La Liga

ပထမဆုံးဖလားရခဲ့ပြီနောက် ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ ဘယ်လင်ဟမ်

ဂျုဒ် ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ပထမဆုံး ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ပရိသတ်တွေကို အံ့အားသင့်စေမယ့် တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ ဆော်ဒီ အာရေဗျနိုင်ငံ၊ ရီယက်ဒ်မြို့မှာ ကျင်းပခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာကို အနိုင်ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ ဗင်နီးရှပ်စ် ဂျူနီယာက အယ်လ်ကလက်စီကိုပွဲစဉ်မှာ ပထမဆုံး ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ရိုဒရီဂိုကလည်း ရီးရဲလ်မက်ဒရစ်အတွက် သွင်းဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအတွက် လီဗန်ဒေါ့ဗ်စကီးက တစ်လုံးတည်းသော ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ ရော်နယ် အာရာအူဟို အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ရီးရဲလ်မက်ဒရစ်က ပွဲပြီးဆုံးတဲ့အထိ အသာစီးနဲ့ ကစားသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘယ်လင်ဟမ်ဟာ ဗင်နီးရှပ်စ်ရဲ့ အဖွင့်ဂိုးအတွက် အံ့အားသင့်ဖွယ် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့တာဖြစ်ပြီး နောက်တန်းကနေ အလွန်ကောင်းမွန်တဲ့ ပေးပို့မှု ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ကွင်းလယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ပထမဆုံး ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ဝမ်းမြောက်ပျော်ရွှင်နေခဲ့ပြီး ပုံမှန်မဟုတ်တဲ့ပုံစံနဲ့ အောင်ပွဲခံချင်ခဲ့တာ ဖြစ်ပါတယ်။

ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဒေါ့မွန်ကြယ်ပွင့်ဟောင်းဟာ ပွဲကြည့်စင်က ပရိသတ်တွေဆီသွားပြီး သူ မြင်တွေ့ခဲ့ရတဲ့ ပိုစတာကို ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး အဲဒီပိုစတာက ထင်ပေါ်ကျော်ကြားတဲ့ GTA ဂိမ်းထဲက ဇာတ်ကောင်လိုမျိုး ဗင်နီးရှပ်စ်၊ ရိုဒရီဂိုနဲ့ ဘယ်လင်ဟမ်တို့ကို လှောင်ပြောင်ထားတာဖြစ်ပါတယ်။

ပြုံးရွှင်နေတဲ့ ဘယ်လင်ဟမ်က ပရိသတ်ကိုယ်တိုင် လုပ်ထားတဲ့ အလံကို ရယူပြီးနောက် ကွင်းထဲမှာ ဂုဏ်ယူစွာနဲ့ လွှင့်ထူခဲ့ပြီး ဗင်နီးရှပ်စ်၊ ရိုဒရီဂိုတို့နဲ့အတူ ဓာတ်ပုံ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဂန္တဝင် ဇီဒန်း ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၅ ကို ဝတ်ဆင်ကစားနေတဲ့ ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဒေါ့မွန်ကနေ ပေါင် ၈၈.၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက အကောင်းဆုံးခြေစွမ်းပြသနေသူဖြစ်ပြီး ၂၄ ပွဲမှာ သွင်းဂိုး ၁၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းသားတွေဟာ ဘာစီလိုနာကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ နောက်ထပ် အပိုဆုကြေးငွေတွေလည်း ရရှိသွားမှာဖြစ်ပြီး Defensa Central ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနို ပီးရက်ဇ်က စပိန်စူပါဖလားဗိုလ်လုပွဲမှာ အနိုင်ရခဲ့ရင် ဆုကြေးငွေ တစ်ဦးကို ယူရို ၁ သိန်းခွဲပေးသွားမယ်လို့ သိရပါတယ်။

ဒါကြောင့် စပိန်စူပါဖလား ဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားတွေနဲ့ နည်းပြတစ်ဦးချင်းစီဟာ စုစုပေါင်း ယူရို ၄ သန်းအထိ ရရှိသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ဳဒ္ ဘယ္လင္ဟမ္ဟာ ရီးရဲလ္မက္ဒရစ္နဲ႔အတူ ပထမဆုံး ဆုဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီးေနာက္ ပရိသတ္ေတြကို အံ့အားသင့္ေစမယ့္ ေတာင္းဆိုမႈ ျပဳလုပ္ခဲ့ပါတယ္။

