Premier League

ဆော်ဒီကစိတ်ဝင်စားမှုခံနေရတဲ့ ဒီဘရိုင်းနားရဲ့စျေးကို သတ်မှတ်ခဲ့တဲ့ မန်စီးတီး

ကီဗင် ဒီဘရိုင်းနား ဒဏ်ရာကနေ မကြာသေးမီက ကောင်းမွန်လာပြီး ပြန်လည်ပါဝင်ကစားပေးနိုင်မှုက မန်ချက်စတာစီးတီးရဲ့ ဆုဖလား မျှော်လင့်ချက်တွေအတွက် အားတက်စရာဖြစ်ခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ ဩဂုတ်လက ဘန်လေနဲ့ကစားခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိပြီးကတည်းက အနားယူခဲ့ရသူဖြစ်ပြီး ယခုလမှ ပြန်လည်ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းနားဟာ မြက်ခင်းစိမ်းတွေနဲ့ အချိန်အတော်ကြာ ကင်းကွာခဲ့ရပေမယ့်လည်း နယူးကာဆယ်နဲ့ပွဲစဉ်မှာ ၂၁ မိနစ်သာ လူစားဝင်ကစားပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ပြုလုပ်ပေးပြီး အသင်းအတွက် နိုင်ပွဲကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ချန်ပီယံဘွဲ့တွေကို ထိန်းသိမ်းသွားဖို့ ရည်မှန်းထားတာဖြစ်ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့် ပြန်လည်ပါဝင်လာနိုင်မှုကြောင့် အားတက်စရာဖြစ်လာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ဒီဘရိုင်းနားကို တတ်နိုင်သလောက် အစ်တီဟတ်မှာ ဆက်လက်ထိန်းသိမ်းသွားချင်နေမှာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ဝုဖ်ဘာ့ဂ်ကနေ ပေါင် ၅၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဘယ်လ်ဂျီယမ်ကွင်းလယ်လူဟာ အသင်းရဲ့ တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကီဗင် ဒီဘရိုင်းနားရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ လာမယ့် ၂၀၂၅ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အစ်တီဟတ်မှာ စာချုပ်သက်တမ်း ၁၈ လအောက်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးက ဒီဘရိုင်းနားရဲ့ စာချုပ်သက်တမ်းကို ၂၀၂၆ နွေရာသီအထိ သက်တမ်းတိုးချင်နေတယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကို ဆော်ဒီ အာရေဗျက စိတ်ဝင်စားမှုတွေ ထွက်ပေါ်ပြီး အသင်း ၂ သင်းက စိတ်ဝင်စားကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

