Premier League

ဂန်းနားတွေထက် လီဗာပူးလ်သာတဲ့အချက်ကို ပြောပြခဲ့တဲ့ ပေါလ် မာဆန်

အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က အာဆင်နယ်ရဲ့ တိုက်စစ်မှူး ၂ ဦးဖြစ်တဲ့ အန်ကီးတီးယားနဲ့ ဂါဘရီယဲလ် ဂျေဆူးစ်တို့ ၂ ဦးပေါင်းလိုက်ရင်တောင် ဒီရာသီမှာ မိုဟာမက် ဆာလားလောက် ဂိုးသွင်းနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

ဂျေဆူးစ်နဲ့ အန်ကီးတီးယားတို့ဟာ အာဆင်နယ်ရဲ့ လူစာရင်းထဲမှာ အဓိက တိုက်စစ်မှူးတွေ ဖြစ်ကြပြီး ဘရာဇီးလ်တိုက်စစ်မှူးက နောက်ဆုံး ၆ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျေဆူးစ်ဟာ ယခုရာသီ ပရီးမီးယားလိဂ် ၁၆ ပွဲမှာ သွင်းဂိုး ၃ ဂိုးသာ သွင်းယူထားနိုင်သေးပြီး အန်ကီးတီးယားကလည်း ပွဲ ၂၀ မှာ ၅ ဂိုးသာ သွင်းယူပေးထားနိုင်သေးတာဖြစ်ပါတယ်။

လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားကတော့ ယခုရာသီ ပရီးမီးယားလိဂ် ပွဲ ၂၀ မှာ ၁၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းနဲ့အတူ ပရီးမီးယားလိဂ်ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ပေါလ် မာဆန်က လီဗာပူးလ်ဟာ မိုဟာမက် ဆာလားကို ပိုင်ဆိုင်ထားတာက ဆုဖလားပြိုင်ပွဲမှာ အာဆင်နယ်ထက် ပိုပြီး ကြီးမားတဲ့ အားသာချက်ရှိနေတာဖြစ်တယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။

“အာဆင်နယ်က ဆုဖလားပြိုင်ပွဲမှာ ရှိနေတုန်းပဲလို့ ကျွန်တော် ထင်တယ်။ သူတို့တွေသာ တခြားနေ့မှာ ကြီးမားတဲ့ ရလဒ်တစ်ခု ရခဲ့မယ်ဆိုရင် သူတို့တွေ ဆုဖလားပြိုင်ပွဲမှာ ရှိနေဦးမှာပါ။ ဒါကြောင့် ခင်ဗျား သူတို့ကို ညီမျှခြင်းထဲမှာ ထည့်ထားရပါမယ်။ ဒါပေမယ့် ဂါဘရီယဲလ် ဂျေဆူးစ်နဲ့ အန်ကီးတီးယားတို့ ၂ ယောက်က ဆာလားလောက် ဂိုးတွေ များများသွင်းနိုင်မှာမဟုတ်ဘူး။ သူက ဒါတောင် ညာတောင်ပံမှာ ကစားနေတာပါ။ ဒါက လီဗာပူးလ်အတွက် ကြီးမားတဲ့ အားသာချက်ပါ။ သူတို့တွေ ခုတိုင်းသာ ဆက်ကစားနေမယ်ဆိုရင် အချိန်အကြာကြီး ဆုဖလားပြိုင်ပွဲထဲမှာရှိနေပါလိမ့်မယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္က အာဆင္နယ္ရဲ႕ တိုက္စစ္မႉး ၂ ဦးျဖစ္တဲ့ အန္ကီးတီးယားနဲ႔ ဂါဘရီယဲလ္ ေဂ်ဆူးစ္တို႔ ၂ ဦးေပါင္းလိုက္ရင္ေတာင္ ဒီရာသီမွာ မိုဟာမက္ ဆာလားေလာက္ ဂိုးသြင္းႏိုင္မွာမဟုတ္ဘူးလို႔ ယုံၾကည္ေနပါတယ္။

ေဂ်ဆူးစ္နဲ႔ အန္ကီးတီးယားတို႔ဟာ အာဆင္နယ္ရဲ႕ လူစာရင္းထဲမွာ အဓိက တိုက္စစ္မႉးေတြ ျဖစ္ၾကၿပီး ဘရာဇီးလ္တိုက္စစ္မႉးက ေနာက္ဆုံး ၆ ပြဲမွာ ၁ ဂိုးသာ သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ေဂ်ဆူးစ္ဟာ ယခုရာသီ ပရီးမီးယားလိဂ္ ၁၆ ပြဲမွာ သြင္းဂိုး ၃ ဂိုးသာ သြင္းယူထားႏိုင္ေသးၿပီး အန္ကီးတီးယားကလည္း ပြဲ ၂၀ မွာ ၅ ဂိုးသာ သြင္းယူေပးထားႏိုင္ေသးတာျဖစ္ပါတယ္။

လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ ဆာလားကေတာ့ ယခုရာသီ ပရီးမီးယားလိဂ္ ပြဲ ၂၀ မွာ ၁၄ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္ၿပီး မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အာလင္း ဟာလန္းနဲ႔အတူ ပရီးမီးယားလိဂ္ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

ေပါလ္ မာဆန္က လီဗာပူးလ္ဟာ မိုဟာမက္ ဆာလားကို ပိုင္ဆိုင္ထားတာက ဆုဖလားၿပိဳင္ပြဲမွာ အာဆင္နယ္ထက္ ပိုၿပီး ႀကီးမားတဲ့ အားသာခ်က္ရွိေနတာျဖစ္တယ္လို႔ ခံစားေနရတာ ျဖစ္ပါတယ္။

“အာဆင္နယ္က ဆုဖလားၿပိဳင္ပြဲမွာ ရွိေနတုန္းပဲလို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြသာ တျခားေန႔မွာ ႀကီးမားတဲ့ ရလဒ္တစ္ခု ရခဲ့မယ္ဆိုရင္ သူတို႔ေတြ ဆုဖလားၿပိဳင္ပြဲမွာ ရွိေနဦးမွာပါ။ ဒါေၾကာင့္ ခင္ဗ်ား သူတို႔ကို ညီမွ်ျခင္းထဲမွာ ထည့္ထားရပါမယ္။ ဒါေပမယ့္ ဂါဘရီယဲလ္ ေဂ်ဆူးစ္နဲ႔ အန္ကီးတီးယားတို႔ ၂ ေယာက္က ဆာလားေလာက္ ဂိုးေတြ မ်ားမ်ားသြင္းႏိုင္မွာမဟုတ္ဘူး။ သူက ဒါေတာင္ ညာေတာင္ပံမွာ ကစားေနတာပါ။ ဒါက လီဗာပူးလ္အတြက္ ႀကီးမားတဲ့ အားသာခ်က္ပါ။ သူတို႔ေတြ ခုတိုင္းသာ ဆက္ကစားေနမယ္ဆိုရင္ အခ်ိန္အၾကာႀကီး ဆုဖလားၿပိဳင္ပြဲထဲမွာရွိေနပါလိမ့္မယ္။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.