ဘယ္လင္ဟမ္ဟာ ေဆာ္ဒီ အာေရဗ်ႏိုင္ငံ၊ ရီယက္ဒ္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ စပိန္စူပါဖလားဗိုလ္လုပြဲမွာ ဘာစီလိုနာကို အႏိုင္ရခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အတြက္ အဓိကက်တဲ့ အခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။ ဗင္နီးရွပ္စ္ ဂ်ဴနီယာက အယ္လ္ကလက္စီကိုပြဲစဥ္မွာ ပထမဆုံး ဟက္ထရစ္ကို သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ႐ိုဒရီဂိုကလည္း ရီးရဲလ္မက္ဒရစ္အတြက္ သြင္းဂိုး တစ္ဂိုး သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအတြက္ လီဗန္ေဒါ့ဗ္စကီးက တစ္လုံးတည္းေသာ ေခ်ပဂိုးကို သြင္းယူေပးခဲ့ၿပီး ဒုတိယပိုင္းမွာ ေရာ္နယ္ အာရာအူဟို အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ ရီးရဲလ္မက္ဒရစ္က ပြဲၿပီးဆုံးတဲ့အထိ အသာစီးနဲ႔ ကစားသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘယ္လင္ဟမ္ဟာ ဗင္နီးရွပ္စ္ရဲ႕ အဖြင့္ဂိုးအတြက္ အံ့အားသင့္ဖြယ္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့တာျဖစ္ၿပီး ေနာက္တန္းကေန အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈ ျပဳလုပ္ေပးခဲ့တာ ျဖစ္ပါတယ္။ အသက္ ၂၀ အ႐ြယ္ကြင္းလယ္ကစားသမားဟာ ရီးရဲလ္မက္ဒရစ္နဲ႔အတူ ပထမဆုံး ဆုဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီးေနာက္ ဝမ္းေျမာက္ေပ်ာ္႐ႊင္ေနခဲ့ၿပီး ပုံမွန္မဟုတ္တဲ့ပုံစံနဲ႔ ေအာင္ပြဲခံခ်င္ခဲ့တာ ျဖစ္ပါတယ္။

ပ်ံ႕ႏွံ႔လာတဲ့ ဗီဒီယိုဖိုင္ထဲမွာ ေဒါ့မြန္ၾကယ္ပြင့္ေဟာင္းဟာ ပြဲၾကည့္စင္က ပရိသတ္ေတြဆီသြားၿပီး သူ ျမင္ေတြ႕ခဲ့ရတဲ့ ပိုစတာကို ေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး အဲဒီပိုစတာက ထင္ေပၚေက်ာ္ၾကားတဲ့ GTA ဂိမ္းထဲက ဇာတ္ေကာင္လိုမ်ိဳး ဗင္နီးရွပ္စ္၊ ႐ိုဒရီဂိုနဲ႔ ဘယ္လင္ဟမ္တို႔ကို ေလွာင္ေျပာင္ထားတာျဖစ္ပါတယ္။

ၿပဳံး႐ႊင္ေနတဲ့ ဘယ္လင္ဟမ္က ပရိသတ္ကိုယ္တိုင္ လုပ္ထားတဲ့ အလံကို ရယူၿပီးေနာက္ ကြင္းထဲမွာ ဂုဏ္ယူစြာနဲ႔ လႊင့္ထူခဲ့ၿပီး ဗင္နီးရွပ္စ္၊ ႐ိုဒရီဂိုတို႔နဲ႔အတူ ဓာတ္ပုံ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ဂႏၲဝင္ ဇီဒန္း ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၅ ကို ဝတ္ဆင္ကစားေနတဲ့ ဘယ္လင္ဟမ္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ေဒါ့မြန္ကေန ေပါင္ ၈၈.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အေကာင္းဆုံးေျခစြမ္းျပသေနသူျဖစ္ၿပီး ၂၄ ပြဲမွာ သြင္းဂိုး ၁၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္ျပဳလုပ္ေပးထားတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းသားေတြဟာ ဘာစီလိုနာကို အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ေနာက္ထပ္ အပိုဆုေၾကးေငြေတြလည္း ရရွိသြားမွာျဖစ္ၿပီး Defensa Central ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္ဥကၠဌ ဖေလာ္ရန္တီႏို ပီးရက္ဇ္က စပိန္စူပါဖလားဗိုလ္လုပြဲမွာ အႏိုင္ရခဲ့ရင္ ဆုေၾကးေငြ တစ္ဦးကို ယူ႐ို ၁ သိန္းခြဲေပးသြားမယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ စပိန္စူပါဖလား ဗိုလ္လုပြဲမွာ အႏိုင္ရရွိခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ကစားသမားေတြနဲ႔ နည္းျပတစ္ဦးခ်င္းစီဟာ စုစုေပါင္း ယူ႐ို ၄ သန္းအထိ ရရွိသြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.