Caught Offside ရဲ့ ဖော်ပြချက်အရ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာနဲ့ အယ်လ်ဟီလာလ်တို့က ဒီဘရိုင်းနားကို လီဗာပူးလ်ကြယ်ပွင့် မိုဟာမက် ဆာလားနဲ့အတူ လာမယ့်နွေရာသီမှာ ခေါ်ယူမယ့် ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဂွါဒီယိုလာနဲ့ မန်ချက်စတာစီးတီးတို့ဟာ ဒီဘရိုင်းနားကို စာချုပ်သက်တမ်းတိုးချင်နေပေမယ့်လည်း ဂန္တဝင်ကွင်းလယ်ကစားသမားနဲ့ လမ်းခွဲရမယ်ဆိုရင် အနည်းဆုံး ပေါင်သန်း ၁၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အရှေ့အလယ်ပိုင်းက ကမ်းလှမ်းမှုတွေက ဒီဘရိုင်းနားကို ပရီးမီးယားလိဂ်ကနေ ထွက်လာချင်လာအောင် လုပ်နိုင်ဖို့ လုံလောက်မလားဆိုတာကိုတော့ အချိန်ကပဲ စကားပြောသွားပါလိမ့်မယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကီဗင္ ဒီဘ႐ိုင္းနား ဒဏ္ရာကေန မၾကာေသးမီက ေကာင္းမြန္လာၿပီး ျပန္လည္ပါဝင္ကစားေပးႏိုင္မႈက မန္ခ်က္စတာစီးတီးရဲ႕ ဆုဖလား ေမွ်ာ္လင့္ခ်က္ေတြအတြက္ အားတက္စရာျဖစ္ခဲ့ပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ဟာ ဩဂုတ္လက ဘန္ေလနဲ႔ကစားခဲ့တဲ့ ရာသီအဖြင့္ပြဲစဥ္မွာ တံေကာက္ေၾကာဒဏ္ရာရရွိၿပီးကတည္းက အနားယူခဲ့ရသူျဖစ္ၿပီး ယခုလမွ ျပန္လည္ပါဝင္ကစားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီဘ႐ိုင္းနားဟာ ျမက္ခင္းစိမ္းေတြနဲ႔ အခ်ိန္အေတာ္ၾကာ ကင္းကြာခဲ့ရေပမယ့္လည္း နယူးကာဆယ္နဲ႔ပြဲစဥ္မွာ ၂၁ မိနစ္သာ လူစားဝင္ကစားၿပီး သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးၿပီး အသင္းအတြက္ ႏိုင္ပြဲကို ရယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလား ခ်န္ပီယံဘြဲ႕ေတြကို ထိန္းသိမ္းသြားဖို႔ ရည္မွန္းထားတာျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ ျပန္လည္ပါဝင္လာႏိုင္မႈေၾကာင့္ အားတက္စရာျဖစ္လာခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ဒီဘ႐ိုင္းနားကို တတ္ႏိုင္သေလာက္ အစ္တီဟတ္မွာ ဆက္လက္ထိန္းသိမ္းသြားခ်င္ေနမွာျဖစ္ၿပီး ၂၀၁၅ ခုႏွစ္မွာ ဝုဖ္ဘာ့ဂ္ကေန ေပါင္ ၅၅ သန္းနဲ႔ ေခၚယူခဲ့တဲ့ ဘယ္လ္ဂ်ီယမ္ကြင္းလယ္လူဟာ အသင္းရဲ႕ တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကီဗင္ ဒီဘ႐ိုင္းနားရဲ႕ လက္ရွိ စာခ်ဳပ္သက္တမ္းဟာ လာမယ့္ ၂၀၂၅ ခုႏွစ္ ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ အစ္တီဟတ္မွာ စာခ်ဳပ္သက္တမ္း ၁၈ လေအာက္သာ က်န္ရွိေတာ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးက ဒီဘ႐ိုင္းနားရဲ႕ စာခ်ဳပ္သက္တမ္းကို ၂၀၂၆ ေႏြရာသီအထိ သက္တမ္းတိုးခ်င္ေနတယ္လို႔ ေျပာဆိုမႈေတြ ရွိေနေပမယ့္လည္း ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ကို ေဆာ္ဒီ အာေရဗ်က စိတ္ဝင္စားမႈေတြ ထြက္ေပၚၿပီး အသင္း ၂ သင္းက စိတ္ဝင္စားေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။

Caught Offside ရဲ႕ ေဖာ္ျပခ်က္အရ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အယ္လ္နာဆာနဲ႔ အယ္လ္ဟီလာလ္တို႔က ဒီဘ႐ိုင္းနားကို လီဗာပူးလ္ၾကယ္ပြင့္ မိုဟာမက္ ဆာလားနဲ႔အတူ လာမယ့္ေႏြရာသီမွာ ေခၚယူမယ့္ ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

ဂြါဒီယိုလာနဲ႔ မန္ခ်က္စတာစီးတီးတို႔ဟာ ဒီဘ႐ိုင္းနားကို စာခ်ဳပ္သက္တမ္းတိုးခ်င္ေနေပမယ့္လည္း ဂႏၲဝင္ကြင္းလယ္ကစားသမားနဲ႔ လမ္းခြဲရမယ္ဆိုရင္ အနည္းဆုံး ေပါင္သန္း ၁၀၀ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။ အေရွ႕အလယ္ပိုင္းက ကမ္းလွမ္းမႈေတြက ဒီဘ႐ိုင္းနားကို ပရီးမီးယားလိဂ္ကေန ထြက္လာခ်င္လာေအာင္ လုပ္ႏိုင္ဖို႔ လုံေလာက္မလားဆိုတာကိုေတာ့ အခ်ိန္ကပဲ စကားေျပာသြားပါလိမ့္မယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.