La Liga

ရီးရဲလ်ရဲ့ ပြန်လာနိုင်မှုကို ဝေဖန်လိုက်တဲ့ ဇာဗီ

ဇာဗီက ရီးရဲလ်မက်ဒရစ်ဟာ အယ်လ်မီးရီးယားကို ဂိုးပြတ်ရှုံးနိမ့်နေရာကနေ ၃ ဂိုးပြန်သွင်းပြီး အနိုင်ရရှိခဲ့ပြီးနောက် ဒိုင်ကူခံခဲ့ရတယ်လို့ စွပ်စွဲခဲ့ပြီး ဘာစီလိုနာအတွက်တော့ ဒီရာသီ လာလီဂါမှာ အနိုင်ရဖို့ အရမ်းခက်ခဲလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ တနင်္ဂနွေနေ့ညက အမှတ်ပေးဇယား အောက်ခြေက အယ်လ်မီးရီးယားကို ပထမပိုင်းအပြီးမှာ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့တာကြောင့် အိမ်ကွင်း ဘာနေဗျူးမှာ အံ့အားသင့်ဖွယ် ရှုံးပွဲနဲ့ရင်ဆိုင်ရမယ့်အခြေအနေမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကာလို အန်ချယ်လော့တီရဲ့အသင်းဟာ အငြင်းပွားဖွယ် VAR ရဲ့ ဆုံးဖြတ်ချက် ၃ ခု အကူအညီနဲ့အတူ ၃-၂ နဲ့ နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နောက်ခံလူ ကာဗာဟယ်က ၉၉ မိနစ်မှာ နောက်ကျအနိုင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာထက် ၇ မှတ်အသာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး ဇာဗီရဲ့အသင်းကလည်း တနင်္ဂနွေနေ့မှာ ရီးရဲလ်ဘက်တစ်ကို နောက်ကျအနိုင်ဂိုးတွေကြောင့် ၄-၂ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အယ်လ်မီးရီးယားကွင်းလယ်လူ ဂွန်ဇာလို မီလီရိုက ၎င်းရဲ့ အသင်းဟာ ဆန်တီယာဂို ဘာနေဗျူးမှာ နိုင်ပွဲကို ခိုးယူခြင်း ခံခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ အယ်လ်မီးရီးယားအပေါ် အငြင်းပွားဖွယ် နိုင်ပွဲ ရရှိခဲ့မှုနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဘာစီလိုနာနည်းပြ ဇာဗီက “ကျွန်တော် အဲဒါကို မြင်ခဲ့တယ်။ ကျွန်တော် ဂါရီတာနို(အယ်လ်မီးရီးယားနည်းပြ)ရဲ့ စကားတွေနဲ့ ရီလာနို(စပိန်ဂျာနယ်လစ်)တို့ရဲ့ တုံ့ပြန်မှုကို ထောက်ခံတယ်။ဒါက ကောင်းမွန်တဲ့ ထောက်ပြမှုတစ်ခုပါ။ မှန်ကန်တဲ့ ထောက်ပြမှုတစ်ခုပါ။ အရမ်းတော်တဲ့ ဂျာနယ်လစ်ပါ။ ကျွန်တော်တို့သာ ပြောရင် သူတို့တွေ အပြစ်ပေးမှာပဲ။ ဒါပေမယ့် အားလုံးလည်း အဲဒါကို မြင်ခဲ့ကြတာပဲ။ ဒီလိဂ်မှာ နိုင်ပွဲရဖို့က အရမ်းခက်ခဲတော့မှာပါ။ ကျွန်တော် အဲဒါကို ဂီတာဖေးနဲ့ပွဲမှာ ပြောခဲ့တယ်။ ကျွန်တော်နဲ့ မသင့်တော်တဲ့အရာတွေ ရှိနေခဲ့ပါတယ်။ ဆက်ပြီး အလုပ်လုပ်ကြတာပေါ့။ ကျွန်တော်တို့ တတ်နိုင်သလောက်အထိပေါ့။ ကျွန်တော်တို့ ထိန်းချုပ်လို့မရနိုင်တဲ့အရာတွေ ရှိပြီး အားလုံးလည်း ဒီနေ့မှာ အဲဒါကို မြင်ခဲ့ပါတယ်။ ကျွန်တော် ဂီတာဖေးနဲ့ပွဲကို မှတ်မိတယ်။ ရာဖင်ညာနဲ့ ဗယ်လီကတ်စ်တို့ ပင်နယ်တီလေ။ ဂျာအိုရဲ့ ဂရာနာဒါက သွင်းဂိုး။ ကျွန်တော်တို့ နောက်ထပ် ၆ မှတ်လောက် ရယူနိုင်ခဲ့ရမယ့် အခြေအနေတွေပါ။ အဆုံးမှာတော့ အဲဒါတွေက ဆင်ခြေမဟုတ်ပါဘူး။ အဲဒါက အမှန်တရားပါ။ ၉၅ မိနစ်မှာ ကျွန်တော်တို့နဲ့ ဆန့်ကျင်တဲ့ အခြေအနေတွေရှိလာတယ်။ ဒီနေ့မှာ ကျွန်တော်တို့ အသင်းရဲ့ ပွဲစဉ်အကြောင်း ပြောရမယ်။ စိတ်ကျေနပ်မိခဲ့တယ်။ လမ်းကြောင်းအတိုင်း ဆက်သွားနေပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဇာဗီက