Match Report Premier League

ဒုတိယပိုင်းမှာ ရယူခဲ့တဲ့ နိုင်ပွဲနဲ့ ချန်ပီလောင်းတွေဖြစ်ကြောင်း ပြသခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ခံစစ်တောင်ပံနှစ်ဖက်စလုံးကို အရန်လူတွေနဲ့ ကစားခဲ့ရပြီး ဂိုးသမား အယ်လစ်ဆန်၊ နောက်တန်းမှာ ဗန်ဒိုက်၊ ကိုနာတေတို့နဲ့အတူ ဂျိုးဂိုမက်ဇ်နဲ့ ဘရက်ဒ်လီတို့ကို ရံပေးခဲ့ရသလို ကွင်းလယ်မှာတော့ ကားတစ်ဂျုံးစ်၊ မက္ကယ်လစ္စတာနဲ့ အဲလီးယော့တို့ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာတော့ ဂျိုတာ၊ ဒါဝင် နူးညက်ဇ်နဲ့ လူးဝစ် ဒီယက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘုန်းမောက်တို့ကတော့ ဂိုးသမား နက်တို၊ ခံစစ်မှာ ဇာဘာညီ၊ မက်ဖမ်၊ မက်စ် အာရွန်စ်နဲ့ ဟေးလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ကွတ်ခ်နဲ့ ခရစ္စတီးတို့ကိုပဲ အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ တာဗားနီးယာ၊ ကလွိုက်ဗတ်၊ ဆီနီစတယ်ရာနဲ့ ဆိုလန်ကီတို့ကို ခင်းကျင်းလာခဲ့တာပါ။

ချီးကျူးခံရတာ များလာလို့ သွေးနားထင်ရောက်သွားပုံရတဲ့ ဘုန်းမောက်နည်းပြ အီရာယိုလာအနေနဲ့ လီဗာပူးလ်လို အသင်းမျိုးကို ကွင်းလယ်မှာ ပိတ်ထားဖို့ ကြိုးစားရမယ့်အစား အလယ်တန်းနှစ်ယောက်တည်းနဲ့ ဖွင့်ပေးထားသလိုဖြစ်ခဲ့ချိန်မှာ တိုက်စစ်မှူး ဆိုလန်ကီနောက်က ထောက်ကူပေးမယ့် ဘီလင်းကို ကစားသမားလည်း ပါမလာဘဲ ကလွိုက်ဗတ်ရော ဆီနီစတယ်ရာကပါ ဘယ်ခြမ်းထွက်နေခဲ့ကြလို့ ကစားကွက်က တိုင်ပတ်နေခဲ့ကြပါတယ်။

