La Liga

အမ်ဘာပေနဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီး ဂန္တဝင်ကျောနံပါတ်ပေးမယ့် ရီးရဲလ်

ရီးရဲလ်မက်ဒရစ်ဟာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို ခေါ်ယူနိုင်ဖို့အတွက် နီးစပ်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပြီး မကြာမီအချိန်အတွင်း ကာလရှည် ပစ်မှတ်ကို ခေါ်ယူနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမ်ဘာပေဟာ ဘောလုံးလောကမှာ ဂိုးသွင်းအကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး ၂၀၁၇-၂၀၁၈ ရာသီကတည်းက ပြိုင်ပွဲစုံ ၂၈၆ ပွဲကစားခဲ့ရာမှာ ၂၄၀ ဂိုးအထိ စံချိန်တင်သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၆ လထဲကို ရောက်ရှိနေသူဖြစ်ပြီး လာမယ့် နွေရာသီမှာ အလွတ်နဲ့ မပြောင်းရွှေ့ခင် ပြည်ပကလပ်တွေနဲ့ အကြိုသဘောတူစာချုပ် လွတ်လွတ်လပ်လပ် ချုပ်ဆိုခွင့်ရနေပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေ နောက်ထပ် ပြောင်းရွှေ့မယ့် နေရာလို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရပြီး Sport Zone ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ ပြင်သစ်တိုက်စစ်မှူးနဲ့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ကျောနံပါတ် ၁၀ ကို ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ဆုံးဖြတ်ချက် မချခင်မှာ မိခင်ကလပ်အသင်းနဲ့ စကားပြောချင်နေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး မျှော်လင့်ထားတဲ့အတိုင်းပဲ လီဂူးဝမ်းချန်ပီယံတွေဟာ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားကို ထွက်ခွာခွင့်ပေးလိုတဲ့ဆန္ဒမရှိတာဖြစ်ပါတယ်။

PSG Talk ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ အမ်ဘာပေကို ယူရိုသန်း ၄၀၀ ကျော် အံ့အားသင့်ဖွယ် ကြီးမားတဲ့လစာနဲ့ ၄ နှစ်စာချုပ် ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး ပြင်သစ်ကလပ်ဟာ အသင်းကို ပြင်သစ်တိုက်စစ်မှူးကို အဓိကထားပြီး လူငယ်တွေနဲ့ တည်ဆောက်သွားဖို့ အာရုံစိုက်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္ဟာ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကို ေခၚယူႏိုင္ဖို႔အတြက္ နီးစပ္ေနၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး မၾကာမီအခ်ိန္အတြင္း ကာလရွည္ ပစ္မွတ္ကို ေခၚယူႏိုင္ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အမ္ဘာေပဟာ ေဘာလုံးေလာကမွာ ဂိုးသြင္းအေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ၿပီး ၂၀၁၇-၂၀၁၈ ရာသီကတည္းက ၿပိဳင္ပြဲစုံ ၂၈၆ ပြဲကစားခဲ့ရာမွာ ၂၄၀ ဂိုးအထိ စံခ်ိန္တင္သြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အမ္ဘာေပဟာ ပီအက္စ္ဂ်ီနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ေနာက္ဆုံး ၆ လထဲကို ေရာက္ရွိေနသူျဖစ္ၿပီး လာမယ့္ ေႏြရာသီမွာ အလြတ္နဲ႔ မေျပာင္းေ႐ႊ႕ခင္ ျပည္ပကလပ္ေတြနဲ႔ အႀကိဳသေဘာတူစာခ်ဳပ္ လြတ္လြတ္လပ္လပ္ ခ်ဳပ္ဆိုခြင့္ရေနၿပီျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ အမ္ဘာေပ ေနာက္ထပ္ ေျပာင္းေ႐ႊ႕မယ့္ ေနရာလို႔ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံထားရၿပီး Sport Zone ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္ဟာ ျပင္သစ္တိုက္စစ္မႉးနဲ႔ မူအားျဖင့္ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ၿပီး ေက်ာနံပါတ္ ၁၀ ကို ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဟာ ဆုံးျဖတ္ခ်က္ မခ်ခင္မွာ မိခင္ကလပ္အသင္းနဲ႔ စကားေျပာခ်င္ေနတယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး ေမွ်ာ္လင့္ထားတဲ့အတိုင္းပဲ လီဂူးဝမ္းခ်န္ပီယံေတြဟာ ၎တို႔ရဲ႕ ၾကယ္ပြင့္ကစားသမားကို ထြက္ခြာခြင့္ေပးလိုတဲ့ဆႏၵမရွိတာျဖစ္ပါတယ္။

PSG Talk ရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီဟာ အမ္ဘာေပကို ယူ႐ိုသန္း ၄၀၀ ေက်ာ္ အံ့အားသင့္ဖြယ္ ႀကီးမားတဲ့လစာနဲ႔ ၄ ႏွစ္စာခ်ဳပ္ ကမ္းလွမ္းခဲ့တယ္လို႔ သိရၿပီး ျပင္သစ္ကလပ္ဟာ အသင္းကို ျပင္သစ္တိုက္စစ္မႉးကို အဓိကထားၿပီး လူငယ္ေတြနဲ႔ တည္ေဆာက္သြားဖို႔ အာ႐ုံစိုက္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.