရှဖလားကို မရတာ ၆၄ နှစ်လောက်ရှိနေပါပြီ။ အဲဒီတော့ ကျွန်တော်တို့ ဒီပြိုင်ပွဲအတွက် စိတ်အားတက်ကြွနေပြီး ဆာလောင်နေကြပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ဂျပန်အသင်းက အာရှဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေပေမယ့်လည်း တောင်ကိုရီးယားကလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲမှာ ပါဝင်နေပြီး လာမယ့်စနေနေ့မှာ ဂျော်ဒန်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာင္ကိုရီးယားလက္ေ႐ြးစင္နည္းျပ ယာဂန္ ကလင္းစ္မန္းက လီကန္းအင္ကို ေပ်ာ္႐ႊင္မႈနဲ႔ ပြင့္ဖူးလာေတာ့မယ့္ ပန္းတစ္ပြင့္လို႔ တင္စားခဲ့ၿပီး အာရွဖလားအဖြင့္ပြဲစဥ္က ေျခစြမ္းဟာ ဘာေၾကာင့္ ဂ်ာမန္လူမ်ိဳးနည္းျပရဲ႕ ခ်စ္ျမတ္ႏိုးမႈကို ခံေနရလဲဆိုတာကို ျပသခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီကြင္းလယ္တိုက္စစ္ကစားသမားဟာ တနလၤာေန႔က ဘာရိန္းကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ေတာင္ကိုရီးယားအတြက္ အမွတ္အသားတစ္ခု ျပဳလုပ္ႏိုင္ခဲ့ၿပီး ဒိုဟာမွာ ဒုတိယပိုင္းအတြင္း ၂ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ လီကန္းအင္ရဲ႕ ရင္သပ္ရႈေမာဖြယ္ အလိမ္အေခါက္ေတြနဲ႔ ဓားသြားလို ထက္ျမက္တဲ့ ေပးပို႔မႈေတြက အသင္းေဖာ္ ဆြန္ေဟာင္မင္ကို ေက်ာ္ျဖတ္ၿပီး ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားဆုကို ရရွိေစခဲ့တာ ျဖစ္ပါတယ္။

ေတာင္ကိုရီးယားနည္းျပေဟာင္း ေပၚလို ဘန္တိုဟာ လီကန္းအင္ကို ဘယ္တုန္းကမွ အျပည့္အဝ ယုံၾကည္စိတ္ခ်မႈ မရွိခဲ့ဘဲ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက အက်ိဳးသက္ေရာက္မႈ ျပသႏိုင္တဲ့ လူစားဝင္ကစားသမားအျဖစ္သာ အမ်ားအားျဖင့္ အသုံးျပဳခဲ့တာျဖစ္ပါတယ္။

လီကန္းအင္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ မာေယာ္ကာကေန ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ျပင္သစ္ခ်န္ပီယံေတြရဲ႕ ပထမအသင္းထဲမွာ တစ္ေနရာ အခိုင္အမာ ရရွိေအာင္ စြမ္းေဆာင္ျပေနၿပီး ၃ ဂိုးအထိ သြင္းယူထားၿပီးျဖစ္ပါတယ္။ တနလၤာေန႔ပြဲစဥ္အၿပီးမွာ လီက ပီအက္စ္ဂ်ီမွာ ကမာၻ႔အဆင့္ ကစားသမားျဖစ္တဲ့ အမ္ဘာေပလို ကစားသမားမ်ိဳးနဲ႔အတူ တြဲကစားၿပီး အမ်ားႀကီး ေလ့လာသင္ယူမႈေတြ ျပဳလုပ္ေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ကလင္းစ္မန္းက လီကန္းအင္ရဲ႕ ေျပာဆိုမႈကို သေဘာတူညီခဲ့ၿပီး “သူ အခု နားလည္သြားၿပီ။ တစ္ဆင့္ၿပီးတစ္ဆင့္ သြားေနတယ္။ ပြဲစဥ္အတြင္း သူ လုပ္ရမယ့္အရာေတြကို ေရွ႕ဆက္လုပ္ႏိုင္႐ုံတင္မဟုတ္ဘဲ သြင္းဂိုးသြင္းယူတာ ဒါမွမဟုတ္ ဂိုးဖန္တီးတာ၊ အလိမ္အေခါက္သမားတစ္ေယာက္ျဖစ္ေနတာ ဒါေတြအားလုံး သူ လုပ္ေနတယ္။ သူက ခံစစ္ပိုင္းမွာလည္း အရမ္းကို ႀကိဳးစားအလုပ္လုပ္ေနပါတယ္။ အဲဒါက ကိုရီးယားေဘာလုံးေလာကအတြက္ ထူးျခားဆန္းၾကယ္မႈျဖစ္ၿပီး လက္ေ႐ြးစင္အသင္းက ဒီလိုမ်ိဳး ကစားသမားမ်ိဳးရွိေနတာက ေနာက္ထပ္အဆင့္သစ္တစ္ခုကို အျပည့္အဝ ေရာက္ရွိသြားတာပါ။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လီကန္းအင္ဟာ ေအာက္တိုဘာလက တ႐ုတ္ႏိုင္ငံက အာရွကစားပြဲမွာ ေ႐ႊဆုရခဲ့တဲ့ ေတာင္ကိုရီးယားအသင္းရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ခဲ့ၿပီး အဲဒီေအာင္ျမင္မႈေၾကာင့္ မျဖစ္မေန စစ္မႈထမ္းရမယ့္ဥပေဒကေန ကင္းလြတ္ခြင့္ရခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာလည္း လီကန္းအင္ရဲ႕ သြင္းဂိုးဟာ ေတာင္ကိုရီးယားကို ၁၉၆၀ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အာရွဖလားၿပိဳင္ပြဲမွာ ႏိုင္ပြဲ ျပန္လည္ရရွိေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ၿပီး “အဝတ္လဲခန္းထဲမွာရွိတဲ့အားလုံးနဲ႔ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ ရွိတဲ့လူေတြအားလုံးက ဒီဆုဖလားကို ေစာင့္ေမွ်ာ္ေနၾကတာပါ။ ကြၽန္ေတာ္တို႔ အာရွဖလားကို မရတာ ၆၄ ႏွစ္ေလာက္ရွိေနပါၿပီ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ဒီၿပိဳင္ပြဲအတြက္ စိတ္အားတက္ႂကြေနၿပီး ဆာေလာင္ေနၾကပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

ဂ်ပန္အသင္းက အာရွဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးျဖစ္ေနေပမယ့္လည္း ေတာင္ကိုရီးယားကလည္း ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲမွာ ပါဝင္ေနၿပီး လာမယ့္စေနေန႔မွာ ေဂ်ာ္ဒန္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.