လီဗာပူးလ်တို့ကတော့ ဖိကစားခဲ့ပေမယ့် ရောဘတ်ဆန်ရော အလက်ဇန်း-အာနိုးလ်ဒ်ပါ မပါနိုင်တဲ့ တောင်ပံတွေက ပံ့ပိုးမှု အားနည်းခဲ့သလို လွိုက်ကယ်လီကို မသုံးဘဲ ဟေးလ်ကို သုံးထားတဲ့ ဘုန်းမောက်ဘယ်နောက်ခံနေရာကို လူးဝစ် ဒီယက်ဇ်နဲ့ အဲလီးယော့တို့ ညာခြမ်းကပဲ ဖိတိုက်နေခဲ့ပြီး အခွင့်အရေးတွေကိုတော့ အသုံးမချနိုင်ခဲ့ကြတာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ကြတာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး သွင်းယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်ကနေ ပေးခဲ့တဲ့ အဝေးဘောကို ဧရိယာထိပ်မှာ ပြန်ရခဲ့တဲ့ ကားတစ်ဂျုံးစ်က တိုက်စစ်ပိုင်းမှာ နေရာယူထားတဲ့ ဂျိုတာကို ပေးရာမှာ ဂျိုတာက မကန်ဘဲ ဘုန်းမောက်ခံစစ်ကြားကနေ ဂိုးရှေ့ ထိုးပေးလိုက်တဲ့ ဘောလုံးကို နူးညက်ဇ်က ဂိုးသမား နက်တိုနဲ့အတွေ့မှာ အနိမ့်ဘောကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာ လီဗာပူးလ်တို့ပဲ အနိုင်သေချာစေမယ့် ဒုတိယ ဦးဆောင်ဂိုးကို ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းခံစစ်ကနေ ကန်တင်ပေးတဲ့ ဖြတ်တင်ပေးပို့မှုကို နူးညက်ဇ်က ဘုန်းမောက်ခံစစ်နဲ့ ယှဉ်လုရာမှာ လုံးထွေးပြီး ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဂက်ခ်ပိုက ရယူပြီး ဧရိယာထဲကို ခင်းပေးရာမှာ ညာယွန်းယွန်းမှာ ရှိနေတဲ့ ဂျိုတာက ဘယ်ကို ချိုးမကန်ဘဲ ထောင့်ကျဉ်းထဲကို အနိမ့်ဘောကန်ပြီး ပညာပြသွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၇၉ မိနစ်မှာတော့ လီဗာပူးလ်တို့ကပဲ တတိယ အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းက နူးညက်ဇ်ရဲ့ ဖြတ်တင်ဘော ပြန်ကျလာတာကို နောက်ခံလူ ဘရက်ဒ်လီက ညာခြမ်းကနေ အနိမ့်ဘော ပြန်ချိုးပေးရာမှာ ဂျိုတာ ကန်သွင်းခဲ့တဲ့ ဘောလုံးက ဘုန်းမောက်နောက်ခံလူကို ထိပြီး ပြန်ကျလာတာကို ဂျိုတာကပဲ နောက်တစ်ကြိမ် Volley ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ လီဗာပူးလ်တို့ပဲ စတုတ္ထ ပွဲသိမ်းဂိုးကို သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းပြောင်းကစားနေတဲ့ ဂျိုးဂိုမက်ဇ်က တောင်ပံကနေ ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ အဝေးတိုင်ဘက် ကျလာခဲ့တဲ့ ဘောလုံးကို နူးညက်ဇ်က ဘုန်းမောက်နောက်ခံလူနှစ်ယောက်ရဲ့ ရှေ့ကနေ ပြေးထွက်ပြီး လျှောထိုးပိတ်သွင်းယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့က ဘုန်းမောက်တို့ကို အဝေးကွင်းမှာ လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့ကြပြီး ဆာလား မရှိပေမယ့် အသင်းမှာ အရန်အစီအစဉ်တွေနဲ့ ဂိုးသွင်းရှင်တွေ ရှိသေးတာကြောင့် ချန်ပီယံဆုကို ရှေ့ဆုံးကနေ ရယူဖို့ စိန်ခေါ်နိုင်တဲ့ အသင်းမျိုးဖြစ်ကြောင်း ပြသသွားနိုင်ခဲ့ကြပြီး ပြိုင်ဘက်တွေကို ၅ မှတ် ဆက်ဖြတ်ထားနိုင်ဆဲဖြစ်ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ခံစစ္ေတာင္ပံႏွစ္ဖက္စလုံးကို အရန္လူေတြနဲ႔ ကစားခဲ့ရၿပီး ဂိုးသမား အယ္လစ္ဆန္၊ ေနာက္တန္းမွာ ဗန္ဒိုက္၊ ကိုနာေတတို႔နဲ႔အတူ ဂ်ိဳးဂိုမက္ဇ္နဲ႔ ဘရက္ဒ္လီတို႔ကို ရံေပးခဲ့ရသလို ကြင္းလယ္မွာေတာ့ ကားတစ္ဂ်ဳံးစ္၊ မကၠယ္လစၥတာနဲ႔ အဲလီးေယာ့တို႔ကို အသုံးျပဳခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂ်ိဳတာ၊ ဒါဝင္ ႏူးညက္ဇ္နဲ႔ လူးဝစ္ ဒီယက္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဘုန္းေမာက္တို႔ကေတာ့ ဂိုးသမား နက္တို၊ ခံစစ္မွာ ဇာဘာညီ၊ မက္ဖမ္၊ မက္စ္ အာ႐ြန္စ္နဲ႔ ေဟးလ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကြတ္ခ္နဲ႔ ခရစၥတီးတို႔ကိုပဲ အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ တာဗားနီးယာ၊ ကလြိဳက္ဗတ္၊ ဆီနီစတယ္ရာနဲ႔ ဆိုလန္ကီတို႔ကို ခင္းက်င္းလာခဲ့တာပါ။

ခ်ီးက်ဴးခံရတာ မ်ားလာလို႔ ေသြးနားထင္ေရာက္သြားပုံရတဲ့ ဘုန္းေမာက္နည္းျပ အီရာယိုလာအေနနဲ႔ လီဗာပူးလ္လို အသင္းမ်ိဳးကို ကြင္းလယ္မွာ ပိတ္ထားဖို႔ ႀကိဳးစားရမယ့္အစား အလယ္တန္းႏွစ္ေယာက္တည္းနဲ႔ ဖြင့္ေပးထားသလိုျဖစ္ခဲ့ခ်ိန္မွာ တိုက္စစ္မႉး ဆိုလန္ကီေနာက္က ေထာက္ကူေပးမယ့္ ဘီလင္းကို ကစားသမားလည္း ပါမလာဘဲ ကလြိဳက္ဗတ္ေရာ ဆီနီစတယ္ရာကပါ ဘယ္ျခမ္းထြက္ေနခဲ့ၾကလို႔ ကစားကြက္က တိုင္ပတ္ေနခဲ့ၾကပါတယ္။