ရီးရဲလ္မက္ဒရစ္ဟာ အယ္လ္မီးရီးယားကို ဂိုးျပတ္ရႈံးနိမ့္ေနရာကေန ၃ ဂိုးျပန္သြင္းၿပီး အႏိုင္ရရွိခဲ့ၿပီးေနာက္ ဒိုင္ကူခံခဲ့ရတယ္လို႔ စြပ္စြဲခဲ့ၿပီး ဘာစီလိုနာအတြက္ေတာ့ ဒီရာသီ လာလီဂါမွာ အႏိုင္ရဖို႔ အရမ္းခက္ခဲလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ တနဂၤေႏြေန႔ညက အမွတ္ေပးဇယား ေအာက္ေျခက အယ္လ္မီးရီးယားကို ပထမပိုင္းအၿပီးမွာ ၂-၀ နဲ႔ ရႈံးနိမ့္ေနခဲ့တာေၾကာင့္ အိမ္ကြင္း ဘာေနဗ်ဴးမွာ အံ့အားသင့္ဖြယ္ ရႈံးပြဲနဲ႔ရင္ဆိုင္ရမယ့္အေျခအေနမွာ ရွိေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကာလို အန္ခ်ယ္ေလာ့တီရဲ႕အသင္းဟာ အျငင္းပြားဖြယ္ VAR ရဲ႕ ဆုံးျဖတ္ခ်က္ ၃ ခု အကူအညီနဲ႔အတူ ၃-၂ နဲ႔ ႏိုင္ပြဲ ျပန္လည္ရယူႏိုင္ခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ကာဗာဟယ္က ၉၉ မိနစ္မွာ ေနာက္က်အႏိုင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ ရီးရဲလ္မက္ဒရစ္ဟာ ဘာစီလိုနာထက္ ၇ မွတ္အသာမွာ ဆက္လက္ ရပ္တည္ႏိုင္ခဲ့ၿပီး ဇာဗီရဲ႕အသင္းကလည္း တနဂၤေႏြေန႔မွာ ရီးရဲလ္ဘက္တစ္ကို ေနာက္က်အႏိုင္ဂိုးေတြေၾကာင့္ ၄-၂ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ အယ္လ္မီးရီးယားကြင္းလယ္လူ ဂြန္ဇာလို မီလီ႐ိုက ၎ရဲ႕ အသင္းဟာ ဆန္တီယာဂို ဘာေနဗ်ဴးမွာ ႏိုင္ပြဲကို ခိုးယူျခင္း ခံခဲ့ရတာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ရဲ႕ အယ္လ္မီးရီးယားအေပၚ အျငင္းပြားဖြယ္ ႏိုင္ပြဲ ရရွိခဲ့မႈနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ ဘာစီလိုနာနည္းျပ ဇာဗီက “ကြၽန္ေတာ္ အဲဒါကို ျမင္ခဲ့တယ္။ ကြၽန္ေတာ္ ဂါရီတာႏို(အယ္လ္မီးရီးယားနည္းျပ)ရဲ႕ စကားေတြနဲ႔ ရီလာႏို(စပိန္ဂ်ာနယ္လစ္)တို႔ရဲ႕ တုံ႔ျပန္မႈကို ေထာက္ခံတယ္။ဒါက ေကာင္းမြန္တဲ့ ေထာက္ျပမႈတစ္ခုပါ။ မွန္ကန္တဲ့ ေထာက္ျပမႈတစ္ခုပါ။ အရမ္းေတာ္တဲ့ ဂ်ာနယ္လစ္ပါ။ ကြၽန္ေတာ္တို႔သာ ေျပာရင္ သူတို႔ေတြ အျပစ္ေပးမွာပဲ။ ဒါေပမယ့္ အားလုံးလည္း အဲဒါကို ျမင္ခဲ့ၾကတာပဲ။ ဒီလိဂ္မွာ ႏိုင္ပြဲရဖို႔က အရမ္းခက္ခဲေတာ့မွာပါ။ ကြၽန္ေတာ္ အဲဒါကို ဂီတာေဖးနဲ႔ပြဲမွာ ေျပာခဲ့တယ္။ ကြၽန္ေတာ္နဲ႔ မသင့္ေတာ္တဲ့အရာေတြ ရွိေနခဲ့ပါတယ္။ ဆက္ၿပီး အလုပ္လုပ္ၾကတာေပါ့။ ကြၽန္ေတာ္တို႔ တတ္ႏိုင္သေလာက္အထိေပါ့။ ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္လို႔မရႏိုင္တဲ့အရာေတြ ရွိၿပီး အားလုံးလည္း ဒီေန႔မွာ အဲဒါကို ျမင္ခဲ့ပါတယ္။ ကြၽန္ေတာ္ ဂီတာေဖးနဲ႔ပြဲကို မွတ္မိတယ္။ ရာဖင္ညာနဲ႔ ဗယ္လီကတ္စ္တို႔ ပင္နယ္တီေလ။ ဂ်ာအိုရဲ႕ ဂရာနာဒါက သြင္းဂိုး။ ကြၽန္ေတာ္တို႔ ေနာက္ထပ္ ၆ မွတ္ေလာက္ ရယူႏိုင္ခဲ့ရမယ့္ အေျခအေနေတြပါ။ အဆုံးမွာေတာ့ အဲဒါေတြက ဆင္ေျခမဟုတ္ပါဘူး။ အဲဒါက အမွန္တရားပါ။ ၉၅ မိနစ္မွာ ကြၽန္ေတာ္တို႔နဲ႔ ဆန႔္က်င္တဲ့ အေျခအေနေတြရွိလာတယ္။ ဒီေန႔မွာ ကြၽန္ေတာ္တို႔ အသင္းရဲ႕ ပြဲစဥ္အေၾကာင္း ေျပာရမယ္။ စိတ္ေက်နပ္မိခဲ့တယ္။ လမ္းေၾကာင္းအတိုင္း ဆက္သြားေနပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.