လီဗာပူးလ္တို႔ကေတာ့ ဖိကစားခဲ့ေပမယ့္ ေရာဘတ္ဆန္ေရာ အလက္ဇန္း-အာႏိုးလ္ဒ္ပါ မပါႏိုင္တဲ့ ေတာင္ပံေတြက ပံ့ပိုးမႈ အားနည္းခဲ့သလို လြိဳက္ကယ္လီကို မသုံးဘဲ ေဟးလ္ကို သုံးထားတဲ့ ဘုန္းေမာက္ဘယ္ေနာက္ခံေနရာကို လူးဝစ္ ဒီယက္ဇ္နဲ႔ အဲလီးေယာ့တို႔ ညာျခမ္းကပဲ ဖိတိုက္ေနခဲ့ၿပီး အခြင့္အေရးေတြကိုေတာ့ အသုံးမခ်ႏိုင္ခဲ့ၾကတာေၾကာင့္ ပထမပိုင္းမွာ ဂိုးမရွိသေရျဖစ္ေနခဲ့ၾကတာပါ။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုး သြင္းယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ခံစစ္ကေန ေပးခဲ့တဲ့ အေဝးေဘာကို ဧရိယာထိပ္မွာ ျပန္ရခဲ့တဲ့ ကားတစ္ဂ်ဳံးစ္က တိုက္စစ္ပိုင္းမွာ ေနရာယူထားတဲ့ ဂ်ိဳတာကို ေပးရာမွာ ဂ်ိဳတာက မကန္ဘဲ ဘုန္းေမာက္ခံစစ္ၾကားကေန ဂိုးေရွ႕ ထိုးေပးလိုက္တဲ့ ေဘာလုံးကို ႏူးညက္ဇ္က ဂိုးသမား နက္တိုနဲ႔အေတြ႕မွာ အနိမ့္ေဘာကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာ လီဗာပူးလ္တို႔ပဲ အႏိုင္ေသခ်ာေစမယ့္ ဒုတိယ ဦးေဆာင္ဂိုးကို ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းခံစစ္ကေန ကန္တင္ေပးတဲ့ ျဖတ္တင္ေပးပို႔မႈကို ႏူးညက္ဇ္က ဘုန္းေမာက္ခံစစ္နဲ႔ ယွဥ္လုရာမွာ လုံးေထြးၿပီး ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဂက္ခ္ပိုက ရယူၿပီး ဧရိယာထဲကို ခင္းေပးရာမွာ ညာယြန္းယြန္းမွာ ရွိေနတဲ့ ဂ်ိဳတာက ဘယ္ကို ခ်ိဳးမကန္ဘဲ ေထာင့္က်ဥ္းထဲကို အနိမ့္ေဘာကန္ၿပီး ပညာျပသြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ကပဲ တတိယ အႏိုင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက ႏူးညက္ဇ္ရဲ႕ ျဖတ္တင္ေဘာ ျပန္က်လာတာကို ေနာက္ခံလူ ဘရက္ဒ္လီက ညာျခမ္းကေန အနိမ့္ေဘာ ျပန္ခ်ိဳးေပးရာမွာ ဂ်ိဳတာ ကန္သြင္းခဲ့တဲ့ ေဘာလုံးက ဘုန္းေမာက္ေနာက္ခံလူကို ထိၿပီး ျပန္က်လာတာကို ဂ်ိဳတာကပဲ ေနာက္တစ္ႀကိမ္ Volley ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ပဲ စတုတၳ ပြဲသိမ္းဂိုးကို သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းေျပာင္းကစားေနတဲ့ ဂ်ိဳးဂိုမက္ဇ္က ေတာင္ပံကေန ဂိုးေရွ႕ကို ျဖတ္တင္ေပးရာမွာ အေဝးတိုင္ဘက္ က်လာခဲ့တဲ့ ေဘာလုံးကို ႏူးညက္ဇ္က ဘုန္းေမာက္ေနာက္ခံလူႏွစ္ေယာက္ရဲ႕ ေရွ႕ကေန ေျပးထြက္ၿပီး ေလွ်ာထိုးပိတ္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔က ဘုန္းေမာက္တို႔ကို အေဝးကြင္းမွာ ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူသြားခဲ့ၾကၿပီး ဆာလား မရွိေပမယ့္ အသင္းမွာ အရန္အစီအစဥ္ေတြနဲ႔ ဂိုးသြင္းရွင္ေတြ ရွိေသးတာေၾကာင့္ ခ်န္ပီယံဆုကို ေရွ႕ဆုံးကေန ရယူဖို႔ စိန္ေခၚႏိုင္တဲ့ အသင္းမ်ိဳးျဖစ္ေၾကာင္း ျပသသြားႏိုင္ခဲ့ၾကၿပီး ၿပိဳင္ဘက္ေတြကို ၅ မွတ္ ဆက္ျဖတ္ထားႏိုင္ဆဲျဖစ္ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.